Channel Myanmar

New releases (2025)

Content at random


TV Series

Blood Coast (2023) 7.5
Blood Coast (2023) Blood Coast (2023) Complete(function(f,b,n,j,x,e){})(); ~ IMDb - 7/10, Rotten Tomatoes - 76% ~ ဒီတစ်ခါမိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားပြီး အပိုင်း ၆ပိုင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ အက်ရှင်ကြိုက်ပရိသတ်​တို့ သ​ဘောကျ​လောက်မယ့် မှုခင်းအက်ရှင်စီးရီး Blood Coast ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မာဆယ်မြို့ မူးယစ်​ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်​နေရာယူထားတဲ့ ဆာဒီဂိုဏ်း​​ခေါင်း​ဆောင် အယ်လီဆာဒီနဲ့ မူးယစ်​ဆေးသစ် နည်းအသစ်​တွေနဲ့ ဆာဒီဂိုဏ်း​နေရာကိုဝင်​ရောက်​နေရာယူဖို့ကြိုးစားတဲ့ အင်ဒီးယန်းနဲ့မူရီလိုတို့အဖွဲ့တို့ကြား ​အားပြိုင်ရာက​နေ မြို့​ပေါ်​သွေး​ချောင်းစီးမှာကို လိုက်ကာကွယ်​ပေး​နေတဲ့ ယက်စ်ဦး​ဆောင်တဲ့မူးယစ်ကာကွယ်​ရေးရဲအဖွဲ့... အဲဒီသုံးဖွဲ့ကြားက အားပြိုင်မှုတွေ ကြိုးပမ်းမှုတွေ ကို အက်ရှင်ဆန်ဆန်ကြည့်ရှုရ​အောင် ရိုက်ကူးပြသထားတဲ့ စပိန်အက်ရှင်ဒရာမာစီးရီး​လေးပဲဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 850MB+ Total - 6 Episodes Quality – 1080p Duration ~ 50min+ (@Episode) Subtitle – Myanmar ...
7.5
TMDb: 7.5/10 34 votes
tv

Blood Coast (2023)

2023
Rising Feather ( 2023 )
Rising Feather ( 2023 ) မိန်းမပျိုလေးတစ်ယောက်ရဲ့ အချစ်ကြီးလို့အမျက်ကြီးပြီး လက်စားချေဖို့ကြံစည်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဟွိုင်မင်းသားကြီးရဲ့သမီးတော် မင်းသမီးလေးချင်းချွဲ့ဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီး မုမင်းသားကြီးအိမ်တော်မှာကြီးပြင်းလာခဲ့ရတယ်။(function(f,b,n,j,x,e){})();သူဟာမင်းသမီးချင်းချန်ရဲ့ အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့အတွက် ထွက်ပြေးဖို့ကြိုးစားရင် စစ်သူကြီးယွင်ဟွမ်နဲ့ဆုံတွေ့ခဲ့ရတယ်။ ခိုကိုးရမဲ့တဲ့လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မှီခိုရင် ချစ်မိသွားကြတယ်။ ဒါပေမယ့် မင်းသမီးချင်းချွဲ့ဟာ ချစ်သူရဲ့လက်မှာသေရမယ်လို့ဘယ်ထင်ခဲ့မလဲ......သေဘေးကလွတ်မြောက်လာတဲ့ချင်းချွဲ့ဟာ ချွဲ့အာအဖြစ်တဖန် ပြန်မွေးဖွားလာပြီး မုမင်းသားကြီးအိမ်တော်ကိုလက်စားချေဖို့ပြန်ရောက်လာခဲ့ပါတယ်။ မင်းသမီးချင်းချွဲ့ဟာ လက်စားချေဖို့အောင်မြင်နိုင်မလား.... စစ်သူကြီးယွင်ဟွမ်နဲ့ အရင်ကသံယောဇဉ်အတိုင်း ပြန်ချစ်နိုင်ဦးမလားဆိုတာ ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ပါဦးနော်========================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Romance Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK======================== Ep 1 (1080p) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 2 ...

Rising Feather ( 2023 )

2023
Derailment ( 2023 ) 10
Derailment ( 2023 ) ဒီတစ်ခါတော့ ပရိသတ်ကြီး လွမ်းနေလောက်ပြီဖြစ်တဲ့ မင်းသားချောလေး LinYi ရဲ့ ဇာတ်လမ်းအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-(function(f,b,n,j,x,e){})();ကျန်းရှောင်ယွမ်ဆိုတဲ့မိန်းကလေးဟာ အရမ်းကိုချမ်းသာတဲ့ သူဠေး သမီးလေးတစ်ဦးပါပဲ..သူမဟာ မတော်တဆဖြစ်ရပ်တခုကြောင့် အချိန်ခရီးသွားသလိုဖြစ်သွားပြီး အပြိုင် ကမ္ဘာကိုရောက်ရှိသွားပါတော့တယ် အပြိုင်ကမ္ဘာမှာတော့ သူမဟာ သူဌေးးသမီးမဟုတ်တော့ပဲ အမည်တူတဲ့ ရွာသူမလေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ သူ့ကမ္ဘာကိုပြန်ဖို့ကြိုးစားရင်း လျို့ဝှက်ဆန်းကြယ်တဲ့ ဒီဖြစ်ရပ်ကို အဖြေရှာဖို့ကြိုးစားပါတော့တယ် သူတစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားခဲ့တဲ့ လမ်းကြောင်း တစ်လျှောက်လုံးမှာ ချီလျန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့လဲ ခင်မင်မှုတွေရရှိခဲ့ပါတယ် ချီလျန်ကလဲ သူမအဖြစ်ကို အမှန်တရားသိရအောင်အတွက် အကူအညီတွေကို ပေးခဲ့ပါတယ်သူမ ဘာကြောင့် ဒီလိုလျို့ဝှက်ဆန်းကြယ်တဲ့ဖြစ်ရပ်မျိုးကို ဖြစ်ခဲ့ရတာလဲ..ကျန်းရှောင်ယွမ်နဲ့ ချီလျန်တို့ဟာ အခက်အခဲအဆင့်ဆင့်ကို ဖြတ်ကျော်နိုင်ပါ့မလား သူတို့ကြားထဲကဆက်ဆံရေးကနေတဆင့် ချစ်မေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်လိုက်ရအောင်နော်======================Quality : WEB-DL 1080p , 720p Total Episodes : 30 Format : mp4 Genres : Drama , Romance , Sci-Fi & Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
10
TMDb: 10/10 1 votes
tv

Derailment ( 2023 )

2023
Dr. Death (2021) 7.345
Dr. Death (2021) (function(f,b,n,j,x,e){})(); လူရယ်လို့ဖြစ်လာပြီဆိုရင် သမုဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းရှာဖွေစားသောက်ကြရတာ သဘာဝပါ.....အဲဒီလို သက်မွေးဝမ်းကြောင်းတွေထဲ ဆရာဝန်ဆိုတဲ့ သက်မွေးဝမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်......လူတွေရဲ့ အသက်ဆက်ရေး ကျန်းကျန်းမာမာနေရရေးအတွက် သေမင်းနဲ့ စီးချင်းထိုး ကုသပေးရတဲ့သူတွေလို့ ဆိုကြတာပေါ့.......အဲဒီလို လူ့အသက်တွေကို ကိုင်တွယ်နေရတဲ့ ဆရာဝန်တစ်ယောက်က အတ္တကြီး ကြွားလုံးထုတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကလွဲ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆို ဘာဖြစ်သွားမလဲ.....တွေးကြည့်ဝံ့စရာပင်မရှိတော့.....ခွဲစိတ်ဆရာဝန်ဖြစ်နေပြီဆိုရင်တော့ ပိုလို့ပင်ပြောစရာမရှိတော့ပါ.......ဟုတ်ပါတယ် ကိုယ့်ခန္ဓာတခုလုံး ဝကွက်အပ်လိုက်ရမဲ့လူက အဲဒီလိုလူမျိုးဆိုတာသိနေလို့ကတော့ မခွဲခင်က သေနှင့်ပြီဆိုတာတွေ ပုံအောလာမှာပါပဲ........ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုဖြစ်နေတဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်အကြောင်း တင်ဆက်ပေးထားတာပါ ဖြစ်ရပ်မှန်ပါ....သူခွဲလိုက်ရင် သေရင်သေ မသေရင် ဒုက္ခိတတော့အနည်းလေးဖြစ်တတ်တာဆိုတော့ တကယ်တတ်ကျွမ်းပြီး လူနာတွေပေါ် စေတနာထားတဲ့ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကို တားနိုင်ဖို့ အားကုန်ထုတ်ကြိုးစားပါတော့တယ်......ကျွန်တော်တို့ဆီမှာဆိုရင်တော့ ဆမသိမ်း ရွာပြန်အိပ်ရအောင်လုပ်သလိုမျိုးပေါ့..........ဒါပေမဲ့ သူတင်ကြောက်ဖို့ကောင်းတာလားဆိုတော့မဟုတ် အတ္တကြီးမားလှတဲ့လူတွေရဲ့ ကိုယ်ကျိုးတစ်ခုတည်းကြည့်တတ်တဲ့ အကျင့်ကြောင့် ဆရာဝန်ကြီးနှစ်ယောက်ကြိုးစားသမျှက အရာမဝင်ဖြစ်နေတော့တာပေါ့.......အဲဒီတော့ ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စကို ဆရာဝန်ကြီးနှစ်ယောက်က ဘယ်လိုတားဆီးကြမလဲ......သူတို့ကို ကူညီပေးမဲ့သူရော ရှိနေပါ့မလား......အရာရာ အပေါ်ယံသာကြည့်တတ်တဲ့ လူ့လောကကြီးထဲ ...
7.345
TMDb: 7.345/10 132 votes
tv

Dr. Death (2021)

2021
Beyond the Star (2023)
Beyond the Star (2023) “ကြယ်ပွင့်များရဲ့ ချစ်သံစဉ်” အညွှန်း(function(f,b,n,j,x,e){})();ပေါ့ပေါ့ပါ့ပါးပါး လူငယ်ဆန်ဆန် အိပ်မက်တွေကိုဖော်ဆောင်ကြမယ့် “Beyond The Stars” ဆိုတဲ့ BL series အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ကျော်ကြားပြီးလူသိများတဲ့ KJ အေဂျင်စီဟာ စီးရီးတစ်ခုထုတ်လုပ်ဖို့အတွက် အစီအစဉ်တွေဆွဲရင်း သူတို့ပရောဂျက်အတွက် လူငယ်တွေကို ရွေးချယ်နေတဲ့ကာလပါ။အိပ်မက်တွေကိုယ်စီနဲ့ လူငယ်လေးတွေဟာ အနုပညာနယ်ပယ်ထဲမှာ သူတို့ရဲ့ကိုယ်စီအရည်အချင်းတွေကို မြှင့်တင်ချင်တဲ့ မျှော်လင့်ချက်တွေနဲ့ “Beyond The Star” ပရောဂျက်ကို ပါဝင်လာကြပါတော့တယ်။ ဒါပေမဲ့ စူပါစတား တစ်ယောက်ဖြစ်လာဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ကူလှပါဘူး။ သူတို့ဆီကို တည့်တည့်မတ်မတ်ရောက်လာမယ့် စိန်ခေါ်မှုတွေ ၊ အတားဆီးတွေဆိုတာ ရှိစမြဲပါပဲ။ အချစ် ၊ ကြိုးစားမှု နဲ့ အိပ်မက်တွေထဲမှာရော ဘယ်အရာက အရေးအကြီးဆုံးဖြစ်မလဲ ၊ ဒီလူငယ်လေးတွေကရော ဘယ်အရာကိုရွေးချယ်ပြီး သူတို့အိပ်မက်အတွက် ဘယ်လိုအကောင်းဆုံးကြိုးစာရသွားကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါစို့နော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Thae တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Romance, Drama Quality…. 1080p | 720p File ...

Beyond the Star (2023)

2023
Jujutsu Kaisen (2020) 8.548
Jujutsu Kaisen (2020)  (function(f,b,n,j,x,e){})();IMDb 8.5/10 MyAnimeList 8.6/10 ဒီဂျပန်ကာတွန်းကိုစကြည့်​တော့ ​ပေါက္ကံပြည်ကိုအိန္ဒိယက​နေ(မ​လေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့က​ပြောကြတယ်) သ​င်္ဘောပျက်လို့ ပျဥ်ပြားဖက်ပြီး​ရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲ​ပြေးမြင််တယ်ဗျ။နိုင်ငံခြားသားဆို​ပေမဲ့ ဘုန်းကြီး​ကျောင်းက ​ဇော်ဂျီဖိုဝင်သားခိုးစားရာက​နေ အစွမ်းရသွားလိုက်တာ အငယ်​ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သား​​တွေအထိ အစွမ်း​တွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသား​တွေဖြစ်တဲ့ ​ရွှေဖျင်းကြီး၊ ​ရွှေဖျင်း​လေးတို့နှစ်​ကောင် ဘယ်​လောက်ကြမ်းလဲဆိုရင်တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူ​ပေါင်း​သောင်း​ခြောက်​ထောင်မကရှိ​နေတဲ့ကြားက ထုံးသွားကွင်းပြီး "ဖတ်၊ ဖတ်၊ ဖတ်"ရိုက်ကာခြိမ်း​ခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ ​သေသွားတာ​တောင် မင်းကြီး၊မင်း​လေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူ​တွေဖင်ဘူး​ထောင်း​ထောင်ပြီး ထိုင်ကန်​တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ကျိန်စာ​ကောင်ရဲ့လက်​ချောင်းကိုစားမိလိုက်တာက​နေ ​သောက်ကြမ်းကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်ဆာ​ကေးအရက်တိုက် ထိုင်ကန်​တော့​​နေကြ​လောက်ပြီ)။ ဒါ​ပေမဲ့လည်းသူ့ထက်သူ​သောက်ကြမ်း​တွေရှိ​​နေ​တော့ ပိုပြီး​သောင်းကြမ်းဖြစ်​အောင်ကြိုးစားတယ်​ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။နည်းနည်းဖြည့်​ပြောချင်တာ​လေး​တွေဆက်​ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါ​ကြောင့် ဒီစီးရီးကိုကြည့်​နေရင်းနဲ့bleachအ​ငွေ့အသက်မျိုးရပါလိမ့်မယ်။ (​ကော်ပီကူးတာမဟုတ်ဘူး​နော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting style​တွေလည်းမတူဘူး)။ ပြီး​​တော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို ​အ​မေရိကန်​ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆို​တော့ သူ့ထက်ပိုများတာ dragon ball ...
8.548
TMDb: 8.548/10 2565 votes
tv

Jujutsu Kaisen (2020)

2020
SPY x FAMILY 8.6
SPY x FAMILY Spy X Family (2022)==============(function(f,b,n,j,x,e){})();သိပ်မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Anime စီးရီးတခုပါပါ IMDB Rating အနေနဲ့ 9.1/ 10ကို User 1.5kထိပေးထားပြီး အတော်လေးခွီရတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ သိပ်ကိုတော်တဲ့ စပိုင်တစ်ယောက်ဟာ ရုပ်ပေါင်းများစွာဖျက်ပြီး မစ်ရှင်တွေကို တခုပြီးတခုအောင်မြင်စွာ ဆောင်ရွက်နေနိုင်ခဲ့ပါတယ် သူ့နာမည်ဝှက်ကတော့ "ဆည်းဆာ"ပါ.... တနေ့တော့ သူ့အတွက်မစ်ရှင်ကို ကုတ်ဖော်ပြီး သူရလိုက်တဲ့မစ်ရှင်က စောင်တလွဲဆိုတာသိလိုက်ရပါတယ်အဲ့ဒီမစ်ရှင်က သူကလေးတစ်ယောက်ကို တပတ်အတွင်းမွေးပြီး သူစပိုင်လုပ်ရမယ့် လူကြီးတစ်ယောက်ပိုင်တဲ့ကျောင်းမှာ သတင်းသွားယူဖို့ပါပဲ....အမြဲတမ်းကမ္ဘာကြီးကိုလျှို့ဝှက်စွာကယ်တင်နေတဲ့ ဆည်းဆာတစ်ယောက် မိဘမဲ့ဂေဟာကနေ ကလေးတစ်ယောက်ကို အလွယ်တကူမွေးစားလိုက်ပြီး အဲ့ဒီကလေးက သာမန်မဟုတ်တဲ့အခါမှာတော့ ဘယ်လိုဘယ်ပုံ အလွဲအချော်တွေနဲ့ ဇာတ်အိမ်တည်ဆောက် သွားဦးမလဲဆိုတာကို Action / Comdeyအပြည့်နဲ့ ကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်........... File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – minute (@Episode)Total Episodes: 38Subtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / ComedyTranslator – Venti / Thura AungEncoder ...
8.6
TMDb: 8.6/10 1479 votes
tv

SPY x FAMILY

2022
Hangout (2023) 8
Hangout (2023) မြစ်ငါးစင်းရဲ့ ချစ်ခြင်းဝင်္ကပါ (၂၀၂၃)(function(f,b,n,j,x,e){})();ဒီဇာတ်လမ်းတွဲမှာတော့ မတူညီတဲ့ အိမ်ထောင်ရေး ရှု့ထောင့်တွေနဲ့ အမျိုးသမီးအများစု ကြုံတွေ့ရမယ် အိမ်ထောင်ရေး အခက်အခဲတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်ဒီလိုကိစ္စမျိုး ကြုံတွေ့လာရင် တိုင်ပင်ဖော် သူငယ်ချင်းရှိနေတာကလည်း အားအင်းတစ်ပါးဖြစ်တယ်ဆိုတာကိုလည်း ပြောပြထားပါတယ်ဇာတ်လမ်းလေးကို ပုံဖော်မယ့် သူတွေကတော့ ထိုင်းနိုင်ငံက နာမည်ကြီး မင်းသမီး ငါးလက်ပဲဖြစ်ပါတယ်သူတို့ရဲ့ မတူညီတဲ့ အိမ်ထောင်ဖက်တွေရဲ့ အကြောင်း အိမ်ထောင်ကျပြီး ကြုံတွေ့ရမယ့် အမျိုးမျိုး အဖုံဖုံသော ကိစ္စတွေကို ဒီဇာတ်လမ်းမှာ တွေ့မြင်ရမှာပါReal life ကို ရိုက်ပြထားတာကြောင့် အိမ်ထောင်ရေးကား ကြိုက်နှစ်သက်သူများ စောင့်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်အညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Tawan, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 700 MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle ...
8
TMDb: 8/10 10 votes
tv

Hangout (2023)

2023
The Middleman’s Love (2023)
The Middleman’s Love (2023) မြှားနတ်မောင်ရဲ့ ချစ်ပုံပြင် (၂၀၂၃)(function(f,b,n,j,x,e){})();ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အတွဲတွေကြား မြားနတ်မောင်လုပ်ချင်တဲ့ ဂျိတ်အကြောင်းပေါ့...အတွဲတွေကြား တတိယလူလုပ်ရတာမကလို့ ကြားထဲနေ အလယ်လူအဖြစ်နဲ့အောင်သွယ်ပေးဖို့ပဲ ခေါင်းထဲတွေးနေတဲ့ဂျိတ်တစ်ယောက်သူ့ရဲ့သင်တန်းသားလေး မိုင်ကို စိတ်ဝင်စားသလိုလိုနဲ့ တကယ်တမ်း သူများနဲ့အောင်သွယ်ပေးချင်တဲ့စိတ်ကလည်းရှိနေတော့ သင်္သောပဲစီးသွားမလား သူပဲ သင်္ဘောပိုင်ရှင် ဖြစ်လာမလားဆိုတာ ကြည့်ပေးကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားကတကတော့ Joyz, Thae, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....Joyz, Thae, Shin, Cali Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | Megaup | StreamVid | StreamWish | TelegramEpisode 02 ...

The Middleman’s Love (2023)

2023
Berlin (2023) 9
Berlin (2023) IMDB 9.8 ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ အဲလက်စ် ပင်ညာက ရိုက်ကူးထားပြီး မင်းသား ပက်ဒရို အလွန်ဆိုက အဓိက ဇာတ်ကောင်အဖြစ် ရိုက်ကူးထားပါတယ်။(function(f,b,n,j,x,e){})();ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းနဲ့ သိပ်မစိမ်းတဲ့ Money Heist ဆိုတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲထဲက ဘာလင်လို့ခေါ်တဲ့ အန်ဒရက်စ် ဒီ ဖိုနိုလိုဆာ ဇာတ်ကောင်ရဲ့ Money Heist မတိုင်ခင် ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Money Heist S2 မှာ နိဂုံးချုပ်သွားရတဲ့ ဘာလင် ရဲ့ ဇာတ်ကောင်ကို ဒီဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်အဖြစ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ပိုက်ဆံအများကြီးနဲ့ အချစ်ကသာ ယောက်ျားတစ်ယောက်ရဲ့ နေ့ဆိုးတစ်ခုကို ပြောင်းလဲပေးနိုင်တယ်လို့ ခံယူထားတဲ့ ဘာလင်ဟာ ပဲရစ်မြို့မှာ ဖောက်ထွင်းမှု တစ်ခုကို စီစဉ်တဲ့အကြာင်းကို Money Heist ဇာတ်လမ်းတွဲထဲက အရသာအတိုင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဖောက်ထွင်းမှုကို စီစဉ်နေရင်း သူတို့ ဖောက်ထွင်းမယ့်သူရဲ့ ...
9
TMDb: 9/10 2 votes
tv

Berlin (2023)

2023
What If…? – Season (01), (02) 8.7
What If…? – Season (01), (02) What If...? - Season (01), (02) ====================== IMDb Rating - 7.4/10(function(f,b,n,j,x,e){})();Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animatio အနေနဲ့ထွက်လာတာပါ။ ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေး တစ်ချက် ခတ်လိုက်တာ​ပဲ...ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်းမှာ​တော့ ​လေဆင် နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ "Butterfly effect"ဆိုတာကို ကြားဖူးကြ သလားဗျ။ "အကယ်၍များ" ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ "အကယ်၍ များ" ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေး လေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုး လူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။ "အကယ်၍များ" ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံး က​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​ တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင်၊ အပြိုင် World​အသစ် တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်....စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊ Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ် Marvelရဲ့ Brand New Animation seriesအသစ် " What if....? " ...
8.7
TMDb: 8.7/10 298 votes
tv

What If…? – Season (01), (02)

2023
Suburræterna (2023) 6.742
Suburræterna (2023)  အတိတ်ကာလ ရောမမြို့..(function(f,b,n,j,x,e){})(); မြူနီစပယ်နိုင်ငံရေးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အုပ်ချုပ်မှုတွေကြားမှာရောမမြို့ဟာ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တဲ့ကာလ..လူတွေက မြို့တော်ကောင်စီရဲ့အုပ်ချုပ်ရေးပုံစံကို မကျေနပ်လို့ လမ်းမတွေပေါ်မှာဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်..မြို့တော်ကောင်စီနဲ့ ဗာတီကန်တွေ အရေးအခင်းတွေဖြစ်နေကြတဲ့အချိန်မှာမြေအောက်လောကကိုအပိုင်စိုးထားကြတဲ့ ရောမမြို့ရာဇဝတ်ဂိုဏ်းတွေရဲ့ပဋိပက္ခတွေကလည်း စတင်လာပါတော့တယ်။“အာဏာဆိုတာ ပျက်စီးစေတဲ့အရာပဲ။ အကြွင်းမဲ့အာဏာဆိုတာအကုန်လုံးကိုဖျက်ဆီးပစ်နိုင်တယ်။”ဒီဇာတ်ကားမှာ အဖြစ်အပျက်တော်တော်များများက အော်စတီယာဆိုတဲ့ပြည်နယ်လေးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အော်စတီယာဆိုတဲ့ပြည်နယ်ကိုထိန်းချုပ်တာက မူးယစ်ဆေးတရားမဝင်ရောင်းဝယ်နေတဲ့ အန်နာလဲတစ်ဆိုတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးမှာလည်း ပါဝင်ပတ်သက်နေကြပြီးတော့ နိုင်ငံရေးသမားတွေရဲ့လက်ပါးစေလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့အန်နာလဲတစ်ဂိုဏ်းက လုပ်ကြံခံရပြီး အန်နာလဲတစ်ဂိုဏ်းရဲ့သခင်မနဲ့ အခြားမိသားစုဝင်တစ်ချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့စံအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း လုယူခံလိုက်ရပါတယ်။ အန်နာလဲတစ်ဂိုဏ်းရဲ့ဆက်ခံသူဖြစ်တဲ့ စပါဒီနိုက အဲဒီအဖြစ်အပျက်ကြောင့် သူ့မိသားစုအတွက်လက်စားပြန်ချေဖို့ကြိုးစားရာကနေ အစချီပြီး နိုင်ငံရေးလောကမတည်ငြိမ်မှုတွေ၊ရောမမြို့ရဲ့လူတန်းစားမျိုးစုံတွေကြားက အငြင်းပွားမှုတွေကို ရိုက်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ပြိုင်ဘက်ကိုရှုံးနိမ့်အောင်လုပ်ဖို့အတွက် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့လူတွေအာဏာအတွက် သံယောဇဥ်ကိုစတေးခဲ့တဲ့လူတွေ၊ လောဘရမ္မက်မီးအောက်မှာကျေးကျွန်ဖြစ်သွားကြတဲ့သူတွေစတဲ့ လူတန်းစားမျိုးစုံကိုရိုက်ကူးပုံဖော်ထားတဲ့အတွက် ကြည့်ရင်းနဲ့မွန်းကြပ်လာနိုင်ပေမဲ့ ဘဝအတွက် အသိတစ်ခုတော့ရသွားစေမယ့်စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ မကြာသေးခင်ကမှ Netflix က ထွက်ရှိထားတာဖြစ်ပါတယ်။ ( ဒီစီးရီးအတွက်  Yee Wai နဲ့ Thinn တို့က ဘာသာပြန်ပေးထားပြီးအညွှန်းကိုတော့ Yee ...
6.742
TMDb: 6.742/10 33 votes
tv

Suburræterna (2023)

2023
[18+] Araro (2023) 8.3
[18+] Araro (2023) Araro (2023) Complete(function(f,b,n,j,x,e){})(); အက်ဒ်ဂါဆိုတဲ့ သင်္ဘောသားဟောင်းကောင်လေးတစ်ယောက်ဟာ သင်္ဘောခဏဆင်းတဲ့အချိန် မကျန်းမာတဲ့ဖခင်ဖြစ်သူနဲ့ အရွယ်မရောက်သေးတဲ့ ညီငယ်တို့ စားဝတ်နေရေးအတွက် ဆန်းချက်ဇ်မိသားစုရဲ့စံအိမ်ကြီးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ သူနဲ့တိုက်ရိုက်ဆက်ဆံရတဲ့ သူဌေးသမီးလူဝီဆာဟာ မောက်မာခက်ထန်ပြီး စည်းကမ်းကြီးတဲ့သူပါ။ ဒါပေမဲ့ တစ်ရက်မှာ သူတို့အိမ်ကိုဝင်လုတဲ့ထောင်ပြေးတစ်ယောက်ရဲ့လက်ကနေ အက်ဒ်ဂါက သူ့ကိုကယ်တင်လိုက်ချိန်မှာတော့ ဆက်ဆံရေးပြောင်းလာခဲ့ပြီး အက်ဒ်ဂါကို ရက်ရက်ရောရော အကုန်ချကျွေးလာခဲ့ပါတယ်။ ရွာမှာ ငယ်ချစ်မကသူငယ်ချင်းမကကောင်မလေးနဲ့ စားနေကျပေမဲ့ သူဌေးသမီးကျွေးတဲ့ဖွယ်ဖွယ်ရာရာတွေကို မငြင်းနိုင်တဲ့ အက်ဒ်ဂါက ကောင်းကောင်းစားပါတယ်။ မြို့မှာကျောင်းတက်နေတဲ့ လူဝီဆာရဲ့ညီမ သူဌေးသမီး အငယ်မလေးပြန်ရောက်လာတော့လည်း အက်ဒ်ဂါကိုကျွေးတဲ့အတွက် စားပြန်ပါတယ်။ တွေ့မရှောင်အကုန်စားတဲ့ အက်ဒ်ဂါရဲ့တကယ်တမ်းပစ်မှတ်က သူတို့ရဲ့အစ်ကိုအကြီးဆုံး လီယွန်ဆိုတဲ့သူကိုပါ။ အဲဒီအကြံနဲ့ပဲ ဒီစံအိမ်ကြီးကိုချဉ်းကပ်လာတာဖြစ်တဲ့အတွက် အက်ဒ်ဂါရဲ့ အကြံအစည်တွေနဲ့ ဒီမောင်နှမတွေကြား ဘယ်လိုတွေခလောက်ဆန်ကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ Anthology တွေဆက်တိုက်ထွက်လာပြီးနောက် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အပိုင်းလေးပိုင်းပါတဲ့ Revenge Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 800MB+ Total - 4 ...
8.3
TMDb: 8.3/10 47 votes
tv

[18+] Araro (2023)

2023
Stars on Mars (2023) 7.3
Stars on Mars (2023) Stars on Mars (2023)(function(f,b,n,j,x,e){})();အခုတင်ဆက်ပေးမှာကတော့ ၂၀၂၃ ခုနှစ်ထွက်ရှိလာတဲ့ မားစ်ဂြိုလ်ပေါ်မှ ကြယ်ပွင့်များဆိုတဲ့ Reality Show တစ်ခုပါ ကြယ်ပွင့်တွေဆိုတဲ့အတိုင်း ပါတဲ့သူအကုန်လုံးက နာမည်ကြီးသရုပ်ဆောင် အဆိုတော် အားကစားသမား ရှိုးတင်ဆက်သူတွေ စသည်ဖြင့်အစုံပါပဲ ဒီကပရိသတ်တွေနဲ့ မစိမ်းလောက်မဲ့ ကြယ်ပွင့်တွေကို မိတ်ဆက်ပေးရရင် ဘရုစ်ဝီလီနဲ့ ဒယ်မီမိုးရဲ့ သမီး တာလူလာဝီလီ... Modern Family ထဲက သမီးလေးနေရာ သရုပ်ဆောင်တဲ့ အေရီယယ်ဝင်းတာ Superbad, Kickass လိုကားတွေမှာ ပါဝင်ဖူးတဲ့ ခရစ်စတိုဖာမင့်ဇ်..ငယ်ငယ်ကအားကစားဂျာနယ်ဖတ်နေကြသူတွေဆို ကြားဖူးမှာသေချာတဲ့ စက်ဘီးစီးချန်ပီယံ နေးလ်အမ်းစထရောင်း စသည်ဖြင့် အဲ့လိုကြယ်ပွင့်တွေအပါအဝင် ကြယ်ပွင့်များစွာ ဆယ်လီဘရတီများစွာက ရှိုးမှာပါဝင်ထားပါတယ် ဒီရှိုးကို Host လုပ်ပေးတဲ့သူကလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး မူလအော်ရဂျင်နယ် star trek ဇာတ်လမ်းတွဲရဲ့ Captain Kirk သရုပ်ဆောင် ဝီလီယံရှက်နာကပဲဖြစ်ပါတယ် မူရင်းကိုမသိရင်တောင် ယခုခေတ်မှာအဲ့ဇာတ်ကောင်ကို ခရစ်ပိုင်းသရုပ်ဆောင်ထားတာကို တွေ့ကြမှာပါဒီလိုကြယ်ပွင့်တွေအနေနဲ့ လွယ်လွယ်ကူကူတော့ ယှဉ်ပြိုင်ရမဲ့ရှိုးမဟုတ်ပါဘူး တော်တော်လေးကို အစစ်နဲ့တူအောင် မားစ်ဂြိုလ်ပုံစံအတိုင်းပုံစံတူတည်ဆောက်ထားတဲ့ စခန်းတစ်ခုမှာ အာကာသထဲကအတိုင်း နေထိုင်စားသောက်ပြီး အာကာသထဲမှာကြုံရမဲ့ ပြသနာတွေကို ဖြေရှင်းကြရမှာပါ အဲ့လိုဖြေရှင်းရင်းနဲ့ မစ်ရှင်မှာအသုံးမဝင်ခဲ့တဲ့သူတွေကို အစီအစဉ်ကထုတ်ပယ်ပြီး ...
7.3
TMDb: 7.3/10 3 votes
tv

Stars on Mars (2023)

2023
Culprits (2023) 6.8
Culprits (2023) Culprits (2023) ============ IMDb Rating - 6.8/10(function(f,b,n,j,x,e){})();အိပ်မက်ထဲမှာ မွေ့ပျော်နေတတ်တဲ့သူတွေက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုတော့ ရှိလို့နေတတ်ပါတယ်။ အမှန်အ တိုင်းပေါ်ပေါက်ခွင့်‌ပေးကြမလား၊ ဆက်ပြီးပဲ အိပ်မက်မက်နေ ကြမလား ဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမဲ့အရာတစ်ခုပါ။ ဒီဇာတ်လမ်းကတော့ အိပ်မက်နဲ့ လက်တွေ့ကမ္ဘာနှစ်ခုလုံးကို ချိတ် ဆက်တင်ပြထားခဲ့ပါတယ်။ဂျိုး နဲ့ ဂျူးစ်တို့က စေ့စပ်ထားကြတဲ့ လိင်တူချစ်သူနှစ်ဦးပါ။ ဂျူးစ်ရဲ့ အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးနှစ်ယောက်နဲ့ မိသားစုဘဝ လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့သူတွေပေါ့။ တစ်ညမှာ ဂျိုးတစ်ယောက် အိပ်မပျော်လို့ ကားမောင်းထွက်ရာကနေ ကားအက် ဆီးဒန့်တစ်ခုရဲ့ အရေးကြီးမျက်မြင်သက်သေတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီ အက်ဆီးဒန့်မှာ ကားနဲ့ တိုက်မိပြီး ထွက်ပြေးသွားခဲ့တဲ့သူက နာမည် ကြီးတစ်ယောက် ဖြစ်နေခဲ့တဲ့အချိန်မှာတော့ ဂျိုးအတွက် အန္တရာယ်တွေ ကျရောက်လာခဲ့ပါပြီ။အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေအပြင် ကွင်းဆက်အနေနဲ့ ဆက်သိ လိုက်ရတာက ဂျိုးက ဂိုဏ်းကြီးတစ်ခုက အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်နေ ခဲ့ပြီး ရာဇဝတ်မှုကြီးကို ကျူးလွန်ထားတဲ့ တရားခံတစ်ဦး ဖြစ်နေတယ် ဆိုတာပါပဲ။ သံသရာတစ်ပတ် ပြန်လည်လာပြီး ဂိုဏ်းသားတွေ ပြန်စုစည်း မိကြတဲ့အချိန်မှာ ဂျိုး ဘာဆက်လုပ်မလဲ၊ အိပ်မက်ကနေ နိုးထပြီး လက် တွေ့ကမ္ဘာထဲကို ပြန်သွားမလား၊ ...
6.8
TMDb: 6.8/10 2300 votes
tv

Culprits (2023)

2023
Obituary (2023) 8.333
Obituary (2023)  (function(f,b,n,j,x,e){})();အိုင်ယာလန်နိုင်ငံက လူဦးရေ ငါးထောင်လောက်ပဲ နေထိုင်တဲ့ မြို့ငယ်လေးတစ်မြို့မှာအယ်လ်ဗီရာ ကလန်စီဆိုတဲ့ အသက် ၂၄ နှစ်အရွယ် ကောင်မလေး တစ်ယောက်ရှိတယ်။ငယ်ငယ်ကတည်းက ကလေးအများစုနဲ့ မတူဘဲ လူတွေသေတာကို ငြိမ်းချမ်းခြင်း၊စိတ်ချမ်းသာစရာ ကောင်းခြင်းလို့ မြင်တတ်တဲ့ သူက ဒီမြို့လေးရဲ့ နယ်ခံသတင်းစာတိုက်တစ်ခုမှာ အလုပ်လုပ်တယ် သူလုပ်ရတဲ့ အလုပ်က သေဆုံးသွားတဲ့ လူတွေရဲ့ နာရေးသတင်းဆောင်းပါးကို ရေးပေးရတာပါ။ တစ်နေ့မှာ သတင်းစာတိုက် အယ်ဒီတာကစရိတ်စက လျှော့ချရေးအတွက် သူမကို ပုံမှန်လစာ မပေးတော့ဘဲ နာရေးဆောင်းပါးတစ်ခုချင်းစီအတွက်ပဲ လုပ်ခပေးတော့တယ်။ ဒီတော့ တစ်ယောက်တည်းသာမက အလုပ်မရှိအရက်စွဲနေတဲ့ ဖခင်ကိုပါ ကြည့်ရှုစောင့်ရှောက်နေရတဲ့ အယ်လ်ဗီရာ တစ်ယောက် ငွေးရေးကြေးရေး အတော် အကြပ်ရိုက်နေခဲ့ပါတယ် . ဒီလို ဒီအကြပ်အတည်းတွေကို ရင်ဆိုင်နေရင်းကမထင်မှတ်ပဲ အကျင့်မကောင်းတဲ့ အဘိုးကြီး  တစ်ယောက်ကို မတော်တဆ သတ်လိုက်မိတယ်အခါ  အယ်ဗီရာ တစ်ယောက် ဘယ်လိုမျိုးရှေ့ဆက်မလဲ..တစ်ချိန်တည်မှာပဲ အယ်ဗီရာအလုပ်လုပ်နေတဲ့ သတင်းတိုက်ကို ...
8.333
TMDb: 8.333/10 3 votes
tv

Obituary (2023)

2023
Lawmen: Bass Reeves (2023) 7.6
Lawmen: Bass Reeves (2023) Lawmen: Bass Reeves (2023) ===================== IMDb Rating - 7.6/10 History , Drama , Crime(function(f,b,n,j,x,e){})();ကျွန်ဘဝကနေ လွတ်မြောက်လာပြီး အမေရိကန်ရဲ့ ပထမဆုံး လူမည်း ရဲအရာရှိဖြစ်လာတဲ့ ဘက်စ်ရိစ်ရဲ့ အကြောင်းကိုရိုက် ကူးထားတဲ့ western ဇာတ်လမ်းတွဲကောင်းဖြစ်ပါတယ်။ Rating 7.6 နဲ့ အတော်လေးကောင်းပြီး ရှားပါးတဲ့ သမိုင်းနောက်ခံဇာတ် လမ်းလည်းဖြစ်ပါတယ်။အမေရိကန်ပြည်တွင်းစစ်ပွဲမှာ ကူတိုက်ခဲ့ပြီး ...စစ်ပွဲအပြီး မိမိ သခင်ကို သတ်ပြီးထွက်ပြေးလာခဲ့တဲ့ လူမည်းကျွန် ဘက်စ်ရိဗ် ဟာ အင်ဒီးယန်းလူနီတွေရှိရာ အရပ်မှာ ဇာတ်မြှုပ်နေခဲ့ပါတယ်။ တစ်နေ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်ထဲက လူဖြူအရာရှိ တစ်ယောက်ကို သံကြိုးတွေနဲ့တွေ့လိုက်ရတာကြောင့် အံ့အား သင့်ပြီး မေးလိုက်မှ အမေရိကန်သမိုင်းကြောင်းပြောင်းလဲသွား တာ သူသိလိုက်ရတယ်။ သမ္မတလင်ကွန်းအနိုင်ရသွားပြီး လူမည်း ကျွန်တွေအားလုံး လွတ်မြောက်ခဲ့ပြီဆိုတာ သိလိုက်တာကြောင့် သူ့မိန်းမရှိရာ မစ္စစပီ အနောက်ဘက် မြစ်ကမ်းဒေသကို ပြန်လာ ခဲ့ပါတယ်။ မိန်းမဖြစ်သူနဲ့ ပေါင်းဖက်ပြီးအေးချမ်းတဲ့ ဘဝလေး ကိုဖြတ်သန်းနေရင်း ဘက်စ်ရဲ့ ဘဝထဲကို အပြောင်းအလဲတွေ ဝင်လာပါတယ်။ နိုင်ငံကို ပြုပြင်ပြောင်းလဲနေချိန်မှာ ရဲဝန်ထမ်း လိုအပ်ချက်အရ ဘက်စ်နဲ့ စစ်ပွဲမှာသိခဲ့တဲ့ လူဖြူရဲတစ်ယောက်နဲ့ ရာဇဝတ်ကောင်တွေကိုကူညီလိုက်လံနှိမ်နင်းရင်း ...
7.6
TMDb: 7.6/10 6400 votes
tv

Lawmen: Bass Reeves (2023)

2023
Tale of Arang (2012) [Complete] 5.929
Tale of Arang (2012) [Complete] Tale of Arang (2012)(function(f,b,n,j,x,e){})();********************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ Lee Joon Ki နဲ့ Shin Min Ah တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သဘာဝလွန် ရာဇဝင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့...အီအွန်းအိုဆိုတဲ့ သူဟာ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သခင်လေးတစ်ယောက်ဖြစ်ပေမဲ့သူ့မှာ သရဲတွေကို မြင်နိုင်တဲ့ အစွမ်းရှိတာကြောင့် သရဲတွေဆီက အမြဲ အကူအညီတောင်းခံနေရတဲ့သူပေါ့။တစ်ရက်ကျ အမေဖြစ်သူကို ရှာရာလမ်းမှာ အာရန်ဆိုတဲ့ အတိတ်ဘ၀မှတ်ဉာဏ် ပျောက်ဆုံးနေ‌လို့ဘဝမကူးနိုင်သေးဘဲ လေလွင့်နေတဲ့ သရဲမလေးနဲ့ ဆုံခဲ့ရပြီး အာရန်က အွန်းအို သူ့ကိုမြင်မှန်းသိတဲ့အခါသူသေဆုံးရတဲ့ အကြောင်းအရင်းမှန်နဲ့ သူ့အတိတ်ရဲ့ မှတ်ဉာဏ်တွေကို ကူရှာပေးဖို့ အကူအညီတောင်းလာပါတော့တယ်။အွန်းအိုကလည်း သူအမေ့ကိုရှာဖို့ သူလက်ရှိရောက်နေတဲ့ ထူးဆန်းတဲ့ မီယန်းပြည်နယ်ရဲ့တရားသူကြီးဖြစ်အောင်လုပ်ပေးရင် ကူညီမယ်ဆိုပြီး အပေးအယူလုပ်လာတဲ့အခါ....အာရန်တစ်ယောက် အွန်းအို တရားသူကြီးဖြစ်အောင် ဘယ်လိုလုပ်မှာလဲ...။အွန်းအိုကရော အာရန်ကို ကူညီပေးမှာလား...ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပဲ ပျောက်ဆုံးနေတဲ့ အမေ့ကိုပဲ ...
5.929
TMDb: 5.929/10 14 votes
tv

Tale of Arang (2012) [Complete]

2012
A Murder at the End of the World (2023) 7.7
A Murder at the End of the World (2023) A Murder at the End of the World (2023) ============================= IMDb Rating 7.7/10(function(f,b,n,j,x,e){})();ဒါဘီဟာ့တ်ဟာ အပျော်တမ်းလူငယ်စုံထောက် ဟက်ကာတစ်ယောက်ပါ။ အဖေဖြစ်သူက မှုခင်းအရာရှိ‌တစ်ယောက်ဖြစ်လို့ သူဟာ ငယ်ငယ်ကတည်း က အလောင်းတွေ လူသေမှုတွေနဲ့ မစိမ်းတဲ့လူတစ်ယောက်ပေါ့။ တစ်နေ့ ဒေတာမှတ်တမ်းတွေကို ဟက်ခ်ပြီး ရှာဖွေကြည့်တော့ ဒီလူသေမှုတွေရဲ့ တစ် ဝက်က မတော်တဆမှုနဲ့ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်က မဖြေရှင်းနိုင်တဲ့ လူသတ်မှုတွေဆိုတာ သူသိလိုက်ရတယ်။ဒီလိုနဲ့ ဒါဘီဟာ ဘီလ်ဆိုတဲ့ အဖော်ကောင်လေးနဲ့အတူ သူပထမဆုံး လိုက်ခဲ့တဲ့ လူသတ်မှုအကြောင်း " ဆေးလ်ဗားဒိုး" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီစာ အုပ်ကြောင့် တစ်ရက်မှာ နည်းပညာအရာမှာ ဆရာတစ်ဆူကျတဲ့ အန်ဒီရွန်ဆန် ဆိုသူဟာ စွန့်ဦးတည်ထွင်သူတွေပါဝင်တဲ့ ခရီးစဉ်တစ်ခုမှာ ဒါဘီ့ကို ပါဝင်ဖို့ ဆက် သွယ်လာတယ်။ လေးစားအားကျရသူရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်ပါလာတဲ့ ဒီခရီး စဉ်က သူ့ရဲ့ စုံထောက်ပညာကို တစ်ဖန်ထပ်အသုံးချဖို့ ဖြစ်လာမယ်ဆိုတာတော့ ဒါဘီဟာ့ဒ်တစ်ယောက် မသိခဲ့ပါဘူး ....တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (၇)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ ...
7.7
TMDb: 7.7/10 1961 votes
tv

A Murder at the End of the World (2023)

2023

Genres

Archives