Cultural phenomenal လို့ခေါ်တဲ့ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ကြသူတွေထဲမှာ ဘရုစ်လီ ဆိုတာ ဒဏ္ဍာရီဆန် ဂန္တဝင်မြောက်တဲ့ သိုင်းပညာရှင် အတွေးအခေါ်ပညာရှင်ကြီးပါ။ သရုပ်ဆောင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ထုတ်လုပ်သူဆိုတာတွေက ကျွဲကူးရေပါလာတဲ့ အောင်မြင်မှုတွေမလို့ အရေးတယူ မပြောတော့ပါဘူး။
သိုင်းပညာဆိုတဲ့ ပညာရပ်မှာတော့ တစ်ဖက်ကမ်း ခပ်ရုံမက ထုံးလိုချေ ရေလိုနှောက် အဆင့်ထက်ကျော်တဲ့၊ သိုင်းပညာနဲ့ ဘရုစ်လီ၊ ဘရုစ်လီ နဲ့ သိုင်းပညာဟာ ခွဲခြားလို့မရတော့ဘဲ တစ်သားထည်းဖြစ်သွားတဲ့ အဆင့်ကို ရောက်နေသူကြီးပါ။
အတွေးအခေါ်ပိုင်းမှာလည်း ဘရုစ် ပြောခဲ့တဲ့ စကားတွေ အတွေးအခေါ်တွေကို သိုင်းပညာရပ်မှာသာမက အခြားနယ်ပယ်တွေမှာလည်း တခုတ်တရ သုံးစွဲရတဲ့အထိ လေးနက်ပြောင်မြောက်လွန်းလှပါတယ်။
ဘုရားသခင်ဟာ အကောင်းဆုံးတွေကို လူတစ်ယောက်တည်းမှာ စုပြုံထည့်မပေးတတ်ဘူးတဲ့။ လီရှောင်လုံ လို့ခေါ်တဲ့ ဘရုစ်လီ ကတော့ ဘုရားသခင် မှားယွင်းဖန်ဆင်းမိတဲ့ အပြီးပြည့်စုံဆုံးသော လူသားတစ်ယောက်ပါပဲ။ လူ့လောကမှာ ကြာကြာမထားရဲဘဲ သူ့သက်တမ်း ၃၂ နှစ်မှာ ပြန်ခေါ်လိုက်ရတာကိုပဲ ကြည့်တော့။
လီရှောင်လုံ က ပြဿနာကို မီးထွန်းရှာတတ်သူလေးပါ။ သူ့ရဲ့နေ့ရက်တွေက ရန်ဖြစ်ထိုးကြိတ်ခြင်းတွေနဲ့ ပြည့်နေတာပါပဲ။ အိမ်ကိုပြန်လာတိုင်း ဖူးရောင်လို့၊ သွေးစို့လို့ ဆိုတာမျိုးတွေချည်းပဲ။
အဖေက ပြဇာတ်သရုပ်ဆောင်အလုပ်နဲ့ ကိုလိုနီခေတ် ဟောင်ကောင်မြို့မှာ ပုဂ္ဂလိကကျောင်းကိုထားတယ်။ ဒါပေမဲ့ လီရှောင်လုံ စာကြိုးစားသလားဆိုတော့ ဟင့်အင်းလို့ ယတိပြတ် ဖြေရမှာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် လီရှောင်လုံ ဟာ ဘရုစ်လီ ဆိုတဲ့နာမည်နဲ့ အထက်တန်းကျောင်းသားလေး။ စာမကျက်ဘဲ ရန်လိုက်ဖြစ်နေတဲ့ကောင်လေး။ သူ့ကို နိုင်ငံခြားသားကျောင်းသားတွေက နှိမ်လွန်းလို့ ချာချာအကမှာ အထက်တန်းကျောင်းအဆင့် ဟောင်ကောင်ချန်ပီယံဖြစ်တဲ့အထိ ကြိုးစားခဲ့သူ။ ဒါပေမဲ့ သူဘာပဲလုပ်လုပ် သူ့ကိုခေါ်ကြတဲ့နာမည်က “အလကား အသားဝါကောင်” တဲ့။
ဒီလိုနဲ့ အများသိကြတဲ့အတိုင်း သူ့ဘဝကို ပြောင်းလဲစေတဲ့ဆရာ၊ ဝင်းချွမ်ဆရာတစ်ဆူ IP man လို့ခေါ်တဲ့ ဆရာ ရိမန် နဲ့ ဆုံလိုက်ရချိန်မှာ လီရှောင်လုံ ဆိုတဲ့ နဂါးလေးက မီးလျှံတညီးညီးနဲ့ နဂါးကြီးဖြစ်လာခဲ့တယ်။ အနောက်တိုင်းက ကွန်ဖူး လို့ကြားလိုက်တာနဲ့ ဘရုစ်လီ ဆိုတာကို တန်းသိတဲ့အဆင့်။ ကွန်ဖူးကြောင့် အနောက်ကမ္ဘာမှာ ဘရုစ်လီ ဖြစ်လာခဲ့တာမဟုတ်။ ဘရုစ်လီ ကြောင့်သာ အာရှသိုင်းပညာ ကွန်ဖူးကို တစ်ကမ္ဘာလုံးက သိသွားခဲ့ရတာ။
ဒီလို ကြီးကျယ်လွန်းလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ဇာတ်လမ်းတွဲအနေနဲ့ “ဘရုစ်လီ ရဲ့ ဒဏ္ဍာရီ” ဆိုပြီး ရိုက်ကူးထုတ်လွှင့်ပြသထားပါတယ်။ 2008 ခုနှစ်မှာ ထုတ်လွှင့်ပြသထားပြီး ဂန္ဓာလရာဇ် သမိုင်းတလျောက် ကြည့်ရှုနှုန်း အများဆုံး စီးရီးပါပဲ။ ထူးခြားတာက အစ season တွေကနေ နောက်ဆုံး season ရောက်တဲ့အထိ ကြည့်ရှုနှုန်းက တဖြည်းဖြည်းတက်လာတာဖြစ်ပြီး နောက်ဆုံး season က ကြည့်ရှူနှုန်း အများဆုံးပါ။
ရိုက်ကူးရေးကြာမြင့်ချိန် ကိုးလအတွင်း ပြီးစီးအောင် ရိုက်ကူးခဲ့ပါတယ်။ ဘရုစ်လီ နေရာမှာတော့ ဟောင်ကောင်မင်းသား Danny Chan သရုပ်ဆောင်ထားတာပါ။ Michelle Lang က ဘရုစ်လီ ရဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
စုစုပေါင်း အပိုင်း ၅၀ ပါမှာဖြစ်ပြီး CM ကနေ ပုံမှန်တင်ဆက်ပေးသွားမှာပါ။ ကျွန်တော်ငယ်ငယ်က ဘရုစ်လီ ကို မမီလိုက်ပါဘူး။ ဂျက်ကီချန်း ခေတ်မှာ ကြီးပြင်းခဲ့ရပေမဲ့ ဘရုစ် ရဲ့ ဇာတ်ကားတွေ ကြည့်လိုက်ရချိန်မှာ အသည်းစွဲသွားခဲ့ရသူပါ။ လူ့သက်တမ်း နှစ်သုံးဆယ် နှစ်နှစ်စွန်းပဲ နေလိုက်ရပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်သွားတဲ့ လီရှောင်လုံ ရဲ့ အထုပ္ပတ္တိဇာတ်လမ်းတွဲကို ကြည့်ရှုခံစားလိုက်ကြရအောင်လား။
File size…(1.7 GB)/(868 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….00:46:00
Genre…Action, addventure, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Arr Khun Winchester
Episode 1 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 2 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 3 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 4 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 5 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 6 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 7 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 8 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 9 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 10 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 11 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 12 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 13 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 14 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 15 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 16 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 17 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 18 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 19 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 20 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 21 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 22 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 23 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 24 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 25 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 26 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 27 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 28 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 29 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 30 720p – Yoteshin / Meganz / Usersdrive / Streamwish
Episode 31 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 32 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 33 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 34 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 35 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 36 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 37 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 38 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 39 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 40 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 41 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 42 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 43 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 44 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 45 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 46 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 47 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 48 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 49 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
Episode 50 720p – Yoteshin / Megaup / Meganz / Usersdrive / Streamwish
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။