Channel Myanmar

New releases (2025)

Content at random


TV Series

The Lovers (2023) 7.4
The Lovers (2023) The Lovers (2023) ============== IMDb Rating - 7.3/10IMDb 7.4 ရထားတဲ့ အချစ်ဟာသ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးမက်စ်က နာမည်ကြီး အစီအစဉ် တင်ဆက်သူပါ။ သူ့ ဇာတိမြို့ဖြစ်တဲ့ ဘဲလ်ဖက်စ်ကို အလုပ်ကိစ္စကြောင့် ပြန်ရောက်သွားတယ်။ ဒါပေမဲ့ စကားမှား သွားမိလို့ လူငယ်တွေဆီက ဝိုင်းရိုက်ခံရတဲ့အတွက် ထွက်ပြေးရင်းကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်နေတဲ့ ဂျန်နက်နဲ့ တွေ့သွားတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ တွေ့ဆုံမှုမျိုးနဲ့ ဆုံခဲ့ရတဲ့ သူတို့နှစ်ယောက်က တစ်ရက်ပဲ တွေ့လိုက်ရပေမဲ့ သက်ရောက်မှုက ကြီးပါတယ်။ အထူးသဖြင့် ဂျန်နက်ကိုပေါ့။အပေါက်ဆိုး အဆဲကြမ်းပြီး သတ်သေချင်စိတ်ပေါက်နေတဲ့ ဂျန်နက်က ရှေးမက်စ်နဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့အလုပ်သူပြန်သွားပြီး သူများတွေနဲ့ အဆင်ပြေအောင် နေတဲ့ထိပါပဲ။ ဒါပေမဲ့ ရှေးမက်စ်မှာ သရုပ်ဆောင်လုပ် နေတဲ့ ချစ်သူကောင်မလေး ရှိနေမှန်း မဂ္ဂဇင်း အင်တာဗျူးကနေ တွေ့လိုက် ရပါတယ်။ ဂျန်နက်တို့နှစ်ယောက်က Right person, wrong time တွေ ဖြစ်နေလား။ ဆိုင်သူရှိနေတဲ့ ရှေးမက်စ်ကရော ဘယ်လိုရှေ့ဆက်မလဲ။ ဂျန်နက်တစ်ယောက် ...
7.4
TMDb: 7.4/10 1400 votes
tv

The Lovers (2023)

2023
Love Is In The Air(2020)[Complete] 8.198
Love Is In The Air(2020)[Complete] Love Is In The Air(2020)အယ်ဒါမုန်းတဲ့ဆာကန်****************************************** အပိုင်း (၁ မှ ၁၀၄) ထိ စ/ဆုံး ခုတလော လောင်တာတွေများတော့ ချောကလက်ပေါ် ပျားရည်လူးထားသလိုချိုမြန် လှပတဲ့ တူရကီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါ့မယ်..ဒီစီးရီးက ကျွန်တော်တို့ CMမှာ ခဏ ခဏ လာတောင်းကြသလို အပိုင်းလည်းများပြီး ပြန်ဖို့တင်ဖို့ စသည့်အထွေထွေအခက်အခဲများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်... မူရင်း တူရကီနာမည်ကတော့ Sen Çal Kapimi လို့အမည်ရပါတယ်...သို့သော် တူရကီနာမည်ဖြစ်လို့CM ပရိတ်သတ်တွေမှတ်ရခက်နေနိုင်လို့  IMDB,TMDBတို့က E နာမည်ကိုပဲ ယူပေးထားပါတယ်...မူရင်းက ၅၂ပိုင်းရှိတယ်ဆိုပေမဲ့  ပြသချိန်တစ်ပိုင်းကို ၂နာရီခွဲနီးပါးကြာမြင့်တာရောTele တင်ဖို့ အခြေနေကြောင့် ကျွန်တော့်တို့ ၂ခုဖြတ်လိုက်မှာဖြစ်ပါတယ် .... Official episode -52 ပိုင်းဖြစ်ပြီး tele မှာတင်ဖို့အတွင် official episode တစ်ပိုင်းကိုtele episode ၂ ပိုင်းခွဲတင်ပေးမှာမလို့ tele episode-104 ပိုင်းထိဖြစ်သွားပါ့မယ်...ဇာတ်လမ်းအကျဉ်း....ဆာကန်ဆိုတဲ့ ယောက်ျားတစ်ယောက် ငယ်ရွယ်ထက်မြက်သလို တူရကီနိုင်ငံရဲ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ထဲမှာပါတယ်..ခံစားချက်ကိုဦးစားမပေးဘူး...အလုပ်ကို စက်ရုပ်ဆန်ဆန်လုပ်လေ့ရှိသလို  ...
8.198
TMDb: 8.198/10 2937 votes
tv

Love Is In The Air(2020)[Complete]

2020
Unshakable Faith ( 2023 ) 9
Unshakable Faith ( 2023 ) 1950 ခုနှစ်မှာ မျိုးချစ်သိပ္ပံပညာရှင် အန်းဝိန်ရှန်းဟာ တိုင်းတပါးက သမာသူတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာကြောင့် အမိမြေကိုပြန်လာဖို့ အခက်အခဲရှိတဲ့အတွက် သုတေသနလုပ်ထားတဲ့အချက်အလက်အားလုံးကို ဂျူနီယာဖြစ်တဲ့သင်္ချာပါရဂူဘွဲ့ရ ပညာတော်သင်ကျောင်းသား ကျိသန်းယန် (Liu Xue Yi) လက်ထဲကို အပ်ပြီး ပြည်မကြီးကို အဲဒီအချက်အလက်တွေ ပြန်သယ်သွားပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့ အန်းဝိန်ရှန်းရဲ့ သုတေသန အချက်အလက်တွေကို လုယူချင်တဲ့ ရန်သူတွေဟာ ပြည်တော်ပြန်တဲ့ လမ်းတစ်ခရီးတစ်လျှောက်မှာ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့တာမို့ ပြည်သူ့လုံခြုံရေးဌာနက ကျိသန်းယန်ကို ကာကွယ်ပြီး ပြည်မကြီးဆီ ပြန်ခေါ်လာဖို့ ဖန်ဟုန်မိန် (Peng Xiao Ran) ကို တာဝန်ပေးခဲ့ပါတယ်အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ ကျိသန်းယန်နဲ့ ဖန်ဟုန်မိန်တို့ ပြည်မကြီးကို ပြန်ရောက်လာခဲ့ကြပြီး ပြည်တွင်းက နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်တဲ့ ရေစစ်ယူရေးစီမံကိန်းကို ကျိသန်းယန်က ဦးစီးပြီး လုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ် အဲဒီနောက်မှာ ရန်သူ့ဘက်က သူလျိုတွေဟာ ကျိသန်းယန်ဦးဆောင်တဲ့ ကျွမ်းကျင်သူပညာရှင်အဖွဲ့ကို အမျိုးမျိုးလုပ်ကြံဖို့ ကြိုးစားလာကြပါတော့တယ်ရန်သူတွေကို ဦးဆောင်တဲ့ နောက်ကွယ်က ရွှယ်လန် ဆိုသူဟာ ဘယ်သူလဲဆိုတာကို ဖန်မိန်ဟုန်တို့ ပြည်သူ့လုံခြုံရေးအဖွဲ့က ဖော်ထုတ်နိုင်ပါ့မလား ကျိသန်းယန်ကရော သူ့ကို သတ်ချင်တဲ့သူတွေအများကြီးကြားကနေ စီမံကိန်းကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားကျိသန်းယန်၊ ...
9
TMDb: 9/10 1 votes
tv

Unshakable Faith ( 2023 )

2023
Thaibaan in Love The Series (2023) 7
Thaibaan in Love The Series (2023) Thibaan in love / ချစ်ခြင်းတည်သော တို့တောရွာ (၂၀၂၃)ကန်က ကျောင်းဆရာတစ်ယောက်ဆိုပေမဲ့ ဘောလုံးကန်တဲ့နေရာမှာ ထူးချွန်ပါတယ် သူတာ၀န်ကျနေတဲ့ ရွာလေးကတော့ ခမ်ဖာ ရွာလေးပါ တစ်နေ့ ရွာမှာ ဘောလုံးပြိုင်ပွဲ ‌ကျင်းပတော့ ခမ်ထညရွာက ဘောလုံးအသင်းက ကန်ကို ဆော့ဖို့ ခေါ်ပါတယ် ဒါပေမဲ့ ရွာသူကြီးက ကန်ကို သဘောမကျပါဘူး ဘာလို့လိုတော့ ကန်ရဲ့အဖေ နဲ့ ရွာသူကြီးက မတည့်ကြလို့ပါ နောက်တစ်ခုက သူ့သမီးဖြစ်တဲ့ ကွိုန်ကို ကန် ပိုးနေလို့ပါပဲ ဒီကိစ္စတွေကြောင့် ကန်ကို ဘောလုံးအသင်းထဲ မပါစေချင်ခဲ့ပါဘူး ဒါပေမဲ့ ကန်တစ်ယောက် ရွာသူကြီးကို အနိုင်ယူဖို့နဲ့ကွိုန်နဲ့တွဲဖို့ကို လက်ခံပေးဖို့ အပေးအယူလုပ်ခဲ့ပါတယ် အပေးအယူကတော့ ကန် ပြိုင်ပွဲမှာ အနိုင်ရအောင်လုပ်နိုင်ရင် ကွိုန်နဲ့တွဲဖို့ ရွာသူကြီးက ခွင့်ပြုရပါမယ် ရှုံးခဲ့ရင်တော့ ကန် အသင်းက နုတ်ထွက်ရမှာပါ ဆိုတော့ ကန် အချစ်အတွက်နဲ့ ရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ အနိုင်ရသွားမလားဆိုတော့ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Fake ...
7
TMDb: 7/10 1 votes
tv

Thaibaan in Love The Series (2023)

2023
Replacing Chef Chico (2023) 6.8
Replacing Chef Chico (2023) Replacing Chef Chico (2023) "ဟင်းပွဲတွေကြားက ချစ်ပုံပြင်" IMDb 6.6/10ဖိလစ်ပိုင်ရဲ့ ပထမဆုံး Netflix အော်ရဂျင်နယ်စီးရီးလေး လာပါပြီ... နက်ဖလစ် ထုံးစံအတိုင်း ရိုမန့်တစ်ဆန်မယ်... အရောင်အသွေးစုံပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ်... ကိုကိုမမတို့အကြိုက်ပေါ့ဇာတ်လမ်းလေးကတော့ "ဟိုင်" ဆိုတဲ့ fine dining စားသောက်ဆိုင်ကို အခြေတည်ထားတာဖြစ်ပါတယ် "ဟိုင်" ဟာ နာမည်ကြီးခဲ့တယ် အထူးဧည့်သည်တော်တွေရဲ့ အကြိုက် နောက်ခံဘဝ အကြောင်းတွေ အထိ စုံစမ်းမေးမြန်းပြီးမှ အကောင်းဆုံး ဝန်ဆောင်မှု အတွေ့အကြုံခံစားရအောင် ဧည့်ခံတာမျိုး ဒါပေမဲ့ နောက်ပိုင်းမှာ "ဟိုင်" ဟာ တစ်စတစ်စ နိမ့်ပါးလာတယ်... မဂ္ဂဇင်းတွေရဲ့ Top Ten စာရင်းမှာ မပါလာတော့ဘူး... "ဟိုင်" ရဲ့ပိုင်ရှင် အစားအသောက်ပညာရပ်မှာ ဘဝကို မြှုပ်နှံထားတဲ့ စားဖိုမှူးချီကို တစ်ယောက် အကျပ်ရိုက်ပြီ သူ့ရဲ့ အဖေကလည်း အချိန် ၆ လ ရာဇသံပေးထားတယ်... ၆ လပြည့်လို့မှ စားသောက်ဆိုင် ခေါင်းပြန်မထောင်နိုင်ရင် ဆိုင်ကို ပိတ်သိမ်းပြီး တခြားစီးပွားရေး ...
6.8
TMDb: 6.8/10 6 votes
tv

Replacing Chef Chico (2023)

2023
Temptation (2014) [Complete] 7.8
Temptation (2014) [Complete] Temptation (2014)*******************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါတုန်းက ထိပ်ထိပ်ကြဲတွေဖြစ်တဲ့မင်းသမီးကြီး Choi Ji Wooနဲ့ မင်းသားကြီး Kwon Sang Woo တို့အဓိကပါဝင်ထားတဲ့ အိမ်ထောင်ရေးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း...လုပ်ငန်းကျရှုံးပြီး အကြွေးပိနေတဲ့ ချာဆော့ဟွန်းနဲ့နာဟုန်းဂျူတို့ ဇနီးမောင်နှံနှစ်ယောက် ဟောင်ကောင်မှာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လည်း အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိတဲ့ ယွန်းဆယ်ယောင်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး"ဆော့ဟွန်းရဲ့ အကြွေးတွေအတွက် ဖြေရှင်းပေးမယ်""ဆော့ဟွန်းကို ၃ရက်တာ ဝယ်မယ်" ဆိုတဲ့ ကမ်းလှမ်းမှုလုပ်လာပါတော့တယ်။အဲဒီကမ်းလှမ်းမှုက ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုတွေပြောင်းလဲစေမှာလဲ...ဆယ်ယောင်းနဲ့ ဆော့ဟွန်းတို့ကြားမှာရော အတိတ်က ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့သေးသလဲ...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Lia Fay မှ ရေးသားထားပါတယ်။) Genres: Romance, Drama, Melodrama Episodes: 20 Aired: Jul 14, 2014 - Sep 16, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 mins Translated by Lia Fay, ...
7.8
TMDb: 7.8/10 4 votes
tv

Temptation (2014) [Complete]

2014
GBRB: Reap What You Sow (2023) 8.5
GBRB: Reap What You Sow (2023) GBRB : Reap What You Sow (2023)အားလုံးရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ လီဂွမ်ဆူ၊ ဂင်ဝူဘင်၊ EXO's D.O. နဲ့ ဂင်ဂီဘန်းတို့ရဲ့ ရှိုးအသစ်လေး ထွက်ရှိလာပါပြီနော်။ဒီရှိုးလေးရဲ့မစ်ရှင်ကတော့ တစ်ခုတည်းရှိတာဖြစ်ပြီး ပါဝင်သူတွေဟာ လယ်ကွင်းတစ်ခုထဲမှာ သီးနှံပင်တွေ စိုက်ပျိုးပြီး ရိတ်သိမ်းကြရမှာဖြစ်ပါတယ်။အနုပညာလောကထဲမှာပဲ ကျင်လည်လာခဲ့ကြတဲ့ ဒီညီအစ်ကိုချောချောလေးတွေက လယ်ထဲမှာ ဘယ်လိုတွေအလုပ်လုပ်ရင်း ဘယ်လိုသီးနှံတွေကို စိုက်ပျိုးရိတ်သိမ်းသွားကြမလဲဆိုတာအပြင် သေချာပေါက် ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် Healing ရှိုးလေးဖြစ်မှာမို့ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကို Hmwe ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre..... Reality Quality…. 1080p | 720p File size… 2.5GB | 1GB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... CM Variety Team Encoder ..... Aaron720pEpisode 01 - Userdrive | ...
8.5
TMDb: 8.5/10 2 votes
tv

GBRB: Reap What You Sow (2023)

2023
Scrublands (2023) 7.4
Scrublands (2023) Scrublands (2023) Completed Mini Series ဒီတစ်‌ခါတော့ ဩဇီ Crime Thriller အမျိုးအစား စီးရီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိုးခေါင်ရေကြီး ရာသီဥတုဖောက်ပြန်တာတွေ အမြဲကြုံတွေ့ရတဲ့ လူဦးရေကျိုးတို့ကျဲတဲနဲ့ ရေးဗားဆန်းဆိုတဲ့ မြို့လေးမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုအလိုက်အပြုံလိုက်လူသတ်မှုဖြစ်ခဲ့တာကနေ ဇာတ်လမ်းစပါတယ်။ သတ်တဲ့တရားခံကလည်း မြို့သားတွေ လေးစားချစ်ခင်တဲ့၊ မြို့အတွက်ကောင်းတာတွေ အများကြီး လုပ်ပေးခဲ့တဲ့ ဖာသာဆွစ်ဖ် ပါတဲ့။ ဘုရားကျောင်းရှေ့မှာ လူ၅ယောက်ကို သူ သေနတ်နဲ့ပစ်သတ်အပြီးမှာပဲ ရဲအရာရှိက သူ့ကိုပစ်သတ်ခဲ့ပါတယ်။ ဖာသာဆွစ်ဖ်ကလည်း ကလေးမုဒိန်းကျင့်တဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး မီဒီယာတွေက ထင်သလိုရေးကြပါတော့တယ်။ ဒီအဖြစ်ဆိုးကြီး ကြုံရပြီး တစ်နှစ်လောက်နေတော့ ဂျာနယ်လစ်မာတင်ဆိုသူက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းစာအတွက် ဇာတ်လမ်းရေးဖို့ ရေးဗားဆန်းကို ရောက်လာပါတယ်။ အသတ်ခံရတဲ့သူတွေက ကလေးတွေ အမျိုးသမီး‌တွေမပါဘဲ ယောကျာ်းတွေချည်း ဖြစ်နေတာရယ်၊ မြို့သူမြို့သားအချို့ကို အင်တာဗျူးပြီး မတူတဲ့အမြင်တွေရလာတာရယ်ကြောင့် ဖာသာဆွစ်ဖ်အကြောင်းကို ပိုစုံစမ်းဖို့ရာဖြစ်လာပါတယ်။ ဖာသာဆွစ်ဖ်နဲ့ သေသွားတဲ့သူတွေ ...
7.4
TMDb: 7.4/10 5 votes
tv

Scrublands (2023)

2023
Club Friday Season 15 : Fading Love (2023) 8
Club Friday Season 15 : Fading Love (2023) ပြယ်လွင့်သွားသော အချစ် (၂၀၂၃)ပန်နဲ့ချတ်တို့က ယောက်ျားဖြစ်သူက အလုပ်လုပ်ပြီး မိန်းမဖြစ်သူ အိမ်တာဝန် ကလေးတွေတာဝန်ကိုယူရင်း အမြွှာသားလေးနှစ်ယောက်နဲ့ ဘဝကိုဖြတ်သန်းနေကြတဲ့ သာမန်လင်မယားနှစ်ယောက်ပဲ ဖြစ်ပါတယ်ပန်က အတိတ်ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ဒဏ်ရာရနေခဲ့ပြီး အိမ်ပြင်ထွက်ရမှာကြောက်သူတစ်ဦးဖြစ်ကာ အိမ်ထဲကနေပဲ လင်နဲ့သားတွေအပေါ် ထိန်းချုပ်နေသူတစ်ယောက်ဖြစ်ပါတယ် သားအငယ်ဖြစ်သူ တောင်ကိုလည်း နှလုံးအားနည်းတယ်လို့ဆိုကာ ဟိုဟိုဒီဒီမလုပ်ဖို့ ၊ သားအကြီးဖြစ်သူ တွန်ကိုကျ သူခိုင်းသမျှလုပ်ဖို့ ဖိအားပေးတတ်သူမို့ သားနှစ်ယောက်ကြားရော မိခင်နဲ့သားတွေကြားပါအက်ရာထင်လာခဲ့ပါတယ်ထို့အတူ ခင်ပွန်းဖြစ်သူ ချတ်နဲ့ကလည်း အကြောင်းကြောင်းကြောင့် လက်ထပ်ခဲ့ရတာဖြစ်နေခဲ့ပြီး သားဖြစ်သူရဲ့ကျူတာဆရာမ "ကျိန်"ကပါ ခင်ပွန်းဖြစ်သူကို စနိုက်ဖို့ကြိုးစားလာချိန်မှာတော့ပန့်ရဲ့လိုအင်တွေကြောင့် တည်ဆောက်ထားရတဲ့မိသားစုဘဝလေးပျက်စီးသွားမလားဆိုတာ "ပြယ်လွင့်သွားသော အချစ်"ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်အညွှန်းကိုတော့ Kyi Nue Zin က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Kyi Nue Zin and Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p File size… 600MB } 234MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle ...
8
TMDb: 8/10 112 votes
tv

Club Friday Season 15 : Fading Love (2023)

2023
Air City (2007)  [Completed] 6
Air City (2007) [Completed] Air City (2007)*****************အပိုင်း (၁ မှ ၁၆) စ/ဆုံး လေကြောင်းမြို့တော်ဒီလအတွက်တော့ "လေကြောင်းမြို့တော်"ဆိုပြီး မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ အချစ်၊အလွမ်း၊ဟာသ၊အက်ရှင် ရသမျိုးစုံကို ခံစားနိုင်မယ့် ဇာတ်လမ်း‌တွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Squid Game ဇာတ်လမ်းတွဲထဲက မင်းသားကြီး Lee Jung Jaeနဲ့ Stairway to Heaven (အချစ်လှေကားဓာတ်လေးများ)ဇာတ်လမ်းတွဲထဲက မင်းသမီးကြီး Choi Ji Wooတို့ အဓိကပါဝင်ထားပါတယ်။NISရဲ့ အေးဂျင့်ဖြစ်တဲ့ ဂင်ဂျီဆောင်းကတော့ တိုင်းပြည်လုံခြုံရေးအတွက်ဆိုရင် ချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်သင့်ရင်ချိုးဖောက်ပြီး ရာဇဝတ်ကောင်နောက်ကို ကျားကုတ်ကျားခဲလိုက်တတ်တဲ့‌ အေးဂျင့်တစ်ယောက်ပါ။တစ်ဖက်မှာတော့ Incheonအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ မန်နေဂျာဖြစ်တဲ့ ဟန်ဒိုဂယောင်းဟာ အသက်ငယ်ပေမဲ့ အဆိပ်ပြင်းသူတစ်ယောက်ဖြစ်ပြီး ကျိုးကြောင်းဆီလျော်အောင် ဆင်ခြင်တွေးခေါ်တတ်သူပေါ့။စရိုက်မတူသူ နှစ်ဦးကြား ကတောက်ကဆ ဖြစ်ပေါ်တတ်တာ သဘာဝဆိုသလိုပဲ NISအေးဂျင့် ဂင်ဂျီဆောင်းနဲ့ Incheon လေဆိပ်ရဲ့ မန်နေဂျာ ဟန်ဒိုဂယောင်းတို့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့အတွက် ပူးပေါင်းလုပ်‌ဆောင်ကြတဲ့အချိန်မှာ အမြီးအမောက် မတည့်ဖြစ်တာမျိုးတွေ ရှိလာပါတယ်။ကတောက်ကဆတွေကြားကနေ ရာဇဝတ်မှုတွေ ဘယ်လိုပူးပေါင်းဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ...
6
TMDb: 6/10 2 votes
tv

Air City (2007) [Completed]

2007
For All Mankind (2019) 7.7
For All Mankind (2019) ဒီတစ်ခေါက်မှာတော့ IMDB 8.1/10, RT 93% ရရှိထားတဲ့ အလန်းစား စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Sci-Fi/Drama အမျိုးအစားဖြစ်ပြီး အကောင်းဆုံးဒရမ်မာစီးရီးဆု အပါအဝင် ဆုသုံးဆုနဲ့ ဆန်ကာတင် ၂၄ ခုဝင်ခဲ့တဲ့< ဝေဖန်သူတွေရဲ့အကြိုက် သုံးသပ်ချက်ကောင်းတွေ အများကြီးရရှိထားတဲ့ စီးရီးဆိုလည်း မမှားပါဘူး။ ဒီကားကိုဖန်တီးသူကလည်း Star Trek ရဲ့ပဲ့ကိုင်ရှင် Ronald D. Moore ဖြစ်တာမို့ Space advanture ဇာတ်ဝင်ခန်းတွေမှာ ပရိသတ်အကြိုက်ဖြစ်စေမယ်ဆိုတာတော့ အသေအချာပါပဲ။သမိုင်းဝင်ဖြစ်ရပ်မှန်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို ပေါင်းစပ်ရိုက်ကူးထားတာမို့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူပုဂ္ဂိုလ်တွေရဲ့ ဇာတ်ကောင်တွေကလည်း ဇာတ်လမ်းကို ပိုပြီး အသက်ဝင်နေစေပါတယ်။ မင်းသား Joel Kinnaman (Johan Falk)နဲ့ Casey W. Johnson၊ မင်းသမီး Jodi Balfour (Bomb Girls: Facing the Enemy) နဲ့ ...
7.7
TMDb: 7.7/10 552 votes
tv

For All Mankind (2019)

2019
Bake me please (2023)
Bake me please (2023) ကိတ်လို ချိုတဲ့ အချစ် (၂၀၂၃)ဒီတစ်ခါ Channel BLပရိတ်သတ်တွေအတွက် CMကနေ အချစ်ချိုချို ရိုတဲ့BLကားလေးတင်ဆင်ပေးချင်ပါတယ်ကိတ်ဖုတ်တာကိုဝါသနာကြီးပြီး ကိတ်တွေကို ကိုယ်တိုင်အနုစိတ်ဖုတ်တဲ့လူပါ သူလုပ်တဲ့တိုတာကက်ပရေ့မုန့်ကို စားချင်တဲ့လူက ဆိုင်မဖွင့်ခင်ထဲက တန်းစီပြီးကြိုစောင့်နေရပါတယ် လက်ထောက်မခေါ်ဘဲ တစ်ယောက်ထဲစိတ်တိုင်းကျလုပ်တာကြောင့် တစ်နေ့မှ အလုံး၂၀ပဲရပါတယ်အဖွားနဲ့အတူ ကိုယ်တိုင်ကိတ်မုန့်လုပ်ရင်း ဆိုင်ဖွင့်နိုင်ဖို့ ကြိုးစားနေသူဖိချ် ကိတ်ရောင်းတဲ့နေရာမှာ အခက်အခဲတွေ တွေ့လာသောအခါ ဖိချ်တစ်ယောက် ရှင်းတို့အဖွဲ့ထဲရောက်သွားပါတော့တယ်ဘယ်သူနဲ့မှစကားသိပ်မပြော တစ်ယောက်ထဲနေတတ်တဲ့ရှင်းတစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ? ဖိချ်အတွက်ကရော အဆင်ပြေပါ့မလား? ကဲ အားပေးကြပါဦးအညွှန်းကိုတော့ Kong Hou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Kong, Laii, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kong, Laii, Mary Encoder ..... Aaron720pEpisode 01 - ...

Bake me please (2023)

2023
The Artful Dodger (2023) 8.833
The Artful Dodger (2023)  ဒီကားလေးကတော့ ၁၈၀၀ပြည့်နှစ်ကို အခြေခံရေးထားတဲ့ Oliver Twist ဝတ္ထုလေးကို မှီခြမ်းပြီးရိုက်ကူးထာတဲ့ ကားကောင်းလေးတစ်ကားပါ.....ဇာတ်လမ်းလေးထဲမှာတော့ ဒေါ့ချ်ဟာ ခါးပိုက်နှိုက်ဂိုဏ်းက ခါးပိုက်နှိုက်လေးပါ သူ့ကို ခါးပိုက်နှိုက် ခေါင်းဆောင်ကြီး ဖာဂင်က ခေါ်ယူမွေးစားထားတာပါ။ ဒီလိုနဲ့ ခါးပါးနှိုက်ရင်း ထောင်ကျရာကနေ ဖာဂင်က ထောင်ဖောက်ပြေးရင်း သူ့ကို ထောင်ထဲမှာ ထားခဲ့ရာကနေ မထင်မှတ်ဘဲ ဗြိတိသျှရဲ့ ကိုလိုနီမြို့လေးတစ်မြို့မှာ ပြန်ဆုံကြပါလေရော.....အဲဒီအချိန် ဒေါ့ချ်က ခါးပါးနှိုက်မဟုတ်တော့ဘဲ ရေတပ်က ခွဲစိတ်ဆရာဝန်အရာရှိတစ်ယောက်တောင်ဖြစ်လို့နေပါပြီ.....အဲဒီ မြို့ကြီးရဲ့ မြို့စားကြီးသမီးကလည်း ခွဲစိတ်ပညာကို အင်မတန်စိတ်ဝင်စားနေတဲ့သူလေးတစ်ယောက်ပေါ့......ဒီလိုနဲ့ ခါးပါးနှိုက်ကနေ ခွဲစိတ်ဆရာဝန်ဖြစ်လာတဲ့ ဒေါ့ချ်ရယ် ခွဲစိတ်ပညာကို အရမ်းစိတ်ဝင်စားတဲ့ မြို့စားကြီးသမီးရယ် ကလေးကတည်းက မွေးစားပြီး ဒုစရိုက်သမားအဖြစ် ဒေါ့ချ်ကို ပျိုးထောင်ခဲ့တဲ့ ဖာဂင်ရယ် ကိုလိုနီမြို့လေးမှာ ဆုံကြတဲ့ခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးနဲ့ လိုက်ပါစီးမျောလိုက်ကြပါဦးလို့......အင်္ဂလိပ်တွေရဲ့ ရှေးခေတ်အသုံးအနှုန်းတွေ နေပုံထိုင်ပုံတွေနဲ့ အဲဒီခေတ်က ဆေးပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ ဒီကားလေးကို ...
8.833
TMDb: 8.833/10 12 votes
tv

The Artful Dodger (2023)

2023
Vigil (2021) (Seasaon 1+2) 8.8
Vigil (2021) (Seasaon 1+2) Vigil (2021) Season 1=======================================IMDb Rating - 7.5/10ဒီစီးရီးကို Quality content​တွေပဲ ရိုက်တတ်တဲ့ BBC One ရုပ်သံလိုင်းက​နေထုတ်လွှင့်တာဖြစ်ပြီး အပိုင်း ၆ပိုင်းပဲ ပါဝင်တဲ့Limited Miniseries ဖြစ်ပါတယ်၊ IMDb -7.5 , Rotten Tomatoes - 71%ရရှိထားပြီး Critic review​ကောင်း​တွေ အများကြီးရထားတဲ့ စီးရီးပါ၊ ​British ဝါရင့်မင်းသမီး Suranne Jones နဲ့ GOTထဲမှာ Ygritte အဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသမီး​ချောRose Leslieတို့က ​ခေါင်း​ဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။HMS Vigilဆိုတာ ဗြိတိန်​ကျွန်းစုရေပိုင်နက်ကို ကင်းလှည့်စစ်ဆင်​ရေး လုပ်​ပေးရတဲ့ ​​​တော်ဝင်​ရေတပ်ထဲက ရေငုပ်သင်္ဘောကြီး​တစ်စင်းပါ၊ တစ်​နေ့မှာ Vigil ကမ်းလှည့်တာဝန်​ ဆောင်ရွက်​နေတဲ့အချိန်အတွင်း စ​ကော့တလန် ငါးဖမ်းစက်​လှေတစ်စီးက ပ​ဟေဠိဆန်စွာ​ရေ​အောက်ကိုဆွဲချနှစ်မြုပ်ခံလိုက်ရပါတယ်၊ မ​ရှေးမ​နှောင်းပဲ သင်္ဘောကြီး​ပေါ်က တပ်ကြပ်အရာရှိ Craig Burkeဟာလည်းHeroinအသုံးလွန်ပြီး ...
8.8
TMDb: 8.8/10 22 votes
tv

Vigil (2021) (Seasaon 1+2)

2021
The Matchmakers(2023)[Complete]
The Matchmakers(2023)[Complete] The Matchmakers(2023)***********************အပိုင်း ( ၁ မှ ၁၆ )ထိ စ/ဆုံး ရိုးရာမပျက် ဂယက်တစ်သိန်း ထဦးမယ့် Rowoon နဲ့ All of Us Are Dead ထဲကအလှလေး နမ်ရာ Cho Yi Hyun တို့ရဲ့ နန်းတွင်းကားလေး လာပါပြီSim Jung Woo (Ro Woon)က ဉာဏ်ရည်ထက်မြက်ပြီး ခန့်ညားတဲ့လူငယ်တစ်ယောက်ပါ။ဉာဏ်ကောင်းတာကြောင့် အသက်အငယ်ဆုံးထူးချွန်သူအဖြစ် ပြည်နယ်စာမေးပွဲမှာ ပထမတန်းနဲ့ အောင်ခဲ့ပါတယ် ကံကောင်းလွန်းတဲ့ Sim Jung Woo က ဘုရင့်သမီးတော် မင်းသမီးတစ်ပါးရဲ့ခင်ပွန်းလောင်းအဖြစ်လည်း ရွေးချယ်ခံရပါသေးတယ် ဒါပေမဲ့ ထိမ်းမြားမယ့်နေ့မှာပဲ မင်းသမီးလေး နတ်ရွာစံသွားတာကြောင့် Sim Jung Woo ရဲ့ဘဝဟာ မုဆိုးဖိုပေါက်စဖြစ်သွားခဲ့ရပြီး ဂျိုဆွန်းခေတ်ရဲ့ ဓလေ့ထုံးစံအရ အစိုးရရာထူးကိုမယူနိုင်တော့သလို နောက်အိမ်‌ထောင်လည်း မပြုနိုင်တော့တဲ့ ကံအဆိုးဆုံးလူသားဖြစ်သွားပါတော့တယ်Jung Soon Deok (Cho Yi ...

The Matchmakers(2023)[Complete]

2023
Spice and Spell (2023) 5
Spice and Spell (2023) ရှူးရှူးရှဲရှဲ အချစ်မန္တန် (၂၀၂၃)ဒီနေ့မှာတော့ ချိုချဉ်ငံစပ် ထိုင်းအသုပ်စုံလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ “ဘန်လမွန်” လို့ခေါ်တဲ့ ကမ်းခြေမြို့လေးမှာ “မွန်” လို့ခေါ်တဲ့ ကောင်မလေးဦးစီးဖွင့်ထားတဲ့ ရှူးရှဲအသုပ်ဆိုင်လေးက ဒေသခံတွေအားပေးတာနဲ့တင် ရောင်းရတာ လက်မလည်ပါပဲ။အကြောင်းအရင်းကတော့ “မွန်” တို့မိသားစု အစဉ်အဆက်မပြတ်ထိန်းသိမ်းလာတဲ့ လျှို့ဝှက်ငါးပိလုပ်နည်းနဲ့ စားသုံးသူတွေအပေါ်ထားတဲ့စေတနာကြောင့်ပေါ့။ “မွန်” ကတော့ အရေအတွက်ထက် အရည်အသွေးကိုပိုဦးစားပေးတတ်တဲ့သူမျိုးဖြစ်ပြီး ဆိုင်ရောင်းအားကောင်းဖို့ထက် စားစရာအရည်အသွေးမကျသွားအောင်ပဲ တစ်နိုင်တစ်ပိုင်ရောင်းချချင်သူပါ။တစ်ဖက်မှာလည်း ဓာတ်ပုံပညာရှင်တစ်ယောက်ဖြစ်တဲ့ “ထို့” က ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြီးကြောင့် စီးပွါးပျက်ပြီး အကြွေးတွေတင်နေရသူပေါ့။ တစ်ရက်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ နာမည်ကြီး influencer “ဗျူတီး” နဲ့အတူ “မွန်” ရဲ့ဆိုင်လေးကို ရီဗျူးလုပ်ဖို့အသွား ဆိုင်ရှင်ဖြစ်တဲ့ “မွန်” က သဘောမတူဘဲ သဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အခါ ..။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Kppks, Su Myat, Thae, Char Ou, Ada, Laila တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. ...
5
TMDb: 5/10 1 votes
tv

Spice and Spell (2023)

2023
Cindy la Regia: The High School Years (2023) 5
Cindy la Regia: The High School Years (2023) Cindy la Regia: The High School Years (2023) Genre – Comedy, Drama IMDB – 6.4/10Netflix ကနေ အသစ်ထွက်ရှိထားတဲ့ စပိန်စကားပြော မက်ဆီကို လူငယ်ဟာသဒရမ်မာ စီးရီးလေး ဖြစ်ပါတယ်။ Cindy la Regia ဆိုပြီး ၂၀၂၀ ခုနှစ်တုန်းကလည်း ရုပ်ရှင်ထွက်ရှိထားပါတယ်။အဲဒါကတော့ လူကြီးစင်ဒီအကြောင်း ဖြစ်ပြီး ဒီ စီးရီးကတော့ ဆယ်ကျော်သက်စင်ဒီကို အခြေခံထားတာမို့ ရုပ်ရှင် မကြည့်ဖူးလည်း ကိစ္စမရှိပါဘူး။ ဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်မလေးတစ်ယောက် အရောအနှော အထက်တန်းကျောင်းကို တက်ရတော့မယ်။ တခြားမြို့က အစ်မဝမ်းကွဲဖြစ်သူနဲ့ အတူတူတက်ရမယ် အခန်းထဲလည်း အတူတူနေရမယ် စရိုက်ကတော့ မတူညီပေမဲ့ ပေါင်းရတာ အဆင်ပြေတယ်ပေါ့။ တွဲနေတဲ့ ချစ်သူလေးနဲ့လည်း အရင်က ကျောင်းမတူပေမဲ့ အခုတော့ ကျောင်းတူပြီး အဆင်ပြေအောင် နေကြမယ်ဆိုမှ ပြဿနာလေးက တက်သွားရော။နောက်ပြီး သူ့ရဲ့ ၁၀ နှစ်တာ စီမံကိန်းထဲက ...
5
TMDb: 5/10 3 votes
tv

Cindy la Regia: The High School Years (2023)

2023
Label (2023)
Label (2023) Label (2023) "နာမည်တွင်ကျန်ရစ်..." IMDb - 7.1/10အခုတင်ဆက်ပေးမှာက Disney+ Hotstarက လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ရသပေါ်လွင်အောင်ရိုက်ကူးထားတဲ့ တမီးလ်ဇာတ်လမ်းတွဲပါဗျ။ ဇာတ်လိုက်ကျော်ကတော့ Chennai 600028(2007)မှာ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ မင်းသား ဂျေးပဲဖြစ်ပါတယ်။လူတွေဆိုတာ ဘယ်နေရာက လာလဲဆိုတာအပေါ်မှာ ဂုဏ်ယူတတ်ကြတယ်... ကိုယ့်အတွက် ထိုက်တန်တဲ့ အမြင့်တစ်နေရာကို ဂုဏ်သိက္ခာရှိရှိနဲ့ရယူပြန်တော့လည်း ကိုယ်လာခဲ့တဲ့နေရာကို လေးစားကြပြန်ရော... နေထိုင်ကြီးပြင်းခဲ့တဲ့ အရပ်ဒေသပေါ်မူတည်ပြီး လူတစ်ယောက်အပေါ်မှာခွဲခြားဆက်ဆံသင့်ရဲ့လား... ကျွန်တော်နေထိုင်တဲ့နေရာပေါ်မှာ မူတည်ပြီး ကျွန်တော့်ကိုမြင်တဲ့အမြင်တွေက အရမ်းဆိုးရွားတာပဲ... နေတဲ့နေရာကို ကြည့်ပြီး ကျွန်တော့်ကိုတံဆိပ်ကပ်ကြတယ်... နာမည်တပ်ကြတယ်... ကျွန်တော် အဲဒီဒဏ်ကို မခံနိုင်ဘူး... မခံချင်ဘူး... ကျွန်တော် ဘာဖြစ်လာမှ အဲဒီအရာကို ဖယ်ရှားနိုင်မှာလဲ... အဲဒီတံဆိပ်ကြီးကို ခွာချနိုင်မှာလဲ...ငယ်စဉ်ကလေးဘ၀တည်းက ဒီလိုနာကြည်းမှုတွေနဲ့ ပရာဘာတစ်ယောက် သူ့ကို တပ်ထားတဲ့နာမည် သူ့အပေါ်ကပ်ထားတဲ့ တံဆိပ်ကို ခွာချနိုင်ဖို့ကြိုးစားရင်း သူနေတဲ့နေရာရဲ့ နာမည်ဆိုးကိုလည်း ဘယ်လိုဖယ်ရှားမလဲဆိုတာ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတေ့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size ...

Label (2023)

2023
Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
High Tides (2023) 7
High Tides (2023)  ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာရှိ မိသားစုတွေကနေ ပေါက်ဖွားလာတဲ့ဆယ်ကျော်သက် လူငယ်တစ်စုက ဘယ်ဂျီယမ် ပင်လယ်ကမ်းခြေ တစ်ခုမှာနွေရာသီ အားလပ်ရက် လူငယ်တို့သဘာဝ ပါတီပွဲတွေတက် သောက်စား မူးယစ်ပျော်ပါးနေကြတယ် အဲဒီနောက် immigrant တစ်ဦးဖြစ်တဲ့ ဒန်ဆိုတဲ့ လူငယ်လေးကနွေရာသီအချိန်ပိုင်း အလုပ်အတွက် ကမ်းခြေက ကလပ်မှာ အလုပ်လုပ်ရင်း သူတို့အဖွဲ့နဲ့ စပြီး သိကျွမ်းသွားခဲ့ပါတယ် အဖွဲ့ထဲက လူဝီစ်ဆိုတဲ့ ကောင်မလေးမှာ အဲလက်စ်ဆိုတဲ့ ရည်းစား ရှိမှန်း သိနေပေမယ့် ကြိတ်ပြီး သဘောကျနေခဲ့တဲ့ ဒန်က ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲ..ဒန်ရဲ့ မိခင်က အဲလက်စ်တို့ရဲ့ အိမ်မှာ ကလေးထိန်း ဝင်လုပ်နေရင်း ပျောက်ဆုံးနေတာနှစ်နှစ်ကျော် ကြာပြီ ဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ သဲလွန်စကို အဲဒီအိမ်မှာ တွေ့လိုက်ရတဲ့အခါဘာတွေဖြစ်လာမလဲ...အဲလက်စ် လူဝီစ် နဲ့ ဒန်တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လိုမျိုး အဆုံးသတ်သွားမလဲ..အများအမြင်မှာ အားကျစရာ မိသားစုတွေ ဖြစ်နေပေမယ့် လူမမြင်နိုင်တဲ့ ...
7
TMDb: 7/10 16 votes
tv

High Tides (2023)

2023

Genres

Archives