You Won’t Be Alone (2022)
It's a wicked thing this world.

Synopsis:
You Won’t Be Alone (2022)
~ IMDb – 7/10, RT – 92%, Meta – 79% ~
၁၉ရာစု မက်ဆီဒိုးနီးယားက စုန်းမတစ်ယောက်အကြောင်း ဒဏ္ဍာရီကို အခြေခံပြီး ရိုက်ထားတဲ့ Goran Stolevski ဆိုတဲ့ ဒါရိုက်တာရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ စကီးပါတာချင်းတူလို့ တာကော့စကီးလို သိရခက်တဲ့ Narrative တွေ တစ်ပုံတစ်ထောကြီး သုံးထားပါတယ်။ ရုပ်ရှင်က စုန်းမဘက်ကနေ ကမ္ဘာကြီးအပေါ် သူမြင်တဲ့အမြင်ကို ပြထားတာဆိုတော့ Narrativeတွေက ပိုနားလည်ရခက်ပါတယ်။
စုန်းမ Horror ကားပေမဲ့ သရဲကားလိုင်းဆန်တဲ့ဘက်ကိုမသွားဘဲ ရော်ဘတ်အက်ဂါလို Art ဆန်ဆန်ဘက်တော့ အတော်သွားထားပါတယ်။ သူ့လို နားလည်ရခက်တဲ့ပုံစံနဲ့ပဲပေါ့။ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ အတ်ဂါဖန်တွေ Body Horror ဖန် တွေ စုန်းမကားကြိုက်တဲ့သူတွေတော့ ကြိုက်ပါလိမ့်မယ်။ Sundance ရုပ်ရှင်ပွဲတော်မှာ ဂျုရီဆုလည်း ဆန်ခါတင်၀င်ခဲ့ပါတယ်။
စုန်းမက ကိုယ်ပြောင်းနိုင်တဲ့စုန်းမဆိုတော့ Prometheus, Sherlock Holmes: A Game of Shadows တို့ထဲက Noomi Rapace နဲ့ တခြားမင်းသမီးချောလေးတွေက စုန်းမအဖြစ်သရုပ်ဆောင်ထားပါတယ်။
စုန်းမကားဖြစ်တာနဲ့အညီ ရုပ်ဆိုးပန်းဆိုးတွေရော၊ သွေးသံရဲရဲတွေရော၊ တစ်ကားလုံးနီးပါးအပြည့်ဖြစ်နေတဲ့ စုန်းမကိုယ်လဲထားတဲ့ ကောင်မလေးလှလှလေးတွေရဲ့ လိင်ဆက်ဆံခန်းတွေရော ပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ မသင့်တော်ပါဘူး။
(ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်)
Size – 1.96GB, 870MB
Quality – 1080p, 720p
Format – mp4
Duration – 1H 48Min
IMDb rating – 7/10
Genre – Drama, Horror
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။