What She Likes (2021)


Synopsis:
What she likes (2021)
Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။
တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့…
ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။
လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )
File Size__(2.2GB) / (1GB)
Quality__1080p, 720p
IMDb Rating__6.8/10
Format__mp4
Duration__02:06:00
Type__Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Ingyin San
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။