Unknown (2011)
Take Back Your Life

Synopsis:
Unknown (2011)
IMDb – 6.8/10_____Rotten – 55%
မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။
ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။
မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့
ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ
တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ
ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့
ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။
လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ်
လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို
မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ်
ဒါပေမဲ့ ဟိုတယ်လ် ကိုရောက်တဲ့ အခါ ထူးဆန်းတာက သူ့ဇနီးကလည်း သူ့ကို
မမှတ်မိပါဘူး။ ပိုဆိုးတာတစ်ခုက သူပြောတဲ့ အထောက် အထားကို စစ်ကြည့်တဲ့အခါ
ထူးဆန်းစွာနဲ့ မာတင်ဟဲရစ် ဆိုတာ သူနဲ့ ရုပ်မတူတဲ့ တစ်ခြားတစ်ယောက်ဖြစ်နေပါတယ်။
သူ့ဇနီးကလည်း အဲ့လူ နဲ့ တွဲသွားတွဲလာအပြင် ယာဉ်မောင်းလိုင်စင် အစရှိတဲ့
အထောက်အထားခိုင်လုံစွာပြနိုင်ပါတယ်။ဒါ့အပြင့် သူ့ကို လိုက်သတ်နေတဲ့ သူတွေလည်းရှိ
နေပါသေးတယ်။မာတင်ဟာ တက္ကစီယာဉ်မောင်း ဂျီနာ ရဲ့ အကူအညီနဲ့ ဒီကိစ္စကို
ဖြေရှင်းရင်းနဲ့ သူကျန်ခဲ့တဲ့ လက်ဆွဲအိတ်နဲ့ ပတ်သတ်နေတယ်ဆိုတာသိလာရပါတယ်။
သူ့ဇနီးကဘာလို့ သူ့ကို မမှတ်မိ ရတာလဲ … သူ့နေရာမှာ ဘယ်သူက ဘာကြောင့်
အစားဝင်နေတာလဲ ….. လက်ဆွဲအိတ်က ဘာလျှို့ဝှက်ချက်တွေ ပါနေတာလဲ
အစရှိတာတွေကို စိတ်ဝင်တစား ကြည့်ရှု့ရမှာပါ။
File Size : 650MB
Quality : BrRip 720P
Running Time : 1h 53min
Format : Mp4
Genre : Action, Mystery, Thriller
Subtitle : Tlopp
Encoder : Tariq L Walker
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။