Whisper of the Heart (1995)
I found someone I like

Synopsis:
IMDb 7.9 တောင်ရထားတဲ့ ကားဆိုတော့
ကာတွန်းကားဆိုပြီး အထင်သေးလို့မရတဲ့
အပြင် နာမည်ကြီး ကာတွန်းရုပ်ရှင်
Spirited Away ကိုဖန်တီးထားတဲ့
ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးထားတဲ့
ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ
တခါက၁၄နှစ်အရွယ်ကျောင်းသူလေး
Shizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့…
သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ…
ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့
ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှ
Fairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့)
စာအုပ်တွေငှားဖတ်လေ့ရှိပြီး
သူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ…
ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်…
သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာ
Seiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်…
ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်း
မမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့…
ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကို
ထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာ
ရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်က
တက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့…
ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့
မှတ်တိုင်မှာဆင်းသွားတယ်တဲ့…
ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizuku
ကနောက်ကလိုက်ရင်း Alice ကနေ Wonderland
ရောက်သလိုဖြစ်သွားမလားဆိုတာ ??
စိတ်ဝင်စားဖွယ်ဆက်လက်ရှုစားကြပါ
သီချင်းတွေကို အတတ်နိုင်ဆုံး ဆီလျော်အောင်
ဘာသာပြန်ပေးထားပါတယ်
အမှားပါတာရှိ ခွင်.လွတ်ကြပါကုန်
Japan Anime တွေထုံးစံအတိုင်း ဇကားအပြီးမှာတော့
မက်ဆေ့ချ်တခုတော့ ရစမြဲမို့ ဒေါင်းယူကြည့်သင့်ပါတယ်ဗျာ
( ဒီကားလေးရဲ့အညွှန်းကို M-MDB Page မှ ကူးယူထားတာဖြစ်ပြီး
ဘာသာပြန်သူကတော. Bommy Chan ပဲဖြစ်ပါတယ်။ )
File Size – 1.6 GB
Quality – Bluray 1080p
Subtitle – Burmese (Hardsub)
Translator – Bommy Chan
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။