Whispering Corridors 6: The Humming (2021)


Synopsis:
Whispering Corridors6 : The Humming
Mine ထဲမှာ လူကြိုက်များခဲ့တဲ့ Kim Seo Young နဲ့
Penthouse ထဲက ဘယ်ရိုနာလို့ အများက သိထားကြတဲ့
အားလုံးရဲ့အချစ်တော် မင်းသမီးလေး Kim Hyun Soo တို့ ခေါင်းဆောင်ပါဝင်ထားတဲ့
Whispering Corridors 6 : The Humming ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။
Whispering Corridors ဇာတ်လမ်းတွေကတော့
အစဉ်အဆက် နာမည်ကြီးခဲ့ပြီးသားဆိုတော့ အများကြီး ညွှန်းစရာ မလိုလောက်ပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
Eun Hee က သူ့ရဲ့ မွေးရပ်မြေက မိန်းကလေးအထက်တန်းကျောင်းကို
ဒုကျောင်းအုပ် အနေနဲ့ ပြောင်းရွေ့လာခဲ့ပါတယ်.
ဒီကျောင်းက သူငယ်စဥ်ကတက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပြီးတော့
ကျောင်းသူတွေကြားထဲမှာလည်း ကျောင်းရဲ့ တတိယထပ်က ဂိုထောင်က သရဲခြောက်ပါတယ်ဆိုပြီး နာမည်ကြီးပါတယ်…..
HaYoung နဲ့ SoYeon က အဲဂိုထောင်ထဲကနေအသံတွေကြားနေခဲ့ရတာပါ။
HaYoung က Eun Hee နာမည်ရေးထားတဲ့ ပန်းအိုးလေးကိုရှာတွေ့ပြီး
EunHee နဲ့ တစ်ခုခုပတ်သက်နေမယ်လို့ယူဆခဲ့ပြီးသံသဝင်နေခဲ့ပါတယ်။
Eun Hee ကတော့ ဂိုထောင်ဟောင်းထဲက မှန်မှာတွေ့လိုက်ရတဲ့ မိန်းကလေးက
သူမကိုဒီကျောင်းဆီပြန်လာအောင်ခေါ်ယူခဲ့တာလို့ ယူဆနေတာဖြစ်ပါတယ်…
ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ …..
Horror,Thriller အမျိုးအစားဖြစ်တာကြောင့်
သဲထိတ်ရင်ဖို ဇာတ်ကားတွေမှ ကြိုက်တယ်ဆိုသူတွေအတွက် အချိန်ပေးကြည့်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်…..
အညွှန်း နဲ့ ဘာသာပြန်ကတော့ Kim Khin Hana ပဲ ဖြစ်ပါတယ်။
File size…1.8 GB and 1.1 GB
Quality….WEB-DL 1080p and 720p
Format…mp4
Duration….1h 48min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Kim Khin Hana
Encoder …..August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။