Channel Myanmar

Veere Di Wedding (2018)

BollywoodComedyDrama

IMDB: /10 votes

364551

Report error

442

Veere Di Wedding (2018)
———————————
မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်…. တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်…တစ်ချို့ကျ ချမ်းသာတဲ့သူ…တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မ​ပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့​ပေါ့

၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို… ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ…ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်…

ရုပ်ရှင်ထဲမှာ သူငယ်ချင်း​တွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ဓလေ့ရိုးရာနဲ့ အညီ ကြီးကြီးခမ်းခမ်းနားနားလုပ်နေမှု၊ ဂုဏ်ဒြပ်တွေကြောင့်မင်္ဂလာဆောင်ရပုံတွေ၊ ကိုယ်တကယ်ချစ်ပေမယ့်လည်း လက်ထပ်ဖို့ တွန့်ဆုတ်နေမှုတွေ၊ မိဘတွေရဲ့ ကြားဝင်ရှုပ်မှု အစရှိတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်….

နာမည်ကြီးမင်းသမီး Kareena Kapoor၊ Sonam Kapoor တို့ ပါဝင်တဲ့ ဒီကားလေးဟာ ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေအနေနဲ့ ဒီလိုအချိန်မှာ ပေါ့​ပေါ့ပါးပါး ကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပြီး အိမ်ထောင်ဘက် ရွေးချယ်တာ၊ လက်ထပ်ဖို့ ပြင်ဆင်တာ၊ ရိုးရာဓလေ့ အစရှိတာတွေကိုလည်း စဉ်းစားစရာအချက်တစ်ခု အဖြစ် ကြည့်ရှုသွားရမှာဖြစ်တယ်လို့ ညွှန်းပါရစေ…

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)

File size…(1.9 GB) / (1 GB)
Quality….WEB-DL 1080p / 720p
Format…mkv/mp4
Duration….01:58:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Mugiwara Ya



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies