Channel Myanmar

New releases (2025)

Content at random


TV Series

Mr. Bad (2022)
Mr. Bad (2022) Mr.Bad (2022)ဒီတခါ CM Chinese ပရိသတ်ကြီးအတွက်ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုတင်ဆက်ပေးဖိုရွေးချယ်ထားပါတယ်။သာမန်ကြည့်ဖူးနေကျအချစ်ဇာတ်လမ်းမျိုးမဟုတ်ဘဲဒီတခါမှာတော့ စာရေးဆရာမလေးနဲ့သူဖန်တီးထားတဲ့ဇာတ်ကောင်ကြားကအချစ်ဇာတ်လမ်းလေးကိုကြည့်ရှုရမှာပါ။အဓိကသရုပ်ဆောင်တွေကတော့စာရေးဆရာမလေး နန်ရှင်းအဖြစ် Shen Yueဝတ္ထုထဲကဗီလိန်ဇာတ်ကောင်ရှောင်းဝူတိအဖြစ် Chen Zhe Yuanစာရေးရတာကိုသဘောကျတဲ့ငယ်ရွယ်တဲ့ကောင်မလေး နန်ရှင်း။တစ်နေ့မှာမထင်မှတ်ထားဘဲသူရေးနေတဲ့ဝတ္ထုထဲကဇာတ်ကောင်ကိုဆင့်ခေါ်မိသွားတဲ့အခါမှာတော့...အဲ့ဒီဇာတ်ကောင်က ညဏ်များပြီးအတ္တကြီးတဲ့ဝတ္ထုထဲကအကြီးစားဗီလိန် ဖြစ်နေတဲ့အခါ...ဝတ္ထုထဲကခုန်ထွက်လာတဲ့ ဇာတ်ကောင်နဲ့စာရေးတရာမလေးတိုဟာ စတွေ့ကတည်းကကြောင်နဲ့ကြွက်လိုပဲ မတည့်ကြပါဘူး။အပြင်လောကကိုရှောင်းဝူတိရောက်လာတာဟာဖန်တီးသူနန်ရှင်းရဲ့ဆုတောင်းကြောင့်ဆိုတာသိလိုက်ရတဲ့အခါ..မူလကမ္ဘာကိုပြန်သွားခွင့်ရဖိုအတွက်နန်ရှင်းကိုကူညီရဖိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့အတူတူနေထိုင်ကြရင်းတစ်ယောက်ရဲ့ချစ်စရာအချက်လေးတွေကိုတစ်ယောက်ကမြင်လာတဲ့အခါ...ရှောင်းဝူတိတစ်ယောက်သူ့မူရင်းကမ္ဘာကိုပြန်သွားမှာလား...စာရေးဆရာမလေးနဲ့ပဲ ပြင်ပကမ္ဘာမှာအတူတူနေမလား..ထူးခြားတဲ့အချစ်ပုံပြင်လေးကဘယ်လိုအဆုံးသတ်လေမလဲ။ပေါ့ပေါ့ပါးပါးနဲ့အချိုစားရမယ့်ဇာတ်လမ်းလေးဖြစ်တာမိုလက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, FantasyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / Yoteshin / Usersdrive / StreamSB Episode 1(1080p) - MegaUp ...

Mr. Bad (2022)

2022
Dad Camp

Dad Camp

2010
Bad Guys (2022) [Complete]
Bad Guys (2022) [Complete] Bad Guys (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)ဒီတစ်ခါတော့ Korea Bad Guys လေးကို Thai remake version လေးပြန်ကြည့်ရမှာဆိုတော့ action series ကြိုက်တဲ့ သူတွေအတွက်တော့ လက်မလွှတ်တမ်းကြည့်သင့်တယ်နော်ဇာတ်လမ်းအကျဥ်း ...ရဲတွေ ဘယ်လိုမှ မလိုက်နိုင်တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုအတွက် ရဲချုပ်နမ်ချိုင်က ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ စုံစမ်းရေးမှူးဖိထက်ကို ပြန်ခေါ်ပြီး လျှို့ဝှက်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်။ခွေးရူးဆိုပြီးနာမည် ကြီးတဲ့ စုံစမ်းရေးမှူးဖိထက်က ဒီအမှုကို စုံစမ်းဖို သူ့လို ခွေးရူး၃ကောင် ထပ်လိုအပ်တယ်ဆိုပြီး ထောင်ထဲက လူ၃ယောက်ကို သူ့အဖွဲဆီပိုပေးဖိုပြောခဲ့တယ်။သူ့ရဲ့တောင်းဆိုချက်ကြောင့်ပဲ ဘန်ကောက်ကထိပ်တန်းလူမိုက်ဂိုဏ်းတစ်ခုရဲ့ ဒုတိယခေါင်းဆောင် ယတ်၊ ထိပ်တန်း ကြေးစားလူသတ်သမား လေ့နဲ့ အသက်အငယ်ဆုံး စိတ္တဇကွင်းဆက်လူသတ်သမား စကိုင်း တို့ ၃ ယောက်ကို ထောင်အပြင်ခဏထုတ်ပေးခဲ့ရတယ်။ဖိထက်က ဘာလို ဒီ၃ယောက်ကိုရွေးချယ်ခဲ့တာလဲ? သူနဲ့ ဘယ်လိုပက်သက်မှုတွေရှိနေမလဲ? အမှုတွေဖြေရှင်းပြီး အမှန်တရားကိုဘယ်လိုဖော်ထုတ်မှာလဲ? ဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ ...

Bad Guys (2022) [Complete]

2022
Criminal Justice: Adhura Sach (2022) 8
Criminal Justice: Adhura Sach (2022) Criminal Justice: Adhura Sach (2022) ============================ IMDb - 8.2/10လက်လွှတ်ခံလိုက်ရင် မှားသွားမယ့် အိန္ဒိယစီးရီးတစ်ပုဒ်လာပါပြီ ရုပ်ရှင်ချစ်ပရိသတ်တွေ၊ အမှုအခင်းကားကြိုက်တဲ့သူတွေ လုံးဝကြည့်သင့်တဲ့ ကားပဲဖြစ်ပါတယ်အညွှန်းလေး ပြောပြရမယ်ဆိုရင်တော့ နာမည်ကြီး လူသိများထင်ရှားတဲ့ ကလေးသရုပ်ဆောင် ကောင်မလေးတစ်ယောက် အသတ်ခံလိုက်ရတာနဲ့ စပါတယ်ဒါပေမယ့် သံသယရှိသူကတော့ သူ့ရဲ့အစ်ကိုပဲ ဖြစ်လို့နေပါတယ် ကောင်မလေးမသေခင် တွေ့ရှိထားတဲ့ သက်သေအထောက်အထားတွေက ကောင်လေးမှာ အပြစ်ရှိကြောင်း ညွှန်ပြနေလို့ပဲဖြစ်ပါတယ်ဒါ့အပြင် ကောင်လေးဟာ ဆေးသုံးနေတဲ့အပြင် စိတ်တိုလွယ်ပြီး ကြမ်းတမ်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သံသယဖြစ်စရာ ကောင်းနေပါတယ်ဒါပေမယ့် ကောင်လေးပြောပြတဲ့ ဇာတ်လမ်းမှာလည်း လုံးဝ သူမသတ်ကြောင်း ထင်ရှားနေပါတယ်အဲဒါကို သူ့ဘက်ကနေ ရှေ့နေလိုက်ပေးမှာကတော့ တရားခံတွေဘက်ကချည်း အမှုလိုက်ပေးပြီး အနိုင်ရထားတဲ့ ရှေ့နေကြီး မီရှရာပဲဖြစ်ပါတယ်ဇာတ်လမ်းဟာ မြုပ်ကွက်တွေ လှည့်ကွက်တွေ လှို့ဝှက်ချက်တွေ အပြည့်နဲ့ ဆွဲဆောင်ထားပြီး တရားခွင်မှာ အမှုရင်ဆိုင်ရင်းကနေ ဘယ်လိုအမှန်တရားတွေ ပေါ်ထွက်လာမလဲဆိုတာ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ဝင်စားစရာ ကောင်းတာမို့လို့ တကယ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်တအားတွေပြောလိုက်ရင် အရမ်းရှည်ကုန်မှာစိုးလို့ ဒီလောက်ပဲပြောပြီး ကိုယ်တိုင်ကိုယ်ကျပဲ ကြည့်ကြည့်ဖို့ ပြောလိုက်ပါရစေနော် ဒီစီးရီးဟာ စုစုပေါင်း အပိုင်း ၈ ပိုင်းရှိပြီး လက်ရှိမှာ ongoing ထွက်နေတာဖြစ်လို့ စောင့်မျှော်ကာ အားပေးကြည့်ရှုပေးကြပါနော်...File Size – 800MB ...
8
TMDb: 8/10 1 votes
tv

Criminal Justice: Adhura Sach (2022)

2022
Golden Mask (2022) 8.2
Golden Mask (2022)  Golden Mask (2022) ===============“Love Twist"ပြီးသွားလို့ နောက်ထပ်စီးရီးရှည်သစ်ကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက် "Golden Mask"ဆိုတဲ့ အပိုင်း ၁၀၀ ကားသစ်ကို တင်ဆက်ပေးလိုက်ရပါတယ်...ဇာတ်လမ်းအညွှန်းYoo Soo-Yeon က သာမန်မိသားစုမှာကြီးပြင်းလာခဲ့ပေမယ့်ချမ်းသာတဲ့သူဌေးသားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။စင်ဒရဲလားဆန်ဆန်ဘဝကြောင့် လူတိုင်းရဲ့အားကျခံရပေမယ့် ခွဲခြားဆက်ဆံတဲ့ခင်ပွန်းဘက်ကအသိုင်းအဝိုင်းကြောင့် သူမဘဝက မလွယ်ကူခဲ့ပါဘူးCha Hwa-Young ကတော့ လိုအင်ဆန္ဒတွေ၊ လောဘတွေနဲ့ပြည့်နေပြီးသူမရဲ့အထက်တန်းလွှာဘဝကို ထိန်းသိမ်းဖို့ကြိုးစားနေသူဖြစ်ပါတယ်။Go Mi-Sook က ပုဂ္ဂလိကငွေချေးငှားသူဖြစ်ပြီးကိုယ်ပိုင်စားသောက်ဆိုင်ပိုင်ထားတဲ့ လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီလိုမတူညီတဲ့ဘဝအခြေအနေတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီး ၃ ယောက်ဟာမတော်လောဘတွေကြောင့် ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံတွေ့ပြီး ရူးသွပ်ဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ဒီအမျိုးသမီး ၃ယောက်ကြားက တိုက်ပွဲမှာ ဘယ်လိုနည်းပရိယာယ်တွေ မာယာတွေပါနေမလဲ...အဆုံးသတ်မှာ ဘယ်သူကအနိုင်ရသွားမလဲဆိုတာသိရဖို့ CMကနေတနင်္လာ-သောကြာ ငါးရက်လုံးတင်ဆက်ပေးသွားမှာမို့ တဝကြီးကြည့်ရှုအားပေးကြပါဦးနော် ။  Native Title: 황금 가면 Episodes: 100 Aired: May 23, 2022 - Oct 7, 2022 Aired ...
8.2
TMDb: 8.2/10 votes
tv

Golden Mask (2022)

2022
Succession (2018) Season 1+2+3+4
Succession (2018) Season 1+2+3+4  2022 ခုနှစ် အကောင်းဆုံးရုပ်ရှင်စီးရီးအဖြစ် Emmy ဆုရရှိသွားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများကြီးရဲ့ အားပေးမှုကို ရထားတဲ့ ဒရာမ စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ နာမည်ကတော့ ဆက်ခံမှု ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီစီးရီးကိုတော့ အက်မင်က စီးပွားရေး Game of Thrones လို့ တင်စားချင်ပါတယ်။ GoT လို အတိုက်အခိုက်တွေ နဂါးတွေအစား စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ ကွက်ကျော်ရိုက်ပုံတွေ၊ နောက်ကျောဓားနဲ့ထိုးပုံတွေ ကာရိုက်တာတွေ ပြောင်းလဲလာပုံတွေနဲ့ တင်ဆက်ထားတာမို့ စီးပွားရေးဗဟုသုတရော ရသပါ အတော်လေးပြည့်စုံတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ကာရိုက်တာတွေကလည်း Game of Thrones လိုပဲ တစ်မျိုးစီထူးခြားပြီး အကြံကိုယ်စီနဲ့ ဖြစ်နေပါတယ်။ ကြားထဲမှာ အပူးအပေါင်းတွေ အကွဲအပြဲတွေ လှည့်ကွက်တွေလည်း အတော်ကို စုံပါတယ်။ဇာတ်လမ်းအကျဉ်းလိုဂန် ရွိုင်ဆိုတဲ့ အောက်ခြေကတက်လာတဲ့ ဘီလီယံနာ သူဌေးကြီးဟာ မီဒီယာ နဲ့ ...

Succession (2018) Season 1+2+3+4

Criminal Justice (2019) Complete 8
Criminal Justice (2019) Complete တောင်းဆိုမှုတွေအရမ်းများတဲ့ Criminal Justice Season 1 ကို တင်ဆက်ပေးလိုက်ပါပြီနော် ဆက်ပြီးတော့လည်း Season 2 ကို တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်အားပေးကြပါဦးနော်အဒီဟာ အပိုဝင်ငွေရအောင် ညဘက်တွေ တက္ကစီမောင်းတဲ့အလုပ်ကို လုပ်ပါတယ်ဒါပေမယ့် ဂြိုလ်မွှေချင်တော့ တစ်ညမှာ ကောင်မလေးတစ်ယောက် သူ့တက္ကစီကို ငှားစီးရာကနေ ကံမကောင်းခြင်းနိဒါန်းတွေ အစပြုပါတော့တယ်အဲဒီကောင်မလေးကို သူလိုက်ပို့ရင်းနဲ့ ကောင်မလေးက သူ့အိမ်ထဲ ခေါ်ပြီး အရက်နဲ့ မူးယစ်ဆေးအတူချဖို့ မြူဆွယ်ပါတော့တယ်အဲဒီလိုနဲ့ သူလည်း ပါသွားပြီး နှစ်ယောက်သား ဟိုဒင်းတွေဖြစ်ကြကာ မူးမူးနဲ့ အိပ်ပျော်သွားကြပါတော့တယ်မနက်.. သူနိုးလာတော့ သူ့ဘေးနားမှာ အဲဒီကောင်မလေးက ဓားဒဏ်ရာတွေနဲ့ သေနေတာကို သွားတွေ့ပါတော့တယ်အဲဒါနဲ့ သူလည်း တစ်ခါတည်း အချုပ်ကို တန်းခနဲကျသွားပြီး သူ့ကိုကူညီပေးမှာကတော့ ရှေ့နေ မီရှရာပဲ ဖြစ်ပါတယ်ကောင်မလေးက ဘာကြောင့်သေနေတာလဲ ကောင်မလေးနဲ့အတူရှိနေတာကလည်း သူပဲရှိတာလေ သက်သေတွေကလည်း သူ့ကိုပဲ ဦးတည်နေတာ အဲဒီတော့ ဘယ်လိုဖြစ်တာလဲပေါ့ဒါကို အဖြေရှာပေးမှာကတော့ ရှေ့နေကြီးမီရှရာဖြစ်ပြီး CM ပရိသတ်တွေလည်း သူနဲ့အတူ အဖြေရှာကြည့်လိုက်ကြရအောင်နော်File Size –  500MB / 250MBQuality – 1080p  WEB DL / ...
8
TMDb: 8/10 23 votes
tv

Criminal Justice (2019) Complete

2019
Side Story of Fox Volant (2022)
Side Story of Fox Volant (2022) Side Story Of Fox Volant (2022)ဒီကားလေးက သိုင်းလောကသားတွေအားလုံးသိကြတဲ့နှင်းတောင်သူရဲကောင်းကားလေးကိုပြန်လည်ရိုက်ကူးထားထားပါနှင်းတောင်သူရဲကောင်းဆိုတာနဲ့ထွေထွေထူးထူးမိတ်ဆက်နေစရာမလိုလောက်အောင်ကိုအားလုံးကြားဖူးနေမှာပါဟူမိသားစုရဲ့မျိုးဆက် ဟူဖေးမွေးပြီးချိန်မှာသူ့အဖေဟူသူရဲကောင်းနဲ့သူငယ်ချင်းဖြစ်သူမြောင်သူရဲကောင်းတိုဟာမသမာသူတစ်ယောက်ကြောင့် တိုက်ခိုက်ရင်းဟူသူရဲကောင်းသေဆုံးသွားခဲ့ရပါတယ်သူ့အဖေသေဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်မှန်းသိတဲ့ဟူဖေးတစ်ယောက်အဖေမရှိဘဲရှင်သန်ရင်းသူ့အဖေထားခဲ့တဲ့မိသားစုအမွေအနှစ်သိုင်းကျမ်းကိုကျင့်ကြံကာ အဖေကိုသတ်ခဲ့တဲ့ရန်သူကိုပြန်လက်စားချေဖို အစီအစဥ်တွေဆွဲပါတော့တယ်လက်စားချေဖိုလျှောက်လုပ်ရင်းပြသနာအရှုပ်အထွေးတွေရောပါကာသူ့အဖေရဲ့ရန်သူကိုတွေ့ရပါ့မလားကလဲ့စားချေနိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းထဲတွေ့ရမှာပါသိုင်းFanတွေလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါနော်အရင်versionလည်းကြည့်ဖူးပြီးသားမိုအခုvetsionမှာဘာတွေကွာသွားမလဲစိတ်ဝင်တစား ကြည့်ကြည့်ရအောင်နော်(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : WuxiaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK VIP Link : Click Here Episode 1 - MegaUp / Yoteshin / Usersdrive / StreamSB Episode 1 (1080p) - MegaUp / Yoteshin / Usersdrive / StreamSB Episode 2 ...

Side Story of Fox Volant (2022)

2022
Thousand Years For You (2022)
Thousand Years For You (2022) CM ပရိသတ်တိုအတွက်မင်းသားချောလေး Allen နဲ့မင်းသမီးလေး Li Qin တိုရဲ့ဇာတ်လမ်းအသစ်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ လုယန်ဆိုတဲ့ စစ်နတ်ဘုရားဟာနှစ်တစ်ထောင်ကျော်ခန့် အိပ်ပျော်နေခဲ့ပြီးနိုးထလာခဲ့ပါတယ်။ နှစ်ပေါင်းထောင်ချီအိပ်စက်နိုးထလာပြီးနောက်လည်းအတိတ်က ချစ်သူကို ရှာတွေ့ဖိုကြိုးစားနေခဲ့ပါသေးတယ်။ယွီတိန်းတိန်းဆိုတဲ့ ချင်းချွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကသူများအမြင်မှာတော့ ငွေမက်ပြီး တဏှာကြီးတဲ့ဓါးပြမလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ အရင်ဘဝက နတ်သမီးတစ်ပါးဖြစ်ခဲ့ပြီးစစ်နတ်ဘုရားလုယန်နှင့် မေတ္တာမျှခဲ့ကြပါတယ်။ဒါပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့်သူမက နောင်ဘဝသိုကူးပြောင်းခဲ့ပြီးစစ်နတ်ဘုရားကတော့နှစ်တစ်ထောင်ခန့် အိပ်ပျော်သွားခဲ့ပါတယ်။နှစ်သုံးထောင်ကြာပြီးနောက်မှာတော့မင်္ဂလာပွဲတစ်ခုမှာ သူမရဲ့ ဖူးစာဖက်ကို တွေ့ခဲ့ပါတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက်မှာလည်းမြင်မြင်ချင်း ချစ်မိသွားတဲ့သူနှစ်ယောက်၊သူတိုရဲ့ ဇာတ်လမ်းလေးကို CM ကဘာသာပြန် တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720pTotal Episodes : 36Format : mp4Genres : Wuxia, Romance, Fantasy, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded ...

Thousand Years For You (2022)

2022
Feast of the Gods (2012) [Complete] 7.5
Feast of the Gods (2012) [Complete] Feast of the Gods (2012)[အစ-အဆုံး]အပိုင်း - ၃၂ (ဇာတ်သိမ်းပိုင်း)Feast of The Gods ဆိုတဲ့ အချက်အပြုတ်နဲ့ ပက်သက်တာတွေကို အဓိကထားရိုက်ကူးထားတဲ့ အပြိုင်အဆိုင်ဟင်းချက်ကြမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၂ က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကိုရီယား ရိုးရာအစားအသောက်နဲ့ပက်သက်ပြီးတော့ စားချင်စဖွယ်လေးတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ...တော်ဝင်ရိုးရာဟင်းတွေချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု သူ့ရဲ့အမည်က အာရီရန် အာရီရန်မှာ စားတော်ဝန်နဲ့ သူ့လက်အောက်မှာ စားတော်ကဲများစွာရှိတယ်။ နှစ်တိုင်း သင်တန်းသားအသစ်လက်ခံပြီးတော့ သင်ကြားပေးတယ်။ ထူးချွန်တဲ့လူတွေကို နောက်ဆုံးပြိုင်ပွဲတွေလုပ်ပြီးတော့ အာရီရန်ရဲ့ စားတော်ဝန်နေတာကို ပေးအပ်တယ်။ဆောင်းဒိုဟီးနဲ့ ဘဲ့ဆူလ်တိုဟာ အာရီရန်သင်တန်းသူနှစ်ယောက်ဖြစ်ပြီး စားတော်ဝန်နေရာအတွက် ယှဉ်ပြိုင်ကြမယ့်သူတွေပါ။ ဒါပေမယ့် ပြိုင်ပွဲနေ့မှာ ပြဿနာအမျိုးမျိုးကြောင့် နောက်ဆုံးအဆင့်အထိမပြိုင်ဆိုင်လိုက်ရဘဲ ဆောင်းဒိုဟီးက အာရီရန်ရဲ့ စားတော်ဝန်တစ်ယောက်ဖြစ်လာခဲ့တယ်။တစ်ရက်မှာတော့ ဒိုဟီးရဲ့သမီးလေး ပျောက်ဆုံးသွားပြီး ဒိုဟီးက စိတ်တွေလွတ်သွားတယ်။ စိတ်လွတ်သွား အခြားကလေးကို သူ့သမီးလိုသတ်မှတ်နေတဲ့ ဇနီးဖြစ်သူအတွက် သူ့ယောက်ျားက ...
7.5
TMDb: 7.5/10 2 votes
tv

Feast of the Gods (2012) [Complete]

2012
Once Again (2022) [Complete]
Once Again (2022) [Complete] Once Again (2022) [အစ-အဆုံး]အပိုင်းသစ် - ၇ နှင့် ၈ (ဇာတ်သိမ်းပိုင်း)မတော်တဆမှုတစ်ခုကြောင့် ဂန်ဂျီဟွန်း ... ဂန်ဂျီဟွန်းဟာ ရှင်းဂျယ်အူငယ်စဉ်အခါက သူ့ကိုကူညီပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဂျယ်အူ တစ်ယောက် သူချစ်ရတဲ့ဦးလေးကြီးဖြစ်သူ ဂျီဟွန်း သေဆုံးသွားပြီးတဲ့နောက်မှာ သူ့အပြစ်ကြောင့်လို့ ထင်မှတ်ကာ နောင်တတရားတွေနဲ့ ၁၅ နှစ်ကြာမှ မွေးရပ်မြေလေးကိုပြန်လာခဲ့ပါတယ်။အဲအချိန်မှာပဲ အရင်က ဂျီဟွန်းနေသွားခဲ့ဖူးတဲ့ အဆောင်က အခန်းလေးကိုသွားခဲ့ရမှာ အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်။ ဂျီဟွန်းရဲ့အခန်းဟောင်းလေးထဲက ဖုန်းကနေတဆင့် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဂျီဟွန်းနဲ့ ပြန်ဆက်သွယ်လို့ရခဲ့ပြီး တစ်နေ့မှာတော့ ဂျယ်အူကိုယ်တိုင် အဲဒီအတိတ်ကိုပြန်ရောက်သွားတဲ့အခါ ...အတိတ်မှာဖြစ်ခဲ့တာတွေကို ပြန်ပြီးပြောင်းလဲပစ်နိုင်မလား? ဂျီဟွန်းကရော လူကြီးဖြစ်နေတဲ့ဂျယ်အူကို မှတ်မိပါဦးမလား? သူတို့နှစ်ယောက် ဘယ်လိုတွေချစ်သွားကြမလဲ? ဆိုတာကိုတော့ mystery ဆန်ဆန် ဒီကားလေးထဲမှာပဲ ဆက်ပြီးစောင့်ကြည့်ပေးသွားကြပါဦးနော်။(အညွှန်းကိုတော့ Shoon Thu Thu Chain က ရေးပေးထားပါတယ်)Aired: July 20, 2022 -- Aired On: ...

Once Again (2022) [Complete]

2022
Hu Tong (2022)
Hu Tong (2022) အမျိုးသမီးများဟူသည် အရင်နှစ်ရာစုများစွာကတည်းကယောကျာ်းများနဲ့ ရင်ဘောင်တန်းကာအလုပ် လုပ်ကိုင်လာကြသူများပင်ဖြစ်ပါတယ်။ ။ “၅၀ ရာစုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလအချိန်ထျန်ဇောင်ဟာ အောက်ခြေလူတန်းစားအလုပ်ပေါင်းစုံကိုဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်ဆုံးမှာကော်မတီခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ကာနှစ် ၇၀ တိုင်တိုင် ပြည်သူတွေအကျိုးအတွက်တက်တက်ကြွကြွလုပ်ကိုင်တာဝန်ထမ်းခဲ့ပါတယ်သူမဟာ သူလျှိဖမ်းဆီးရေး ၊ စာမတတ်မှုပပျောက်ရေး ၊တပ်မတော်ကို လှူဒါန်းရေးတိုအတွက် ပြည်သူတွေကိုဦးဆောင်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ် ၈၀ ရာစုနှစ်ပြုပြင်ပြောင်းလဲရေးကာလမှာ သမီးဖြစ်သူကိုသူ့ကိုယ်ပိုင်အလုပ်မှာ အောင်မြင်စေဖိုအတွက်ထျန်ဇောင်ဟာ တွန်းအားပေးခဲ့ပါတယ်ထျန်ဇောင်ဟာ အနားယူပြီးသည့်တိုင်အောင်ရာထူးကနေ ထွက်မသွားခဲ့ပါဘူးသူမ အသက် ၉၀ ရောက်တဲ့အချိန်မှာတော့၂၁ ရာစုနှစ်အချိန် မြိုဟောင်းကို ပြန်လည်မွန်းမံထူထောင်လိုတဲ့သူမရဲ့ မြေးဖြစ်သူဟာ ရပ်ကွက်ကော်မတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတော့တယ်ဒီဇာတ်လမ်းလေးဟာဆိုရင်လွတ်မြောက်ရေးအစောပိုင်းကာလမှအစပြုလိုယနေ့ ၂၁ ရာစုခေတ် အထိ ခေတ်အလိုက် ရာစုနှစ်အလိုက်ကိုယ့်ပတ်ဝန်းကျင်အပေါ် သစ္စာစောင့်သိကာဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ကြတဲ့အမျိုးသမီးများအကြောင်းကို စုံစုံလင်လင်ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်” ပါဝင်သရုပ်ဆောင်ထားကြသူများအနေနဲ့ကတော့-❏ ၅၀ ရာစု / ၁၉၄၈ ခုနှစ် လွတ်မြောက်ရေးအစောပိုင်းကာလမှစတင်ပြီးတော့ပြုပြင်ပြောင်းလဲရေးနဲ့ ပြန်လည်ဖွဲစည်းရေး ကာလအထိအောက်ခြေလုပ်ငန်းမျိုးစုံကို တတ်ကြွစွာလုပ်ကိုင်ခဲ့သူစိတ်အားထက်သန်ပြီးတော့ လူတိုင်းအပေါ်ကိုကူညီစိတ်အပြည့်ရှိသူ - ထျန်ဇောင် အဖြစ် ကျောက်လုစီ❏ ကိုယ်ခံပညာကို ကောင်းကောင်းတတ်မြောက်ထားသူဖြစ်ပြီးထျန်ဇောင်လုပ်သမျှ ကိုင်သမျှကိုထောက်ပံ့အားပေးသူထျန်ဇောင်ရဲ့ငယ်သူငယ်ချင်းဖြစ်သူလဲ ဖြစ်တဲ့- ...

Hu Tong (2022)

Dark Winds (2022) 7.8
Dark Winds (2022) AMC ကထွက်ရှိတဲ့Thriller စီးရီးအသစ်လေးပါ။၁၉၇၀ကျော် Indian Reservation (ဌာနေအမေရိကန်လူမျိုးတွေရဲ့ သီးသန့်နယ်မြေ)မှာ ဇာတ်တည်ထားပါတယ်။ အဲဒီနယ်မြေတွေအတွက် Tribal police ဆိုတဲ့ အင်ဒီယန်းရဲတပ်ဖွဲ့ရဲ့ စခန်းမှုးဖြစ်သူ Joe Leaphron ဟာ သူ့နယ်မြေမှာဖြစ်တဲ့လူသတ်မှုနဲ့ FBI တွေစိတ်၀င်စားနေတဲ့ ဘဏ်ဓားပြတိုက်မှုတို့ကြား ဆက်နွယ်နေမှာကို သံသယရှိနေပါတယ်။ ဒါ့အပြင် Joe ရဲ့အတိတ်ကဖြစ်ရပ်တွေကြောင့် စုံစမ်းရေးကမလွယ်ကူဘဲ FBI ဘက်နဲ့လည်း တင်းမာမှုတွေရှိနေပါတယ်။ ၁၉၇၀တုန်းကထွက်ရှိတဲ့ နာမည်ကြီးစာအုပ်ကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာပါ။ ဌာနေအင်ဒီယန်းတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ယုံကြည်မှုတွေကိုထည့်ရိုက်ပြထားပြီး Reservationက အင်ဒီးယန်းတွေရဲ့အပယ်ခံဘ၀ကိုပြထားပါတယ်။ Zahn McClarnon,Jessica Matten,Kiowa Gordan တို့ပါ၀င်ထားပါတယ်။ Rotten tomatoes -100% Imdb 7.9/10 File size…500 Mb Quality….Webrip 720p Format…mp4 Duration….50 Min Total Episode...6 Episodes Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP  Episode 1 VIP  /  Yoteshin  / Megaup  / ...
7.8
TMDb: 7.8/10 6 votes
tv

Dark Winds (2022)

2022
Lyric and Beat (2022)
Lyric and Beat (2022) Lyric and Beat (2022)ဒီတစ်ခါတင်ဆက်ပေးမယ့် ဖိလစ်ပိုင်ဇာတ်လမ်းတွဲအသစ်လေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးယဥ်အိပ်မက်ကိုယ်စီနဲ့လူငယ်လေးတွေအကြောင်းရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။လီရစ်ခ် ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်ကအဆိုတော်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အမေဖြစ်သူဆီကအမွေရထားတဲ့ အသံချိုချိုလေးကိုပိုင်ဆိုင်ထားပြီးဘဝတစ်လျှောက်လုံးအဆိုတော်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုဆုပ်ကိုင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး၊သွက်လက်သူလေးပါ။ဘိထ် ဆိုတဲ့ကောင်လေးကတော့ ချမ်းသာတဲ့မိသားစု၊ ရာထူးဂုဏ်သိမ်တွေနဲ့အိမ်ကနေမွေးဖွားလာပြီး အဆိုပိုင်းမှာလည်းထူးချွန်လှတဲ့လူငယ်လေးပါ။ ချမ်းသာစွာ နေရပေမယ့် စကားနည်းပြီးစည်းကမ်းကြီးတဲ့ခြောက်ကပ်ကပ်မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ ဘိထ် ဟာ အဖေဖြစ်သူရဲ့ညွှန်ကြားချက်တွေ‌ကြားမှာပဲပိတ်မိနေတဲ့ကောင်လေးလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ အဆိုဝါသနာပါတဲ့သူတိုင်းတက်ရောက်ဖို့အိပ်မက်မက်ခဲ့ကြရတဲ့ ဖိလစ်ပိုင်ရဲ့ဂီတကျောင်းတစ်ခုဖြစ်တဲ့ PNCM မှာ ဆုံစည်းမိကြတဲ့အခါ .. ။လီရစ်ခ်တစ်ယောက် သူအမြဲအိပ်မက်မက်ခဲ့ရတဲ့ ဂုဏ်ဒြပ်ကြီးလှတဲ့ကျောင်းကိုရောက်သွားပြီး သူ့ရဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အခါ .. ။ အမြင့်ကိုတက်လှမ်းဖို့လမ်းဟာ မတ်စောက်စမြဲဖြစ်ပြီး လီရစ်ခ်ဟာသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ပြီး သူ့အိပ်မက်ကိုကာကွယ်ဖို့ကြိုးစားမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်။သီချင်းကောင်းလေးတွေနဲ့အတူ လူငယ်လေးတွေရဲ့ အိပ်မက်အတွက်ရုန်းကန်ကြိုးစားကြတာလေးတွေကိုမြင်တွေ့ရမှာမို့ လက်မလွှတ်ရမယ့် ဇာတ်ကားကောင်းလေးပါနော် ။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin နဲ့ Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Comedy, Music Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August1080PEpisode ...

Lyric and Beat (2022)

2022
Crash Landing on You 8.6
Crash Landing on You Crash Landing on You (2019)======================== ဇတ်လမ်းပုံစံကတော့ ယွန်းဆယ်ရီ ဆိုတဲ့ ကောင်မလေး ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ကွင်းစ် လုပ်ငန်းစု ဥက္ကဌ ရဲ့သမီးအငယ်ဆုံးလေး ဖြစ်ပြီး မိမိ အရည်အချင်းကို မိမိသာ ယုံကြည်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင် တည်ထောင်ပြီး အောင်မြင်အောင် လုပ်နိုင်သူ ဖြစ်ပါတယ် ယွန်းဆယ်ရီ ရဲ့လုပ်ငန်းကတော့ အားကစားပစ္စည်းများ ဖက်ရှင်ပစ္စည်းများဖြစ်ပြီးလုပ်ငန်းပိုင်းဆိုင်ရာ ပါးနပ်ကျွမ်းကျင်မှု နဲ့ စီမံခန့်ခွဲမှုမှာ တော်တဲ့အတွက်အလွန်အောင်မြင်နေသူ တစ်ဦးပါ... ဒီအတိုင်းတာမှာပဲ ဖခင်ဖြစ်သူဟာ ငွေကြေးအမှု တစ်ခုကြောင့် ယာယီထိန်းသိမ်းခံနေရာကနေ ပြန်လွှတ်လာပြီး သူ့ပိုင်ဆိုင်မှု လုပ်ငန်း ဥက္ကဌ အဖြစ်သားသမီးတွေ အားလုံးထဲကမှ သမီးအငယ်ဆုံးလေး ယွန်းဆယ်ရီ အား ပေးအပ်ခဲ့ပြန်ပါတယ် အောင်မြင်မှုတွေ ချမ်းသာမှုတွေ ဝန်းရံနေပြီ ဖြစ်တဲ့ ယွန်းဆယ်ရီ တစ်ယောက်ဥက္ကဌ ရာထူးကို မယူမှီ တစ်ရက် အလိုမှာ သူမ လုပ်ငန်းက ထုတ်တဲ့ အပျော်စီး လှေထီး တစ်ခုအား စမ်းစီးပြရန် ပြုလုပ်တဲ့ နေ့မှာပဲ ကံကြမ္မာက သူမ ဆီကို အလွဲတွေ စတင်ယူဆောင်လာခဲ့ပါတော့တယ်... ဇာတ်လမ်းတွဲဟောင်းတွေထဲကမှ အကောာင်းဆုံး  ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Crash ...
8.6
TMDb: 8.6/10 367 votes
tv

Crash Landing on You

2019
Designated Survivor: 60 Days (2019) 8.19
Designated Survivor: 60 Days (2019) Designated Survivor:60 Days (2019)"နိုင်ငံရေး"ဆိုတာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတူညီနိုင်သလို တူညီဖို့လည်း မလိုအပ်တဲ့ သဘောတရားတစ်ခုပါဒါပေမဲ့ လူအမျိုးမျိုး အမြင်အမျိုးမျိုးရဲ့ သဘောထားစုံလင်ကွဲပြားမှုတွေကို လူတိုင်းက လက်သင့်ခံပြီး အတူတကွယှဉ်တွဲနေထိုင်သွားနိုင်မှသာ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခု ဖြစ်လာပါလိမ့်မယ်အဲဒီလိုဖြစ်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပြန်ပါဘူး အမေရိကန်ဇာတ်လမ်းတွဲ Designated Survivor ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင်တော့ တောင်ကိုရီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေကစလို့ အာဏာခွဲဝေမှုတွေအထိ ကိုရီးယားရဲ့နိုင်ငံရေးအကြောင်းကို စုံစုံလင်လင် ရှုစားကြရမှာဖြစ်ပါတယ်စစ်အေးတိုက်ပွဲကာလမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးအတွက် တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အမျိုးသားလွှတ်တော်ခန်းမကို ဗုံးခွဲတိုက်ခိုက်ခံလိုက်ရပါတယ်အဲဒီဗုံးခွဲတိုက်ခိုက်မှုကြောင့် သမ္မတကြီးအပါအဝင် ဝန်ကြီးများအားလုံး အသက်ဆုံးရှုံးခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဘတ်မူဂျင်ကသာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်လာခဲ့ပါတယ်တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ဥပဒေပုဒ်မ ၇၁ အရ ဝန်ကြီးဘတ်မူဂျင်ဟာ ယာယီသမ္မတအဖြစ် ရက်ပေါင်း ၆၀ ကြာ တာဝန်ထမ်းဆောင်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ နိုင်ငံရေးအတွေ့အကြုံ ၆ လပဲရှိသေးတဲ့ သူဟာ နိုင်ငံ့အရေးကို ဘယ်လိုကိုင်တွယ်သွားမလဲဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အမှန်တရားကိုရော သူ့အနေနဲ့ ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမယ့် နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ အထွေအထူးမိတ်ဆက်နေစရာမလိုတဲ့ မင်းသားကြီး Ji Jin-Hee ...
8.19
TMDb: 8.19/10 21 votes
tv

Designated Survivor: 60 Days (2019)

2019
Mike (2022) 6.4
Mike (2022) Mike (2022) ========== IMDb Rating - 6.4/10၂၀၂၂ ခုနှစ်မှ Hulu ကနေ ထွက်ရှိလာတဲ့ နာမည်ကြီး လက်ဝှေ့သမားဖြစ်တဲ့ မိုက်ခ်တိုင်ဆန်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ Mike ဆိုတဲ့ အပိုင်း (၈) ပိုင်းပါ။ Mini Series လေး တစ်ခုကို တစ်ပတ်တစ်ပိုင်းနှုန်း တင်ဆက်ပေးသွားမှာပါ။ မိုက်ခ်တိုင်ဆန်ဟာ ၁၉၆၆ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။လက်ဝှေ့သမားအဖြစ် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အသက်မွေးခဲ့ပါတယ်။ မိုက်တိုင်ဆန်က ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်ချန်ပီယံအဖြစ်လည်းရရှိခဲ့သူပါ။ အသက် ၂၀ အရွယ်မှာ ပထမဆုံး ခါးပတ်ကိုရရှိခဲ့ပြီး အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ မုဒိမ်းမှုအတွက် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင် ၆ နှစ်ကျခဲ့ပါတယ်။ သို့သော် ၃ နှစ်အကြာမှာတော့ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ပါ။ဒီ စီးရီးထဲမှာတော့ မိုက်ခ်ရဲ့ ငယ်ဘဝကနေ ...
6.4
TMDb: 6.4/10 1200 votes
tv

Mike (2022)

2022
Dahan: Raakan Ka Rahasya (2022) 8
Dahan: Raakan Ka Rahasya (2022) Drama series တွေကို ကြည့်ရတာငြီးငွေ့နေကြတဲ့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် အခုတစ်ခေါက်မှာတော့ CM ကနေ IMDB 7.4 ရရှိထားတဲ့ Thriller ဘောလိ၀ုဒ်စီးရီးလေးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးကတော့ သဘာ၀လွန်ဖြစ်ရပ်ဆန်းတွေ Horror ကားတွေကို ကြိုက်နှစ်သက်သူများအတွက် လက်မလွှတ်သင့်ဘဲကြည့်ရှုသင့်တဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူးDahan ဆိုတာ တောင် လို့အဓိပ္ပာယ်ရပါတယ် ။ ဒါကြောင့် ဇာတ်ကားလေးကလည်း နာမည်နဲ့လိုက်ဖက်အောင် Shilaspura ကတောင်တွေရဲ့ နောက်ကြောင်းရာဇဝင်ကို အခြေခံပြီး ရိုက်ကူးထားတာပါ စီးရီးလေးအစမှာတော့ ခင်ပွန်းသည်ဖြစ်သူကို ပူပူနွေးနွေး ဆုံးရှုံးထားရတဲ့ IAS အရာရှိတစ်ဦးဖြစ်သူ Avani နဲ့ သူ့သားလေး Anay တို့ ရာဂျစ်စသန် မှာရှိတဲ့ Shilaspura သို့ အကြောင်းကြောင်းကြောင့် ခရီးထွက်လာဖြစ်ခဲ့ပါတယ် Shilaspura ဆိုတာက ရှေးခေတ် အယူအဆတွေ ကိုးကွယ်ယုံကြည်မှုတွေ မှော်ဆရာ နတ်ဆိုးရဲ့ ကျိန်စာနဲ့ ဖုံးလွှမ်းအုံ့မှိုင်းနေတဲ့ မြို့လေးတစ်မြို့ပေါ့ ...ဒဏ္ဍာရီတွေအရ Shilaspura မှာ Nikasiyas နဲ့ ...
8
TMDb: 8/10 1 votes
tv

Dahan: Raakan Ka Rahasya (2022)

2022
The Empress (2022) 7.3
The Empress (2022) The Empress Season 1 (2022)IMDb rating ~ 7.4၁၉ ရာစု ဥရောပရဲ့ ဒုတိယမြောက် အကြီးကျယ်ဆုံး ဩစတြီးယားအင်ပါယာကြီးရဲ့ဧကရာဇ် ပထမမြောက် ဖရန့်ဇ် ဂျိုးဇက် ဘုရင်နဲ့ ကြင်ယာတော် အဲလိဇဘက်တို့ရဲ့ အချစ်ဇာတ်လမ်းပါSissi ဆိုပြီး နာမည်ကြီးတဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ စီးရီးတွေ အမြောက်မြားရှိသလို ဇာတ်ကားတိုင်း စီးရီးတိုင်းဟာလည်း သူ့ပုံစံနဲ့သူ ပေါက်ခဲ့တာချည်းပါပဲဒီတစ်ခေါက်စီးရီးကတော့ Netflix ကနေ လွှင့်တဲ့ စီးရီးပါကဗျာတွေ ရေးရတာ သဘောကျပြီး လွတ်လပ်စွာ တွေးခေါ် ပြုမူတတ်တဲ့ ဘာဗေးရီးယား မင်းသမီး အဲလိဇဘက်ဟာ အဲဒီခေတ်အဲဒီအခါကတော့ မိသားစုရဲ့ သိုးမည်းဆိုပြီး အမည်တပ်ခံထားရသူပါ၁၈၅၃ ခုနှစ် ဩစတြီးယား အင်ပါယာကြီးမှာ ရာသီဥတုဒဏ်နဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်ဆူပူမှုတွေကို ဖြေရှင်းဖို့ လူထုကို အာရုံလွှဲတဲ့အနေနဲ့ ဩစတြီးယား အင်ပါယာ ဘုရင်ရဲ့ မိခင်ဖြစ်သူက သားတောင်မောင် ဘုရင်မင်းမြတ်အတွက် ဧကရီမိဖုရားမြှောက်ပေးဖို့ ကြိုးပမ်းပါတော့တယ်မိဖုရားလောင်းအနေနဲ့ တူမတော်စပ်တဲ့ ဘာဗေးရီးယား ...
7.3
TMDb: 7.3/10 3 votes
tv

The Empress (2022)

2022
Fakes (2022) 7.2
Fakes (2022) Fakes(2022)နာမည်အတိုင်းပဲ အတုတွေ လုပ်ကြတဲ့ စီးရီးပါ ဘာကို အတုလုပ်မှာလဲ ဆိုတော့ အိုင်ဒီတွေကိုပါဇိုဝီနဲ့ ရေဘက်ကာဆိုတဲ့ အထက်တန်းကျောင်းသူ နှစ်ယောက်ရှိပါတယ် သူတို့အချင်းချင်းကတော့ Best friend တွေပါတဲ့ဆယ်ကျော်သက်အရွယ် Best friend နှစ်ယောက်ပေါင်းပြီး မြောက်အမေရိကရဲ့ အကြီးမားဆုံးအိုင်ဒီအတု အင်ပါယာကြီးကို တည်ထောင်ဖြစ်သွားကြပါတယ်ဇိုဝီကတော့ ဒီကိစ္စကြီး တစ်ခုလုံးဟာ ရေဘက်ကာရဲ့ အိုင်ဒီယာသာ ဖြစ်ပြီး သူကတော့ စူးစမ်းချင်စိတ်ကြောင့်သာ လုပ်ခဲ့တာပါတဲ့ရေဘက်ကာကလည်း ဒါတွေ အားလုံးက ဇိုဝီရဲ့ အကြံဉာဏ်တွေပါတဲ့ ဆိုတော့ ဘယ်သူ့အိုင်ဒီယာနဲ့ ဘယ်လိုတွေ ဖန်တီးဖြစ်ခဲ့ကြလဲဆိုတာကို အတုအယောင်တွေနဲ့အတူ ရှုစားလိုက်ကြပါဦးNetflix ကနေ September 2 ရက်နေ့က ထွက်ရှိထားတာ ဖြစ်ပြီး IMDb rating ~ 6.5 ရရှိထားပါတယ်စုစုပေါင်း ၁၀ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားပါမယ်အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Roman NoX, Kevin Aung, Thada, Leonard Lin, ...
7.2
TMDb: 7.2/10 8 votes
tv

Fakes (2022)

2022

Genres

Archives