Your Mother’s Son (2024)


Synopsis:
Your Mother’s Son (2024)
==================
မကြာခင်လာတော့မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကားတစ်စီးဖြတ်မောင်းသွား၊ လှုံ့ဆော်သွားသလို၊လက်ကမ်းစာစောင်တွေပါဝေသွားပေမယ့် ဆင်းရဲပြီးတစ်နေ့စာတစ်နေ့အနိုင်နိုင်ရှာစားနေရတဲ့ ရွာသားတွေကတော့ ဘာကိုမှဂရုမစိုက်နိုင် သတိမထားမိနိုင်ပါဘူး။အဲ့ဒီရွာမှာသက်လတ်ပိုင်းအမျိုးသမီး ဆာရာနေထိုင်ပါတယ်။
ဆာရာဟာ တစ်ချိန်ကကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကိုဗစ်ကပ်ဆိုက်နေတဲ့အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်သလို၊တစ်ဖက်ကလည်း အွန်လိုင်းပေါ်ကပဲ မုန့်ရောင်း၊အဝတ်လျှော်တဲ့ အလုပ်တွေကိုပါ မနေမနားလုပ်ကိုင်ရုန်းကန်နေသူပါ။
သူ့မှာဆယ်ကျော်သက်သားတစ်ယောက်ရှိပြီး မကြာသေးခင်ကမှ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်ပိတ်ခံထားရလို့ အလုပ်ပြုတ်ထားပါတယ်။ဒါပေမယ့်လည်းအလုပ်ရှာဖို့မကြိုးစားသလို ဆာရာရဲ့အလုပ်တွေကိုလည်း ဝင်မကူပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေရင်းအချိန်ကုန်တတ်ပါတယ်။ဆာရာ့ဆီမှာ မုန့်လုပ်၊အဝတ်လျှော်အကူလုပ်နေတဲ့ အေမီဆိုတဲ့ကောင်မလေးနဲ့လည်း အီစီကလီဆက်ဆံရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ အပြင်က သူတို့အပေါ်မြင်ရတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်တမ်းအိမ်တွင်းထဲမှာတော့..။
တကယ်တမ်းတော့ ဆာရာနဲ့သူ့သားလို့အများကိုပေးသိထားတဲ့ အမ်မန်းတို့ဟာ လင်မယားတွေဖြစ်ပါတယ်။သားအမိအသက်အရွယ်လောက် ကွာနေတဲ့အတွက်ပတ်ဝန်းကျင်ရဲ့စူးစမ်းမှုတွေကိုရှောင်ဖို့အတွက် ဒီလိုပဲသတင်းလွှင့်ထားတာဖြစ်ပါတယ်။သူတို့ဟာ တစ်နေရာမှာအမြဲမနေပဲ လူတွေသိလာ ရင်းနှီးလာပြီဆိုရင် တစ်ခြားနေရာကိုရွှေ့ပြောင်းနေထိုင်လေ့ရှိပါတယ်။တစ်နေ့တော့ ဆာရာစာသင်နေတဲ့ကျောင်းသားတစ်ယောက်ကို သူ့အိမ်ကိုဖိတ်ခေါ်လာရာကနေ နဂိုကတည်းက တအုံနွေးနွေးဖြစ်နေတဲ့ မနာလိုမှု၊ ဖောက်ပြန်မှု၊ ရမ္မက်တွေဟာ အဆုံးစွန်အထိအကြမ်းဖက်ပေါက်ကွဲထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )
File size_(1GB)/(500MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:40:00
Genre_Adult, Drama, Family
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by alias
Format_mp4
Duration_01:40:00
Genre_Adult, Drama, Family
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Director
Jun Lana
Runtime
1h 39m
Popularity
38.894
Status
Released
ID IMDb.com
tt28635219
IMDB Rating
5.6
ID Themoviedb.org
1163189
TMDb Rating
1
TMDb votes
1