Veeran (2023)


Synopsis:
Veeran (2023)
IMDb-6.6/10
ရူပီးဆယ်ကုဋေနီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ တမီးလ်စကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Veeran(ဗီရန်)…အဓိပ္ပါယ်က စစ်သည်တဲ့။ဒီရွာလေးဒုက္ခရောက်တဲ့အချိန်တိုင်း ဗီရန်ဆိုတဲ့နတ်တစ်ပါးက
မြင်းကြီးကိုစီးပြီးရောက်လာလေ့ရှိသတဲ့။ကျောင်းကနေပြန်လာတဲ့ သူငယ်ချင်းသုံးယောက် ဗီရန်နတ်ကွန်းနားမှာ
အဲဒီအကြောင်းပြောလာကြရင်း ကလေးတယောက်က ပေါက်ပန်းလေးဆယ်တွေထပြောပြီး မိုးကြိုးပစ်ခံရပါရော။
အဲဒီလိုနဲ့ နယ်မြို့လေးမှာဆေးကုပေမယ့် သတိလည်မလာတာကြောင့် အစ်မဖြစ်သူက သူနဲ့အတူ
စင်ကာပူကိုခေါ်သွားပါတယ်။အဲဒီလိုနဲ့ ၁၂နှစ်လောက်ကြာတော့မှ မိုးကြိုးပစ်ခံရတဲ့ကလေးက ရွာကိုပြန်လာခဲ့တယ်။
သူပြန်လာတဲ့အချိန်မှာ လျှပ်စစ်မီးအလကားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ရွာပေါင်း၂၆ရွာအောက်ကနေ ကေဘယ်လ်လိုင်းတွေ
ဆွဲခဲ့တယ်။မိုးကြိုးပစ်ခံရတဲ့ကောင်လေးတို့ရွာအောက်ကနေ ဆွဲဖို့ကျ ရွာမှာရှိတဲ့ဘုရားကို ဖျက်မယ်ဆိုပြီး ဖြစ်လာပါရော။
အဲဒီကေဘယ်လ်လိုင်းပရောဂျက်ရဲ့နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။အဓိကက မိုးကြိုးတိုက်ရိုက်ပစ်ခံရတာတောင်
မသေဘဲ အကောင်းအတိုင်းပြန်လာတဲ့ကောင်လေးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ကျေးလက်အငွေ့အသက်လေးပါ
ထည့်သွားထားတဲ့အပြင် ရယ်စရာလေးတွေထပ်ကာပေါင်း အက်ရှင်တွေမလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း
လက်တို့ရင်း မြန်မာဘာသာသို့ပြန်ဆိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။
(အညွှန်းကို Vမှရေးထားပြီး V~BpL~Aditi~Zwe~Yunni~ThaikSanတို့မှဘာသာပြန်ထားပါသည်။)
File size…2.9GB /1.25GB
Quality…1080p WEB DL / 720p
Format…mp4
Duration….2h 35m
Subtitle….Myanmar Subtitle (Hard Sub)
Encoder…YK
Translated by V~BpL~Aditi~Zwe~Yunni~ThaikSan
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။