အဓိပ္ပါယ် ရှိတဲ့ ကိုရီးယား ရုပ်ရှင်ကားမျိုးကို စောင့်မျှော်နေတဲ့
CM Fan တွေ အတွက် ကြည့်ကို ကြည့်သင့်တဲ့
ရုပ်ရှင်ကားမျိုးပါပဲ….
မှတ်မိကြလား Along with the Gods ရုပ်ရှင်ကားထဲက
သေပြီးတဲ့ လူတွေကို လမ်းပြတဲ့ အထဲ စိတ်ကောင်းရှိတဲ့
ပုပု လုံးလုံး ကောင်မလေးကို <3
သူမ နာမည် က Kim Hyang Gi ပါတဲ့
Kim ဟာ လက်ရှိအချိန်မှာ အသက် ၁၉ နှစ်ပဲ
ရှိသေးတဲ့ ငယ်ရွယ်တောက်ပတဲ့ အနုပညာရှင်ကောင်း
တစ်ယောက်ပါ
သူမ ပါဝင် သရုပ်ဆောင်ထားတဲ့ Witness (2019) ဆိုတဲ့
ရုပ်ရှင်ကားကိုလဲ သိပ်မကြာသေးခင်က ကြည့်ထားကြတယ်ဟုတ်
ဒီလောက် သရုပ်ဆောင် ကောင်းတဲ့ Kim ပါဝင်ထားတဲ့
YoungJu ဆိုတဲ့ ဒီကားလေး မှာရော
သူမ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲ ?
ယောင်းဂျူ နဲ့ ယောင်းအင် ဆိုတဲ့ မောင်နှမ ၂ ယောက်ရှိတယ်
ယောင်းဂျူ က အသက် ၂၀ မပြည့်တပြည့်ပဲ ရှိသေးတယ်
သူ့မောင်လေး ယောင်းအင်ကတော့ ၁၇ နှစ် ၀န်းကျင်ပေါ့
မောင်နှမ တစ်ယောက်ဟာ ဆင်ခြေဖုံး ရပ်ကွက်က အိမ်တစ်ခုမှာ
အတူနေထိုင်ကြတယ် ချို့တဲ့ ဆင်းရဲစွာပေါ့….
ဒီလို ဘာကြောင့် နှစ်ယောက်ထဲ ဖြစ်နေရတာလဲ ဆိုတော့
သိပ်မကြာသေးခင် နှစ်အချို့ က ယောင်းဂျူ ကိုယ်တိုင်
အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ အချိန်
မိဘ ၂ ပါးဟာ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်
မိဘ တွေ ဟာ ကုန်တင်ကား တစ်စီး တိုက်တာ ခံရပြီး
ပွဲချင်းပြီး သေခဲ့ကြတယ်….
တစ်ချို့ကလဲ မတော်တဆ လို့ ပြောကြတယ်
တစ်ချို့ကလဲ အကြွေးရှင်တွေက
သတ်ခိုင်းတယ်လို့ပြောကြတယ်
လူသေမှု အတွက် ၃ နှစ်ဝန်းကျင်လောက်သာ
လူသတ်သမားက
ထောင်ထဲမှာ နေလိုက်ရတယ်
တရားဥပဒေ က မျက်နှာသာမပေးခဲ့ပါဘူး
ဘယ်လိုပဲ ဖြစ်နေပါစေ မိဘ မရှိ ဆွေမျိုးမရှိတော့တဲ့
ယောာင်းဂျူ တို့ မောင်နှမ
၂ ယောက် က ကမ္ဘာပေါ်မှာ
သူတို့ ၂ ယောက်ပဲ ရှိနေသလား ထင်ရအောင်
ချို့တဲ့ ဆင်းရဲစွာ နေရတယ် စားဝတ်နေရေး
အတွက် ကျပန်း အလုပ်တွေ
လုပ်ပြီး ပိုက်ဆံရှာရတယ်
အသက် ၂၀ အရွယ် နဲ့ မလိုက်အောင်
ယောင်းဂျူ ဟာ ပင်ပန်း ဆင်းရဲနေရတာပေါ့….
တစ်ရက်မှာတော့ မောင်ဖြစ်သူ ယောင်းအင်
ရန်ဖြစ်လို့ အချုပ်ထဲ ရောက်ပါလေရော
ပြန်ရွေးရဖို့ ပိုက်ဆံလဲ မရှိ အလုပ်လဲ မရှိတဲ့
ယောင်းဂျူလေး မှာ ကမ္ဘာပျက်နေခဲ့တာပေါ့
သူ မလုပ်သင့် မလုပ်ထိုက်တဲ့ လမ်းကို
ရွေးချယ်ခဲ့သော အခါ….
ရုပ်ရှင်ကားကို ThinZar Htet မှ ဘာသာပြန်ပြီး
Xcode မှ အညွှန်းရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။









![[18+] Utopians (2015)](https://www.channelmyanmar.to/wp-content/uploads/2017/01/d7w8gghie5sb-212x300.jpg)







![[18+] Nude Model (2016)](https://image.tmdb.org/t/p/w185/uh2XSyL86xECgizmG4VRG2vEnge.jpg)
![[18+] X-Deal (2011)](https://www.channelmyanmar.to/wp-content/uploads/2022/04/MV5BMTE3Mzk2MTMtOGMzYy00YmQzLWFjOTYtMWEwY2MzOThlZDQ3XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_-137x200.jpg)













