Yaathisai (2023)


Synopsis:
Yaathisai 2023
IMDb 8.1/10
လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။
ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။
ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့
သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။
ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။
ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရော
စစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။
သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။
ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ နောက်ဆုံး ပလ္လင်ထက်က ထီးနန်းကို ဘယ်သူ သိမ်းယူနိုင်မလဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါဦး။
File size…3.4GB / 1.4GB
Quality…1080p WEB DL / 720p
Format…mp4
Duration….2h 1m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by HM~Nyein~Yunni~BpL
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။