Warriors of the Dawn .Aka Daeripgun (2017)
Hired to fight under other’s name.

Synopsis:
ကဲဒီတစ်ခါတော့ IMDb 7.3 ရထားပြီး ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား စစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ််းလေးကတော့ ၁၅၉၂ ပတ်ဝန်းကျင် ဂျိုဆွန်း ခေတ်ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ထိုခေတ်ထို အခါက နိုင်ငံရေး
အခြေအနေတွေ လူနေမှုပုံစံ နဲ့ ကြေးစားစစ်သားစျေးကွက် အနေအထားတွေကို ရိုက်ကူးပြထားတာပါ အဲ့ဒီခေတ်က ဘုရင်တွေဟာ
ဆင်းရဲသားတွေထဲက အစွမ်းအစရှိတဲ့ သူတွေကို စျေးကောင်းပေးပြီးတော့ သူတို့ ရဲ့ စစ်သားအဖြစ်သာမက ပဲ ခက်ခဲတဲ့ အသက်စွန့်
ရမယ့် အမိန့်တွေကို ခိုင်းစေဖို့ အတွက်ပါ ငှားရမ်းစေခိုင်းကြပါတယ် ဒီကားထဲမှာတော့ ကိုရီးယားကို ဂျပန်က ကျူးကျော်တဲ့ကာလ ကို
အသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ်
အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီ
အချိိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်
ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ဆက်လက်တာဝန်ယူခဲ့ပါတယ် ဒီလိုနဲ့ မင်းသား ဂွမ်ဟဲ တစ်ယောက်
တော ရဲ့ အကူအညီနဲ့ ဘယ်လိုတွေ များ ဆက်လက် ဦးဆောင်မလဲ ဆိုတာကိုတော့ ဆက်လက် ကြည့်ကြပါဗျာ
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။