Udaan(2010)


Synopsis:
Udaan(2010)
IMDb….8.2
တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်…
ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင်
ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့
အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်…
အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို
အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာ
လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်..
..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်..
..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ…..
အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး
(၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်.
…ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး….
ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်.
.အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ
Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Lyric Lynn Khant ဖြစ်ပါတယ်…..
File Size…(900MB) and (400MB)
Quality…BluRay 720p
Format…mp4
Duration…02:14:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Lyric Lynn Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။