Exit print mode Print Data A+ A- Undo all

Vidya Vasula Aham (2024)

A Long Long EGO Story..
Vidya Vasula Aham (2024)Vidya Vasula Aham (2024)

Synopsis:

Vidhya Vasula Aham 2024 (အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်)

ဘဝဆိုတာရှိလာခဲ့ရင် အိမ်ထောင်ပြုတယ်ဆိုတာကလည်း ပါဝင်နေတယ်မလား။
အိမ်ထောင်ပြုရာမှာလည်း ချစ်လို့ကြိုက်လို့ အိမ်ထောင်ပြုလိုက်တာနဲ့ မိဘကပေးစားလို့
အိမ်ထောင်ပြုလိုက်ရတာဆိုပြီး ကွဲပြားပါသေးတယ်။

442

ဒီဇာတ်လမ်းမှာတော့ အိမ်ထောင်မပြုချင်တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိဘတွေက
အိမ်ထောင်ပြုဖို့ နားပူနားဆာလုပ်လွန်းလို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ရာကနေ
ချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ အေးရာအေးကြောင်းနေနေတဲ့ ဗာဆူဆိုတဲ့ကောင်လေးနဲ့ ဗီဒယာဆိုတဲ့
ကောင်မလေးတို့ဟာ မိဘတွေရဲ့ ဇွတ်အတင်းတိုက်တွန်းမှုကြောင့် အိမ်ထောင်ပြုဖို့အတွက် ဖြစ်လာပါတော့တယ်။
မယ်သီတာဟာ အိမ်ထောင်ဖက်ရှာဖို့အတွက် လေးတင်ရွေးချယ်သလိုမျိုးပဲ ဗီဒယာဆိုတဲ့ကောင်မလေးဟာလည်း
အိမ်ထောင်ဖက်ကို သေချာရွေးချယ်ဖို့ ဖောင်ဖြည့်ခိုင်းပြီး ရွေးချယ်ပါတော့တယ်။

ဒီလိုနဲ့ သူလိုချင်တဲ့အချက်နဲ့ကိုက်ညီတဲ့ ဗာဆူ့ကို ရွေးချယ်လိုက်ပြီးတဲ့နောက်မှာတော့
သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ စတင်လို့လာခဲ့ပါတယ်။ သို့ပေမယ့်လည်း
အတ္တတွေကို ရှေ့တန်းတင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်ပါ့မလား …..
သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လို တည်မြဲအောင် ညှိနှိုင်းကြမလဲ ……

သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေရိုဆန်ပြီးတော့ ဘယ်လိုတွေ
ချစ်စရာကောင်းနေမလဲ ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်)

File size… 1.73GB  / 792MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 43mins
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by ToMo~V~KKKZ



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
2.416
Status
Released
ID IMDb.com
tt26687112
ID Themoviedb.org
1029449