

IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။
ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။
—————————————-
Rangoon ဆိုတဲ့ ကုလားကား။
၁၉၈၈ မှာ
မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။
အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။
လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့် ဝင်လာခဲ့တယ်။
ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ…ရန်ကုန်က သူတို့ ပို့ရမယ့် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။
ဒါပေမယ့်..ရန်ကုန် က သူတို့တည်းတဲ့ ဟိုတယ်ကနေ ပြန်အထွက်မှာ..မြန်မာရွှေကုန်သည်ဘက်က လက်ငငး် ချေလိုက်တဲ့ ငွေသား သိန်း ၆၀၀ ပါတဲ့အိတ်ထဲမှာ စက္ကူတွေချည်းဖြစ်နေတဲ့အခါ…..
ဇာတ်လမ်းကတော့ ဆက်ကြည့်ပေါ့ဗျာ။
ဒါပေမယ့်…ဒီဇာတ်ကားမှာ ထူးခြားတာက…သူတို့ အိန္ဒိယပြန်ရောက်လို့ သူတို့သူဌေးကို သတင်းပို့တဲ့အခါ….ရန်ကုန်က လုပ်ငန်းရှင်က ပြန်ခိုးသွားတာဖြစ်မယ်လို့ပြောတယ်။
အဲ့ဒီမှာ သူဌေးက ဘာပြောလဲဆိုတော့… မင်းတို့ အခုပျောက်တယ်ဆိုတဲ့ သိန်း ၆၀၀ ဟာ မြန်မာပြည်က အဲ့ဒီသူဌေးရဲ့ မုန့်ဖိုးပဲ ရှိတာ..ဟိုက..လုပ်မလားတဲ့။
ကိုင်း…မြန်မာပြည်က သူဌေးတွေ ချမ်းသာချက်…ဘောလီးဝုဒ်ကတောင် ဂုဏ်ပြုရတယ်..။
Rangoon ဟာ ဟိုနေ့က ငွေခြောက်ထောင်ကုန်ခံပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်ကြည့်ခဲ့တဲ့ မြန်မာဂိုဏ်းစတားကားထက်တော့…စိတ်လှုပ်ရှားမှုပေးတာအမှန်ပဲ။
ဆူးလေ..ပန်းဆိုးတန်း…မဂိုလမ်း မြင်ကွင်းတွေနဲ့ မြန်မာစကားပြောပီပီသသတွေပါ…ကြားရမယ့်…ဇာတ်ကားပါပဲဗျိုး။
~ Kyaw Swa Naing ~
File Size…(950MB) and (450MB)
Quality…BluRay 720p
Format…mp4
Duration…02:06:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Nyeinsaeya Aung
Translated by Tariq L Walker
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။


![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/cmGbg19Ek8T9JpSOMp7z8VpGLP4.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/fDqo5ddEEeyVz1GwiXyUR9r1hbk.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/jj6UqOTILLipTnozogZubl3SfVM.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/uDKJWZR0UN6RLvF68wM5Tqlyunm.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/mc0EHDiudgCfKUTFrENsMyfzmP8.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/te4qcK4TPZzwv1cbLCcRpxIX3sc.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/ph9sG5bWI0Z3YShuZiFlSb5srsL.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/zW9nqC4Pt2fwHunx0A5rJyir3La.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/uzPNAvrJnGWe76GTIi15fdImJcM.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/hHMB3uZfYdvc1QcsngTJZJtVkBw.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/nSNNHqbx8fGddnBGSjKPesUjX6b.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/32eMdjEy0ROePyd9YMM1zUfRzEu.jpg)
![Rangoon (2017) [Tamil]](https://image.tmdb.org/t/p/w300/8Xa8He7KEG1zv1YNlHUjtYpMNoU.jpg)



















![[18+] Raped by an Angel 2: The Uniform Fan (1998)](https://www.channelmyanmar.to/wp-content/uploads/2022/07/fviyhkp6k3isa2-133x200.jpg)









