Channel Myanmar

Two Brother (2004)

Two Brothers    

PG 109 min AdventureDramaFamilyFantasy

7.1
IMDB: 7.1/10 11,998 votes

, , ,

2 wins & 2 nominations.

France, UK

424028

Report error

mv5bntmzota3ndcxml5bml5banbnxkftztcwmty5nduymq-_v1_

ကဲ Old But Gold ကားတစ်ကားနဲ့ အခုတပတ် Monday ည အတွက်

442

အပန်းဖြေကြည့်ရှူဖို့တင်ဆက်ပေးလိုက်ပါတယ်

သင်က တိရိစ္ဆာန်ချစ်တတ်တဲ့လူတစ်ယောက်လား အထူးသဖြင့်မွေးဖို့မလွယ်တဲ့ကျားပေါက်လေးတွေကိုချစ်တတ်လား ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို

သိမ်းပိုက်သွားမှာ သေချာပေါက်ပါဘဲ ဒီကားလေးဟာဆိုရင် ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံစတင်တဲ့ တစ်ပတ်အတောတွင်းမှာတင် top 9 အထိရောက်ရှိခဲ့တဲ့

ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ၁၉၂၀ပြည့်နှစ် ကယ်လီဖိုးနီးယားပြည်နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုနဲ့ ဇာတ်လမ်းကျောရိုးကိုယူထားပါတယ်

အဓိကဇာတ်ဆောင်အနေနဲ့ကတော့ ဆွန်ဂါနဲ့ကူမာလို့ခေါ်တဲ့ ကျားလေး၂ကောင်အကြောင်း ဖြစ်ပြီးတော့ အရိုင်းသတ္တဝါ၂ကောင်နဲ့

လူသား၂ဦးကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်ပြီးရင်း ထပ်ကြည့်ချင်ကို ဖြစ်နေတော့မှာပါ ပြင်သစ်နဲ့ ထိုင်းဘက်က ကျားအကောင် ၃၀လောက်ကို

သုံးထားတာဖြစ်ပြီးတော့ အကယ်ဒမီရလောက်တဲ့ ကျားတို့ရဲ့မာယာ ( သရုပ်ဆောင်ချက် ) တွေကိုလည်း မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ကယ်လီဖိုးနီးယားတောအုပ်

ထဲက ဘုရားကျောင်းအပျက်တွေကြားမှာနေကြတဲ့ ကျားမကြီးနဲ့သူ့ရဲ့ သားလေး၂ကောင်၊ မုဆိုးအလုပ်နဲ့ တွက်ချေမကိုက်လို့ ဘုရားဆင်းတုတော်ဟောင်းတွေမှောင်ခိုဖို့ စိတ်ကူးနဲ့ ရောက်ရှိ

လာတဲ့ မတ်ခရော်နီနဲ့ ထိပ်တိုက်ကိုတွေ့ပါတော့တယ် ဒေသခံလူရိုင်းတွေနဲ့ပေါင်းပြီး ဆင်းတုတော်တွေခိုးထုတ်ဖို့ လုပ်ထားတဲ့ မတ်ခရော်နီကြောင့် ဒီကျားလေး၂ကောင်ဟာ မမျှော်လင့်ဘဲ

သူတို့အမေနဲ့ကွဲသွားပြီး လူတွေရှိတဲ့နေရာကို တစ်ကောင်တစ်နေရာစီရောက်သွားပြီးတဲ့နောက် နှစ်အနည်းငယ်ကြာတဲ့အခါ လူတွေအပျော်ကြည့်ဖို့လုပ်တဲ့

ကျားသတ်ပွဲမှာ အချင်းချင်းပြန်တွေ့ကြတဲ့အခါ……. သူတို့တွေ တစ်ကောင်နဲ့ တစ်ကောင်ပြန်ပြီး မှတ်မိနိုင်ပါဦးမလား မုဆိုးဖြစ်လို့ ကျားတွေကို နှိမ်နင်းရမယ်ဆိုတဲ့တာဝန်က တစ်ဖက်၊

မိမိကြောင့် မိသားစုနဲ့ကွဲကွာပြီး လူတွေရဲ့ အသုံးတော်ခံ ဖြစ်သွားရတဲ့ ကျား၂ကောင်အပေါ် သနားပြီး သံယောဇဉ်တွယ်မိတဲ့ စိတ်ကတစ်ဖက်၊

အစွန်း၂ဖက်ရောက်နေတဲ့ ခံစားချက်တွေနဲ့ မတ်ခရော်နီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ရော ဘာဖြစ်မှာလဲ

လူသားတွေရဲ့အတ္တနဲ့လောဘတွေက အပြစ်မဲ့တဲ့သတ္တဝါလေးတွေအပေါ် ဘယ်လောက်အထိ နစ်နာစေခဲ့လဲဆိုတာကို မီးမောင်းထိုးပြထားတဲ့

ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဆုံးသတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိသတ်ကြီး  သားသားမီးမီးလေးနဲ့ဖြစ်စေ

ကိုကို/မမတွေနဲ့ဖြစ်စေ မိသားစုနဲ့ဖြစ်စေ ကြည့်ရှုခံစားလိုက်ကြပါတော့ဗျာ မင်္ဂလာ ညနေခင်းလေးပါနော်

ဘာသာပြန်သူကတော့ Ei EI Thein ဖြစ်ပါတယ်]



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies