Exit print mode Print Data A+ A- Undo all

Upstream Color(2013)

You can force your story's shape, but the color will always bloom upstream.
Upstream Color(2013)Upstream Color(2013)

Synopsis:

 

ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

442

ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကို

Shane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။

ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်း

သရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့

ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။

ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာ

ကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။

 

ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်

သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့

ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီး

ရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်က

Kris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။

သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး

ပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်

အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့

သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။

နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကို

ရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီး

နောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။

Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျ

လုနီးပါးဖြစ်ခဲ့တဲ့ အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာ

တွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။

Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီး သန်ကောင်ရဲ့

ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။

လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကို

ပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ ခံစားချက်တွေ အဖြစ်အပျက်

တွေကို ခံစားနေရပါတယ်။

သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီ

း သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုချိတ်ဆက်ကြမလဲ

ဆိုတာကို ကြည့်ရှုရမှာပါ။

(အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Phu Myat Thwe ဖြစ်ပါတယ်)

 

File size…1.42GB / 602MB
Quality…Blu-Ray 1080p 5.1CH/ 720p
Format…mp4
Duration….1h 36m
Genre ….. Drama , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Phu Myat Thwe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Shane Carruth
Stars
Amy Seimetz, Frank Mosley, Shane Carruth
Budget
USD $100 000,00
Revenue
USD $444 098,00
Popularity
7.642
Status
Released
ID IMDb.com
tt2084989
IMDB Rating
6.5
IMDB votes
34K
ID Themoviedb.org
145197
TMDb Rating
6.404
TMDb votes
648