UFO (2022)


Synopsis:
UFO (2022)
=========
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Onur Bilgetay ရိုက်ကူးထားတဲ့
တူရကီအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဆိုင်ကယ်စီးချန်ပီယံဖြစ်
ချင်တဲ့ အက်ဆဲ ဆိုတဲ့ကောင်လေးနဲ့ UFO တွေကတစ်နေ့နေ့မှာသူ့ကို
လာခေါ်မယ်ဆိုပြီး ယုံကြည်နေတဲ့ ဒန်းနိဇ် ဆိုတဲ့ကောင်မလေးတို့ နှစ်
ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အက်ဆဲ ဟာစရိုက်
ကျကျပတ်၀န်းကျင်မှာကြီးပြင်းလာသူဖြစ်ပြီး ဒန်းနိဇ် ကတော့ပိုက်ဆံ
ရှိတဲ့အသိုင်းအဝိုင်းကသူတစ်ယောက်ပါ။
စစ်မှုထမ်းဘ၀ကနေလွတ်လွတ်ပြီးချင်း အက်ဆဲ ဟာဆိုင်ကယ်ပြိုင်
နေရင်းမထင်မှတ်ဘဲ ဒန်းနိဇ် ကိုပထမဆုံးတွေ့လိုက်ရပါတယ်။
ဘ၀မတူတဲ့ သူတို့နှစ်ယောက်ဟာ ရေစက်မကုန်သေးဘဲ ပါတီပွဲ
တစ်ခုမှာပြန်တွေ့တဲ့အခါတော့ လူငယ်သဘာ၀အီစီကလီလုပ်ရင်း
ချစ်ကြိုက်မိလာပါတော့တယ်။ နောက်ပိုင်းမှာ ဒန်းနိဇ် ဟာ အက်ဆဲ
ရဲ့ချန်ပီယံဖြစ်ချင်တဲ့ ဆန္ဒကိုဘယ်လိုဖြည့်ဆည်းပေးသွားမလဲနဲ့
အက်ဆဲ ကလည်းဂီတကျောင်းတက်ချင်တဲ့ ဒန်းနိဇ် ရဲ့ပါရမီကိုဘယ်
လိုဖြည့်ဆည်းပေးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ
ပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Theo Kat ဖြစ်ပါတယ်)
File Size……….(1.8 GB) / (805 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 49Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama
Translator……Theo Kat
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။