Yodha (2024)
One Commando. One Hijack. Countless Secrets.

Synopsis:
Yodha (2024) စစ်သည်တော်
IMDb-6.2/10
ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်
Shershaah , Mission Manjnu တို့လို စစ်ကားစပိုင်အက်ရှင်ကားတွေနဲ့
လိုက်ဖက်တဲ့ မင်းသား ဆစ်ဒ်ဒါ့မာဟိုဒရာရဲ့
ရုံတင်အက်ရှင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်
တွဲဖက်သရုပ်ဆောင်မင်းသမီးကလည်း ထိပ်တန်းနာမည်ကြီးတော့မဟုတ်ပေမယ့်
ဇာတ်ကားတွေမှာမြင်နေကျ မျက်နှာပြည့်ပြည့်အပြုံးချိုချိလေးနဲ့ ရာ့ရှီခါနာပဲ ဖြစ်ပါတယ်
ဒီမင်းသားရဲ့ဇာတ်ကားတွေကတော့ သိတဲ့အတိုင်းပါပဲ
အက်ရှင်ခန်းတွေ တိုက်ပွဲခန်းတွေက ကြည့်ကောင်းပြီး
တော်ကီတွေနဲနဲအိုဗာပေမယ့် လက်ခံပေးလို့ရတဲ့အနေအထားမှာတော့
ရှိပါတယ် အခုဒီဇာတ်ကားထဲမှာလည်း မင်းသားက ယိုဒါအထူးတပ်ဖွဲ့ရဲ့
ကွန်မန်ဒိုစစ်သည်တစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး
အက်ရှင်ခန်းတွေ စွန့်စားခန်းတွေကို ရှုစားရမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခေါ်တဲ့
အိန္ဒိယရဲ့အထူးတပ်ဖွဲ့မှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်း
ကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲ
အထူးတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်
လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်း
လက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲ
ဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီး
အဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့
အပြင်ကအဖွဲ့တွေကလည်း ညှိနှိုင်းကယ်တင်ဖို့ကြိုးစားရသလို
အာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့
ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်
ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ Con Air တို့ Air Force One တို့လို့
ဖီလင်မျိုးနဲနဲတော့ ရတာမို့ အက်ရှင်ကားကြိုက်တယ်ဆိုတဲ့
ပရိသတ်တွေအပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်
File size…2.2GB / 970MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 10m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။