White: The Melody of the Curse (2011)
Do not dare sing that song

Synopsis:
White: The Melody of the Curse (2011)
IMDb – 6.0/10_____Rotten – 52%
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့
Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့ သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေ
နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာ
ဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်…
သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်…
ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်…
တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်…
တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်…
အသိပေးကြတယ်…
ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား…
ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး..
သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲ
စိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာ
အသေဆိုးနဲ့သေကြတာပါပဲ…
ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်း
သနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ..
သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်..
ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိ
ဝေဒနာတွေခံစားသွားရလို့ပါ…
သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာ
အဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ…
အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးက
ဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်..
ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်…
ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာ
သူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ…
တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်..
ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကို
ခံစားရပါတယ်..
ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့်
လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာ
အဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…
Rating 6 ရရှိထားပါတယ်…
Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်…
ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်…
(ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး…)
File Size : (770 MB)
Quality : 720p HDRip
Running Time : 1hr 46min
Format : Mp4
Genre : Horror, Music, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p HDRip
Translated by Pink Panda
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။