Channel Myanmar

New releases (2025)

Content at random


TV Series

Jhansi (2022) S1+S2 7
Jhansi (2022) S1+S2 တလဲဂူး မင်းသမီးချောလေးတွေ ဖြစ်တဲ့ Anjali, Chandini Chowdhary တို့ ပါဝင်ရိုက်ကူးထားတဲ့ Jhansi စီးရီးလေးအသစ်စက်စက်လေးကတော့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ထွက်ရှိလို့လာပါပြီJhansi(ဂျန်စီ) - ကယ်ရာလာမှာနေထိုင်ပြီး အတိတ်မေ့နေတဲ့ ကောင်မလေးတစ်ယောက် တစ်နေ့မှာတော့ ဂျန်စီဟာ ဆန်ကိသ် ရဲ့ သမီးဖြစ်သူ မေဟာကို မတော်တဆမှုတစ်ခုမှာ မမျှော်လင့်ဘဲ ကယ်တင်ပေးလိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်ကိသ်တစ်ယောက်လည်း အတိတ်မေ့နေတဲ့ ဂျန်စီကို ဟိုက်ဒရာဘတ်ထိခေါ်သွားပြီး ဘ၀အသစ် စတင်ခိုင်းခဲ့ပါတယ် ကြာလာတော့ ဆန်ကိသ်နဲ့ ဂျန်စီတို့ မေတ္တာမျှလာပြီး ချစ်သူတွေ ဖြစ်လာကြတယ် ဆန်ကိသ်တစ်ယောက် ချစ်သူဖြစ်သူ ဂျန်စီ အတိတ်ကို ပြန်လည် သတိရလာဖို့ ဦးလေး ဖြစ်သူစီမှာ အိပ်မွေ့ချကုထုံးနဲ့ ကုသခိုင်းခဲ့တယ်။ တစ်နေ့မှာတော့ ကုသမှုခံယူရင်းကနေ ဂျန်စီရဲ့ အမြင်ထဲမှာ သူ့ရဲ့ အတိတ်အကြောင်း တစ်ပိုင်းတစ်စ ပုံပေါ်လာခဲ့တယ် ဂျန်စီ့ရ​ဲ့ အမြင်အာရုံထဲမှာ သူမကို တိုက်ခိုက်ပြီး နှိပ်စက်ခဲ့တာ ဘယ်သူတွေလဲ ... ဘယ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလဲ ...သူတို့နဲ့ ဂျန်စီ့ကြားမှာ ဘာရန်ငြှိုးတွေ ဆက်စပ်မှုတွေ ...
7
TMDb: 7/10 2 votes
tv

Jhansi (2022) S1+S2

2022
[18+] Lovely Ladies Dormitory (2022) Complete 5.75
[18+] Lovely Ladies Dormitory (2022) Complete Lovely Ladies Dormitory (2022) Completed Limited Series အပတ်စဉ်တင်ဆက်နေကျ တနင်္ဂနွေဇာတ်လမ်းတွဲလေးတွေရဲ့နေရာမှာအစဉ်အလာမပျက်အသစ်ရောက်လာတဲ့ ဇာတ်လမ်းတွဲသစ်လေးပါ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ Lovely Ladies ဆိုတဲ့အမျိုးသမီးသီးသန့်ဆောင်မှာနေကြတဲ့ မိန်းမလှလေးငါးယောက်ကိုအခြေခံထားပါတယ်။ နယ်ပယ်စုံ အလွှာအသီးသီးကနေလာပြီး ဒီနေရာမှာဆုံစည်းဖြစ်ကြတဲ့ သူတို့အားလုံးမှာ နောက်ခံဇာတ်ကြောင်းကိုယ်စီ၊ အခက်အခဲကိုယ်စီ၊ ဘဝအမောတွေ၊ ရုန်းကန်မှုတွေ ကိုယ်စီရှိပါတယ်။ မိန်းကလေးချင်းဆိုတော့ ချိတ်ချိတ်ချင်းငြိချင်ကြတဲ့ ဉာဉ်လေးတွေ၊ ကွယ်ရာအတင်းတုပ်တာမျိုးတွေ၊ အပြိုင်အဆိုင်လေးတွေကိုဟာသနှောပြီး သူတို့ရဲ့ နေ့စဉ်ဘ၀ ချစ်မှုရေးရာတွေ လိင်မှုကိစ္စအဖြာဖြာတွေကို လွတ်လပ်ပွင့်လင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလဲ ကားရိုက်ကျဲတဲ့မျက်နှာသစ်မင်းသမီးလေးတွေကိုချည်းပဲ မိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် အဆောင်သူလေးတွေရဲ့တကယ့်ကိုမျက်စိပသာဒဖြစ်ချင်စရာ ခရေစေ့တွင်းကျနေ့စဉ်ဘဝကိုတစ်ဝကြီး ရှုစားလိုက်ကြပါဦး... (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်။)Size ~ 700MB Quality – 1080p Duration ~ 45min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Comedy Source : Web-dl.1080p Translator – ALS Encoder – ...
5.75
TMDb: 5.75/10 2 votes
tv

[18+] Lovely Ladies Dormitory (2022) Complete

2022
Vadhandhi (2022) 5.5
Vadhandhi (2022) Vadhandhi: The Fable of Velonie (2022) CompleteIMDb 8.2/10Don ကားထဲက ကျောင်းဆရာအဖြစ်နဲ့ ပရိတ်သတ်တွေရင်ထဲဝင်ရောက်ခဲ့တဲ့ မင်းသားကြီး S.J. Surya ကို ဒီကားထဲမှာတော့ ရဲတစ်ယောက်အနေနဲ့ အမှုတွေလိုက်ပြဦးမှာပါ မင်းသမီးချောလေး Sanjana Krishnamoorthy လည်း ပါဝင်ထားပြီး IMDb rating အမိုက်စားကားဖြစ်လို့ အခုပဲဒေါင်းကြည့်လိုက်ကြပါ‌ရှင်ဇာတ်လမ်းအညွှန်း... ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းအရ လူသေအလောင်းတစ်လောင်းလိုအပ်နေပါတယ် မိတ်ကပ်ပြင်ထားတဲ့အလောင်းကိုရိုက်ကွင်းမှာတွေ့လေတော့ ရိုက်ကူးရေးစဖို့ပြင်ဆင်‌ပြီးကာမှ ဒီအလောင်းနေရာမှာသရုပ်ဆောင်ရမဲ့မင်းသမီးက အိမ်လည်းပြန်မလာသလို မိတ်ကပ်ဆရာကလည်းမပြင်ရသေးပါဘူးတဲ့ ဒီတော့ သူတို့တွေ့ခဲ့တဲ့အလောင်းကိုသေချာကြည့်တော့မှ မိတ်ကပ်ခြယ်သထားတာမဟုတ်ဘဲ သေဆုံးတာ ၃ရက်‌လောက်ရှိနေတဲ့တကယ့်လူသေအလောင်းကြီးဖြစ်နေပါတယ်အလောင်းကပုပ်ပွပြီး လူရုပ်မပေါ်တာကြောင့် ဘယ်သူဘယ်ဝါမသိနိုင်တော့တဲ့အခြေအနေမှာ ဘယ်ကစလို့စုံစမ်းရေးတွေလုပ်ကြမလဲ တရားခံက လည်းကြိုတွေးကြည့်လို့မရတဲ့ တရားခံဖြစ်နေမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်Quality : 1080p / 720pTotal Episodes : 8EpsFormat : mp4Genres : Mystery, Crime, DramaDuration : 50minsSubtitle : Myanmar Subtitle ( Hardsub )Translated by Shwe Pyae ...
5.5
TMDb: 5.5/10 2 votes
tv

Vadhandhi (2022)

2022
Dong Dok Mai (2022)
Dong Dok Mai (2022) ပန်းရိုင်းဥယျာဥ် ၂၀၂၂ဖုန်ဒနိုင် အဖြစ် Push Puttichai ကိတ် ( ကလျိုကိတ်) အဖြစ် Pinky Savika မိုင်(ချစ်စမိုင်) အဖြစ် Pim Pimprapa ထင်စမွမ် အဖြစ် Benz Punyaporn ဘို(ဘိုရင်) အဖြစ် Mew Piathaဇာတ်လမ်းအကျဉ်းမိုင်က ပညာသင်ယူနေဆဲ ရှေ့နေ့ပေါက်စလေးဖြစ်ပြီး ဆူပူလွန်းတဲ့ အိမ်ကြောင့် အလုပ်အရမ်းဝင်ချင်ခဲ့ရာက ဖုန်ဒနိုင် အုပ်ချုပ်နေတဲ့ ဘွန်ယာအုပ်စုမှာ အလုပ်ရခဲ့ပါတယ်ဖုန်ဒနိုင်ကတော့ လက်ရှိထိုင်းနိုင်ငံရဲ့ နာမည်ကြီးစီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်ယောက်ပေါ့ဖုန်ဒနိုင့်မှာ ထင်စမွမ်ဆိုတဲ့ ဇနီးရှိပြီး အရမ်းချစ်ကြပုံပေါက်ပေမဲ့ အတွင်းသတင်းတွေအရ အနေအေးနေကြပြီး ဖုန်ဒနိုင်က အမှုဆောင်ဒါရိုက်တာ ကိတ်နဲ့ ဖောက်ပြန်နေသလို တခြားမယားသစ်လည်းရှိသေးတယ်လို့လည်း ကြားနေရပါတယ်ဖအေတူမအေကွဲညီဖြစ်တဲ့ ဖရတ်ကတော့ ဖုန်ဒနိုင်နဲ့ မတူဘဲ အနေအေးသူတစ်ယောက်ဖြစ်ပြီး ဖုန်ဒနိုင် ကြည့်မရနေတဲ့ သူတစ်ယောက်လည်းဖြစ်တယ်ဖုန်ဒနိုင် နဲ့ ဖရတ်တို့ ရှေ့နေမလေး မိုင်ကို တစ်ပြိုင်တည်း မျက်စိကျချိန်မှာတော့ အမြဲတစေအနိုင်လိုချင်တဲ့ ...

Dong Dok Mai (2022)

2022
You Are All Surrounded(2014)[Complet] 8.5
You Are All Surrounded(2014)[Complet] You Are All Surrounded(2014)****************************အပိုင်း(၁ မှ ၂၀ )ထိ စ/ဆုံး မတူညီတဲ့ကျောထောက်နောက်ခံတွေ၊ မတူညီတဲ့အိမ်မက်တွေ၊ မတူညီတဲ့‌အကျင့်စရိုက်တွေရှိကြတဲ့စုံထောက်အသစ်လေး လေးဦးဟာ ဂန်းနမ်ရဲစခန်းရဲ့ aceဖြစ်တဲ့ မှုခင်းဌာန အဖွဲ့ ၃မှာ တွေ့ဖို့ဖြစ်လာခဲ့ကြပါတယ်။အမှန်တော့ မှုခင်းဌာနအဖွဲ့ ၃ဟာ သူတို့စိတ်ကူးထားတဲ့ လုပ်ငန်းခွင်လေးတော့မဟုတ်ခဲ့ပါဘူး။လစာများများရလို့ လာတဲ့သူ၊ မသေခင် ဂန်းနမ်မှာနေဖူးချင်လို့ လာတဲ့သူ၊ ကိုယ့်ဟာကိုယ်ဘာကြောင့်လာလာပေါ့ ဆိုတဲ့သူနဲ့ အရမ်းကို chaotic ဖြစ်တဲ့အဖွဲ့လေးပါ။ သူတို့အဖွဲ့ရဲ့အဖွဲ့မှူးကတော့ legendary စုံထောက်တစ်ဦးဖြစ်တဲ့ ဆောဖန်းဆော့ (Cha Seung Won)ပဲဖြစ်ပါတယ်။ဆောဖန်းဆော့မသိတဲ့အရာကတော့ လွန်ခဲ့တဲ့ ၁၁နှစ်က သူတာဝန်ယူခဲ့တဲ့ မာဆန်းသူနာပြုဆရာမအသတ်ခံမှုရဲ့နစ်နာသူဖြစ်သူရဲ့သားဟာ သူ့အဖွဲ့ထဲမှာ ရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့ ၃ဟာ အစပိုင်းမှာကတောက်ကဆလေးတွေရှိခဲ့ပေမဲ့ ရာဇဝတ်မှုတွေကို teamwork ကောင်းကောင်းနဲ့ အတူတူရင်ဆိုင်ဖြေရှင်းကြပြီးတော့လွန်ခဲ့တဲ့ ၁၁နှစ်က အမှုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကိုပါ ဖော်ထုတ်ကြမှာဖြစ်ပါတယ်။စုံထောက်အသစ်လေးတွေအဖြစ် Lee Seung Gi, Go Ara, ...
8.5
TMDb: 8.5/10 11 votes
tv

You Are All Surrounded(2014)[Complet]

2014
The Boy Next Door (2017) 7.9
The Boy Next Door (2017) The Boy Next Door (2017) အညွှန်းဒီတစ်ခါမှာတော့ K-Drama Fan တွေနဲ့မစိမ်းလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Choi Woo Shik နဲ့ Jang Ki Yong တို့ရဲ့ BL vibe ဆန်ဆန်ရစေမယ့် 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Comedy, Romance, Youth genre အပိုင်းတိုဒရမ်မာ Collection လေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း - အခန်းနံပါတ် ၃၀၁ နဲ့ ၃၀၂ ဘေးချင်းကပ်ရပ်နေကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးအစေးမကပ်ကြတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ဘတ်ဂယူထယ် (Choi Woo Shik) နဲ့ ဆုန်းဂီဂျယ် (Jang Ki Yong) တို့ဟာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် တစ်ခန်းထဲအတူတူနေဖို့ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့ ဂင်မီနာဆိုတဲ့မိန်းကလေး တစ်ယောက်ကလည်းရှိနေပါသေးတယ်။ အတူတူနေကြပြီးတဲ့နောက် ရင်းနှီးပြီးသံယောဇဉ်ဖြစ်လာကြတဲ့ သူတို့နှစ်ယောက်ကြားက ရယ်စရာ ၊ တလွဲအဖြစ်အပျက်လေးတွေက မီနာ့ကို သူတို့နှစ်ယောက်ကိုကြိုက်နေကြတယ်လို့အထင်မှားစေလာတဲ့အခါ .. ။ တဖြည်းဖြည်းနဲ့မီနာတင်မဟုတ်ဘဲ အခန်းပိုင်ရှင် ၊ သူငယ်ချင်း‌တွေနဲ့ ဘေးပတ်ဝန်းကျင်ကအိမ်နီးချင်း‌တွေအထိပါ အထင်မှားစေလာတဲ့အခါ .. ။ တစ်ခန်းတည်းမှာ အတူတူနေရင်း ...
7.9
TMDb: 7.9/10 10 votes
tv

The Boy Next Door (2017)

2017
Echoes (2022) 6.9
Echoes (2022) Echoes (2022) =========== IMDb Rating - 5.9/10"တကယ်ပျောက်နေတာ ဘယ်သူလဲ" "သူတို့က တစ်ယောက်တည်းလား?" "သတိပေးစာတွေက ဘယ်သူလုပ်နေတာလဲ?" ဒါတွေကတော့ Echoes စီးရီးရဲ့ အပိုင်းတိုင်းမှာ လူမေးအများဆုံး မေးခွန်းတွေပါ။ ကြည့်ရှူသူတွေရော translator တွေပါ ခေါင်း ခြောက်ရတဲ့ ရှုပ်ထွေးတဲ့ ဇာတ်အိမ်မျိုးမို့ အဖြေရှာရတာ ကြိုက်တဲ့ သူတွေဆိုရင် ဒီစီးရီးကကြည့်ကိုကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်း - ဂျီနာ နဲ့ လန်နီ တို့က အက်ခိုးတောင်မှာ မွေးဖွားကြတဲ့ အမြွှာညီအစ်မ နှစ်ဦးပါ။ ဂျီနာက အိမ်ထောင်ကျပြီးနောက် အယ်လ်အေမှာပဲ ပြောင်း ရွှေ့နေထိုင်နေတဲ့သူဖြစ်ပါတယ်။ လန်နီကတော့ အက်ခိုးတောင်မှာပဲ မြင်းမွေးမြူရေးစခန်းတွေဆောက်ပြီး မိသားစုဘဝလေးကို တည်ထောင် ထားတဲ့သူပါ။ တစ်ရက်မှာတော့ လန်နီတစ်ယောက် မြင်းအိမ်ထဲကနေ ရုတ်တရက်ပျောက်ဆုံးသွားပြီး အစရှာမရ ဖြစ်သွားခဲ့ပါတယ်။လန်နီ့ကို ရှာဖို့ ဂျီနာ အိမ်ကို ပြန်လာခဲ့ပြီးနောက်မှာ တစ်စစီဖျက်ဆီးခံထား ရတဲ့ အရုပ်မတွေနဲ့ ထိတ်လန့်ဖွယ် ခြိမ်းခြောက်မှုတွေ စတင်ကြုံတွေ့ရပါ တော့တယ်။ မူမမှန်တာတွေကို ခံစားမိနေပေမဲ့ ဘယ်သူ့ကိုမှ အားကိုးလို့ မရတဲ့ ဂျီနာအတွက်တော့ ကိုယ်တိုင်ပဲ ပဟေဠိတွေကို ရှာဖွေသွားရပြီး အဖြစ်အပျက်တွေကိုကျော်လွှားရတော့မှာပါ။ CM ပရိသတ်တွေအကြိုက် ဖြစ်စေမယ့် ...
6.9
TMDb: 6.9/10 12000 votes
tv

Echoes (2022)

2022
A League of Their Own (2022) Season 01 Complete 7.1
A League of Their Own (2022) Season 01 Complete A League of Their Own (2022) S01 Complete ~ IMDb - 7.5/10, Rotten Tomatoes - 94% ~ ဒီတစ်ခါစီးရီးလေးကတော့ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom H​anks ရဲ့ A League of Their Own ဆိုတဲ့ Sport/ Comedy ရုပ်ရှင်ဇာတ်ကားကြီးအတိုင်း ဒုတိယကမ္ဘာစစ်တွင်းက အမေရိကန်အမျိုးသမီးဘေ့စ်ဘောလိဂ် စတင်ခဲ့ရာကာလကို ကျောရိုးတည်ပြီး Reboot သဘောမျိုးပြန်လည်ဖန်တီးထားတဲ့ စီးရီးတစ်ခုပေါ့။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက အားကစားအသီးသီးမှာ နိုင်ငံတော်အဆင့် အမျိုးသမီးသီးသန့်လိဂ်ရယ်လို့ ခေတ်မစားသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း နာမည်ကြီးအားကစားဖြစ်တဲ့ ​ဘေ့စ်ဘောအတွက်အမျိုးသမီးလိဂ်ဆိုတာမရှိခဲ့ပဲ လိဂ်ရဲ့တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားလိဂ်မှာ စစ်ပွဲကာလတွင်းအကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအရရော ရပ်တည်မှုအရပါယိုင်နဲ့လာတဲ့အတွက် ပရိသတ်တွေအတွက်အသစ်အဆန်းဖြစ်အောင် နိုင်ငံအနှံ့ကဝါသနာရှင် အမျိုးသမီးတွေကို ဇကာတင်ရွေးချယ်ပြီးလိဂ်တစ်ခုဖြစ်အောင်စတင်အသက်သွင်းခဲ့ပါတော့တယ်။ ပြောစရာရှိတာကတော့ သာမန်အားကစားဇာတ်လမ်းတစ်ခုဆိုတာထက် အဲဒီခေတ်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်ခွဲခြားမှုတွေ၊ ...
7.1
TMDb: 7.1/10 56 votes
tv

A League of Their Own (2022) Season 01 Complete

2022
The Tourist (2021) (1-6 END) 8
The Tourist (2021) (1-6 END) Fifty Shades of Grey မင်းသား Jamie Dornan ဦးဆောင်ပါဝင်ထားတဲ့ The Tourist ဆိုတဲ့ mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် HBO ကထုတ်လွှင့်တာကြောင့် အညံ့စားဇာတ်လမ်းတွဲဖြစ်မှာ စိတ်ပူစရာမလိုပါဘူး IMDB လည်း 7.4 လောက်ရရှိထားပြီး အပိုင်း ၆ ပိုင်းထဲအပြီးဖြစ်လို့ ၆ နာရီစာဇာတ်ကား တစ်ခုလိုမျိုး တစ်ဝကြီးကြည့်ရမှာပါဇာတ်လမ်းအညွှန်းကိုပြောရရင် လူတစ်ယောက်ဟာ အဝေးပြေးလမ်းမတစ်ခုမှာ ကားမောင်းလာရင်း သူ့ကိုထရပ်ကားတစ်စီးက အသေဆိုပြီးဝင်တိုက်ရာကနေ ကံကောင်းပြီး မသေဘဲ ဆေးရုံရောက်သွားပါတယ် ဒါပေမယ့် သူနိုးထလာတဲ့အခါမှာ သူဘယ်သူလဲ ဘယ်ကလာလဲ ဘယ်ကိုသွားနေလဲဆိုတာ ဘာမှ မမှတ်မိတော့ပါဘူး . ပိုဆိုးတာက သူကားမှောက်သွားတဲ့နေရာမှာ ရဲတွေကလည်း ပိုက်ဆံအိတ် ဖုန်း သက်သေခံအထောက်အထား ဘာတစ်ခုမှ မတွေ့ခဲ့တဲ့အတွက် သူလူဆိုးလား လူကောင်းလားဆိုတာ မသိနိုင်အောင်ဖြစ်နေပါတယ် ဒါပေမယ့် သူကားမှောက်တဲ့နေ့မှာ ဝတ်လာတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ နေရာတစ်ခုကို ချိန်းထားတဲ့ အချိန်ရက်စွဲပါ စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်ခုထဲသောလမ်းစဖြစ်နေပါတယ် စာရွက်မှာပါတဲ့ နေရာကို သူ့ဘဝကိုအဖြေရှာဖို့အတွက် သွားတဲ့အခါမှာ အခြေအနေတွေက သူထင်သလောက်မရိုးရှင်းနေခဲ့ပါဘူး သူ့ကိုကားနဲ့လိုက်တိုက်ပြီး လုပ်ကြံခဲ့တဲ့ လူတွေကရောဘယ်သူတွေလဲ သူ့ဘဝအမှန်ကို ပြန်မှတ်မိသွားမှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ...
8
TMDb: 8/10 4 votes
tv

The Tourist (2021) (1-6 END)

2022
The Forbidden Marriage (2022) [Complete] 9
The Forbidden Marriage (2022) [Complete] The Forbidden Marriage (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)အရမ်းချစ်ရတဲ့ မိဖုရားက တစ်ရက်မှာ ကိုယ့်ကိုကိုယ် သတ်သေသွားတာကြောင့် ယူကျုံးမရဖြစ်နေတဲ့ ဂျိုဆွန်းဘုရင် Lee Heonဟာ ကြင်ယာတော် ထပ်မံတင်မြှောက်ဖို့ကို ငြင်းဆန်တဲ့အပြင် တစ်တိုင်းပြည်လုံးကိုလည်း လက်ထပ်ခွင့်မပြုဆိုတဲ့ အမိန့်ကို ချမှတ်လိုက်ပါတယ်။၇နှစ်ကြာတဲ့အထိ ဒီအမိန့်ကို ပြန်မရုတ်သိမ်းတာကြောင့် အိမ်ထောင်ပြုခွင့်မရတဲ့တိုင်းသူပြည်သားတွေက ဘုရင်က gayနေတယ်။ မစွမ်းဆောင်နိုင်ဘူးဆိုပြီး ပြောကြပါတော့တယ်။ဒီအမိန့်ကို ဖီဆန်ပြီး လူငယ်တွေကို တိတ်တခိုး လက်ထပ်ဖို့ ကူညီပေးတဲ့ လူလိမ်မလေး Ye So Rang က နန်းတော်ထဲက နတ်ရွာစံသွားတဲ့ မိဖုရားရဲ့ ဝိညာဉ်ပူးကပ်နေတယ်ဆိုပြီး လိမ်လည်ရာကနေ နန်းတော်ထဲအထိ သတင်းရောက်သွားပါတော့တယ်။ကြင်ဖက်ကိုဆုံးရှုံးထားတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ဘုရင်နဲ့လူလိမ်မလေးရဲ့လှည့်ကွက်တွေကြားမှာ ဘယ်လိုဂယက်တွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုပေးပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)Aired: Dec 9, 2022 -- Aired On: Friday, Saturday Genres: ...
9
TMDb: 9/10 2 votes
tv

The Forbidden Marriage (2022) [Complete]

2022
Fall (2022) 2
Fall (2022) Fall (2022) Drama, Mystery, Thriller IMDb 5.8/10အခုတစ်ခါထွက်ရှိလာတဲ့ တမီလ်စီးရီးလေးကလည်း တကယ်ကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် စီးရီးလေးတစ်ခုဖြစ်ပြီး စွယ်စုံရမင်းသမီးချောလေး အန်ဂျလီက အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။Disney+ Hotstar မှ Streaming လုပ်လာတဲ့ဒီစီးရီးလေးမှာ အပိုင်း၇ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီအလိုက် လှည့်ကွက်လေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘဝမှာ ပြုတ်ကျခဲ့ခြင်းတစ်ခုဟာ ဘဝကိုပျက်ရလောက်တဲ့အထိဖြစ်သွားနိုင်သလို လောကရဲ့နိယာမတရားတွေကိုလည်း သိမြင်လာနိုင်တယ်ဆိုတာကို သင်ယုံပါသလား။ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ ဒီစီးရီးလေးမှာ လူတစ်ယောက်ရဲ့ပြုတ်ကျခဲ့ခြင်းတစ်ခုအပေါ်မူတည်ပြီး လူတွေရဲ့သရုပ်မှန်ကိုသိမြင်လာခဲ့ရလို့ပဲဖြစ်ပါတယ်။ဒီဗီရာဆိုတဲ့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်သူဟာ နေအိမ်ရဲ့အထပ်မြင့်တိုက်ဝရံတာပေါ်ကနေ ပြုတ်ကျခဲ့ပြီး ၆လကြာမြင့်သည်အထိ ကိုမာဝင်နေခဲ့ပါတယ်။၆ လတာအတွင်းမှာ လူတွေရဲ့စိတ်ရင်းအမှန်တွေလည်း ပေါ်လာခဲ့ပါတော့တယ် မိသားစုထဲမှာပဲ မနာလိုတွန့်တိုလောဘကြီးသူတွေရဲ့ လွှမ်းမိုးမှုကြောင့် ဒီဗီရာကိုညင်သာစွာအသက်ထွက်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ကြပါပြီမထင်မှတ်ပဲအဲဒီချိန်မှာ ဒီဗီရာဟာသတိရလာပါတော့တယ် ဒါပေမယ့် ဖြစ်ပျက်ခဲ့တာအားလုံးကို ဘာတစ်ခုမှ မမှတ်မိတော့ပါဘူး မိသားစု၀င်တွေပြောလို့ သူခုန်ချခဲ့တယ်ဆိုတာသိပေမယ့် သူခုန်ချခဲ့ရတဲ့အကြောင်းရင်းကို သူကိုယ်တိုင်တွေးမရဖြစ်နေပါတယ် အားလုံးကသူ‌ခုန်ချတယ်ပြောပေမယ့် သူငယ်ချင်းဖြစ်သူ မာလာကတော့အခင်းမဖြစ်ခင်ညမှာ သူ့ဆီပို့ခဲ့တဲ့ မက်ဆေ့ခ်ျကြောင့် ပုံမှန်မဟုတ်ဘူးလို့ ထင်နေတဲ့ တစ်ဦးတည်းသောသူပါမာလာ့ရဲ့အကူအညီနဲ့ပဲ မှတ်ဉာဏ်တွေ တရေးရေးပေါ်လာခဲ့ပြီးနောက် သူဘာကြောင့်ခုန်ချခဲ့တာလဲ ဆိုတဲ့အကြောင်းရင်းကို တစ်ပိုင်းချင်း စိတ်၀င်စားဖွယ်ကြည့်ရှူခံစားရမှာဖြစ်ပါတယ်File Size – 800MB / 400MBQuality – 1080p / ...
2
TMDb: 2/10 1 votes
tv

Fall (2022)

2022
Unchained Love (2022) 8
Unchained Love (2022) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့နန်းတွင်းကားလေးကတော့လနတ်အရှင်နဲ့ နဂါးနိုင်ဓားထဲက ကျောက်မိန်လေးတိုရဲ့ ကားသစ်လေးပါဒီဇာတ်လမ်းလေးထဲမှာ လနတ်အရှင်က မိန်းမစိုးရှောင်တုအနေ သရုပ်ဆောင်ထားတာပါကျောက်မိန်လေး ကတော့ အစေခံပုယွင်လော့အနေနဲ့ သရုပ် ဆောင်ထားတာပါလုံဟွာခေတ်ကာလမှာ မိန်းမစိုးရှောင်တုက ဖုဝမ်ထီးနန်းတက်ရဖိုအတွက်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်ဘုရင်ကြီးနတ်ရွာစံရင်အသေခံတွေပါလိုက်သေပေးရတဲ့ဓလေ့အတိုင်း ပုယွင်လော့လေးဟာလည်းဘုရင်ကြီးနဲ့အတူမြေမြုပ်သင်္ဂြိုလ်ခံရမှာပါဒါပေမဲ့နောက်တက်မဲ့ဘုရင် ဖုဝမ်ဟာ ပုယွင်လော့ကို ချစ်မိသွားတဲ့အတွက်သင်္ဂြိုလ်တဲ့ထဲမသွားစေဘဲ မိန်းမစိုးရှောင်တုအိမ် တော်မှာ ဖွက်ထားခဲ့ပါတော့တယ်ပုယွင်လော့နဲ့ရှောင်တုဟာ အိမ်တော်မှာ ခဏခဏတွေ့ကြရာမှ လူငယ်သဘာဝချစ်ကြိုက်သွားကြမလား?အစောထဲက ဘုရင်နှစ်သက်သူမိန်းကလေးမို ဘယ်လိုအလက်အခဲတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးအချိန် ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်ပါရှောင်တုအဖြစ် Dylan Wang ပုယွင်လော့အဖြစ် Chen Yu Qi (Yukee Chen)(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( ...
8
TMDb: 8/10 1 votes
tv

Unchained Love (2022)

2022
The Blood of Youth (2022) 5
The Blood of Youth (2022) ဒီတစ်ခါCM ကနေပြသ‌‌ေပးမဲ့ဇာတ်လမ်းတွဲလေးကတော့love and Redemptionမှာ second leadအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားချော Liu Xue Yi ရဲ့ဇာတ်ကားသစ်ဖြစ်တဲ့ နာမည်ကြီးကာတွန်းဇာတ်လမ်းတွဲThe Blood of Youth ကို live action ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာတော့ ရဲရင့်တက်ကြွတဲ့သွေးအပြည့်ရှိတဲ့ လေ့ဝူကျဲဟာသိုင်းလောကမှာနာမည်ကြီးထိပ်တန်းမြိုကြီးဖြစ်တဲ့ ရှဲယွဲမြိုကိုသွားရောက်ရင်းရှဲလော့ဥယျာဉ်ကိုလမ်းမှားရောက်မိသွားတယ်။သူဟာသိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်စေနိုင်တဲ့ကိစ္စရပ်ကြီးထဲကို ပါဝင်ပတ်သက်မိပါတော့တယ်။လူငယ်ပီပီရဲရင့်တက်ကြွတဲ့လေ့ဝူကျဲဟာ ပထမဦးစွာသိုင်းလောကထဲကိုခြေဆန့်ရင်းနဲ့အဘက်ဘက်ကအန္တရာယ်‌‌ေတွဝိုင်းရံ‌‌ေနတဲ့သိုင်းလောကအတွင်း လမ်းခရီးမှာ‌တွေ့ဆုံတဲ့သိုင်းညီနောင်‌ဖြစ်တဲ့ မင်းသားတစ်ပါးဖြစ်လျက်နဲ့‌ဆိုင်စုတ်‌ေလးဖွင့်ထားတဲ့‌ေရှာင်းစက်၊အကောင်းနဲ့အဆိုးဒွန်တွဲလျက်ရှိသော ဝူရှင်းဘုန်းကြီးနဲ့‌ေတွ့ဆုံပြီး အတူတူခရီးဆက်ကြကာသိုင်းပညာမြင့်မားတဲ့ သိုင်းဆရာတွေနဲ့ဘယ်လိုယှဉ်ပြိုင်တိုက်ခိုက်မလဲနောက်ကွယ်မှာသေချာအကွက်ချခံထားရတဲ့နန်းတွင်း‌ေရးရာအရှုပ်အရှင်းကြားဖြစ်ပွားလာတဲ့ရန်ပွဲတွေကိုရော ဒီလူငယ်သိုင်းညီနောင်တစ်စုဟာဘယ်လိုရင်ဆိုင်ကြမလဲထူးခြားဆန်းပြားလှတဲ့သိုင်းကွက်အဆန်းတွေကိုခံစားကြည့်ရူရမဲ့ဒီလူငယ်သိုင်းဇာတ်လမ်းလေးကို CM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ်(အညွှန်းရေးသားထားသူကတော့ Tsuki Mon ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Wuxia, Youth, FantasyDuration : 45 min ...
5
TMDb: 5/10 1 votes
tv

The Blood of Youth (2022)

2022
Trial By Fire(2023) 6.333
Trial By Fire(2023) Trial by Fire (2023) Crime, Drama, Mystery IMDb 8.6/10 (1.9K)ဒီတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်စီးရီးလေးကတော့ တကယ်ကို ရင်ထဲထိမှန်စေမယ့် စီးရီးလေးပါပဲ။ငွေများတရားနိုင်ဆိုတာ လောကကြီးမှာ တကယ်ကိုရှိနေခဲ့တဲ့ အခြေအနေလေးတစ်ခုပါပဲ။ ပိုက်ဆံ ရာထူး အာဏာ ဒီသုံးခုဟာ လူသားတစ်ယောက်ကို လူမဆန်စွာ ပြုမူလိုက်နိုင်သလို ကိုယ်ချင်းစာတရားဆိုတဲ့ လောကကျင့်ဝတ်ကို မေ့သွားစေတတ်ပါတယ်။ဒီစီးရီးလေးက အိန္ဒိယနိုင်ငံရဲ့ကြမ္မာငင်တဲ့နေ့လေး တစ်နေ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ၁၉၉၇ခုနှစ် ဇွန်လ ၁၃ရက်နေ့က အပ်ဟာရုပ်ရှင်ရုံအကြီးအကျယ် မီးလောင်မှုဖြစ်စဉ်ထဲမှာ လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ဒီအမှုဟာ သူကြွယ်ကြီးတွေနဲ့ ကြမ္မာငင်ခဲ့တဲ့ကလေးမိဘတွေအကြား နှစ်ပေါင်း၂၀ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးပါပဲ။ပိုက်ဆံရှိတယ်ဆိုတိုင်း ငွေဂုဏ်မောက်ပြီး ဘာမှတာဝန်ယူမှု တာဝန်သိမှုမရှိတဲ့ လူကုံထံတွေ အကြောင်းဆိုလည်း မမှားလောက်ပါဘူး။ကဲ ဆိုတော့ ရှုစားပေးကြပါဦးနော်။Quality : 1080p NFWEB DL  / 720pTotal Episodes : 7EpsFormat : mp4Genres : Crime , Drama , MysteryDuration : ...
6.333
TMDb: 6.333/10 6 votes
tv

Trial By Fire(2023)

2023
Tulsa King (2022) 8.4
Tulsa King (2022) Tulsa King (2022)==============IMDb Rating - 8.4/10မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီး အသစ်တစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Paramount+က​နေ အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77% ရထားပါတယ်။ ​Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအို​သေးဆိုတဲ့ လက်သီးစွမ်း​တွေကို တဝကြီး​တွေ့ရဦးမှာပါ။Dwight Manfrediဆိုတဲ့ နယူး​ယောက်မြို့က မာဖီးယားဘဲကြီးဟာ ​ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့​အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ​ ခေါ်မထားချင်​တော့ဘဲ နယ်ဘက်​ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့​လေးကို နှင်ထုတ် ခံလိုက်ရတဲ့ Dwightတစ်​ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့က​​နေ တစ်ကတဖန်ပြန်စပြီး တစ်စင်​ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု ဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။ မာဖီးယား ဖြစ်တာနဲ့အညီ အ​ပြောကလည်း ​သွေး​အေးသလို လက်သံကလည်း အ​တော်​ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်​တွေရော၊ Crime စီးရီး ကြိုက်သူ​တွေ​ရော သ​ဘောကျကြမှာပါ။တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး cmမှ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။)File Size.............(300 MB) / (600 MB) Quality...............WEB-DL ...
8.4
TMDb: 8.4/10 4000 votes
tv

Tulsa King (2022)

2022
Dangerous Liaisons (2022) 7.4
Dangerous Liaisons (2022) Dangerous Liaisons (2022)1782 မှာ Les Liaisons Dangereuses (Dangerous Liaisons) ဆိုတဲ့ ပြင်သစ်ဝတ္ထုထွက်ခဲ့ပါတယ်။ ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ ခေတ်စကားနဲ့ပြောရရင် Battle of the exes လို့ပြောရမှာပါပဲ။ ပြင်သစ် အထက်တန်းလွှာက ပြတ်ဆဲသွားတဲ့ exနှစ်ယောက်အားပြိုင်မှုပေါ့။ သူတို့ကြားက မပြတ်တပြတ်အချစ်တွေ မပြင်းတပြင်းအမုန်းတွေနဲ့ ရမ္မက်တွေ အားပြိုင်တဲ့ကစားပွဲမှာ ဘေးကရှိသမျှလူတွေပါ နယ်ရုပ်တွေလိုအသုံးချခံရတဲ့... မာယာတွေလှည့်စားမှုတွေညှို့ငင်မှုတွေကြီးစိုးတဲ့ ဇာတ်လမ်းမျိုး။Dangerous Liaisons ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေပြဇာတ်တွေလဲ အများကြီးထွက်ခဲ့ပါသေးတယ်။ အဲထဲက တစ်ကားကတော့ လူငယ်တွေနဲ့ရင်းနှီးပြီးသား Cruel Intentions ပါ။ အခုဒီ seriesကိုတော့ ဝတ္ထုရဲ့ Prequel လို့ခေါ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ စီးရီးမှာ သူတို့ရဲ့အထက်တန်းလွှာမရောက်ခင်ကအခြေအနေ၊ သူတို့ဘယ်လိုချစ်သူတွေဘာဖြစ်ခဲ့တယ်၊ ဘာလို့ဒီလောက်အငြှိုးတွေသံယောဇဥ်တွေကြီးနေရလဲဆိုတာတွေကနေ စတင်ကြည့်ရှူရမှာပါ။ Period Drama တွေရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့ခ်လှလှလေးတွေရယ် ခမ်းနားထည်ဝါတဲ့အပြင်အဆင်တွေရယ်အပြင် ပြင်သစ်တော်လှန်ရေးမတိုင်ခင်ခေတ်က လူကုံထံအသိုင်းအဝိုင်းရဲ့ခမ်းနားမှုပျက်ယွင်းမှုတွေကိုမြင်ရဦးမယ့်ဇာတ်လမ်းကောင်းပါပဲ။ Review Page တစ်ခုရဲ့ရေးသားချက်ကိုမှီငြမ်းပြောရရင် ဒီစီးရီးက Game of Throne ကို ပိုးဖဲဝတ်စုံတွေဝတ်ပေးထားပြီး ဓားတွေအစားစကားလုံးတွေနဲ့ လူတွေအစားသိက္ခာတွေကိုသတ်ကြမယ့် တိုက်ပွဲတစ်ခုပါပဲ။အပတ်စည် ...
7.4
TMDb: 7.4/10 7 votes
tv

Dangerous Liaisons (2022)

2022
Love Catcher in Bali (2022) 9
Love Catcher in Bali (2022) Love Catcher in Bali (2022)Variety Show ပရိသတ်တွေအတွက် CM က ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် show လေးကတော့ November 18 ရက်နေ့က စတင်ထုတ်လွှင့်လိုက်တဲ့ Love catcher in Bali ဆိုတဲ့ dating show လေးပဲဖြစ်ပါတယ်။ ဒီ show ရဲ့ concept ကတော့ ပါဝင်တဲ့ပြိုင်ပွဲဝင်တွေဟာ အချစ်နဲ့ ငွေ ဘယ်ဟာကို ရွေးချယ်မလဲဆိုတဲ့ စိတ်ကိုစမ်းသပ်တဲ့ ဂိမ်းတွေကို ရင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်။ အစီအစဉ်မှာ ပါဝင်တဲ့ ဂိမ်းတွေကို ယှဉ်ပြိုင်ရင်း ဘယ်သူကတော့ ငွေကိုရွေးချယ်သွားပြီး ဘယ်သူကတော့ အချစ်စစ်ကို ရှာဖွေနိုင်သွားမလဲဆိုတာကို မြင်တွေ့ရမယ့် ရသစုံ Dating show လေးတစ်ခုပါပဲ။ Love catcher show ဟာ ဒါနဲ့ဆိုရင် season 4 ခုမြောက်ရှိသွားပြီဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ အရင်အပိုင်းတွေနဲ့မတူဘဲ ဘာလီဆိုတဲ့ အင်ဒိုနီးရှားက ကျွန်းစုလေးမှာ ရိုက်ကူးထားပါတယ်။ အချစ်ပုံပြင်တို့စတည်ရာ ဘာလီကျွန်းလေးမှာ ပါဝင်သွားမယ့် ...
9
TMDb: 9/10 1 votes
tv

Love Catcher in Bali (2022)

2022
Beast of Bangalore: Indian Predator (2022) 6
Beast of Bangalore: Indian Predator (2022) Beast of Bangalore: Indian Predator (2022) ================================IMDb (6.1/10)ဖြစ်ရပ်မှန်ရာဇဝတ်မှုအကြောင်းအရာတွေကိုရိုက်ကူးပြထားတဲ့ ဒီ docuseries ရဲ့ ဒီတစ်ခေါက်အကြောင်းအရာကတော့ Bangalore က အမျိုးသမီးတွေရဲ့ လုံခြုံမှုမရှိတဲ့ ချောက်ချားဖွယ်ရာအမှောင်ယံနေ့ရက်တွေ နဲ့ ဒီလိုအားနွဲ့တဲ့အပြစ်မဲ့အမျိုးသမီးတွေကို စော်ကားပြီး ရက်ရက်စက်စက်သတ်ဖြတ်ပစ်တဲ့ သားရဲကောင်တစ်ကောင်ရဲ့အကြောင်းပါ။ဆယ်ကျော်သက်၊ အပျိုအရွယ်၊ ကိုယ်ဝန်သည်၊ မုဆိုးမ စတဲ့ ၁၈ ယောက်သောအမျိုးသမီးတွေအပေါ် ရက်စက်ခဲ့ပြီး သူ့ကိုမဖမ်းမိမချင်း စိတ်အေးလက်အေးမနေနိုင်လောက်အောင်ယုတ်မာခဲ့တဲ့ သားရဲကောင်က တကယ်တော့ ပြည်သူတွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့ ရဲဝန်ထမ်း Umesh Reddy ပါ။ဘာအကြောင်းအရင်းကြောင့် သူ ဒီလိုတွေလုပ်ခဲ့ရတာလဲ .. ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်ကြီးရဲ့ နောက်ဆုံးဇာတ်သိမ်းကဘာဖြစ်မလဲ .. တကယ့်ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို မှတ်တမ်းရုပ်ရှင်သဖွယ်ပြန်ဖန်တီးပြထားတာမို့ ရာဇဝတ်မှုအကြောင်းတွေကို စိတ်ဝင်စားသူတို့အဖို့ ကြက်သီးတထထနဲ့ကြည့်လို့ကောင်းဦးမှာအသေအချာပါပဲ။File Size –1GB / 500MBQuality – 1080p NF WEB DL AAC5.1CH / 720pDuration – minute (@Episode)Total Episodes: 3EpsSubtitle – Myanmar ...
6
TMDb: 6/10 2 votes
tv

Beast of Bangalore: Indian Predator (2022)

2022
Willow (2022) Season 01 Complete 6
Willow (2022) Season 01 Complete Willow (2022) Season 01 Complete ~ Rotten Tomatoes - 84%, Metacritic - 70% ~ 1988 မှာတုန်းက Star Wars ယူနီ‌ဗာ့စ်ရဲ့ဖခင်ကြီး George Lucas ရဲ့ဇာတ်လမ်းကို Ron Howard ကရိုက်ပြီး မှော် Fantasy ယူနီဗာ့စ်တစ်ခုအ‌နေနဲ့ Willow ဆိုပြီး ရိုက်ခဲ့ပါတယ်။ Warwick Davis, Val Kilmer နဲ့ Joanne Whalley တို့လို Cast အလန်းတွေကိုသုံးပြီးကို ရိုက်ခဲ့တာပါပဲ။ လူပြောသူပြောများလောက်တဲ့ ပေါက်ခဲ့တာတော့မဟုတ်ပေမဲ့ ဆိုးတော့မဆိုးသွားဘူးပြောရမှာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းဟာ အများကြီးလာဖို့ရှိသေးပေမဲ့ ကလေးလေးမွေးပြီးစမှာတင် ဘာမှဆက်မဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။ လူးကတ်စ်ကလည်း ဒီဇာတ်လမ်းကို ဆက်အသက်သွင်းချင်ပါတယ်။ Solo: A Star Wars Story ကားရိုက်ကွင်းကို လူးကတ်စ်သွား‌တော့ Lawrence ...
6
TMDb: 6/10 16 votes
tv

Willow (2022) Season 01 Complete

2022
Marriage Not Dating(2014)[Complete] 7.7
Marriage Not Dating(2014)[Complete] Marriage, Not Dating(2014)*************************အပိုင်း(၁ မှ ၁၆ ) အထိ စ/ဆုံးဘဝအမောတွေပြေစေချင်ရင်တော့ ဒီစီးရီးလေးကြည့်ဖို့ ညွှန်းချင်ပါတယ်..ဟွန်းဒုံဆိုတဲ့လူငယ်ဟာ သူဌေးသားလည်းဖြစ်လုပ်ငန်းရှင်လည်းဖြစ်ရုပ်ရည်လေးလည်းနည်းပါးရှိတော့ ကောင်မလေးတွေဝိုင်းဝိုင်းလည်လို့ပေါ့..သူကတော့ စိတ်အပန်းဖြေဖို့လောက် ကောင်မလေးတွေနဲ့တွဲတာပေါ့...ဒီလိုနဲ့တစ်နေ့တော့ သူ့ကိုအတည်သဘောကျပြီး လက်ထပ်ချင်တဲ့ကောင်မလေးနဲ့ဆုံခဲ့ရတယ်..ဒီတော့သူက ဒီဆက်ဆံရေးကြီးကိုဖြတ်ချင်တော့သူတို့အတွဲပြတ်ဖို့အရေး သူငယ်ကြီးအရင်းကြီးဖြစ်တဲ့ ဂီထယ်ကိုအကူအညီတောင်းပါတယ်..အဲ့ဒီနောက် ဆရာကြီး ဂီထယ်က အတွဲကြားပြတ်စဲဖို့ ဝင်ကူညီရာကနေ အလွဲပေါင်းများစွာဖြစ်လာပါတော့တယ်..ခံစားကြည့်ကြပါဦး..... Episodes: 16File Size:1.3GB, 500MBQuality :Web-DL NF 1080p,720PGenres:Comedy, Romance, DramaTranslated by  Yee Wai, Yumeko, Hnin Wai Oo & WinEncoded by  Phyo Pyae  >>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]    ...
7.7
TMDb: 7.7/10 7 votes
tv

Marriage Not Dating(2014)[Complete]

2014

Genres

Archives