Channel Myanmar

What Lies Beneath (2000)

What Lies Beneath    

PG-13 130 min DramaFantasyHorror

6.6
IMDB: 6.6/10 108,188 votes

, ,

, , , , , , , , ,

5 wins & 5 nominations.

USA

203467

Report error

ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ

ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိ

442

ပျော်ရွှင်စရာ ဘ၀ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်

ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့

သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုက

သုတေသန ဆရာ တစ်ယောက် ၀င်လာခဲ့ပါတယ်

နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာ

ဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ်

ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲ

နော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ

နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီ

အလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ်

တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာ

နော်မန် စာသင်ရမယ့် ကျောင်းရှိတဲ့ မြို့လေးကို

ရောက်ရှိခဲ့ပြီး နော်မန် ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့

အိမ်ကြီး တစ်ခုကို ပြန်လည်ပြုပြင်ပြီး နေထိုင်ခဲ့ပါတယ်…

အိမ်ကြီးရဲ့ နောက်ဖက်မှာလဲ မြစ်ကမ်းစပ်ကြီး က ကပ်လို့ပေါ့

နေချင်စရာ အတိပြီးတဲ့ အိမ်ကြီးပါပဲ…

ဒါပေမဲ့ ကလဲယာ အတွက် အလုပ်ပိုတွေ ရှိလာပါတယ်

ဘေးအိမ်က လင်မယားက အမြဲလိုလို ရန်ဖြစ်တာကို

စပ်စုနေတက်ခဲ့ပါတယ်…

တစ်ခါတစ်လေ အားလုံး အလုပ်သွား ကျောင်းသွားတဲ့အခါ

သူ တစ်ယောက်ထဲ အိမ်ကြီးထဲမှာ ခြောက်ခြားနေသလို ခံစားခဲ့ရပါတယ်

အဲ့ဒီဖြစ်ရပ်တွေက ကလဲယာ ရဲ့ သမီးဖြစ်သူ ကျောင်းအိပ်ကျောင်းစား

ထွက်သွားတဲ့ နေ့ကစပြီး ပိုမိုပီပြင်လာခဲ့ပါတော့တယ်…

အိမ်ကြီးထဲ လူတစ်ယောက်လမ်းလျှောက်သွားသလို

ရေစိုနေတဲ့ ခြေရာတွေ နဲ့ ရွံ့ပေနေတဲ့ ခြေရာတွေ

အမြဲလိုလို တွေ့ရပြီး ရေတွေစိုပြီး ခြံထဲကနေ ကလဲယာ ကို

ငေးကြည့်နေတဲ့ အမျိုးသမီး တစ်ယောက်ကိုလဲ ရံဖန်ရံခါ

တွေ့ရတက်ပါတယ်…

ထိုအရာများကို တစ တစ အဖြေရှာခဲ့သော အခါမှာတော့…

အညွှန်းကို သစ်ဆန်းခန့် မှ ရေးပေးထားပြီး

ဇတ်လမ်းကို အောင်တေဇ မှ ဘာသာပြန်ထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies