What They Had (2018)
A family united by the past. Divided by the present.

Synopsis:
ညကြီးသန်းခေါင်ဘစ်တီတစ်ယောက်မောင်ဖြစ်သူဆီကဖုန်းခေါ်သံကြောင့် နိုးလာခဲ့ရပါတယ်
အကြောင်းကတော့ သူတို့အမေအိမ်ကနေပျောက်သွားတယ်ဆိုတာကြောင့်ပါ
မိဘတွေရဲ့အဝေးမှာတစ်အိုးတစ်အိမ်ထူထောင်နေပြီဖြစ်တဲ့ဘစ်တီမှ
မိဘတွေနေထိုင်တဲ့မြို့လေးဆီကိုသမီးလေးကိုပါအပါခေါ်လာပြီးထွက်လာခဲ့ပါတော့တယ်
အမှန်တော့ဘစ်တီရဲ့သမီးလေးအမ်မာကလဲ ကျောင်းအဆောင်မှာအရက်ခိုးသောက်တာကြောင့်
အဆောင်ကထုတ်ပယ်ခံရတာကိုဘစ်တီကိုယ်တိုင်ပဲသွားခေါ်ထားရတာပါ
အတွေးတွေအများကြီးနဲ့ဘစ်တီတို့သားအမိကိုမောင်ဖြစ်သူနီကိုးလစ်ပ်ကလေဆိပ်ကနေတန်းကြို ပြီးတာနဲ့
အဖေ့ဆီကိုတန်းသွားတဲ့အခ်ျန်မှာ သူ့တို့အမေကိုပြန်ရှာတွေ့နေပါပြီ
ဘစ်တီတို့ရဲ့အမေကအတိတ်မေ့တဲ့ဝေဒနာကိုခံစားနေရပါပြီ
နီကိုးလစ်ပ်ကသားကောင်းတစ်ယောက်ဖြစ်ပေမယ့်
ဒီလောက်အချိန်တွေအကြာကြီးကိုသူတစ်ယောက်တည်းရင်မဆိုင်နိုင်တော့မှာကြောင့်
အမေဖြစ်သူကိုရိပ်သာပို့ဖို့တိုက်တွန်းပါတယ်
ဖခင်ဖြစ်သူပါသူ့မိန်းမရဲ့အနီးအနားမှာနေနိင်ပါတယ်ဆိုတာတောင်
ဘစ်တီတို့ရဲအဖေကလုံးဝသူ့မိန်းမကိုပို့ဖို့လက်မခံခဲ့ပါဘူး
ဒီလိုနဲ့ပဲဇာတ်လမ်းလေးကို ဆက်ထားပါတယ်
ဒီဇာတ်ကားကတော်တော်လေးကိုသွက်ပါတယ်
လိုတာတွေကိုပဲတိုက်ရိုက်ပြော ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ
မိသားစုအတွင်းကမိဘနဲ့သားသမီးတွေရဲ့ဆက်ဆံပုံလေးတွေကိုဖော်ပြထားပြီးတော့
တစ်သက်မှာတစ်ယောက်ကိုသက်ဆုံးတိုင်ချစ်တတ်တဲ့သူအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးပါ
ကိုယ်တွေကတော့ ဒီကားကိုကြည့်ပြီးအပြင်မှာသက်ကြီးရွယ်အိုစုံတွဲတွေကိုတွေ့ရင်ပိုပြီးတော့ကြည်နူးမိလာပါတယ်
ဒီလောက်နှစ်တွေကြာတဲ့အထိ မေတ္တာမပြယ်ဖို့ဆိုတာလွယ်တာမှမဟုတ်ပဲကို …
ဒီတော့ ကြည့်သင့်ပါတယ်ဆိုတဲ့ဇာတ်ကားထဲမှာပါပါတယ်လို့ညွှန်းချင်ပါတယ်
Translated by Aye Chansu
Encoded by sithu
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။