Exit print mode Print Data A+ A- Undo all

The Ice Harvest (2005)

Thick Thieves. Thin Ice.
The Ice Harvest (2005)The Ice Harvest (2005)

Synopsis:

442

 

ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ကြည့်ရှု​ရမှာ​ဖြစ်ပါတယ်။

ဇာတ်လမ်း​က ရှုပ်ထွေး​မှုမရှိပေမဲ့ ဇာတ်​ကောင်​တွေရဲ့စရိုက်ကြောင့် စိတ်မအီမသာဖြစ်တဲ့ ခံစား​မှု​မျိုး​ကိုပေးပြီး တစ်ချိန်​တည်း​မှာ Dark​ Humor တွေနဲ့အတူ Crime/Thriller​ ဇာတ်ကား​တစ်​ကား​ရဲ့ရသကိုလည်း ပေးနိုင်​တဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခု​လုံး​မှာ အပေါ်​ယံရွှေမှုန်ကြဲထားပေမဲ့ အတွင်း​မှာလှိုက်​စားပျက်စီးနေတဲ့ Wichita လူအဖွဲ့အစည်းကို ဖော်ညွန်းထားပြီး အဲဒီအသိုင်းအဝိုင်းကနေ ထွက်​ပြေးဖို့ကြိုးစားနေတဲ့ Charlie နဲ့ သူငယ်ချင်း​ဖြစ်သူ​ Pete ကို တွေ့မြင်​ရမှာဖြစ်ပါတယ်။ ရုန့်ရင်း​ကြမ်းတမ်း​တဲ့ စကားလုံး​တွေပါဝင်တာကြောင့် ကလေး​တွေ ကြည့်ရှုဖို့မသင့်ပါဘူး။

 

File size…(1.4 GB)/(633 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:28:00
Genre…Comedy, Crime 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $10 157 138,00
Popularity
10.271
Status
Released
ID IMDb.com
9005
ID Themoviedb.org
9005
TMDb Rating
5.943
TMDb votes
281