ခရစ္စမတ်ဇာတ်လမ်းလည်းဖြစ်၊ Comedy အမျိုးအစားလည်းဖြစ်ပေမဲ့ Home Alone လို ပျော်ရွှင်ကြည်နူးရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်ရှင်သန်ဖို့ကြိုးစားပုံကို လက်ရာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Black Comedy / Crime ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ John Cusack က အဓိကဇာတ်ကောင် Charlie အဖြစ် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Charlie က ကလိမ်ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့မှာနေထိုင်ပါတယ်။ ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်လုပ်ငန်းရှင်သူဌေး Bill ဆီက ဒေါ်လာနှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတုအခြေအနေကြောင့် ချက်ချင်းပြေးလို့မရဘဲ ခရစ္စမတ်အကြိုညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက်ကို Bill ရဲ့တပည့်လူဆိုး Roy က စုံစမ်းနေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက ရှုပ်ထွေးမှုမရှိပေမဲ့ ဇာတ်ကောင်တွေရဲ့စရိုက်ကြောင့် စိတ်မအီမသာဖြစ်တဲ့ ခံစားမှုမျိုးကိုပေးပြီး တစ်ချိန်တည်းမှာ Dark Humor တွေနဲ့အတူ Crime/Thriller ဇာတ်ကားတစ်ကားရဲ့ရသကိုလည်း ပေးနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးမှာ အပေါ်ယံရွှေမှုန်ကြဲထားပေမဲ့ အတွင်းမှာလှိုက်စားပျက်စီးနေတဲ့ Wichita လူအဖွဲ့အစည်းကို ဖော်ညွန်းထားပြီး အဲဒီအသိုင်းအဝိုင်းကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ Charlie နဲ့ သူငယ်ချင်းဖြစ်သူ Pete ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေပါဝင်တာကြောင့် ကလေးတွေ ကြည့်ရှုဖို့မသင့်ပါဘူး။
File size…(1.4 GB)/(633 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:28:00
Genre…Comedy, Crime
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။