Young Adult(2011)
Everyone gets old. Not everyone grows up.

Synopsis:
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ“Young Adult”ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်… Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်…. သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ…ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး… သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး…. သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ…Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ… ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့… Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ…. ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့…. သူ့ရဲ့ လှပခဲ့တဲ့ အတိတ်ဟောင်းကို အမြဲစမြုပ်ပြန်နေသူပါ… အဆင်မပြေမှုတွေနဲ့ အသက်အရွယ်ကလဲ ရလာချိန်မှာတော့ Mavis တစ်ယောက် ရွှေထီးမဆောင်းနိုင်ဘဲ ခေါက်ထီးသာဆောင်းနိုင်ပါတော့တယ်… Mavis ရဲ့ Young adult နောက်ဆုံးစီးရီးပြီးခါနီးမှာပဲ အကြောင်းဖန်လာပါတော့တယ်…ဒါကတော့ သူ့ငယ်ချစ်ဟောင်း Buddy နဲ့ Beth ကလေးမွေးတယ်ဆိုတဲ့သတင်းပါ….Mavis ခေါင်းထဲနေရာယူသွားတာကတော့ “Beth လဲ ကလေးမွေးပြီ မအား မလှနိုင်တော့ဘူး ငါ စနိုက်ကျော်ရင် အိုခေလောက်တယ်”ဆိုတာပါပဲ… ….. ဒီလိုအတွေးတွေနဲ့သူမ ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး..မင်းသမီးချော.Charlize Theron အဓိက သရုပ်ဆောင်ထားပါတယ်…ဇာတ်လမ်းအညွှန်းကိုတော့ May Haruko မှရေးသားပေးပါတယ်….
File Size…(848MB) and (370MB)
Quality…BluRay 720p
Format…mp4
Duration…01:34:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Honest Abe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။