Channel Myanmar

Who Are You People (2023)

DramaMystery

4.9
IMDB: 4.9/10 1221 votes

46926

Report error

Who Are You People (2023)
=====================

မိသားစု ဆွေမျိုးတွေကြားထဲမှာ စ’နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာ
နင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့
ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်း
အတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါက
သူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။

442

အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ်
လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲ
လက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ်
တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုး
ဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမ
နှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကို
ရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့
ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက်
ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။

ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေ
သိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့
အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲ
အဲလက်က ကားလ်ဆိုတာ သူ့အဖေအရင်းများဖြစ်မလားလို့တွေးမိလာပါတယ်။ ဒါကြောင့်
အိမ်ကပို့တဲ့ ဘော်ဒါဆောင်ကိုမသွားဘဲ လစ်ပြေးလာပြီး ကားလ်ဆီလိုက်သွားပါတယ်။
အဲလက်နဲ့ကားလ်က သားအဖအရင်းလား… အဲလက်တစ်ယောက်သူနဲ့သက်ဆိုင်တဲ့နေရာကို
ရှာတွေ့နိုင်မလား… ကြည့်ရှုခံစားလိုက်ကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
EL ဖြစ်ပါတယ်)

File Size……….(1.83 GB) / (643 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 43Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Mystery
Translator……EL
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies