The Girls on the Bus (2024)
=====================
IMDb Rating – 6.6/10
စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ “The Girls
on the Bus” ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး
သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ်
ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့
ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the
Bus ဆိုတာ ဒီလို။
အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်စည်းရုံးရေးတွေဆင်း
ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း
ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး
ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း
ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက်
တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း
ထောက်(၄)ယောက်က “The Girls on the Bus”ရဲ့ ဇာတ်ဆောင်တွေပါပဲ။
ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ်
ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ
အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ဆေဒီ့သူငယ်ချင်း၊ ပရော်ဖက်
ရှင်နယ်ကျတဲ့သတင်းထောက်။ ကင်ဘာလင်ကတော့ ရွေးကောက်ပွဲပြီးမှ လက်
ထပ်မဲ့ လူမည်းအမျိုးသမီးသတင်းထောက်။ လိုလာကကျ အဲဒီသုံးယောက်ဆီ
ကနေ တရားဝင်သတင်းထောက်လို့ အသတ်မှတ်မခံရတဲ့ ဆိုရှယ်မီဒီယာက
ဆယ်လီမမ။
သူတို့သတင်းထောက်တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံယူချက်တွေ၊ ကိုယ်ပိုင်
နည်းလမ်းတွေရှိတယ်။ အဲဒါကိုရိုက်ပြသွားတာလေးက အတော်လှတယ်လို့ထင်
ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့အားပြိုင်မှုတွေ၊ သတင်းထောက်တွေရဲ့
ရပ်တည်မှုတွေ၊ မီဒီယာလောကရဲ့လုပ်ရိုးလုပ်စဉ်တွေ အတော်လေးမြိုင်မြိုင်ဆိုင်
ဆိုင်ကြည့်ရမှာပါ။ ချတာတိုက်တာခိုက်တွေမပါဝင်ဘဲ ကိုယ်မသိတဲ့နယ်ပယ်တစ်
ခုအကြောင်း ထဲထဲဝင်ဝင်သိလိုက်ရသလိုမျိုးဖြစ်စေမဲ့ကားပါ။ ကြည့်ရှုခံစားလိုက်
ကြပါဦး။
ဆေဒီအဖြစ် သရုပ်ဆောင်ထားသူကတော့ အချစ်တော် ကာရာ . စူပါဂဲလ်လေးပဲ
ဖြစ်ပါတယ်။
(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ
များကကတော့ CM Team မှ ဖြစ်ပါတယ်။)
File Size………….(700 MB) / (350 MB)
Quality……………WEB-DL 720p / 1080p
Duration…………47Mins(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Drama
Translator……….Ngwe Zin, Khant Sett, Thwal Htoo Zin, Act Molemy, Thiha Yan Naing
Encoder…………..SWM
—————————
Episode 01 – Yoteshin / Streamsb / Megaup
Episode 02 – Yoteshin / Streamsb / Megaup
Episode 03 – Yoteshin / Streamsb / Megaup
Episode 04 – Yoteshin / Streamsb / Megaup
Episode 05 – Yoteshin / Streamsb / Megaup
Episode 06 – Yoteshin / Streamsb / Megaup
Episode 07 – Yoteshin / Streamsb / Megaup
Episode 08 – Yoteshin / Streamsb / Megaup
Episode 09 – Yoteshin / Streamsb / Megaup
Episode 10 – Yoteshin / Streamsb / Megaup – End
—————————
Episode 01 – Yoteshin / Streamsb / Megaup
Episode 02 – Yoteshin / Streamsb / Megaup
Episode 03 – Yoteshin / Streamsb / Megaup
Episode 04 – Yoteshin / Streamsb / Megaup
Episode 05 – Yoteshin / Streamsb / Megaup
Episode 06 – Yoteshin / Streamsb / Megaup
Episode 07 – Yoteshin / Streamsb / Megaup
Episode 08 – Yoteshin / Streamsb / Megaup
Episode 09 – Yoteshin / Streamsb / Megaup
Episode 10 – Yoteshin / Streamsb / Megaup – End
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။