The Mallorca Files (2019) Season 1
Genre – Crime, Drama
IMDB – 6.7/10
စပိန်နိုင်ငံရဲ့ လှပတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ ခပ်မြူးမြူးတီးလုံးလေးတွေနဲ့အတူ
လူမျိုးမတူ စရိုက်မတူတဲ့ စုံထောက်နှစ်ဦး ဒုစရိုက်မှုတွေကို
လိုက်လံဖြေရှင်းကြတာ ကြည့်ရမယ့် BBCထုတ်
စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။
စုံထောက်ဘလိတ်ခ်ဆိုတာက ဗြိတိသျှသူတစ်ယောက်။
မယောရ်ကာကျွန်းပေါ်ကနေ လူဆိုးတစ်ယောက်ဖမ်းလာပြီး လန်ဒန်ကို ပြန်ပို့ရတော့မှာ။
အဲဒီမှာတင် လူဆိုးက အသတ်ခံရပြီး ပြဿနာတက်တော့ အထက်အရာရှိက
လန်ဒန်ကိုပဲ ပြန်လာပါတော့ သူတို့ ဖြေရှင်းပေးမယ်ဆိုတာကို
လက်မလျှော့ချင်တဲ့စိတ်နဲ့ ဆက်နေပြီး ဖြေရှင်းဖို့ ဖြစ်လာတော့တယ်။
ဒါပေမဲ့လည်း မယောရ်ကာရဲဌာနကတော့ တစ်ယောက်တည်း မလိုက်နဲ့
အဖော်ထည့်ပေးမယ်ဆိုပြီး ထူးထူးခြားခြား အမှုလိုက်တတ်တဲ့
လူပျော်ကြီး ဂျာမန်စုံထောက်မက်စ်နဲ့ ထည့်ပေးလိုက်ရော။
အဲဒီမှာတင် အလုပ်ဆိုရင် ရုပ်တည်ကြီးနဲ့ စနစ်တကျ မပြုံးမရယ် အသေကောင်လိုပဲ လုပ်တတ်တဲ့ ဗြိတိသျှသူနဲ့
ဘာနေနေ ကပျက်ကချော်နဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ပဲ ပေါက်ကရ လုပ်တတ်တဲ့ ဂျာမန်သားတို့ နှစ်ယောက်ပူးပေါင်းပြီး
စပိန်နိုင်ငံက မယောရ်ကာကျွန်းလေးပေါ်က ရာဇဝတ်မှုတွေကို ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရမှာပါ။
Season တစ်ခုကို အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး Season ၃ခုထိ ထွက်ရှိထားပြီး အကုန်လုံးကို CMမှ
တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးလို့။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura ~ Wunna ~ MMHein ~ Zwe ~ Vတို့ဖြစ်ပါတယ်)
File Size – 1GB (Appx;)@Episode
Quality – 1080p WEB DL
Duration – minute (@Episode)
Total Episodes: 10Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre :Crime~Drama
Translator – Thura ~ Wunna ~ MMHein ~ Zwe ~ V
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။