Channel Myanmar

Zombie Chikadees ( 2022 )

1h 25 min ActionHorrorThriller

6.3
IMDB: 6.3/10 2652 votes

, , ,

China

397210

Report error

ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့
မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့
ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်

ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက်
ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲ
မြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့
သခင်ကြီးဟာ သေဆုံးရာကနေပြီး
ဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ်

442

ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်က
ဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့
ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူး
မြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့်
စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာ
အုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့
သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့
မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ –

❏ ဘာတွေဆက်ဖြစ်ကြမှာလဲ
❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား
❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရော
ဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့
စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေး
ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်

[ Reviewed By Chit Mya Mya Hmwe ]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Action , Thriller , Horror
Runtime : 1h 25 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies