Channel Myanmar

New releases (2025)

Content at random


TV Series

[18+] Those About to Die (2024) 7.7
[18+] Those About to Die (2024) Those About to Die (2024) Season 01 Complete ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။ ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။ ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။ လောင်းကစားဒိုင် ...
7.7
TMDb: 7.7/10 126 votes
tv

[18+] Those About to Die (2024)

2024
The Elusive Samurai (2024) 8.5
The Elusive Samurai (2024) The Elusive Samurai (2024) Genre – Anime, Adventure, Comedy IMDb – 8.7/10 MyAnimeList – 7.7/10“မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက် Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ် အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေက ချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့် ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေ အုပ်ချုပ်နေတဲ့ ...
8.5
TMDb: 8.5/10 2 votes
tv

The Elusive Samurai (2024)

2024
Batman: Caped Crusader (2024) 7.5
Batman: Caped Crusader (2024) DCရဲ့ နာမည်ကြီးဇာတ်ကာင် Batmanရဲ့ animation ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Batman : Caped Crusaderကို Amazon Primeကနေထုတ်လွှင့်လိုက်ပါပြီ။ IMDb 7.4,RT 95%နဲ့ နိုင်ငံတကာက DC hardcoreဖန်တွေကြား အတော်လေး ချီးကျူးခံနေရတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။Animationပိုင်းတွေ fight scene‌တွေမှာ အတော်လေး ကောင်းသလိုဇာတ်လမ်းပိုင်းကလည်း ဂေါ်သမ်မြို့ကြီးထဲက မှုခင်း‌တွေ၊ ဂိုဏ်းတွေနဲ့ရင်ဆိုင်ရပုံတွေ၊အမှုဖြေရှင်းပုံတွေကို စုံထောက်ဆန်ဆန် ရိုက်ကူးထားလို့မူလ Batmanရဲ့အရသာကို အပြည့်အဝပြန်ခံစားရစေတဲ့Animation ပါပဲ။အထွေအထူးညွှန်းနေစရာတောင် မလိုတာမို့ ကြည့်ရှုခံစားလိုက်ပါဦး။ File size…    450 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX 1080pEP 01 - Usersdrive / Yoteshin / MegaupEP ...
7.5
TMDb: 7.5/10 110 votes
tv

Batman: Caped Crusader (2024)

2024
GG Precinct (2024) 8.5
GG Precinct (2024) CM ဖန်တွေအတွက် ၆ ပိုင်းတည်းရှိတဲ့ ထိုင်ဝမ်မီနီစီးရီးလေးCM Team က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက်စခန်းပြန်ရောက်လာချိန်မှာတော့ "GG Precinct" ဆိုတဲ့ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်...ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကိုအစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာလွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်... ဒီဥပစာစကား လူသတ်သမားဟာဆိုရင်တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး... သူ့ကျောင်းသားတွေကိုအမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့...ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့... အခုအမှုကဒီဆရာပဲလုပ်တာလား... ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ...ဒါဆို ...
8.5
TMDb: 8.5/10 2 votes
tv

GG Precinct (2024)

2024
The Boyfriend (2024) Season 1 9
The Boyfriend (2024) Season 1 The Boyfriend ( 2024)ဂျပန် Reality Showတွေက တော်တော်ကောင်းတယ်လို့ ပြောကြတာတော့ မြင်ခဲ့ဖူးပေမဲ့ တစ်ခါမှတော့ မကြည့်ကြည့်ဖူးဘူးပေါ့။ ဒီရှိုးကြည့်ကြည့်တော့ ဟုတ်တော့လည်း ဟုတ်မှာပဲလို့တော့ တွေးတော့တွေးမိပါတယ်။ ဒီလိုရှိုးတွေ သိပ်အများကြီးတော့ မကြည့်ဖူးလို့ မပြောတတ်ပေမဲ့ ဒီလိုရှိုးကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမယ်လို့ ထင်ရတာပါပဲ။ ဒီရှိုးကတော့ ဂေးတွေကို အိမ်တစ်အိမ်ထဲ အတူတူထား, အလုပ်အတူတူလုပ်ခိုင်း။ သူတို့ကြားထဲ ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပြီး ဘယ်သူက ဘယ်သူ့ကိုချစ်မိသွားမလဲ စောင့်ကြည့်တဲ့ ရှိုးပါပဲ။ သူတို့ကို အကဲဖြတ်နေတဲ့လူတွေရဲ့ စကားတွေကလည်း မိုက်နေတော့ ဒီလိုင်းတွေစိတ်မဝင်စားရင်တောင် ကြည့်ရတာတော့ ပမာဏတစ်ခုအထိတော့ အရသာရှိနေပါတယ်။ နောက် သူတို့ကတော့ ဂေးတွေရဲ့ ဆက်ဆံရေးကိုပဲပြနေပေမဲ့ လူဟာလူပဲမို့ သူတို့ဆက်ဆံရေးကို ကျွန်တော်တို့ဆက်ဆံရေးတွေနဲ့ ယှဉ်တွဲမြင်ကြည့်လို့ရအောင်လည်းပြထားတော့ အချိန်ပေးရကျိုးတော့ ပမာဏတစ်ခုအထိတော့ နပ်မယ့်ရှိုးပါပဲQuality_Blu-Ray 1080p Format_mp4 Aired: 2024 Original Network: Netflix Duration_00:55:00 Genre_TV Show, Comedy, Drama Subtitle_Myanmar Subtitle ...
9
TMDb: 9/10 5 votes
tv

The Boyfriend (2024) Season 1

2024
This Love Doesn’t Have Long Beans (2024) 9
This Love Doesn’t Have Long Beans (2024) ဖက်ကဖောင်ဖူးစာ (၂၀၂၄)ပင်စိမ်းမွှေကြော်ဆိုင်ပေမဲ့ ဘယ်သူနဲ့မှမတူတဲ့ ဘယ်ဆိုင်မှာမှမရတဲ့ ထူးခြားတဲ့ပဲ‌ တောင့်ရှည်မပါတဲ့ ပင်စိမ်းမွှေကြော်စားသောက်ဆိုင်ပိုင်ရှင် Chef အုပ်အလုပ်ကို တိကျတာ သဘောကျသူပီပီ အရမ်းစည်းကမ်းကြီးပြီး Hellfire ဆိုတဲ့နာမည်ပြောင်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပလာဝမ်ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရသူပေါ့။ သူကတော့ ပင်စိမ်းမွှေကြော်ဆိုင်တိုင်းမှာ လိုက်စားရင်းနဲ့ ပင်စိမ်းမွှေကြော်မှာ နံပါတ်တစ် စားဖိုမှူးအုပ်ရဲ့ဆိုင်ကိုရောက်လာတဲ့အခါ....Vdရိုက်ပြီး ဆိုင်စည်းကမ်းချိုးဖောက်တာကြောင့် ငရဲမီးစားဖိုမှူးအုပ်နဲ့တွေ့သွားတဲ့ပလာဝမ်တစ်ယောက် တိုက်ဆိုင်စွာနဲ့ပဲ စားဖိုမှူးအုပ်ရဲ့ စားသောက်ဆိုင်ဆက်ခံသူရွေးဖို့ ဟင်းချက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဖြစ်လာချိန်မှာတော့.... ဘုနဲ့ဘောက်စားဖိုမှူးဆရာနဲ့တပည့်လေး ပလာဝမ်တို့နှစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ မတတ်တခေါက်ပဲ ဟင်းချက်တတ်တဲ့ ပလာဝမ်ကရော ပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Su Myat, Dao, Noe တို့ ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
9
TMDb: 9/10 1 votes
tv

This Love Doesn’t Have Long Beans (2024)

2024
My Love Mix-Up! (2024)
My Love Mix-Up! (2024) ခဲဖျက်ပေါ်က အချစ် (၂၀၂၄)Mangaမှာရော japan bl adaptation မှာပါ အတော်လေးလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးကို thai versionနဲ့တစ်ဖန်ပြန်မြင်ရမယ့် Gemini-Fourthရဲ့ My Love Mix up2022 My School president အပြီးမှာ ပြန်လည်comebackလာတဲ့ ဒီCPအတွဲလေးကရော ခုဇာတ်လမ်းလေးထဲ ဘယ်လိုတွေဓာတုဗေဒမိနေဦးမလဲ ရှုစားကြပါဦးစို့။ကျွန်တော်တို့အားလုံးရဲ့ ဆယ်ကျော်သက်ကျောင်းသားဘဝမှာ မေ့မရတဲ့ရင်ထဲကကြိတ်ချစ်ရသူကိုယ်စီ ရှိခဲ့ကြတာပါပဲ။ ဒီလိုပါပဲ အတုမ်ဆိုတဲ့ကောင်လေးကလည်း သူ့ဘေးမှာထိုင်တဲ့ မဒ်မီးဆိုတဲ့ကောင်မလေးကို ကြိတ်ချစ်နေခဲ့တာပါ။ အဲဒီအချိန်က ခဲဖျက်မှာ ခရက်ရှ်နာမည်ကိုရေးတာ ခေတ်ထနေချိန်ဖြစ်ပြီး မဒ်မီးရဲ့ခဲဖျက်မှာရှိနေတဲ့နာမည်က ကွန်ထပ်ဆိုတဲ့ကောင်လေးဖြစ်နေတဲ့ပါသတဲ့။ဖြစ်ချင်တော့ ဒီနာမည်ပါတဲ့ခဲဖျက်က အတုမ်ဆီကနေ လွတ်ကျပြီး ကွန်ထပ်ကမြင်သွားချိန်မှာတော့ အတုမ်က သူ့ကိုခရက်ရှ်နေတယ်လို့ ထင်သွားတဲ့အခါ...ခရက်ရှ်ပါမသွားရေး တို့အရေးအတွက် အတုမ်တစ်ယောက် ချော်လဲရောထိုင်လုပ်ရင်း သူတို့သုံးယောက်ကြား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အပတ်စဉ်သောကြာနေ့တိုင်းမှာ ရှုစားကြပါစို့လား။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Kim တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

My Love Mix-Up! (2024)

2024
A Lonely Hero’s Journey (2024)
A Lonely Hero’s Journey (2024) ဂျပန်ဆန့်ကျင်ရေးကာလက ဇာတ်လမ်းတွဲတွေကို နှစ်သက်တဲ့ ပရိသတ်တွေအတွက် Lost Identity ပြီးသွားတဲ့နောက် Zeng Shunxi ရဲ့ ကားသစ်လေးထွက်လာပါပြီနော်ဇာတ်လမ်းအညွှန်း 1941 ခုနှစ် စူးကျိုးမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်ဆန့်ကျင်ရေးစစ်မက်ကာလတွေကို ဇာတ်အိမ်တည်ထားတဲ့ ဒီကားလေးမှာတော့ ပြည်ပကပြန်လာတဲ့ ဗိသုကာပညာရှင် Gu Yizhong (Zeng Shunxi) နဲ့ ချစ်သူမိန်းကလေး Xiao Ruotong (Wang Yuwen) တို့ဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့အစည်းအဖွဲ့အဝင်တွေ ဖြစ်လာခဲ့ပါတယ်အရှုပ်အထွေးတွေကြားထဲမှာ Gu Yizhong တစ်ယောက် ပါတီရဲ့ သစ္စာဖောက်အဖြစ် စွပ်စွဲခံရပြီးနောက်မှာတော့ စူးကျိုးအထူးတပ်ဖွဲ့ရဲ့ ဂျပန်ဘက်ကို စစ်ရေးသတင်းစုံစမ်းဖို့ လွှတ်ထားခဲ့တဲ့ သူလျှိုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Gu Yizhong ဟာ အခက်အခဲနဲ့ ဖိအားပေါင်းများစွာကြားမှာ ဝမ်းရုပ်သေးအစိုးရထောက်လှမ်းရေးစခန်းရဲ့ တာဝန်ခံ Zhou Zhifei, ဂျပန်စစ်‌ရေးအကြံပေးအရာရှိ Jinteng Linan တို့နဲ့ ယှဥ်ပြိုင်လှုပ်ရှားရင်း တကယ့်သစ္စာဖောက် ဟေးပါးကို ဖော်ထုတ်ပြီးရှင်းပစ်ဖို့ တစ်ကိုယ်တော် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==================================Quality : WEB-DL 720p, 1080p Total Episodes : 36 Format : mp4 Genres ...

A Lonely Hero’s Journey (2024)

2024
The Frog (2024) [Complete]
The Frog (2024) [Complete] The Frog (2024)**********************အပိုင်းသစ် (၁ မှ ၈) စ/ဆုံး ဒီနေ့ထွက်ရှိတဲ့ အမိုက်စားကားလေးမှာတော့ မင်းသားကြီး Kim Yoon Seok,Yoon Kye Sang, မင်းသမီးကြီး Lee Jung Eun နဲ့အတူ ကိုယ်တွေရဲ့ မချောGo Min Si အပြင် တခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရံများစွားလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲသူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီးမိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်းအေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့...ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး ...

The Frog (2024) [Complete]

2024
Uppu Puli Kaaram (2024)
Uppu Puli Kaaram (2024) Uppu Puli Kaaram (2024) ချဉ်ငန်စပ် အသိုက်အမြုံလေး Genre – Comedy၅၂၈ မေတ္တာတွေ ၁၅၀၀ ချစ်ခြင်းတွေနဲ့ အမောအပန်းပြေ ရယ်မောစရာလေးတွေနဲ့ ပုံဖော်ထားတဲ့ မိသားစုဟာသ စီးရီးလေး ဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ရိုးရိုးသားသား အေးချမ်းစွာနဲ့ စားသောက်ဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေး ရှိပါတယ်။ ဖခင်ဖြစ်သူက စကားတစ်ခုခုပြောတိုင်း စားစရာသောက်စရာများနဲ့ ဥပမာပေး ခိုင်းနှိုင်းတတ်သူ ဖြစ်ပြီး အကောင်းမြင်စိတ်လေးနဲ့ ရှင်သန်နေသူတစ်ဦး။ မိခင်ဖြစ်သူကတော့ မိသားစုတွေမှာ ထုံးစံအတိုင်း ဖြစ်နေကြ တစ်ခုခုဆို ဆူပူကြိမ်းမောင်းပြောဆိုနေလို့ တစ်မိသားစုက ချစ်ကြောက်ရိုသေ ဖြစ်နေရသူပေါ့။သမီးကြီး ဖြစ်သူကတော့ မိဘတွေ ယောက်ျားအတင်းပေးစားနေပေမဲ့ ခေတ်ဟောင်းအယူကို မုန်းတီးပြီး အမျိုးသမီးထုတွေအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေမလေးတစ်ယောက်။ သားဖြစ်သူကတော့ စိတ်သိပ်မပါပေမဲ့လည်း ဖအေဖြစ်သူရဲ့ ဆန္ဒကြောင့် IAS အရာရှိဖြစ်ဖို့ ကြိုးပမ်းနေရသူ။သမီးလတ်ကတော့ Gym မှာ အလုပ်လုပ်တဲ့လူ ဖြစ်ပြီး ရသမျှလခကို မိခင်က ဓားပြတိုက် အပိုင်သိမ်းနေလို့ စိတ်ပျက်လက်ပျက်နဲ့ ထွက်ပေါက် ရှာနေသူတစ်ဦး။ အငယ်ဆုံးမလေးကတော့ ...

Uppu Puli Kaaram (2024)

2024
Pachinko (2022) Complete
Pachinko (2022) Complete Pachinko (2022) ============================= ၁၉၁၀ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ ကိုရီးယားနိုင်ငံအား ၎င်းတို့၏ အင်ပါယာအသွင်း သွတ်သွင်းကာကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်ခဲ့ပါတယ်။ ဂျပန်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့်ကိုရီးယားပြည်သူအများအပြား အသက်အိုးအိမ်ဆုံးရှုံးကာ ပြည်ပနိုင်ငံများသို့ စွန့်ခွာပြေးခဲ့ရပါတယ်။ဒီကားလေးကတော့ ထိုမိသားစုတွေထဲက မိသားစုတစ်စုရဲ့ အဖြစ်အပျက်ကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ကိုရီးယားလူမျိုး လေးဆက်မြောက် ပြောင်းရွေ့နေထိုင်သူ မိသားစုရဲ့ မျှော်လင့်ချက်အိပ်မက်များနှင့်တကွ တားမြစ်ပိတ်ပင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လေးပေါက်ဖွားလာခဲ့ရာက Pachinko ဆိုတဲ့ ဇာတ်လမ်းလေး ဖြစ်တည်လာပါတယ်။Cast တွေကတော့ Lee Min Ho, မင်းသမီကြီး Youn Yuh Jung, Jung Eun Chae နှင့် Jin Ha တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ (ဘာသာပြန်များကတော့ Thet Hnin Hsu, Shwe Pyae, Shwe Pwint, Myo Myo Htet တို့ပဲ ဖြစ်ပါတယ်) File Size – 367MB @Episode / 734 ...

Pachinko (2022) Complete

2022
MASHLE: MAGIC AND MUSCLES (2024) 8.1
MASHLE: MAGIC AND MUSCLES (2024) Mashle: Magic and Muscles Genre – Anime, Action, Adventure, Comedy IMDB – 7.6/10 MyAnimeList – 7.6/10Harry Potter နဲ့ One Punch Man ကိုပေါင်းစပ်ထားသလို ဖြစ်မယ့် Anime ကောင်းလေး လာပါပြီ။ Harry Potter နဲ့ တူတယ်ဆိုတာက Hogwart ကျောင်းပုံစံတွေဦးထုပ်နဲ့ အဆောင်ခွဲတာမျိုးတွေ တံမြက်စည်းပျံ Quidditch ပြိုင်ပွဲတွေမှော်ကြိမ်လုံးတွေ စသဖြင့် တခြားဟာတွေလည်း ပါဝင်ပါသေးတယ်။ One Punch Man နဲ့ တူတာကတော့ လေ့ကျင့်ခန်းအသေလုပ်ထားပြီးအသေကြမ်းထော်နေတဲ့ကောင်ပေါ့ ဒါပေမဲ့ ရုပ်တည်ကြီးနဲ့ သောက်ခွက်ပြောင်လို့အသေရယ်ရတာမျိုးရယ် ကျန်တာတော့ သိပ်ပြောလို့မကောင်းပါဘူးSpoil သလို ဖြစ်မှာစိုးလို့ ကိုယ့်ဘာသာ ကြည့်လိုက်ကြပါတော့။ ဒီလိုပြောလို့ ဇာတ်လမ်းကတော့ သူ့ဟာနဲ့သူ သီးသန့်ကွဲထွက်နေတဲ့Storyline ပါ မှော်လောကဆိုတာကိုပဲ ဖရိန်ယူထားတဲ့သဘော။ဇာတ်လမ်းကတော့ တစ်လောကလုံးက မှော်ပညာတတ်စွမ်းကြပြီးလူသားတွေရဲ့ နိစ္စဓူဝမှာ မပါမဖြစ် ရှိနေတဲ့ကမ္ဘာမှာ ...
8.1
TMDb: 8.1/10 384 votes
tv

MASHLE: MAGIC AND MUSCLES (2024)

2023
The Best Hit (2017) 7.483
The Best Hit (2017) The Best Hit (2017) ******************* အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်​ခေါက် CM က​နေ တင်ဆက်​ပေးသွားမဲ့ ဇာတ်ကား​လေးက​တော့သူ့​ခေတ် သူ့အခါမှာ အရမ်းကို ​အောင်မြင်ခဲ့တဲ့ အချိန်ခရီးသွား Rom-com ဇာတ်ကား​လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် အဓိက ဇာတ်လိုက်အ​နေနဲ့ Yoon Shi Yoon ၊ Lee Se Young ၊ Kim Min Jae ၊ Cha Tae Hyun တို့ပါဝင်ထားပြီးCha Eunwoo နဲ့ Bona စတဲ့ နာမည်​​ကျော် သရုပ်​ဆောင်များစွာလည်း ပါဝင်ထားတဲ့ ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ဇာတ်ကား​​အကျဥ်းလေးက​တော့ - 2017 ခုနှစ်မှာ အိပ်မက်​တွေကို အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြတဲ့အီဂျီဟွန်း၊ ချွဲဝူဆွန်း၊ MC ဒ​ရေးဆိုတဲ့ သူငယ်ချင်း သုံး​ယောက်ရှိပါတယ်။တစ်​နေ့မှာ အဲဒီသူငယ်ချင်း ၃​ယောက်က .. 1993 ခုနှစ်က​နေ ...
7.483
TMDb: 7.483/10 29 votes
tv

The Best Hit (2017)

2017
Eva Lasting (2023) Season 1 8.364
Eva Lasting (2023) Season 1  IMDb - 7.8/10ကျား/မ တန်းတူညီမျှရေးဆိုတာ ဒီခေတ်မှာ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ စကားမျိုးပါပဲ.....အခုလို ကိစ္စတိုင်းနီးပါး တန်းတူညီမျှထားပါတယ်လို့ ဆိုနေကြတဲ့အချိန်မှာတောင် တချို့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေကို တဆင်နိမ့်ဆက်ဆံတဲ့နေရာတွေရှိနေတော့ အရင်ခေတ်ကလို ကျား/မ ခွဲခြားဆက်ဆံတဲ့ခေတ်ဆို တွေးသာကြည့်ပေတော့ပဲ.....အဲဒီလို ကျား/မ ခွဲခြားဆက်ဆံတဲ့အထဲမှာ ဥရောပနိုင်ငံတွေက အင်မတန်ဆိုးရွားလှပါတယ်......အဲဒီထဲမှာ စပိန်လည်းအပါအဝင်ပေါ့ သူတို့ရဲ့ ကျား/မ တန်းတူအခွင့်အရေးရဖို့ မဲပေးခွင့်ရဖို့တွေအတွက် တိုက်ခိုက်တွန်းလှန်ခဲ့တဲ့ ရုပ်ရှင်ပေါင်း မှတ်တမ်းပေါင်းများစွာလည်းရှိကြပါတယ်.....သူတို့ရဲ့ တွန်းလှန်မှုတွေဟာ အခြေအနေတခုထိအောင်မြင်ခဲ့တာလည်း အခုမျက်မြင်ကိုယ်တွေ့ပါပဲ.....အခုဇာတ်လမ်းတွဲလေးကတော့ ၁၉၇၀ပြည့်နှစ်တွေတုန်းက စပိန်နိုင်ငံရဲ့ အငွေ့အသက်တွေရယ် အဲဒီခေတ်တုန်းက ကျား/မ ဘယ်လိုခွဲခြားဆက်ဆံကြတယ်ဆိုတာရယ် အထက်တန်းကျောင်းသူလေးတစ်ယောက်အနေနဲ့ အမျိုးသမီးဝါဒီကို ဘယ်လိုဆွဲကိုင် တွန်းလှန်မယ်ဆိုတာရယ်ကို ကြည့်ရှုရမှာပါ.....ကျောင်းသားဘဝကနေ စပြီးရိုက်ပြထားတာမို့ ကျောင်းသားအငွေ့အသက်လေးတွေကိုလည်း ခံစားရမယ် ဆယ်ကျော်သက်တွေရဲ့ စူးစမ်းလေ့လာချင်စိတ် လေတိုက်တိုင်းစိတ်ကစားတတ်တဲ့စိတ် ကလေးဘဝရဲ့ပျော်ရွှင်မှု အစရှိတာတွေကိုပါ ခံစားရမှာမို့ ကြည်နူးစေမဲ့ကားလေးတစ်ကားလို့ပဲ မိတ်ဆက်ပေးပါရစေ......မင်းသမီးလေးက Francisca Estevez ဆိုတော့ ဆွဲဆောင်မှုလည်းရှိ ချစ်ဖို့ပါကောင်းနေတော့ ...
8.364
TMDb: 8.364/10 92 votes
tv

Eva Lasting (2023) Season 1

2023
The Brave Man (2024)
The Brave Man (2024) စိန်ခေါ်ဝံ့သူ (၂၀၂၄)ရဲအုပ် မာဝင်း အဖြစ် Hone Thanakorn ဒုရဲအုပ် ရမ်ချနာ အဖြစ် PP Phatchaya ဒုတပ်ကြပ် ထုန်ဒီဘွန်နမ် အဖြစ် Euro Yotsawat ဖလွိုင် အဖြစ် Jenny Chaiyissaraဇာတ်လမ်းအကျဉ်းထုန်ဒီဘွန်နမ်က အမြဲတက်ကြွပြီး တာဝန်ကို ကျေပွန်အောင် လုပ်တတ်တဲ့ အမှန်တရားဘက်တော်သား ဒုတပ်ကြပ်တစ်ယောက်ဖြစ်ပါတယ်တစ်ရက် နယ်မြေစခန်းသစ်တစ်ခုကို ပြောင်းလာရပြီး ရဲအုပ်မာဝင်း၊ ဒုရဲအုပ် ရမ်ချနာတို့နဲ့ ကားမှောင်ခိုစျေးကွက်ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ အတူတူ ပါဝင်ဖို့ ဖြစ်လာခဲ့တယ် ဖလွိုင်ကတော့ အကြောင်းအရင်းတစ်ခုကြောင့် ရဲတွေကို မယုံမကြည် မုန်းတီးနေသူတစ်ယောက်ဖြစ်ပါတယ် ကားမှောင်ခိုစစ်ဆင်ရေးတစ်ခုကို လှုပ်ရှားရင်း ထုန်ဒီတစ်ယောက် ဖလွိုင့်ကိုမှ လူဆိုးနဲ့ မှားဖမ်းမိချိန်မှာတော့ နှစ်ယောက်ကြားအဖုအထစ်ဖြစ်လာရတော့တယ် အထိနာနေခဲ့တဲ့ မှောင်ခိုအဖွဲ့အစည်းကလည်း ရဲအုပ်မာဝင်းနဲ့ ထုန်ဒီ့ကို ထောင်ချောက်ဆင်ခဲ့ရာက မာဝင်းထောင်ကျပြီး ထုန်ဒီလည်း နယ်မြေပြောင်းရွှေ့ခံလိုက်ရပါတယ် ပြောင်းရွှေ့ခံရတဲ့ နယ်မြေသစ်မှာ ထုန်ဒီနဲ့ ဖလွိုင်တို့ ပြန်တွေ့လာတဲ့အခါ… မဟုတ်မခံ ဖလွိုင်တစ်ယောက် သူ့မိသားစုက မှောင်ခိုဂိုဏ်းနဲ့ ပတ်သက်နေတာ သိသွားတဲ့အခါ… အခက်အခဲတွေကြားကနေ အမှန်တရားဘက်တော်သားသူတို့ တရားမျှတမှုကို ဘယ်လိုရှာဖွေကြမလဲဆိုတာ “စိန်ခေါ်ဝံ့သူ” ဇာတ်လမ်းမှာ ...

The Brave Man (2024)

2024
Bad Monkey (2024) Season 1 7.3
Bad Monkey (2024) Season 1  IMDb 7.3/10 ရရှိထားတဲ့ အသစ်ထွက် Dark Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသားကြီး Vince Vaughn က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Season 1 အနေနဲ့ အပိုင်း ၁၀ ပိုင်းထွက်ရှိသွားမှာဖြစ်ပါတယ်။ရန်စီက မိုင်ယာမီက ရဲအရာရှိဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့အမှုတစ်ခုကြောင့် အလုပ်ကနေ အနားယူလိုက်ရပါတယ်။ သူအနားမယူခင် နောက်ဆုံး ကိုင်ခဲ့ရတဲ့အမှုက ထူးထူးဆန်းဆန်း ပင်လယ်ထဲကနေ လက်မောင်းတစ်ဖက် တွေ့ခဲ့တဲ့အမှုပါ။ ခေါင်းမပါ၊ ကိုယ် မပါဘဲ လက်တစ်ဖက်သက်သက်ပဲ တွေ့ခဲ့တာမို့ လက်ပိုင်ရှင် ဘယ်သူလဲ ရှာပုံတော်ဖွင့်လို့တွေ့ခါစမှာပဲ သူက အလုပ်ထုတ်ခံလိုက်ရပါတယ်။အလုပ်ထုတ်ခံလိုက်ရပေမဲ့လည်း ဇွဲမလျှော့တတ်တဲ့ ရန်စီက လက်ပိုင်ရှင်က အသတ်ခံရတာလား၊ မတော်တဆသေဆုံးတာလားဆိုတာကို လိုက်လံရှာဖွေဖို့ကြိုးစားရင်း သပွတ်အူလိုအမှုထဲ ရောက်သွားခဲ့ရာမှာတော့.. ဘယ်လိုအလွဲလွဲအချော်ချော်တွေနဲ့ အမှုလိုက်မလဲဆိုတာကိုတော့ အခွီတစ်လိုင်း ကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.7 GB)/(1 GB) Quality….Webrip ...
7.3
TMDb: 7.3/10 18 votes
tv

Bad Monkey (2024) Season 1

2024
No Way Out: The Roulette (2024) [Complete]
No Way Out: The Roulette (2024) [Complete] No Way Out: The Roulette (2024)*********************************အပိုင်းသစ် (၁ မှ ၈) ဇာတ်သိမ်းပိုင်း အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့action ကားကြိုက်သူတွေနဲ့ မှုခင်းရေးရာအဖြစ်အပျက် ဇာတ်ကားတွေကိုနှစ်သက်ကြသူတွေ သဘောတွေ့စေမဲ့ No Way Out: The Roulette ဆိုတဲ့action thriller ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ ကျွန်တော်တို့ အကုန်လုံးသိပြီးသားမင်းသား မင်းသမီးကြီးတွေဖြစ်ကြတဲ့ Jo Jin Woong၊ Yoo Jae Myung၊Yeom Jung Ah၊ Kim Mu Yeol၊ Lee Kwang Soo၊ Kim Sung Chul တို့နဲ့အတူထိုင်ဝမ်က နာမည်ကြီးမော်ဒယ်မင်းသား Greg Hsu က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီးလွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ...

No Way Out: The Roulette (2024) [Complete]

2024
Shardlake (2024) S1 7.016
Shardlake (2024) S1 Shardlake (2024) Genre – History, Mystery, Thriller, Drama IMDB – 6.8/10အင်္ဂလန်ပြည် Tudor ခေတ် ၁၅ ရာစုနှစ်ကျော်ကာလနဲ့ ရိုးရာဓလေ့တွေကို အခြေခံထားပြီး လျှို့ဝှက်နက်နဲတဲ့ လူသတ်မှုတွေကို ရှာဖွေဖော်ထုတ်တဲ့ စုံထောက်ပုံစံ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒါ သင့်အတွက်ပါပဲ။ သေဆုံးသွားပြီဖြစ်တဲ့ စာရေးဆရာ CJ Sansom ရေးသားခဲ့တဲ့ Matthew Shardlake ဝတ္ထုတွဲက ဇာတ်ကောင်ကိုပဲ ၄ ပိုင်း မီနီစီးရီးသဘောနဲ့ အမှုတစ်ခုအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်္ဂလန်ပြည့်ရှင် ဟင်နရီ ၈ က ရိုမန်ကတ်သလစ်ဂိုဏ်းတွေနဲ့ ခွာပြဲထားတဲ့အချိန်ကာလမှာပေါ့။ အဲဒါကြောင့် ဘုရင်ဖြစ်သူနဲ့ အရှင်တစ်ယောက်က ပြန်လည်ပြုပြင်ထူထောင်ရေးဆိုပြီး သဘောထားမတူကွဲပြားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သက်သေရှာပြီး ပိတ်သိမ်းမယ် ပိုင်ဆိုင်သမျှတွေလည်း အကုန်သိမ်းမယ်ပေါ့။ ဒါကြောင့် ဆိပ်ကမ်းနေရာတစ်ခုက ဘုန်းတော်ကြီးတစ်ကျောင်းကို ကော်မရှင်နာရှေ့နေလွှတ်ပြီး သက်သေစုခိုင်းတဲ့အချိန် အသတ်ခံလိုက်ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ...
7.016
TMDb: 7.016/10 31 votes
tv

Shardlake (2024) S1

2024
Time Bandits (2024) 5.6
Time Bandits (2024)  Time Bandits ဒီဇာတ်လမ်းတွဲလေးကတော့ ဟာသနှောထားတဲ့ဇာတ်အိမ်ကိုလည်း သဘောကျတယ်၊ အာကာသတွင်းပေါက်တို့ အချိန်ခရီးသွားတာတို့ စတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ဗင်ဆိုတဲ့ ကောင်လေးဟာ တခြားရွယ်တူကလေးတွေလို ဘောလုံး ဂိမ်း ဖုန်း စတာတွေကို စိတ်မဝင်စားပဲ ရှေးခေတ်က အတိတ်သမိုင်းကြောင်းတွေကို အရူးအမူးစိတ်ဝင်စားပြီးတော့ အမြဲလိုလို ဒီထဲမှာပဲ အချိန်ကုန်နေတတ်လို့ သူငယ်ချင်းမရှိရှာပါဘူး။ တစ်နေ့မှာတော့ သူ့အိပ်ခန်းထဲမှာ အာကာသတွင်းပေါက်တစ်ခုပေါ်လာပြီးတော့ အထဲကနေ အန္တိမဖန်ဆင်းရှင်ဆီက မြေပုံကို ခိုးလာတဲ့ အာကာသဓားပြအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ ကယ်ဗင်ဟာ မြေပုံခိုးလာတဲ့ ခိုးသားတွေနဲ့ အာကာသတွင်းပေါက်ထဲကို လိုက်သွားမိပြီးတော့ အတိတ်ကာလတွေကို ပြန်ရောက်သွားပါတော့တယ်။ ဒီတော့ ကယ်ဗင်အနေနဲ့ သူလက်ရှိအချိန်ကာလကို ပြန်လာနိုင်ပါ့မလား၊ ဒီမြေပုံက ဘာလဲ၊ ဒီမြေပုံကို ခိုးလာတဲ့သူခိုးတွေက ဘယ်သူလဲ၊ ဘယ်သူ့ဆီက ခိုးလာတာလဲ မြေပုံပိုင်ရှင်ရဲ့ လက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ စသဖြင့် ဟူသိဟူသိ သိချင်စိတ်တွေနဲ့ ...
5.6
TMDb: 5.6/10 26 votes
tv

Time Bandits (2024)

2024

Genres

Archives