CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက်
အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက
သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့
ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ်
ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့
လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့
အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း
အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း
သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့်
မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို
ကျောက်ကပ်လှူပေးနိုင်တဲ့ သူနဲ့ လက်ထပ်ယူပြီး
အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး
အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ
ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်
လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့်
လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို
သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ
လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး
ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်
ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား
သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား
ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့
လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့
ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင်
ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို
အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ
ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့
တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့
လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော်
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama , Romance
Runtime : 2h 9 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kyawt
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။











![[18+]Master and Man(2019)](https://image.tmdb.org/t/p/w185/4QeepC7oD3XAByFIkHfmd83fLJU.jpg)




















![[18+] Trap (2015)](https://www.channelmyanmar.to/wp-content/uploads/2018/03/MV5BNDI4ZDUyNzItYTgzNC00ZWM0LWIxNTQtYzgyYzMzZTBjMTNiXkEyXkFqcGdeQXVyNjM0MTUxNjc@._V1_SY1000_CR006971000_AL_-139x200.jpg)



