Terminator Zero (2024) Season 1
Genre – Anime, Action, Adventure, Sci-fi
ဒီနေ့ 29th August ဆိုတာက Terminator Universe အတွက်တော့ Judgement Day ပါ။
Judgement day ဆိုတာကတော့ ကျွန်တော်တို့
ငယ်ငယ်တုန်းက မင်းသားကြီး အာနိုးပါဝင်တဲ့
Terminator 2 ထဲမှာ AI တွေက အသိစိတ်ဝင်ပြီး
လူသားတွေအပေါ် နူကလီးယားချတဲ့နေ့ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒါ ဒီနေ့မှာတင် ထူးထူးခြားခြား Terminator ကမ္ဘာရဲ့ ပထမဆုံး Animation စီးရီးကို
Netflix ကနေ Bleach ဒါရိုက်တာရဲ့ လက်စွမ်းနဲ့အတူ Kaiju No.8, Ghost in the Shell တွေကို
ထုတ်လုပ်ပေးထားတဲ့ Production IG ကုမ္ပဏီရယ် MI ရုပ်ရှင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့
Skydance နဲ့ ပူးပေါင်းထုတ်လုပ်ပြီး ထွက်ရှိလာခဲ့ပါပြီ။ ဒီစီးရီးမှာတော့ အမေရိကန်အခြေစိုက်
မဟုတ်တော့ပဲ ဂျပန်နိုင်ငံကို ဦးစားပေး တင်ဆက်ထားပေမဲ့ အားလုံးသိခဲ့တဲ့
James Cameron ရဲ့ Terminator Universe မှာပဲ တည်ရှိနေတာပါ။
ဇာတ်ကြောင်း Timeline အရတော့ ၁၉၉၇ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကို အပြန်အလှန် ယှဉ်ပြထားတာပါ။
၁၉၉၇ ခုနှစ်မှာကတော့ Dr Malcolm ဆိုတဲ့ သိပ္ပံပညာရှင်က ဒီ Judgement ကြီး ဖြစ်နေမှာကို
သိပြီးသားလူတစ်ယောက် အဲဒါကို တားဆီးဖို့ Kokoro ဆိုတဲ့ AI နဲ့ ကြိုးစားနေတာပေါ့လေ။
၂၀၂၂ ခုနှစ်မှာတော့ သိတဲ့အတိုင်း လူတွေနဲ့ စက်ရုပ်တွေ စစ်ဖြစ်နေပြီ လူသားတွေ အရေးနိမ့်လို့
မြေအောက်နေရာတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ တစ်ကွဲတစ်ပြားပေါ့။ အဲဒီမှာ Eiko ဆိုတဲ့
စစ်သည်တော်တစ်ယောက်က Skynet ရဲ့ အရေးပါဒေတာတွေ ရလာချိန် ၁၉၉၇ ခုနှစ်ကို
အချိန်ခရီးသွားဖို့ ဖြစ်လာတယ်။ ရန်သူတော်တွေဖက်ကလည်း Terminator တစ်ယောက်ကို
၁၉၉၇ ခုနှစ်ကို စေလွှတ်တဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။
Season 1 မှာတော့ စုစုပေါင်း အပိုင်း ၈ ပိုင်း ပါဝင်ပြီး အားလုံးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Animation ဆိုသော်ငြားလည်း အသတ်အဖြတ် အကြမ်းအရမ်းတွေကတော့
ရှယ်တွေမို့ ကလေးသူငယ်တွေနဲ့ ကြည့်ရှုဖို့ မသင့်တော်ပါကြောင်း…။
(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
File Size – 400MB (Appx;)@Episode
Quality – 1080p WEB DL HEVC
Duration –30minute (@Episode)
Total Episodes:8Eps
Subtitle – Myanmar Hardsub
Format – Mkv
Genre : Animation ~ Sci-Fi
Translator – CM Team
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။