Channel Myanmar

New releases (2025)

Content at random


TV Series

Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023) Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုး‌သမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အ‌လျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...

Jaanbaaz Hindustan Ke (2023)

2023
Super Junior: The Last Man Standing (2023) 10
Super Junior: The Last Man Standing (2023) Super Junior : The Last Man Standing (2023)မရေတွက်နိုင်တဲ့‌ အောင်မြင်မှုသမိုင်းတွေရေး‌ဆွဲခဲ့ကြတဲ့ Super Junior နဲ့အတူတူ E.L.F တွေအနေနဲ့ အမှတ်တရခရီးတွေဆီကို နယ်ချဲ့နိုင်ပြီး အမျိုးမျိုးသောခံစားချက်တွေကိုယူ‌ဆောင်လာမယ့် The Last Man Standing documentary လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အချိန်အကြာကြီးအတူတူရှိလာခဲ့ကြတဲ့ Super Junior အဖွဲ့ဝင်တွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုတွေကို သေချာကြီးမြင်တွေ့ရမှာဖြစ်ပြီးတော့ အမှတ်တရတွေကို ပြန်လည်‌သတိရမိစေနိုင်မှာလည်းဖြစ်ပါတယ်။Super Junior စတင်ရာက‌နေ အခုအချိန်အထိ အတူတူ ကျော်ဖြတ်ခဲ့ကြတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အခက်အခဲတွေကို မျှဝေခံစားနိုင်မယ့် Documentary ကောင်းလေးတစ်ခုမို့ ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Documentary Quality…. 720p | 480p File size… 1.1GB | 525MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv

Super Junior: The Last Man Standing (2023)

2023
Missing: The Other Side S02 (2022) [Complete] 6.714
Missing: The Other Side S02 (2022) [Complete] Missing: The Other Side S02 (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)Season 1တုန်းကလူကြိုက်များခဲ့တဲ့missing the other side series လေးက season 2 ပြန်လာပါပြီ။ဒီseasonမှာတော့ ပျောက်ဆုံးဝိညာဉ်တွေနေတဲ့ ဆမ်ဂုန်ဒန်ဆိုတဲ့ရွာအပေါ်အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Season 1မှာတုန်းက ရဲဘော်၃ဖော်ဖြစ်တဲ့ ဂင်ဝူ၊ဦးလေးကြီးဂျန်ဖန်ဆော့၊ဂျူံအာတို့အပြင် စုံထောက်ရှင်းဂျွန်ဟိုလည်းပါဝင်လာပြီး ဝိညာဉ်တွေရဲ့ ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်တွေကိုရှာပြီး သူတို့ရဲ့ သေဆုံးမှုတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်လို့ သဘာဝလွန် စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။Missing the other side season 2 ကို တနင်္လာ၊အင်္ဂါညတိုင်း channel myanmar က ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။(အညွှန်းကိုတော့ HNDA က ရေးပေးထားပါတယ်။)Aired: Dec 19, 2022 Aired On: Monday, Tuesday Genres: Thriller, Mystery, Supernatural Duration: 60mins Episodes: ...
6.714
TMDb: 6.714/10 7 votes
tv

Missing: The Other Side S02 (2022) [Complete]

2022
Ruler: Master of The Mask (2017) [Complete] 7
Ruler: Master of The Mask (2017) [Complete] Ruler: Master of The Mask (2017) [အစ-အဆုံး]အပိုင်း ၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)မင်းဆက် အဆက်ဆက်ကို အဆိပ်ခတ်ပြီး ထိန်းချုပ်ထားတဲ့ ဖြောင်းဆူအဖွဲ့ ... သားဖြစ်သူကို သူ့လို အသုံးမကျတဲ့ ဘုရင် မဖြစ်စေချင်တဲ့ မင်းကြီး ... ငယ်ငယ်ကတည်းက အသက်ဘေးကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ပြီး ကြီးလာတဲ့အခါမှာ ဖြောင်းဆူ အုပ်စုကို အမြစ်ဖြတ်ပြစ်ဖို့ စိတ်အားထက်သန်တဲ့ အိမ်ရှေ့စံမင်းသားလေး အီဆွန်း ...တစ်ခု ထူးခြားတာက အိမ်ရှေ့စံမင်းသားလေး အီဆွန်းက ငယ်စဉ်ကတည်းက မျက်နှာဖုံးတပ်ပြီး ကြီးပြင်းခဲ့ရပြီး သူ့ရဲ့ မျက်နှာကို မြင်ဖူးသူမှန်သမျှ သုတ်သင်ရှင်းလင်းခြင်း ခံရပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့မျက်နှာကို မြင်ဖူးတဲ့သူဆိုလို့ သူ့အနီးဝန်းကျင်က လူယုံအကိုတော်နဲ့ ချောင်းဝန်း နဲ့ သူ့ရဲ့ ခမည်းတော်နဲ့ မယ်တော် နှစ်ပါးသာရှိပါတယ်။မင်းဆက် အဆက်ဆက်ကို ထိန်းချုပ်နိုင်တဲ့အထိ အင်အားကြီးမားလွန်းတဲ့ ဖြောင်းဆူအဖွဲ့ ရဲ့ ...
7
TMDb: 7/10 13 votes
tv

Ruler: Master of The Mask (2017) [Complete]

2017
Between Us (2022) 7.0
Between Us (2022) ဝင်း အဖြစ် Boun Noppanut Guntachai ထင်းမ် အဖြစ် Prem Warut Chawalitrujiwong ဒင် အဖြစ် Ohm Thitiwat Ritprasert ဖမ် အဖြစ် Fluke Natouch Siripongthon ဖရစ် အဖြစ် Bosston Suphadach Wilairat မနောင် အဖြစ် Samantha Melania Coatesဒီစီးရီးမှာဆိုရင် ရေကူးအသင်းကဒုဥက္ကဌ "ဝင်း "ဆိုတဲ့တတိယနှစ်ကျောင်းသားနဲ့ "ထင်းမ်" ဆိုတဲ့ ပထမနှစ်ကျောင်းသားအကြောင်းကိုတွေ့မြင်ရမှာပါဒီစီးရီးဟာ အရင်ပြီးခဲ့ "Until we meet again" စီးရီးနဲ့အဆက်အစပ်တွေရှိနေပါလိမ့်မယ်ထင်းမ်ဟာ ရေကူးပညာသင်ဆုရကျောင်းသားဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမရှိခဲ့ပါဘူးကြောက်စိတ်တွေရှိနေခဲ့ပါတယ်ဝင်းကတော့ အရမ်းခန့်ပြီးပါးနပ်တဲ့ရေကူးအသင်းကဒုဥက္ကဌလေးပေါ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ထင်းမ် ရေကူးအသင်းဝင်ဖို့သွားလျှောက်ရာကနေ စတင်ခဲ့ရင်း ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ စီးရီးထဲမှာကြည့်ရအောင်နော်🔥ဒီစီးရီးကိုမျှောလင့်နေတဲ့သူတွေအတွက်တော့ အပိုင်း ၁ နဲ့တင် အရမ်းကိုတန်နေပါပြီ 🌚( အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )Translated by Kyi Nue ...
7.0
TMDb: 7.0/10 votes
tv

Between Us (2022)

2022
The Rig (2023) Season 01 Complete 7
The Rig (2023) Season 01 Complete The Rig (2023) S01 Complete Amazon Prime က ထွက်ရှိထားပြီး GoT ထဲက Jorah Marmont မင်းသားကြီး Iain Glen အဓိကပါဝင်ထားတဲ့ Sci-Fi Thriller စီးရီးတစ်ခု တင်ဆက်​ပေးလိုက်ပါတယ်။ စ​ကော့တစ်ရှ် ကမ်းလွန်​​ဒေသရှိ ​ရေနံတူးစင်တစ်ခုမှာ အလုပ်လုပ်​နေတဲ့ ရေလုပ်သား​တွေဟာ တာဝန်ပြီးဆုံးချိန် ကမ်းပေါ်ရှိ အိမ်ကိုပြန်နိုင်ဖို့ လာကြိုမယ့် ရဟတ်ယာဉ်ကို​စောင့်ဆိုင်း​နေချိန် ဘယ်ကမှန်းမသိတဲ့ မြူခိုးတွေ ရုတ်ချည်းအုံ့ဆိုင်းလာပြီး ရဟတ်ယာဉ်လာမရတဲ့အ​ခြေအ​နေနဲ့ ​ရေနံတူးစင်မှာပဲ ပိတ်မိသွားပါ​တော့တယ်။ အဲဒီမြူ​တွေက ​ပုံမှန်မြူ​တွေမဟုတ်ဘဲ သူတို့ကို ပုံစံမျိုးစုံနဲ့ ဒုက္ခ​ပေးလာတဲ့အခါ အလုပ်သမား​တသိုက် ဒီမြူထုကြားအသက်ဆက်ရှင်နိုင်မှာလား၊ ဒီမြူ​တွေက ဘယ်လိုထွက်လာတာလဲ၊ သွေးရိုးသားရိုးဖြစ်ပါ့မလား၊ မြူ​တွေကြားမှာ ဘယ်လိုအရာ​မျိုးတွေရှိ​နေမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ X ပဲဖြစ်ပါတယ်) Size ~ 500MB+ Total - 6 Episodes Quality – 720p Duration ~ ...
7
TMDb: 7/10 47 votes
tv

The Rig (2023) Season 01 Complete

2023
The Legend of Dancing Prince ( 2013 ) 6.5
The Legend of Dancing Prince ( 2013 ) “ခန်းနားကြီးကျယ်လွန်းလှတဲ့ ယဥ်ကျေးမှု အမွေအနှစ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိနိုင်တဲ့ ကြီးမားလှတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကတော့ ရှိစမြဲပါပဲ”ပျူနိုင်ငံတော်(ရှေးခေတ်မြန်မာနိုင်ငံတော်) ရဲ့ ဘုရင်ဟာ ပျူမင်းသား သုနန္ဒ ဦးဆောင်တဲ့ ပျူနိုင်ငံတေးဂီတအဖွဲ့ကို စေလွှတ်ပြီး ပြည်သရေခေတ္တရာမြို့တော်မှတစ်ဆင့် ချန်အန်းမှာရှိတဲ့ ထန်မင်းဆက်နန်းတော်ကို ဖျော်ဖြေစေဖို့ စေလွှတ်ခဲ့ပါတယ် စေလွှတ်ရခြင်းရဲ့ အကြောင်းပြချက်ကတော့ ထန်မင်းဆက်နဲ့ ဆက်ဆံရေး အဒွန့်ရှည်စေဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် ကူညီနိုင်စေဖို့ အတွက်ပါသုနန္ဒဒီတာဝန်ကို ထမ်းရွက်နေစဥ်အတွင်းမှာ ခရီးစဥ်က ဖျောင့်ဖြူးခြင်းမရှိခဲ့ပါဘူး သုနန္ဒ မင်းနေပြည်တော်ကနေပြီး ထွက်သွားတာကို အခွင့်အကောင်းယူကာ ပျူနိုင်ငံတော်ရဲ့ စစ်သူကြီးဖြစ်သူ ကျားလော်နက အရှင်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ပြီး ထီးနန်းကို အပိုင်သိမ်းယူဖို့ ကြံစည်နေခဲ့တာပါဒါပေမဲ့လို့ စစ်သူကြီးရဲ့ မွေးစားသားဖြစ်သူ စူးကျွယ်ဟာ သုနန္ဒနဲ့ ညီအစ်ကိုလို ခင်မင်နေခဲ့တာကိုတော့ သူမသိရှာခဲ့ပါဘူး စူးကျွယ်ဟာ သုနန္ဒကို မွေးစားအဖေရဲ့ အစီအစဥ်တွေကို ပြောပြလိုက်ပြီးနောက်မှာတော့ သုနန္ဒဟာ စူးကျွယ်ကို မိမိအနေနဲ့ ဟန်ဆောင်ခိုင်းခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့ထဲကို လိုက်သွားစေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ ကြာပန်းလိုလှပ နူးညံ့လှတဲ့ မိန်းမပျိုလေး ယင်းမာစန္ဒီရဲ့ နူးညံ့လှတဲ့လှတဲ့ ပုံပန်းသွင်ပြင်နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု သိုဝှက်ထားတယ်ဆိုတာ ဘယ်သူကမှ မသိခဲ့ပါဘူး အခက်အခဲများစွာ အတားအဆီးပေါင်းများစွာကို ဖြတ်သန်းပြီး ချန်အန်းကို ရောက်တဲ့အခါမှာတော့ -❏ ...
6.5
TMDb: 6.5/10 2 votes
tv

The Legend of Dancing Prince ( 2013 )

2013
11.22.63 (2016) Complete 7.8

11.22.63 (2016) Complete

2016
Lockwood & Co. (2023) 8.1
Lockwood & Co. (2023) Lockwood & Co. (2023) ================== IMDb Rating - 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ဇာတ်လမ်းအညွှန်း - ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး ...
8.1
TMDb: 8.1/10 81 votes
tv

Lockwood & Co. (2023)

2023
Elves (2021) 7
Elves (2021) Elves (2021)မြို့ပြရဲ့မွန်းကြပ်မှုတွေနဲ့ဝေးရာ လူသူအရောက်အပေါက်နည်းတဲ့ အာမန်ဆိုကျွန်းပေါ်ကို ခရစ်စမတ်ပိတ်ရက်ပျော်ပွဲစားလာကြတဲ့ မိသားစုလေးဟာ အေးဆေးဖြတ်သန်းချင်လို့ ကျွန်းပေါ်ကိုလာပါတယ်ဆိုမှ ခရီးအစမှာတင်ပျားအုံတုတ်ထိုးမိလို့  ဒုက္ခနဲ့လှလှ ပေါင်းဖက်သွားလေရဲ့။ခြံစည်းရိုးနဲ့တောင်ကာရံထားရတဲ့ဖြစ်ရပ်ဆန်းကြယ်သတ္တဝါတွေ။ ဆယ်ကျော်သက်လေးတွေရဲ့ထုံးစံအတိုင်း ကောင်မလေးရဲ့ တစ်ဇွတ်ထိုးဆန်မှုကြောင့် ပိုပိုဆိုးလာတဲ့ကိစ္စတွေ။ ဒေသခံကျွန်းသားတွေရဲ့ကိုးကွယ်ယုံကြည်မှုတွေ။ အလည်အပတ်လာတဲ့မိသားစုရဲ့မသိလိုက်တဲ့အမှားကြောင့် ပေးဆပ်လိုက်ရတဲ့တန်ဖိုး။ အသီးမစားအသားစား နွားတစ်ကောင်ကိုတောင်ယဇ်ပူဇော်ပေးရတဲ့မကောင်းဆိုးဝါးနတ်သူငယ်တွေ။ ကြမ်းကြုတ်လှတဲ့ဒီနတ်သူငယ်တွေကြားမှာ ဘယ်လိုရုန်းကန်ရှင်သန်မလဲ။ ဒီလိုဒီလိုကိစ္စတွေကြား ဘယ်လိုဆက်ဖြစ်မလဲဆိုပြီး စောင့်ကြည့်ရမယ့် Horror series လေးပါ။စဆုံး ၆ ပိုင်းပဲ ရှိမှာမို့ စိတ်အေးလက်အေးနဲ့ ကြည့်လို့ရတဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Sci-fi & Fantasy Quality…. 1080p | 720p File size… 500MB | 250MB Format… mp4 Duration…. 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August720pEpisode 01 - Userdrive | YoteShin | Megaup | Streamsb ...
7
TMDb: 7/10 187 votes
tv

Elves (2021)

2021
Shahmaran (2023) 2
Shahmaran (2023) Shahmaran (2023)မြွေတစ်ပိုင်းလူတစ်ပိုင်းဒဏ္ဍာရီဆိုတာ အာရှနိုင်ငံတွေမှာအများဆုံးရှိသလို အဲဒီဒဏ္ဍာရီတွေပေါ်အခြေခံတဲ့မြွေကားတွေကလဲ တစ်ခေတ်တစ်ခါကပရိတ်သတ်ကြားမှာတော်တော်ရေပန်းစားခဲ့တာပါ။အခုထွက်ရှိလာတဲ့ တူရကီမြွေဇာတ်လမ်း Shahmaran ကလဲ ပရိသတ်ကြားမှာအကြိုက်တွေ့ကြဦးမယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် Shahmaran ရှာမရန်း ဒဏ္ဍာရီလေးကိုပြောပါဦးမယ်။ မူကွဲတွေရှိပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ ရှာမရန်းက လူတစ်ပိုင်းမြွေတစ်ပိုင်း မြွေဘုရင်မပါ။ သူကမြွေတွေနဲ့အတူမြေအောက်မှာနေတယ်ပေါ့။ တစ်နေ့တော့လမ်းပျောက်ပြီးရောက်လာတဲ့ လူသားနဲ့ချစ်ကျွမ်းဝင်မိတယ်။ သူက လူသားကို ဆေးပညာရပ်တွေ သင်ကြားပေးခဲ့တယ်လို့ဆိုတယ်။ နောက်တော့ လူသားက မြေပေါ်ကိုပြန်သွားခဲ့တယ်။ ရှာမရန်းကလဲ သူ့အကြောင်းဘယ်သူ့ကိုမှ အသိမပေးဖို့မှာလိုက်တယ်။ လူသားက အစကတော့ကတိတည်ပါတယ်။ ဒါပေမဲ့သူတို့တိုင်းပြည်ကဘုရင် နာမကျန်းဖြစ်ပါရော။ အမတ်တွေကပြောတယ် ရှာမရန်းအသားကိုစားရင်ပြန်ကျန်းမာမယ်ပေါ့။ အဲမှာလူသားကလဲ ရှာမရန်းရဲ့နေရာကိုပြောပြလိုက်တယ်။ ရှာမရန်းကဖမ်းခံရချိန်မှာ "ငါ့အသားကိုဘုရင့်ကိုကျွေး ငါ့အူကလီစာတွေကို အမတ်တွေကိုကျွေး" လို့ပြောခဲ့တယ်။ ဘုရင်ကကျန်းမာသွားပေမယ့် အမတ်တွေကတော့သေသွားခဲ့တယ်ပြောတယ်။ လူသားကတော့နောင်တရားတွေနဲ့အတူ ရှာမရန်းသင်ကြားပေးထားတဲ့ ဆေးပညာကိုဆက်လက်အသုံးချကူညီပေးမှုတွေလုပ်သွားခဲ့တယ်ပြောတယ်။ ဒီဇာတ်လမ်းမှာတော့ ရှားစုဆိုတဲ့မိန်းကလေးက သူ့အမေကိုငယ်ငယ်ထဲကထားသွားခဲ့တဲ့ သူ့အဖိုးဖြစ်သူကိုလိုက်ရှာရင်း မြို့တစ်မြို့ကိုရောက်လာပါတယ်။ ဒီမြို့မှာ သူ့ကိုနှစ်ပေါင်းများစွာအရင်ထဲက ကြိုတင်စောင့်ဆိုင်းနေတဲ့ လူတစ်စုနဲ့ဆုံရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ မူလ ရှာမရန်းဇာတ်လမ်းနဲ့ရော ဘယ်လိုတွေပတ်သက်မှုရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်အစအဆုံး ၈ ပိုင်း ရှိပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
2
TMDb: 2/10 1 votes
tv

Shahmaran (2023)

2023
3 Cs (2022)
3 Cs (2022) 3 Cs (2023)IMDb 6.6 Choices, Chances, Changes ဒီ C သုံးလုံးနဲ့ Hyderabad ကလူသုံးယောက် ငယ်ငယ်တည်းကသူငယ်ချင်းပေမဲ့ | C တစ်လုံးချင်းစီနဲ့ဘဝကိုရှေ့ဆက်နေသူတွေ ... ဘော့ဆိုတာက Andaman ကျွန်းရဲ့ သခင်လိုပေါ့ လူတိုင်း ရဲတွေကအစဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ စိန်မှောင်ခိုဆရာကြီး မကျေနပ်တဲ့ကောင်ရှိရင် တွေ့ရာပစ်သတ်တတ်တဲ့သူ..တစ်နေ့ Hyderabad က ကလပ်တစ်ခုမှာ‌တွေ့ရင်း မိတ်ဆွေဖြစ်သွားတဲ့သူငယ်ချင်းငါးယောက်..အမူးလွန်ပြီး အိပ်ပျော်သွားရာကနိုးလာတော့ သူတို့ထဲက သူငယ်ချင်း၂ယောက်ကပျောက်နေလေရဲ့ပြီးတော့ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာရဲ့အလယ် အပျော်စီးသင်္ဘောပေါ်ရောက်နေပြီး အဲဒါကလည်း ဘော့ကြီးစိုးနေတဲ့ Andaman ကျွန်းပိုင်ထဲမှာ ..ညကမှ Hyderabad မှာရှိခဲ့ကြတဲ့သူတို့ မိုးလင်းတော့ သမုဒ္ဒရာထဲရောက်နေတဲ့ကိစ္စကို လိုက်မေးမြန်းရင်း နောက်ဆုံး ဘော့အိမ်က‌စိန်ကိုမူးမူးနဲ့ခိုးထားမိမှန်းသိလိုက်ရချိန်မှာတော့... တွေ့ရာသင်္ချိုင်းဓားမဆိုင်းတတ်တဲ့ဘော့နဲ့ သူတို့တွေဘယ်လိုရှေ့ဆက်ကြမလဲ ပျောက်နေတဲ့သူငယ်ချင်း၂ယောက်ကိုရော ဒီကျွန်းပေါ်မှာ ဘယ်လိုတွေရှာပုံတော်ဖွင့်မလဲဆိုတာ အခွီတစ်သိုက်နဲ့ကြည့်ရှုလိုက်ကြပါဦးQuality : 1080p / 720pTotal Episodes : 6EpsFormat : mp4Genres : DramaDuration : 29minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ ...

3 Cs (2022)

2022
Gangs of London (2020)+ Season(2) 9.1
Gangs of London (2020)+ Season(2) IMDb Rating - 8.5/10TMDp Rating - 9.1/10 #Unicodeလန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းကြီးတွေ အကြောင်း ဇာတ်လမ်းဆင်ထားတဲ့ စီးရီးတစ်ခု ထွက်လာပါပြီ။  စုစုပေါင်း ၉ ပိုင်း ရှိပါတယ်။နေ့စဉ်တင်ဆင်ပေးသွားမှာပါ။ ဒီစီးရီးကတော့ ပိကီ ဘလိုင်ဒါ တို့ ဂေါ့ဖားသားတို့လို သွေးအေးအေး ရက်စက်တဲ့ စတိုင်မျိုးမဟုတ်ပါဘူး။ ဒါရိုက်တာကိုက Raid ရုပ်ရှင်ကို ရိုက်ခဲ့တဲ့သူဖြစ်လို့ အက်ရှင် အသားပေးပါတယ်။ Raid ရဲ့ အများနဲ့ တစ်ယောက်ရက်ရက်စက်စက်တွေ ချတဲ့ အငွေ့အသက်မျိုးတွေ ပါပါတယ်။ စတန့်နည်းပြတွေကလည်း Bourne ရုပ်ရှင်တွေလို အက်ရှင်အကြမ်းတွေမှာ ပါခဲ့တဲ့လူတွေပါပဲ။ဇာတ်လမ်းအကျဉ်း …----------------------လန်ဒန်မြို့ရဲ့ လူဆိုးဂိုဏ်းအားလုံးဟာ ဝဲလေ့ မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်ကြရပါတယ်။ တစ်နေ့မှာတော့ဝဲလေ့မိသားစုရဲ့ ခေါင်းဆောင် ဖင်း ဝဲလေ့ လုပ်ကြံခံရပြီး သူ့နေရာကို ဆက်ခံဖို့ သားဖြစ်သူ ရှောင်ဝဲလေ့က နန်းတက်လာပါတော့တယ်။ အဲဒီမှာ ဂိုဏ်းပေါင်းစုံက ...
9.1
TMDb: 9.1/10 16 votes
tv

Gangs of London (2020)+ Season(2)

2020
Club Friday the Series 14: 3 of Us (2023) 7.5
Club Friday the Series 14: 3 of Us (2023) "တတိယလူ"Main Casts ထီယူအဖြစ် (Golf Anuwat) မေ အဖြစ် (Chippy Sirin) အတွန်မ် အဖြစ် ( Yin Anan)အချစ်ရေးတစ်ခုမှာ အမြဲတမ်းကံဆိုးပြီး တတိယလူသာဖြစ်နေခဲ့သော" မေ" (Chippy) ဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ရှိအမျိုးသားဖြစ်တဲ့"ထီယူ" (Golf) ဆိုသူနဲ့ဖောက်ပြန်ခဲ့ပါတယ်အချစ်ဆိုတဲ့ခေါင်းစဥ်တစ်ခုအောက်မှာ အရာရာကိုလျစ်လျူရှုပြီး ထီယူ အလိုကျအကုန်လိုက်လျောပြီးနေခဲ့ပေမယ့်လည်း အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ဟာ သူမအပေါ်အချိန်တွေလုံလောက်စွာမပေးနိုင်ခဲ့ချိန်မှာ တော့ မေဟာ သူမရဲ့ပျော်ရွှင်မှုအသစ်ကိုရှာဖွေပါတော့တယ် ဒီလိုနဲ့ ချစ်သူရှိပြီးသားသူတစ်ယောက်ဖြစ်တဲ့ "အတွန်မ်"(Yin) ဆိုသူနဲ့ထပ်တွဲမိကြပြီးနောက် ဘယ်လိုဇာတ်လမ်းတွေရှုပ်ထွေးလာမလဲ???မေတစ်ယောက်ဘာကြောင့် ပိုင်ရှင်ရှိပြီးသားသူတွေနဲ့ပဲဆုံဆည်းနေရတာလဲ ???သူများအချစ်ရေးမှာ တတိယလူအမြဲဖြစ်နေသူဆိုတဲ့ခေါင်းစဥ်အောက်ကိုထပ်မရောက်ဖို့ မေကိုယ်တိုင်ကရော အဲ့လိုစိတ်ဆန္ဒရှိရဲ့လား ??ဆိုတာ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုလိုက်ကြပါစို့ရှင့်( အညွှန်းရေးသားထားသူကတော့ Yoon Mie ပါ )Native Title: คลับฟรายเดย์เดอะซีรีส์ ความรักกับความเชื่อ ตอนมือที่3 Episodes: 4 Aired: Jan 6, 2023 - Jan 27, 2023 Aired On: Friday Original Network: GMM OneTranslated by ...
7.5
TMDb: 7.5/10 votes
tv

Club Friday the Series 14: 3 of Us (2023)

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 8.03
Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 Pennyworth: The Origin of Batman's Butler=====================================Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့်လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက်Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီးလိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလိုခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာAlfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်းဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က ...
8.03
TMDb: 8.03/10 264 votes
tv

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3

2019
My Uncanny Destiny (2023) 2
My Uncanny Destiny (2023) ုရှီမြိုနဲ့ ရှန်ယွဲမြိုဟာ ဘိုးဘေးဘီဘင်လက်ထက်တည်းက စစ်မက် ရန်ဘက်မြိုတွေပေါ့မုရှီမြိုအရှင်ဟာ သားတော်ဖွားမြင်နိုင်ခြင်းမရှိဘဲ ရဲ့ကျောက်နန်လို ခေါ်တဲ့ သမီးတော်လေးသာ ထွန်းကားခဲ့တယ်ဒါကြောင့်လည်း မြိုအရှင်အရိုက်အရာကို ဆက်ခံနိုင်ဖိုအတွက်သမီးဖြစ်သူရဲ့ သရုပ်မှန်ကို ဖုံးကွယ်ကာ ငယ်စဉ်တည်းကယောက်ကျားလေးယောင်ဆောင် ပြုမူနေထိုင်စေခဲ့တယ်ဒီလိုနဲ့ ဖခင်စိတ်တိုင်းကျ ယောကျာ်းလေးဖြစ်ပေးခဲ့တဲ့ ရဲ့ကျောက်နန်ဟာမုရှီမြိုရဲ့ မြိုအရှင်အဖြစ် လက်လွှယူလာခဲ့ပါတယ်တစ်နေ့မှာတော့ ရဲ့ကျောက်နန်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကနေ ခြေချော်ကျကာ ကျင်းဖူမြိုကို ဦးတည်စီးဆင်းနေတဲ့ မြစ်ထဲကိုပြုတ်ကျသွားရာကနေ တစ်ဖန် နန်းတော်ထဲကို မှားယွင်းဝင်ရောက်မိသွားပြီးထိုနန်းတော်ထဲမှာ သူရဲ့ရန်ဘက်ဖြစ်တဲ့ ရှန်ယွဲမြိုအရှင် လျိုရှန်းမင်နဲ့ တွေ့ဆုံခဲ့ရပြန်ပါတယ်အဲဒီနောက် ရဲ့ကျောက်နန်ဟာ မြိုနှစ်မြိုကြားက ရန်စွယ်တွေကို အဆုံးသတ်ပြီးငြိမ်းချမ်းရေး ယူချင်တာကြောင့် သူ့အခြေအနေမှန်ကို ဖုံးကွယ်ပြီးလျိုရှန်းမင်ရဲ့ အစေခံ အဖြစ် ဟန်ဆောင်နေခဲ့တယ်သိုပေမယ့် လူကနေပေမယ့် ပညာကမနေဆိုသလိုပင်အရှင်သခင်သွင်ပြင်ဟာ တဖြည်းဖြည်း ပေါ်လာခဲ့ပါရောအနားမှာရှိနေတဲ့ အစေခံဟာ ရန်ဘက်မြိုရဲ့ အရှင်ဖြစ်တာသိလိုက်တဲ့လျိုရှန်းမင်အနေနဲ့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲလျိုရှန်းမင်မှာရော မြိုနှစ်မြိုကြား ငြိမ်းချမ်းရေးယူချင်တဲ့ ဆန္ဒရှိနေပါ့မလား….အဖြေကိုတော့ ဇာတ်ကားလေးကြည့်ရင်းသာ ဖော်ထုတ်လိုက်ပါ(အညွှန်းရေးသားထားသူကတော့ Chu ဖြစ်ပါတယ်)Quality : ...
2
TMDb: 2/10 1 votes
tv

My Uncanny Destiny (2023)

2023
Taaza Khabar (2023) 6
Taaza Khabar (2023) Taaza Khabar 2023IMDb-8.4/10ဒီတစ်ခါတော့ အိန္ဒိယရဲ့ပထမဆုံး subscriber 10 သန်းရရှိခဲ့တဲ့နာမည်ကြီး youtuber Bhuvan Bam အဓိကပါဝင်သရုပ်ဆောင်ထားတဲ့စီးရီးလေးတင်ဆက်ပေးချင်ပါတယ် ဒီထဲမှာတော့သူက ဗက်စ်ရာဆိုတဲ့ ကောင်လေးအနေနဲ့သရုပ်ဆောင်ထားပါတယ် အိန္ဒိယမှာတော့သူပါတယ်ဆိုတာနဲ့တင် ကြည့်ရှူသူများစွာရခဲ့တဲ့စီးရီးဖြစ်ပါတယ်ဗက်စ်ရာဆိုတဲ့ကောင်လေးဟာ ဆင်းရဲနုံချာလွန်းတဲ့အတွက် အများပိုင်အိမ်သာမှာ အစောင့်လုပ်ရသူပါ အရင်တည်းကချမ်းသာချင်လွန်းတဲ့သူဟာ တစ်နေ့အမေကိုသူ့အလုပ်ရှင်က နှိပ်စက်နေတာမြင်တော့ ပိုလို့ချမ်းသာကြွယ်ဝချင်လာပါတော့တယ် ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဟာ ဘယ်သူကမှအရေးမလုပ်အိမ်သာထဲလဲနေတဲ့အဘွားကြီးကို ကယ်ဆယ်ရာကနေ သူ့ဘဝကိုပြောင်းလဲပေးတဲ့အစွမ်းတွေရလာပါတော့တယ် အရာအားလုံးကို လူတိုင်းထက်နှာတစ်ဖျားသာရစေဆိုတဲ့ဆုပါပဲ ဒီလိုနဲ့သူဟာရှေ့ဖြစ်လာမယ့်အရာတွေကိုကြိုသိလာခဲ့ပြီး သူ့အပါအဝင်သူ့ဘေးကလူတွေပါ ချမ်းသာကြွယ်ဝလာပါတော့တယ် အားလုံးအဆင်ပြေပြီး တတိုင်းရနေတော့ရော ဘဝကြီးကပြီးပြည့်စုံသွားပါပြီလား တစ်သက်လုံးမတွေးဖူးတဲ့အရာတွေကြုံတွေ့ပိုင်ဆိုင်လာရသူဟာ အကောင်းလောကဓံတွေကို ကြံ့ကြံ့ခံနိုင်ပါရဲ့လား ဗက်စ်ရာကရော သူပိုင်ဆိုင်လာရတာတွေနဲ့ ပျော်ရွှင်စွာနေသွားကြလေသတည်းဖြစ်ပါ့မလားဆိုတာ ပရိသတ်ကြီးရှုစားကြည့်ပါအဓိကဇာတ်ဆောင် Bhuvan Bam ဟာ စကားပြောစွမ်းရည်ကောင်းသူလို့နာမည်ကြီးသူဖြစ်ပါတယ် Comedy Thriller ဖြစ်တဲ့ ဒီကားမှာလည်း သူ့ရဲ့စကားပြောစွမ်းရည်နဲ့ ဟာသလေးတွေထည့်သွင်းထားတာဟာ ကလိထိုးရယ်ရမယ့်ပေါကားစာရင်းထဲတော့ပါမှာမဟုတ်ပါဘူး လက်တွေ့ဘဝထင်ဟပ်တဲ့ plot တွေနဲ့ တွေးတွေးပြီးရယ်နေရတဲ့ဟာသကားလေးဟာ တစ်ပိုင်းပြီးတစ်ပိုင်း မနားတမ်းကြည့်စေချင်လောက်သည်ထိစွဲရတယ်ဆိုတဲ့ အညွှန်းတွေရထားတာဖြစ်ပါတယ်File Size – 600MB / 300MBQuality – 1080p HS WEB DL / 7200Duration – 30minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat ...
6
TMDb: 6/10 7 votes
tv

Taaza Khabar (2023)

2023
Meet Yourself (2022)
Meet Yourself (2022) ❏ သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးကို စိတ်ပြေလက်ပျောက်တစ်ကိုယ်တည်း ခရီးထွက်လာတဲ့ ရွှဟုန်သုန့် အဖြစ် လျိုယိဖေး❏ မြိုမှာရှိတဲ့ လစာကောင်းကောင်း အလုပ်ကိုစွန့်လွှတ်ကာမွေးရပ်မြေယွင်မောင်ရွာကလေးကို တိုးတတ်ဖိုအရေးကြိုးပန်းနေတဲ့ ရှဲကျစ်းယောင် အဖြစ် လီရှန့်သူငယ်ချင်းအရင်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ကြောင့်ရွှဟုန်သုန့်(လျိုယိဖေး) တစ်ယောက် သူမရဲ့ ဘဝကြီးရောအလုပ်အကိုင်တွေရောဟာ အောက်ဆုံးအထိ နိမ့်ကျသွားခဲ့ပါတယ်သူမဟာ အဲဒီဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖိုအတွက်တလီမှာရှိတဲ့ ယွင်မောင်ရွာလေးဆီကို အနားယူဖိုတစ်ကိုယ်တည်းထွက်လာခဲ့ပါတော့တယ် အဲဒီအချိန်မှာတော့လစာကောင်းတဲ့ လက်ရှိအလုပ်ကိုထွက်ပြီး မွေးရပ်မြေမှာစိုက်ပျိုးတီထွင်မှုတွေပြုလုပ်နေတဲ့ ဒေသခံတစ်ယောက်ဖြစ်သူရှဲကျစ်းယောင် နဲ့တွေ့ဆုံခဲ့ပါတယ် ဒီလိုနဲ့ နေ့စဥ်အတူတူဖြတ်သန်းလာခဲ့စဥ်အတွင်းမှာရှဲကျစ်းယောင် တစ်ယောက် ရွှဟုန်သုန့်ရဲ့ ကြင်နာမှုတွေလေးနက်မှုတွေကို တစ်ဖြည်းဖြည်းနဲ့ ခံစားလာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ သူဟာ ရွှဟုန်သုန့်ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ဒေသခံဝန်ထမ်းတွေကိုဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးရန်နဲ့ ယွင်မောင်ကျေးရွာလေးရဲ့ ယဉ်ကျေးမှုနဲ့ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ဖို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်ဒီလိုနဲ့ နှစ်ယောက်သားဟာ ယွင်မောင်ကျေးရွာလေး တိုးတတ်စေဖိုအတူတူဆောင်ရွက်ခဲ့ကြရင်း ခံစားချက်တွေ ပေါက်ဖွားကာ မေတ္တာမျှခဲ့ကြပါတော့တယ်။ဒီဇာတ်ကားလေးက အချစ်ဇာတ်လမ်းချည်းပဲ အဓိက ဦးစားပေးရိုက်ကူးထားတာတော့မဟုတ်ပါဘူး။မဖွံဖြိုးသေးတဲ့ကျေးရွာတစ်ရွာကို အတူတူ တိုးတတ်အောင်လုပ်ဆောင်ကြပုံတွေအချင်းချင်းရိုင်းပင်းကူညီကြပုံတွေ ...

Meet Yourself (2022)

2023
The Lazarus Project (2023) 7.9
The Lazarus Project (2023) The Lazarus Project (2023) ====================== အချိန်ခရီးသွား အချိန်စက်ကွင်းတစ်နေရာထဲမှာပဲ ပိတ်မိနေတဲ့ logic ကို ကြိုက်ကြတဲ့ သူတွေအတွက် IMDb 7 rating ရထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်လူသားတွေ နေထိုင်နေတဲ့ ကမ္ဘာကြီးက ၁၉၆၀ ထဲက အမေရိကန်နဲ့ ရုရှားတို့ အပြန်အလှန် နယူးကလီးယားတွေနဲ့ ပစ်ခတ်ရင်း ပျက်စီးသွားခဲ့တာ ကြာပါပြီ,.. ဒီလိုကမ္ဘာပျက်ဖြစ်ရပ်တွေကို မအောင်မမြင် မချင်း အချိန်ကို နောက်ပြန်ဆုတ်ပြီး ကယ်တင်နေတဲ့ လာဇာရက်ပရောဂျက်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိပါတယ် ကမ္ဘာ့ကပ်ရောဂါတွေ...ကမ္ဘာစစ်တွေ...ကပ်ဘေးတွေကို မဖြစ်အောင် အချိန်နောက်ပြန်သွားကယ်တင်ကြတဲ့အဖွဲ့ပါ သူတို့ကလည်း တကယ့်ကမ္ဘာပျက်ပြီဆိုမှ အသေခံပြီး မအောင်မြင် မချင်းကယ်တင်ကြပါတယ် အချိန်နောက်ပြန်ဆုတ်လိုက်တာနဲ့ သူတို့ပါ ချက်ပွိုင့်တစ်ခုက ပြန်အသက်ရှင်နိုးထလာပြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို မှတ်မိနေတဲ့ သန္ဓေပြောင်းလူသားအေးဂျင့်တွေဖြစ်ပါတယ်... ဒီလာဇာရက်ပရောဂျက်ထဲကို ဂျော့ဆိုတဲ့ သာမန်အညတရ ဆော့ဝဲအင်ဂျင်နီယာလေးတစ်ယောက်က ရောက်လာပြီး ကမ္ဘာကြီးကို နယူးကလီးယားခြိမ်းခြောက်မှုကနေ ကယ်တင်ရင်း အချိန်စက်ကွင်းကြီးထဲကို ဝင်ရောက်မိတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်စဆုံး ၈ ပိုင်း ရှိပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
7.9
TMDb: 7.9/10 37 votes
tv

The Lazarus Project (2023)

2022

Genres

Archives