Channel Myanmar

New releases (2025)

Content at random


TV Series

CAT(2022) 7.714
CAT(2022) CAT (2022)——————————————IMDb rating _ 8.8/10CAT ဆိုတဲ့အတိုင်း ကြွက်တစ်ကောင်ချင်းစီရဲ့ ကြွက်တွင်းတိုင်းကို အရောက်သွားပြီး တစ်ကြိမ်ကို တစ်ကောင်နှုန်းနဲ့ အမြစ်ဖြတ်ရမယ်ပန်ဂျာ့ဘ်ရဲ့အငွေ့အသက်တွေရယ် ပန်ဂျာဘီသီချင်းမြူးမြူးကြွကြွလေးတွေနဲ့ လူငယ် night life ရဲ့နေ ာက်ကွယ်မှာမူးယစ်ဆေးလောကကြား ညီဖြစ်သူတစ်ယောက် နွံနစ်သွားတဲ့အခါဘဝဟောင်းက်ိုပြန်သွားရတော့မယ့် ဇာတ်လိုက် Gurnamရဲ့ဘဝကို သေသေသပ်သပ်ပုံဖော်ရိုက်ကူးထားတဲ့ အိန္ဒိယပန်ဂျာဘီ Crime Thriller အမျိုးအစား revenge series တစ်ခုဖြစ်ပါတယ်နောက်ကွယ်က နိုင်ငံရေးအကြီးပိုင်းတွေကနေ ထိန်းချုပ်ထားတဲ့ မူးယစ်စျေးကွက်နဲ့ မူးယစ်လောကကြားထဲ ပန်ဂျာ့ဘ်ကို ပြန်လည်ကောင်းမွန်ရှင်သန်လာစေဖို့ …. ညီဖြစ်သူတစ်ယောက် ဆေးမှုနဲ့ ဆေးလောကထဲကနေ ရုန်းထွက်နိုင်ဖို့ …ရဲသတင်းပေးဟောင်းတစ်ယောက် CAT တစ်ယောက်အဖြစ် ကိုယ်တိုင်မေ့ပစ်ဆေးကြောခဲ့တဲ့ ဘဝဟောင်းကိုပြန်သွားပြီး မှားယွင်းနေတဲ့အရာတွေအားလုံးကို ပြန်ပြင်ဆင်နိုင်ဖို့ Gurnam တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားနိုင်အောင် CM မှတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာFile Size – 800MB / 400MBQuality – 1080p NF WEB DL / 720pDuration ...
7.714
TMDb: 7.714/10 7 votes
tv

CAT(2022)

2022
Emily in Paris (2022) Season 3 7.9
Emily in Paris (2022) Season 3   နက်ဖလစ်ရဲ့ ကမ္ဘာကျော်စီးရီးဖြစ်တဲ့အမ်မလီ တဂျိန်းဂျိန်းအင် ပဲရစ် အတွဲ-၃ ထွက်လာပါပြီ။ဒီစီးရီးဟာ ဖက်ရှင်၊ ဟာသ၊ အချစ်၊ ပဲရစ်အလှအပတွေကြောင့်အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးလည်းဖြစ်ပါတယ်။ အတွဲ-၂ ရဲ့အဆုံးအတိုင်းအမ်မလီနဲ့အယ်လ်ဖီ၊ ဂါဘရီရယ်နဲ့ ကာမီလ်တို့ ဘယ်လို စခန်းသွားကြမလဲ။ဆရာမကြီးနှစ်ယောက်ဖြစ်တဲ့ မက်ဒ်လင်းနဲ့ ဆယ်လ်ဗီတို့ အားပြိုင်မှုကြားမှာအမ်မလီ ဘာဆက်လုပ်မလဲ။အမ်မလီနဲ့ သူငယ်ချင်း မင်ဒီတို့နှစ်ယောက်ရောကြားထဲမှာဘယ်လိုတွေ ခွီကြဦးမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။ File Size –  300MB / 500MB @EpisodeQuality – 720p / 1080p AAC 5.1CHDuration – 35 minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy / DramaTranslator – Mr Anderson , JimX , Thet Hnin Hsu ...
7.9
TMDb: 7.9/10 941 votes
tv

Emily in Paris (2022) Season 3

2020
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
Emily in Paris {2020} 7.6
Emily in Paris {2020} ကဲ ..... အမ်မလီ နဲ့ ပြင်သစ်ကို အလည်သွားရအောင်ဗျာ။ အမ်မလီဆိုတာကတော့ ပြင်သစ်စကားမပြောတတ်တဲ့ အမေရိကန်နိုင်ငံသူ တစ်ယောက်ပါ။ သူ ဘာလို့ ပြင်သစ်ကို ရောက်သွားရတာလဲဆိုတော့ သူ့ သူဌေးမက ရုတ်တရက် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ပြင်သစ်ရုံးခွဲကို မသွားနိုင်တဲ့အတွက် အမ်မလီကို စေလွှတ်ဖို့ ဖြစ်လာပါတော့တယ်။ ဒီတော့ အမ်မလီတစ်ယောက် ပြင်သစ်မှာ ကြုံရမယ့် အလွဲလွဲ အချော်ချော်လေးတွေကို တသောသောနဲ့ ရယ်မောရင်း ပြင်သစ် နဲ့ အမေရိကုန်ရဲ့ ကွာခြားတဲ့ လူနေမှုဘဝတွေကို မြင်ရပါမယ်။ ပြင်သစ်ရဲ့လှပတဲ့ရှုခင်းတွေနဲ့ အတူ အချစ်၊ လိင်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး ဒါတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။ မင်းသမီးရဲ့ဖက်ရှင်တွေကလည်း မိန်းကလေးတိုင်း သဘောတွေ့စရာ ဖြစ်မှာပါ။ အပိုင်းအနေနဲ့ကတော့ ၁၀ ပိုင်း ရှိပါတယ်။ အတွဲ - ၁ အနေနဲ့ ထွက်လာတာ ဖြစ်တဲ့အတွက် အတွဲ - ၂ ဆက်လာဦးမယ့်သဘောပါ။ IMDb - 7.4/10 ...
7.6
TMDb: 7.6/10 12 votes
tv

Emily in Paris {2020}

2020
Kindred (2022) 5.8
Kindred (2022) Kindred (2022) ============ IMDb Rating - 7.2/10တစ်ခါတစ်ရံမှာ လောကကြီးက သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ပုစ္ဆာတွေနဲ့ ထူးဆန်းမှုတွေ ပြည့်နှက်နေတတ်တာကို ကျွန်တော်တို့ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ဖေ့စ်ဘွတ်ခ်ပေါ် တက် လာတဲ့ ထူးဆန်းထွေလာ ဗီဒီယိုတချို့ကို မြင်ဖူးကြမှာပါ။ လူတွေ ပုံမှန်အတိုင်း လမ်းလျှောက်သွားလာနေရင်းနဲ့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားတဲ့ ဗီဒီယိုမျိုးတွေပေါ့။ အခုအချိန်ထိလည်း ဘယ်သူမှ အဖြေမရှာနိုင်ကြသေးသလို ပျောက်ဆုံးသွားတဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြလဲဆိုတာလည်း မသိရသေးပါဘူး။ ဒီဇာတ်လမ်းရဲ့ အစ ကတော့ ဒီလို ရုတ်ချည်းပျောက်ဆုံးမှုတချို့ကနေ စတင်လာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း .....….................. ဒေနာ ဆိုတဲ့ လူမည်းစာရေးဆရာမလေးတစ်ယောက်က ငယ်ငယ် ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရပြီး အဘွားဖြစ်သူနဲ့ နေထိုင် လာရတဲ့သူပါ။ တစ်ရက်မှာတော့ အဘွားဆုံးပြီးနောက် အမွေရခဲ့တဲ့ ဘရောင်းစတုန်းန်အိမ်ကြီးကို ရောင်းချပြီး လော့စ်အိန်ဂျလိစ်ကို ဘယ် သူမှ အသိမပေးဘဲ ပြောင်းရွှေ့လာခဲ့ပါတယ်။ အယ်လ်အေက အိမ်ကို ပြောင်းရွှေ့ပြီးမှာပဲ ဒေနာတစ်ယောက် ညဘက်အိပ်နေရင်း လမ်းထ လျှောက်သလိုမျိုး‌တွေဖြစ်ပြီး ရုတ်တရက် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။သူမဟာ အိမ်ထဲကနေ ပျောက်ဆုံးသွားတိုင်း မေရီလန်းဒ်လို့ခေါ်တဲ့ ၁၈ ရာစုနှစ်က တိုင်းပြည်တစ်ခုမှာ သွားပြီးရောက်ရှိနေခဲ့တာပါ။ ...
5.8
TMDb: 5.8/10 6 votes
tv

Kindred (2022)

2022
Star Wars : Andor (Season 1) 9.7
Star Wars : Andor (Season 1) Star Wars ဖန်တွေအတွက် စိတ်ဝင်စားစရာ စီးရီးတစ်ခု ထပ်ထွက်လာပါပြီ။ Star Wars မကြည့်ဖူးရင်တောင် ဒီစီးရီးကနေ စကြည့်လို့ရပါတယ်။ ဒီစီးရီးကို Rogue One ရုပ်ရှင် Timeline မစခင် ၅ နှစ်အကြာမှာ စတင်ထားတာပါ။ သူခိုးဘဝကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ ကတ်စီရန်အန်ဒေါ်အကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။Rogue One ဟာ Star Wars ဖန်တွေ အားလုံးနီးပါး သဘောကျခဲ့တဲ့ spin-off ရုပ်ရှင်မို့ ဒီစီးရီးကိုလည်း ဖန်အတော်များများက စောင့်မျှော်နေတာပါပဲ။ မူလ Star Wars သမိုင်းအရတော့ ဒီစီးရီးဟာ Revenge of the Sith ရုပ်ရှင် နဲ့ A New Hope ကြားထဲက အချိန်ပါပဲ။ တော်လှန်ရေးကို စတင်တည်ဆောက်နေဆဲ၊ ဂျဒိုင်းတွေ ပျောက်ကွယ်သွားပြီး အင်ပါယာ အာဏာရနေတဲ့အချိန်အတွင်းဖြစ်ပါတယ်။ ဒီတော့ ကတ်စီရန်ရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv

Star Wars : Andor (Season 1)

2022
Emily in Paris (2021) Season 2 8
Emily in Paris (2021) Season 2 Emily In Paris Season 2 (2021)အားလုံးမျှော်လင့်စောင့်စားခဲ့တဲ့ Emily in Paris S2 ကတော့ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ S1 တုန်းက မတင်မကျနဲ့ ကြည့်ရှုသူပရိသတ်ကြီးကို ထားသွားခဲ့တဲ့ Emily ဟာ S2 မှာတော့ ပိုမိုက်တဲ့ဖက်ရှင်အလန်းစားတွေနဲ့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အားလုံးလည်း သိထားပြီးသား ဇာတ်လမ်းဖြစ်တာကြောင့်Spoil မဖြစ်အောင် အညွှန်းကို အကျဉ်းချုံးပဲ ဖော်ပြလိုက်ပါတယ်။ပဲရစ်မြို့က ထွက်သွားဖို့ စိတ်ပြင်းပြနေခဲ့တဲ့ ဂါဘရီယယ်ဟာတစ်ယောက်သောသူကြောင့် စိတ်ပြောင်းပြီး ပဲရစ်မြို့မှာဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂါဘရီယယ်ရဲ့ ရည်းစားဖြစ်သူကာမီလ်ဟာလည်း နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိနေမှန်းသိနေတာကြောင့် ရည်းစားဖြစ်သူနဲ့ အတူရှိရတာကိုတောင် မပျော်နိုင်ရှာပါဘူး။ဆိုတော့ အမ်မလီတစ်ယောက် သူငယ်ချင်းဖြစ်သူကို အားနာပြီးရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကကြိုးစားပမ်းစား ရုန်းထွက်ဖို့ ပြင်ဆင်ရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာCM ပရိသတ်ကြီးတို့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ CM Team ပဲ ဖြစ်ပါတယ်) File ...
8
TMDb: 8/10 610 votes
tv

Emily in Paris (2021) Season 2

2021
The King of Desert (2022) [Complete] 5
The King of Desert (2022) [Complete] The King of Desert (2022) [အစ-အဆုံး]အပိုင်းသစ် ၁ မှ ၆ (ဇာတ်သိမ်းပိုင်း)ဇာတ်လမ်းအကျဉ်း ...ဘဝရဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နေကြရတဲ့ လူ ၅ယောက်ရှိပါတယ်။ ဒီလူတွေထဲမှာတော့ တချို့က ငွေက အရာရာဖြစ်တယ်။ ငွေသာကိုးကွယ်ရာလို့ ခံယူပြီး အလုပ်လုပ်ကိုင်နေတဲ့လူတွေပါ။ ဒါပေမဲ့ ကျန်တဲ့လူတွေကတော့ မတူညီစွာပဲ ငွေက အရာရာမဟုတ်ဘူး။ငွေထက် အရေးကြီးတာတွေ အများကြီးရှိတယ်။ ငွေရှိတိုင်းမလုပ်နိုင်တာရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြောင်းအလဲတွေကိုရင်ဆိုင်နေကြတာပါ။ဒီလူ ၅ ယောက်ဟာ ဘယ်သူတွေ ဖြစ်မလဲ? ဘယ်သူတွေဟာ ငွေကိုကိုးကွယ်ကြလဲ? ဘယ်သူတွေကတော့ ငွေရဲ့ကျေးကျွန်အဖြစ်မခံဘူးလဲ? သူတို့ ၅ ယောက်ရဲ့ ရရှိလာမဲ့ရလဒ်တွေ ဘယ်လိုကွာခြားမလဲ? ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ကြပါဦး။(အညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားပါတယ်။)Aired: Dec 16, 2022 Aired On: Friday Genres: Drama Duration: 25mins Episodes: 6 Original Network: Watcha, ...
5
TMDb: 5/10 1 votes
tv

The King of Desert (2022) [Complete]

2022
Reginald the Vampire (2022) 5.0
Reginald the Vampire (2022) Reginald Vampire(2022) ======================Spider-man ရဲ့ သူငယ်ချင်း Ned အဖြစ်နဲ့ သရုပ်ဆောင်ပြီး နာမည်ရလာတဲ့ Flipino - American သရုပ်ဆောင် Jacob Batalon ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေး ထွက်လာပါတယ်။ သူ့ရဲ့ ဇာတ်လိုက်အဖြစ် ပထမဆုံးပါဝင်ထားတဲ့ ဒီဗန်ပိုင်းယား ဇာတ်လမ်းတွဲမှာလည်း အကောင်းဆိုးကြိုးစားထားတာကိုလည်း တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ရက်ဂျီနယ်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ အဝလွန်ခန္တာကိုယ်ကြောင့် အပေါင်းအသင်းတွေကြားမှာ လှောင်ပြောင် စရာလူတစ်ယောက် အရှုံးသမားတစ်ယောက် အဖြစ်ကလွဲရင် သူ့အတွက် နေရာမရှိပါဘူး။ အလုပ်မှာလည်း သူကြိတ်ကြိုက်နေတဲ့ ဆာရာဆိုတဲ့ ကောင်မလေးရှိနေပေမယ့် မမှီတဲ့ပန်းတစ်ပွင့်လို ဖြစ်နေတာကြောင့် အဝေးကပဲ ငေးနေနိုင်ပါတယ်။တစ်နေ့ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို မော်ရိစ်ဆိုတဲ့ ဗန်ပိုင်းယား တစ်ကောင်ရောက်လာပြီး ရက်ဂျီနယ်နဲ့ ခဏချင်းဆိုသလို စကားပြောမိကာ မိတ်ဆွေတွေဖြစ်သွားပါတယ်။ ဒါပေမယ့် ဗန်ပိုင်းယားတစ်ဖွဲ့ ထပ်ရောက် လာပြီး  မော်ရိစ်နဲ့ပြဿနာတက်တိုက်ခိုက်ရင်း ကြားညပ်ကာ ရက်ဂျီနယ်လည်း ဗန်ပိုင်းယားအဖြစ်ပြောင်းသွားပါတယ်။ ထူးခြားတာက ဗန်ပိုင်းယားတိုင်းမှာ မတူတဲ့အစွမ်းတစ်မျိုးစီရှိနေပါတယ်။ မော်ရိစ်ကလည်း သူ့ကြောင့်ဗန်ပိုင်းယား ဖြစ်သွားတဲ့ ရက်ဂျီနယ်ကိုကူညီရင်း ရက်ဂျီနယ်ရဲ့ အစွမ်းအသစ်တွေနဲ့အတူ ဘဝက တစ်မျိုးတစ်ဖုံဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမယ့် ဒီစီးရီးကို cmမှ အပတ်စဥ်ကြဿပတေးနေ့တိုင်း တင်ဆက်ပေးသွားပါမည်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ...
5.0
TMDb: 5.0/10 2322 votes
tv

Reginald the Vampire (2022)

2022
Double Love (2022)
Double Love (2022) ခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့Double Love ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့......လုဝမ်ဝမ် ဟာ ဂိမ်းထဲမှာ လက်ချော်ပြီး ဂိမ်းတစ်ခုလုံးမှာအတော်ဆုံးဖြစ်တဲ့ "မော့ပိုင်ကျီးကျန်း" ကို ပျံထွက်သွားအောင်တိုက်မိခဲ့ပြီးနောက် ဂိမ်းထဲတွင် ရေစက်ဆုံခဲ့ကြသည်။အပြင်လောကမှာတော့ လုဝမ်ဝမ်ဟာ ဟန်ကျင်းမော့ကိုလေးစားခဲ့ပေမဲ့ လူပုံအလယ်မှာ ဟန်ကျင်းမော့ကရေနဲ့ပက်တာကို ခံခဲ့ရပါတယ်။ ဒေါသထွက်သွားတဲ့လုဝမ်ဝမ်ဟာ ဟန်ကျင်းမော့နဲ့ ရန်သူဖြစ်သွားပြီးနေ့စဉ်ဘဝမှာ နေ့တိုင်းရန်ဖြစ်နေကြပါတယ်။ဒါပေမဲ့ မောပိုင်ကျီးကျန်းက ဟန်ကျင်းမော့ပဲဆိုတာလုဝမ်ဝမ်တစ်ယောက် မသိခဲ့ပါဘူးတဲ့။လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်သူက သူမဘေးမှာ အမြဲတမ်း အဖော်ပြုပေးနေပါတယ်။သူတိုနှစ်ယောက် ဂိမ်းထဲမှ အပြင်လောကသိုအတူတကွ လျှောက်လှမ်းခဲ့ပြီး အချစ်ကို ရရှိခဲ့တာနဲ့ တစ်ပြိုင်နက်သူတိုဖြစ်ချင်တဲ့ သရုပ်ဆောင် အိပ်မက်ကိုလည်းအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။(အညွှန်းရေးသားထားသူကတော့ Moon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : ComedyDuration : 45 min per EpisodeSubtitle : Myanmar Subtitle ...

Double Love (2022)

2022
Khakee: The Bihar Chapter (2022) 7.588
Khakee: The Bihar Chapter (2022) Khakee:The Bihar ChapterIMDb-8.3/10ဒီကားဟာ တကယ့်လက်တွေ့မှာရှိခဲ့တဲ့ အာမစ်လိုဟာရဲအရာရှိရဲ့ "Bihar Diaries"ဆိုတာကို အခြေခံပြီးရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ရဲအရာရှိအာမစ်လိုဟာက အပြင်မှာတစ်ကယ်ရှိပြီး ကျန်သောဇာတ်ကောင်များကတော့ စိတ်ကူးယဉ်ဖန်တီးထားတာပါတဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို စီးရီးအဖြစ်အသက်သွင်းရေးသားခဲ့တဲ့ Neeraj Pandey ဟာလည်း Best story , Best Director, Best Film award ဆုပေါင်းများစွာရရှိထားတဲ့သူဖြစ်တာမို့ ဒီစီးရီးဟာ ကြည့်ရှုသူတွေအတွက် ပြည့်စုံနေတဲ့ကားတစ်ကားဆိုလည်း မမှားပါဘူးဇာတ်လမ်းအညွှန်းအနေနဲ့ကတော့အာမစ်လိုဟာဆိုတာ ရဲသင်တန်းကျောင်းပြီးခါစဇနီးအသစ်စက်စက်လေးနဲ့ ဘီဟာကို IPS အဖြစ်တာ၀န်ထမ်းဆောင်ဖို့ သွားမယ့်သူ‌ပေါ့ ရဲဆိုတာ ပြည်သူကိုစောင့်ရှောက်ဖို့ လုံခြုံမှုပေးဖို့ဆိုတာပဲသိတဲ့ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက်ဟာ ရောက်တဲ့နေ့မှာပဲ SSP မူကတ်ရွှာချက်ဘီရဲ့ lesson ပေးတာကို ခံလိုက်ရတော့တာပါပဲ တစ်နေ့တော့ အဲဒီက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သားပြန်ပေးဆွဲခံရတာကို ကယ်ထုတ်ရင်း ဆူခိုဆာဟန်နီဂိုဏ်းအဖွဲ့နဲ့ ထိပ်တိုက်‌တွေ့တော့တာပါပဲ....နိုင်ငံရေးနဲ့ ရာဇ၀တ်မှုအရှုပ်အထွေးတွေကြားမှာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက် အမှုတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့လဲ.... အာမစ်ရဲ့ဘ၀တစ်ကွေ့ကို Neeraj Pandey ကရော ဘယ်လိုမျိုးလက်ရာမြောက်‌မြောက်ဖန်တီးထားလဲရှုစားကြည့်ပါဦးFile Size : 1Gb  / 500MBQuality :1080p NF WEB DL / 720pTotal Episodes : 7EpsFormat ...
7.588
TMDb: 7.588/10 17 votes
tv

Khakee: The Bihar Chapter (2022)

2022
The White Lotus (2021) Season1 + Season2 7.3
The White Lotus (2021) Season1 + Season2 The White Lotus (2021)The White Lotus က HBOကနေ 2021မှာ ထွက်ခဲ့တဲ့ အပိုင်း ၆ပိုင်းပဲ ပါတဲ့limited စီးရီးပါ။ HBOရဲ့ limited စီးရီးတွေဟာ ဘယ်တော့မှ စိတ်မပျက်ရတာကိုChernobyl, Watchman, Mare of East Town, Big Little Lies တို့ကိုကြည့်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ဒီစီးရီးကလဲ မြန်မာနိူင်ငံမှာ လူပြော မများပေမယ့် အနောက်ဘက်မှာတော့ ပရိတ်သတ်ရောဝေဖန်ရေးဆရာတွေဆီကပါ ချီးကျူးသံညံခဲ့တဲ့ စီးရီးပါ။review ဖတ်ပျင်းမယ့် လူတွေကိုတော့၊ Alexander Daddario တို့ Euphoriaထဲက Sydney Sweeney တို့လိုအလှနတ်ဖုရားမလေးတွေရဲ့ ကမ်းခြေက အလှတရားတွေ အများကြီး မြင်ရမှာကို တွေးပြီးကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ပဲ တိုက်တွန်းပါ့မယ်။ plotထက် သူတို့လေးတွေကို ဦးစားပေးကြမယ့်ပုဂ္ဂိုလ်များကတော့ အောက်က synopsisတွေ reviewတွေ ဆက်မဖတ်လဲ ရပါပြီ။ဇာတ်အိမ်ကတော့ ဟာဝိုင်အီက ...
7.3
TMDb: 7.3/10 137 votes
tv

The White Lotus (2021) Season1 + Season2

2021
Money Heist: Korea – Joint Economic Area(2022)[Complete] 8.9
Money Heist: Korea – Joint Economic Area(2022)[Complete] Money Heist: Korea - Joint Economic Area(2022) EP1 TO 12**********************************************************အပိုင်း( ၁ မှ ၁၂ )ထိ စ/ဆုံးစပိန်နာမည်ကြီး Money Heist စီးရီးကို Remark လုပ်ထားတဲ့ကိုရီးယားဇာတ်လမ်းတွဲထွက်ရှိလို့လာပါပြီ....အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်လို့  စပိန်စီးရီးဖန်တွေစောင့်ကြည့်စရာဖြစ်လာခဲ့သလို ကိုရီးယားပရိတ်သတ်တွေအတွက်လည်းရင်ခုန်စိတ်လှုပ်ရားစီးရီးတစ်ခုဖြစ်လာပါတယ်...ဇာတ်လမ်းကျောရိုးကတော့  Genius တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာနာမည်ခံ လူတစ်ဦးက စပိန်ရဲ့အကြီးဆုံးဘဏ်ကြီးကိုဓားပြတိုက်ဖို့ရာတစ်ခုစီမှာ skillful  ဖြစ်နေတဲ့  လူတွေစုစည်းပြီး အချီကြီးတိုက်ကြတာပါပဲ...ကိုရီးယားစီးရီးထဲမှာတော့ ဘယ်လိုဆန်းသစ်လာမလဲ...ကာရိုက်တာ တစ်ယောက်အချင်းလိုက် ဘာတွေထူးခြားလာမလဲ...ဘယ်လို special tools တွေ သုံးလာမလဲ...Plot twist အလန်းစားတွေ ဘာတွေပါလာမလဲဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားလိုက်ရအောင်...  Episodes: 12Aired: JUNE 24File Size: 1.3GB , 500MBQuality :Web-DL 1080p,720pGenres: Action & Adventure, Crime, Drama, MysteryTranslated by Shoon Thu Thu Chain,Hnin Pale, EiPhyu Khin &  ...
8.9
TMDb: 8.9/10 7 votes
tv

Money Heist: Korea – Joint Economic Area(2022)[Complete]

2022
Five Six Seven Eight (2022)
Five Six Seven Eight (2022) Five Six Seven Eight (2022)Super Dancer Season 1 မှာအနိုင်ရခဲ့ပြီး အသက်၁၆နှစ်သာရှိသေးတဲ့ အိန္ဒိယနိုင်ငံမှ Dancer တစ်ဖြစ်လဲ မင်းသမီးလေး Ditya Bhande မှပါဝင်သရုပ်ဆောင်ပေးထားပြီး ကကွက်ဆန်းတွေနဲ့ ရင်သပ်ရှုမောစရာ‌အကပြိုင်ပွဲကြီးအကြောင်းရိုက်ကူးတင်ဆက်ထားပါတယ် IMDb ကလည်း 8.1အထိရရှိခဲ့တာဖြစ်လို့ စီးရီးကောင်းတစ်ခုလို့ပဲညွှန်းချင်ပါတယ်ဇာတ်လမ်းအညွှန်း... ဆင်ဘာ(Ditya Bhande) ကတော့ဆင်းရဲတဲ့မိသားစုကမွေးဖွားလာခဲ့ပြီး အကကိုရူးသွပ်တဲ့ကလေးတစ်ယောက်ပါ အမေဖြစ်သူက ငါးရောင်းဝယ်တဲ့လူဖြစ်လို့ ဆင်ဘာ့ကိုဆိုင်စောင့်ခိုင်းရင်တောင် ဂီတသံကြားတာနဲ့ ဆိုင်ကိုသူများနဲ့အပ်ခဲ့ပြီး အပြေးသွားကတဲ့အထိရူးသွပ်ပါတယ် မိခင်ဖြစ်သူကငွေကြေးအဆင်မပြေတာကြောင့် အကသင်တန်းတွေတက်ဖို့မပူဆာဘဲ အားတာနဲ့ အကသင်တန်းကျောင်းသွားပြီး သင်တန်းသားတွေကတာကို လိုက်မှတ်ကြည့်ရှုပြီး ပြန်အကကျင့်တတ်တဲ့သူမ ..တစ်ခါကြည့်တာနဲ့ ဘယ်ကကွက်ကဘယ်လိုဆိုပြီး သူငယ်ချင်းတွေကိုပြန်သင်နိုင်တဲ့အထိဉာဏ်ကောင်းလွန်းတဲ့သူမပါ သူသွားချောင်းတဲ့သင်တန်းမှာတော့ လူချမ်းသာမိသားစုထဲက ဗစ်ကရမ်ဆိုတဲ့ကောင်လေးရှိပါတယ် သူမနဲ့ကတော့ တစ်ခါမှမတည့်ကြဘူးပေါ့ ဒါပေမယ့် သူတို့အိပ်မက်က တစ်နေ့ကျရင် International အကပြိုင်ပွဲရဲ့စတိတ်စင်ပေါ်တက်ရောက်ခွင့်ရဖို့ပါ နိုင်ငံတကာအကပြိုင်ပွဲမှာ အိန္ဒိယကတစ်ခါမှ အကြိုဗိုလ်လုပွဲအထိတောင်မတက်ရောက်နိုင်ခဲ့တဲ့ရာဇဝင်လည်းရှိနေပါတယ် မရှိဆို China,USA, Mexico,Spain,UK, Russia,Japan စတဲ့နာမည်ကြီးနိုင်ငံတွေပါ ပါဝင်နေတာကြောင့်ပါပဲ ဒီလိုအခက်အခဲတွေကြားကနေသူတို့တက်ရောက်နိုင်ပါ့မလား မတည့်အတူနေ ဆင်ဘာနဲ့ဗစ်ကရမ်ကြားရော ဘယ်လိုဖြစ်သွားမလဲ ရင်သပ်ရှုမောစရာကကွက်တွေကိုကြက်သီးထစရာကြည့်ရှုရမှာဖြစ်လို့ အခုပဲအပြေးဒေါင်းကြည့်လိုက်ကြပါတော့ရှင် Quality : 600MB / 300MB Total Episodes : 8Eps Format ...

Five Six Seven Eight (2022)

2022
The Guest(2018)[Complete] 8.121
The Guest(2018)[Complete] The Guest(2018)***************အပိုင်း ( ၁ မှ ၁၆) ထိ စ/ဆုံး<<သတ်ဖြတ်ခန်းတွေနဲ့ သွေးသံရဲရဲတွေ သရဲသဘက်ပူးတဲ့ကြောက်စရာအခန်းတွေပါတာကြောင့်မို့မကြည့်ခင်တော့ သတိလေးထားစေချင်ပါတယ်..>>သိပ္ပံပညာတွေဘယ်လောက်ပဲထွန်းကားနေပါစေ..ဒီလောကကြီးမှာကျွန်တော်တို့အဖြေမထုတ်နိုင် မဖြေရှင်းနိုင်တဲ့ ပရလောက နဲ့ အခြားဖြစ်ရပ်ဆန်းတွေများစွာရှိကြတယ်မလား..ယနေ့အထိ ဝိညာဉ်တွေဝင်ပူးတဲ့အဖြစ်ပေါင်းများစွာလည်းကြားဖူးနေကြတယ်..ကိုရီးယားရဲ့ နယ်မြို့လေးမှာလည်း အလားတူ ဆိုးရွားတဲ့ဝိညာဉ်ဝင်ပူးတာမျိုးဖြစ်သွားတယ်...အပူးခံရတဲ့လူဟာ အသိစိတ်ပျောက်ဆုံးပြီးတခြားသူကိုရက်စက်စွာသတ်ဖြတ်တာမျိုးလုပ်ပြီး နောက်ဆုံးကိုယ့်ကိုကိုယ်သတ်သေသွားကြတယ်..ဒီလိုမျိုးတွေဆက်တိုက်ဖြစ်လာတယ်..အပူးကပ်ခံရတဲ့သူကို တော်ရုံမတားဆီးနိုင်အောင် သန်မာလွန်းတဲ့အတွက်လူသတ်မှုတွေလည်း ရပ်တန့်မသွားဘူးလို့ဆိုရမယ်..ဒါ့အပြင် အပူးကပ်ခံရတဲ့သူလည်း သေဆုံးသွားတဲ့အတွက်ကြောင့်မိစ္ဆာဆိုးကို နှိမ်နှင်းဖို့ကမလွယ်ဘူးဖြစ်နေတယ်..ဒီလို မိစ္ဆာဆိုးကိုနှိမ်နှင်းဖို့အတွက် ဘာမဆိုင်ရင်မဲ့သူတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့.... Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres:Thriller, Mystery, Horror, SupernaturalTranslated by Estel, Hnin Wai Oo , Hae-Areum, Hay Thar Oo & A HtetEncoded by  Phyo Pyae >>>>TELE LINK ><>>>> Episode 01 [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •  ...
8.121
TMDb: 8.121/10 58 votes
tv

The Guest(2018)[Complete]

2018
Sean eternos: Campeones de América (2022) Complete 8.7
Sean eternos: Campeones de América (2022) Complete Sean eternos: Campeones de América (2022) Completed Mini Series ၂၀၂၁ခုနှစ်၊ ဇူလိုင်၂၁ရက် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ မာရာကာနာကွင်းကြီးမှာ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကိုပါအ​မေရိကဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ​ကမ္ဘာ့​​​ဘောလုံးအင်အားကြီးနိုင်ငံအသင်း နှစ်သင်းက ​တောင်အ​မေရိကရဲ့ ဂုဏ်သိက္ခာအကြီးဆုံးဆုဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ​တွေ့ဆုံကြတာဖြစ်လို့ လူစိတ်ဝင်စားမှု များခဲ့သလို တစ်ဘက်မှာလည်း ပွဲကိုပိုအရှိန်တက်​​စေမယ့် ​​​စေ့​ဆော်မှု ပိုများ​စေတဲ့ အ​ကြောင်းရင်းတစ်ချက် ရှိပါ​သေးတယ်။ အဲဒါက​တော့ ဘောလုံးသမိုင်းတလျှောက် အ​ကောင်းဆုံးလို့တင်စားခံရ​ပေမဲ့ နိုင်ငံအသင်းနဲ့ ဆုဖလားမရယူနိုင်​သေးလို့ ဝေဖန်မှု​တွေ အမြဲလိုလို ခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ နိုင်ငံအသင်းအောင်မြင်မှုနဲ့ ကြံဖန်ကပ်လွဲ​နေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ​နေမာဂျူနီယာတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ​​တော့ အာဂျင်တိုင်းသား​တွေဟာ အိန်ဂျယ်ဒီမာရီယာ သွင်းယူခဲ့တဲ့ တစ်လုံးတည်း​သောသွင်းဂိုးနဲ့အတူ ၂၈နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့သလို GOAT ကြီးတစ်​ယောက်လို့ တင်စားခံရတဲ့ လီယွန်နယ်မက်ဆီအတွက်လည်း ကစားသမားဘဝ အမည်းစက်လို ဖြစ်​နေတဲ့ ...
8.7
TMDb: 8.7/10 69 votes
tv

Sean eternos: Campeones de América (2022) Complete

2022
Marco polo Season 1+2 (2014) 18+
Marco polo Season 1+2 (2014) 18+ ဒီတစ်ခါတော့ သမိုင်းကြောင်းတွေထဲမှာ နာမည်ကြီးတဲ့ မာကိုပိုလိုကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အဲဒါအပြင် အာရှရဲ့ နာမည်ကြီး အင်ပါယာ မွန်ဂိုလီယား အကြောင်းပါ ပါနေတော့ တကယ့်ကိုကြည့်လို့ကောင်းမဲ့ ကားကောင်းလေး တစ်ကားပါပဲ ဇာတ်လမ်းတွဲလေးဆိုတော့ ပိုပြီးတော့ ပြည့်ပြည့်စုံစုံလေးသိရမှာပါဇာတ်လမ်းအကျဉ်း မာကိုပိုလိုရဲ့ အဖေက မာကိုပိုလိုမွေးတဲ့အချိန်မှာရှိမနေခဲ့သလို သူ့ကိုမွေးထားမှန်းလည်း မသိခဲ့ပါဘူး သူက စွန့်စွန့်စားစားနဲ့ ခရီးတွေထွက်ပြီး ကုန်သွယ်ဖို့ကိုပဲ အာရုံထားတဲ့တစ်ယောက်ပေါ့ မာကိုပိုလိုရဲ့ အမေကလည်း သူအသက်၆နှစ်သားကတည်းက ဆုံးသွားခဲ့ရာကနေ သူ့အဖေနဲ့ပြန်တွေ့ပြီး သူ့အဖေထွက်မဲ့ ခရီးကို လိုက်ခဲ့ပါတော့တယ်သူတို့သွားတဲ့ ခရီးကလည်း စစ်ပွဲတွေပြင်းထန်နေတဲ့ မွန်ဂိုလီယား နိုင်ငံပါ အဲဒီအချိန်မှာ မွန်းဂိုအင်ပါယာကြီးကို အုပ်ချုပ်နေတဲ့သူကတော့ ကူဘလိုင်ခန် ပါ သူက ခရစ်ယာန်ဘုန်းတော်ကြီးတွေကို တောင်းဆိုလိုက်ပေမဲ့ မာကိုပိုလိုတို့က ခေါ်မလာပေးနိုင်တာကြောင့် သူ့ကို တသက်တာနယ်နှင်ဒဏ်ပေးလိုက်တဲ့အချိန်မှာပဲ မာကိုပိုလို အဖေက သူ့သားကို ကုန်သွယ်ခွင့်ရဖို့အတွက်နဲ့ မွန်ဂိုဘုရင်ဆီမှာ အစေခံအဖြစ်ထားခဲ့ရာကနေ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ရှုစားလိုက်ကြပါဦးသိုင်းချ၊လူချ၊ ...

Marco polo Season 1+2 (2014) 18+

[18+] Secrets of a Nympho (2022) Completed
[18+] Secrets of a Nympho (2022) Completed Secrets Of A Nympho (2022) Complete Limited Series ~ IMDb rating - 9.3/10 ~ ဆိတ်ငြိမ်တဲ့နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဆန်လူးကပ်စ်မြို့မှာ နာမည်ကျော်ဂုဏ်သတင်းကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ပိုတန်ရှာနာ တက္ကသိုလ်ရှိပါတယ်။ အဲ့ဒီတက္ကသိုလ်ဆင်း ရှေ့နေလောင်းတွေအတွက် ဝတ်လုံတော်ရများရဲ့ည ဆိုတဲ့အကြမ်းစားပါတီကိုကျင်းပလေ့ရှိပြီး အဲ့ဒီပါတီညတွေမှာဆိုရင် တစ်နှစ်လုံးစောင့်ထိန်းလာခဲ့သမျှ စည်းတွေဘောင်တွေအားလုံးကိုကျော်လွန်လွှတ်ချပြီးတော့ မီးကုန်ယမ်းကုန်အပျော်ကျူးကြ ကဲကြလေ့ရှိပါတယ်။ အခုညပါတီမှာတော့ ထင်မှတ်မထားတဲ့အဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘရိုင်ယန်ဇူနီဂါ အထပ်မြင့်ကနေ လိမ့်ကျသေဆုံးခဲ့ခြင်းပါပဲ။ ဘရိုင်ယန်ဇူနီဂါဆိုတာ မြို့မျက်နှာဖုံးသူဌေးသား၊ကျောင်းကို အဓိကထောက်ပံ့တဲ့ ဇူနီဂါမိသားစုဝင်တစ်ဦး၊ ကျောင်းမှာဆိုလည်း မင်းသားတစ်ပါးပဲဖြစ်ပါတယ်။ သူမသေခင်နောက်ဆုံး ဆိုရှယ်မီဒီယာမှာ Suicide note ဆန်ဆန်ရေးတင်ခဲ့သလို သူ့ချစ်သူဖြစ်တဲ့ဟန်နာကိုလဲ ခေါင်မိုးထပ်မှာဒဏ်ရာတွေနဲ့မေ့မျောနေတာရှာတွေ့ခဲ့တဲ့အတွက် ဒီကိစ္စကိုစုံစမ်းကြရင်း ပိုတန်ရှာနာ တက္ကသိုလ်မှာရှိတဲ့ အလွှာအသီးသီး စရိုက်အထွေထွေ ကျောင်းသူကျောင်းသားတွေရဲ့ နောက်ကွယ်က ဇာတ်ရှုပ်တွေ အမုန်းအငြိုးတွေ၊ ကလဲ့စားတွေကိုခပ်ကြမ်းကြမ်းရှုစားရမှာပါ။ ပြီးခဲ့တဲ့ An/Na (2022) ရဲ့ Time slot ကိုအသစ်ဝင်လာတဲ့ ၈ ပိုင်းပါ ...

[18+] Secrets of a Nympho (2022) Completed

2022
Mere HumSafar(2021) Season 1 10
Mere HumSafar(2021) Season 1 Mere HumSafar============မိသားစုကြီးတစ်ခုမှာ အလိုအပ်ဆုံးအရာတခုဆိုတာကတော့နွေးထွေးမှုလို့ပြောရမှာပါပဲ။နွေးထွေးမှုမရှိ တယောက်နဲ့တယောက်ကြင်နာနားလည်မှုကလည်းမရှိ ဖြစ်နေတဲ့မိသားစုကြီးတခုကတော့အေးချမ်းရမှာကိုမဟုတ်ပါဘူး ရီဖတ် မိသားစုကြီးကလည်းဒီလိုပါပဲ။ငွေကြေးကလည်းချို့တဲ့။ ချွေးမဖြစ်တဲ့ရှာဂျာဟန်, ဆိုဖီရာတို့နဲ့ယောက္ခမဖြစ်သူကလည်း တယောက်နဲ့တယောက်မတည့်။သားတွေဖြစ်တဲ့‌ ရေးနဲ့ဂျလီကလည်းလိုရာထပ်ပိုပြောတတ်တဲ့အမေ ရီဖတ်ဘက်ကအမြဲပါလို့ ရန်တကျက်ကျက်ဖြစ်နေရတဲ့အိမ်ကြီးပါ။ဒီလိုမိသားစုကြီးကို ကံမကောင်းအကြောင်းမလှစွာနဲ့ရောက်လာရတာကတော့ အငယ်ဆုံးသား နာဖီးစ်ရဲ့သမီးလေးဖြစ်သူ ဟာလာပါပဲ။နာဖီးစ်ဟာ အိမ်ထောင်သစ်ကြောင့် ဟာလာ့ကိုငွေကြေးအပြည့်အစုံနဲ့‌စောင့်ရှောက်ဖို့အပ်ထားခဲ့ပေမယ့် ဒီ‌ငွေမက်ပြသာနာပေါင်းစုံမိသားစုကြီးဟာ ဟာလာ့ကို‌ မျိုးစုံနှိပ်စက်ပါတော့တယ်။အထူးသဖြင့်ကတော့ အငြှိုးအတေးကြီးတဲ့ ရှာဂျာဟန်ပါပဲ။ဟာလာတယောက် ဒီမိသားစု ဒီလောကဓံတွေကိုဘယ်လိုမျိုးရင်စည်းခံသွားမလဲ။မိမိကိုချစ်ရတဲ့သူနဲ့တောင်မှပျော်ရွှင်ခွင့်ရနိုင်ပါ့မလားဆိုတာကိုMere Humsafar ပါကစ္စတန် ဇာတ်လမ်းတွဲမှာကြည့်ရှုခံစားပေးပါဦး။ Episodes: 40File Size: 600MBQuality : 1080pGenres: Drama , RomanceTranslated by Sai Sumali , Elizabeth Khant , Jerrica , Chole Khin , Thet Ko , BrackmanEncoded by  Min Wai  Episode 1 1080P>>>> UsersDrive   | Yoteshin ...
10
TMDb: 10/10 1 votes
tv

Mere HumSafar(2021) Season 1

2021
Catch me Baby (2022)
Catch me Baby (2022) “အချစ်စိန်ပြေးတမ်း” Catch Me Baby (2022)သူ့ရဲ့စားဝတ်နေရေးအတွက် Relationship Juggler လို့ခေါ်တဲ့ အိမ်ထောင်ရေးအကျိုးဆောင်အလုပ်ကို လုပ်နေတဲ့ Phat ဟာ အသွင်ပြောင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး ဘယ်သူကမှ သူ့ကိုမဖမ်းမိနိုင်လောက်အောင်တော်တဲ့ ဉာဏ်ကြီးရှင်ပါ"အိမ်ထောင်ရေးအကျိုးဆောင်" ဆိုတဲ့ အလုပ်ကတော့ ‌ နောက်မီးလင်းချင်တဲ့သူတွေ လင်းနေတဲ့သူတွေကို သူတို့ရဲ့ဆိုင်ရာပိုင်ရာတွေ မသိရှိရအောင် လိုက်လံကူညီပြီး စီစဉ်ပေးရတဲ့အလုပ်မျိုးပါပဲဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် Phat ကတော့ ဒီအလုပ်ကို လက်လွှတ်လိုက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူးတစ်ဖက်မှာလည်း Cher က အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို လိုက်လံစုံစမ်းအရေးယူနေတဲ့ စုံထောက်တစ်ယောက် ဖြစ်နေပါတယ်ဒီလိုနဲ့ အလုပ်အကိုင်ကအစ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ Phat နဲ့ Cher တို့နှစ်ယောက်ကို ကံကြမ္မာက တွေ့ဆုံခွင့်ပေးလိုက်တဲ့အခါမှာတော့...Phat ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး Cher တစ်ယောက် ဘယ်လိုတွေလိုက်လံဖော်ထုတ်သွားမလဲ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြားမှာ ကျင်လည်လာတဲ့ ဒီနှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါNetJames တို့နှစ်ယောက်ကိုလည်း ဒီဇာတ်ကားလေးထဲမှာ BL Couples အနေနဲ့ Support Role မှာ ရှုစားကြရမှာဖြစ်လို့ BL ပရိသတ်ကြီးတို့လည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲအညွှန်းကိုတော့ Hmwe Thet Winn ...

Catch me Baby (2022)

2022

Genres

Archives