U-Turn (2020)

Synopsis:
2018 တုန်းကအိန္ဒိယကားတစ်ကားကို ဖိလစ်ပိုင်
နိုင်ငံကပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့
သည်းထိတ်ရင်ဖို horror အမျိုးအစားဖြစ်ပါတယ်။
ဒွန်နာဆွာရက်ဇ် ဟာ သတင်းထောက်မတစ်ယောက်ဖြစ်ပြီး
သူ့ရဲ့အလုပ်သက်တမ်း ၇နှစ်ရှိပြီဖြစ်ပေမယ့်လည်း ပြောင်းလဲတိုးတက်မှုရှိမလာတာကြောင့်
အရေးပါတဲ့သတင်းစုံစမ်းရမယ့်အခွင့်အရေးကို
စောင့်မျှော်နေသူဖြစ်ပါတယ်။ တစ်နေ့မှာဒွန်နာရဲ့ဘော့စ်ဟာ
ဂငယ်ကွေ့ လမ်းမနေရာတစ်ခုက
ယာဥ်မတော်တဆမှုကိုစုံစမ်းဖို့ အသိပေးတဲ့မက်ဆေ့ကို
ဒွန်နာ့ဆီလူမှားပို့ခဲ့တဲ့အခါ
ဒွန်နာဟာအခွင့်အရေးကိုလက်လွှတ်မခံပဲ သတင်းအမိအရစုံစမ်းပါတော့တယ်။
အခင်းဖြစ်ရာကိုရောက်တဲ့အခါမှာ သူ့ရဲ့ဘော့စ်
တွန်းအားပေးခဲ့သလို လူတွေစိတ်ဝင်စားအောင်
ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ ဆန်းသစ်ကြေညာခဲ့ပြီး ဒွန်နာရဲ့သတင်းဗီဒီယိုဟာ အင်တာနက်မှာ
လူကြည့်များသွားခဲ့ပါတယ်။
ဒ
ါပေမယ့်တစ်နေ့မှာ ဒွန်နာချစ်ရတဲ့မိသားစုဝင်တစ်ဦးဟာလည်း
အဲ့ ဂငယ်ကွေ့နေရာကဖြတ်ပြီး
အိမ်ကိုပြန်လာခဲ့တဲ့ညမှာ သေဆုံးသွားတဲ့အခါ
စိတ်ပျက်ဝမ်းနည်းစွာနဲ့ သူသေဆုံးရတဲ့အကြောင်းအရင်းကို
စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒွန်နာဟာ ဂငယ်ကွေ့လမ်းကိုဝင်ဖို့လုပ်တဲ့
ဆိုင်ကယ်တစ်စီးကိုတားစီးသတိပေးနေတဲ့
အိမ်ခြေမဲ့လူကြီးတစ်ယောက်ကိုတွေ့ခဲ့ပြီး
ထိုလူကြီးက ဒီဂငယ်ကွေ့လမ်းကဖြတ်တဲ့သူမှန်သမျှ
သေဆုံးကြကြောင်းပြောပြပြီး
ဒွန်နာ့ကို လမ်းဖြတ်ကွေ့ခဲ့တဲ့ယာဥ်နံပါတ်တွေ
မှတ်ထားတဲ့စာရွက်လေးတစ်ခုပေးလိုက်ပါတယ်။
ဒွန်နာဟာအဲ့နံပါတ်တွေရဲ့ပိုင်ရှင်တွေကို
စုံစမ်းကြည့်လိုက်တဲ့အခါ မကြာသေးခင်က
သေဆုံးခဲ့သူတွေဖြစ်နေတာကို သိလိုက်ရပါတော့တယ်။စာရင်းထဲကနောက်ဆုံးလူဟာ
အသက်ရှင်နေသေးတာကိုသိလိုက်ရတဲ့အခါ ထိုလူဆီအရောက်သွားပြီး ဂငယ်ကွေ့ကွေ့ခဲ့သူတွေ
ဘာကြောင့်သေကုန်လဲသိရအောင် ကြိုးစားပါတော့တယ်။
သင်ဟာ အာရှ horror ဇာတ်လမ်းတွေကြိုက်နှစ်သက်သူ၊ slow-burn ဇာတ်လမ်းမျိုးမဟုတ်ပဲ
သွက်သွက်လက်လက်သွားတဲ့ horror ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူဆိုရင်တော့
ဒီဇာတ်လမ်းကိုလက်မလွှတ်ဖို့ပြောလိုက်ချင်ပါတယ်။
Translated by : Pyi T Nyein
Encoded by : YK
File Size : 1.4GB and 805MB
Quality : 1080p NF WEB DL and 720p
Subtitles : Myanmar (Hardsub)
Duration : 1h 38mins
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။