When Strangers Appear (2001)
Don't serve coffee to strangers.

Synopsis:
When Strangers Appear (2001)
=======================
IMDb Rating – 6.3/10
ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက်
ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်း
ရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ်
ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကို
ဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။
ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့
တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့
ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင်
ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက်
ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွား
ပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိ
လိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်း
ကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေ
တယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်း
တော့ဘူးဆိုတာ သေချာသွားပါပြီ။
အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကား
ဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။
Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင်
ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ်
တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Alias ဖြစ်ပါတယ်)
File Size……….(1.74 GB) / (747 MB)
Quality…………WEB-DL 1080p / 720p
Duration……..1Hr 38Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Action, Mystery, Thriller
Translator……Alias
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။