Channel Myanmar

New releases (2025)

Content at random


TV Series

The Office Games (2023)
The Office Games (2023) The Office Games (2023)အခုတစ်ခေါက်မှာတော့ လုပ်ငန်းခွင်ရဲ့ ဖြစ်လေ့ဖြစ်ထ သဘာဝတွေကို ထိမိတဲ့ဒိုင်ယာလော့တွေနဲ့ ပုံဖော်ထားတဲ့ ရသစုံထိုင်းဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေအဲလစ်ဆိုတဲ့ကောင်မလေးဟာ မိဘရဲ့ သွန်သင်ဆုံးမမှုကောင်းကောင်းနဲ့ ကြီးပြင်းလာတဲ့ နွေးထွေးတဲ့အသိုက်အမြုံကလာတဲ့ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ကို ငယ်စဉ်ကတည်းကအမြဲ ရည်မှန်းချက်ထားခဲ့သူလေးပေါ့ ထက်မြက်ပြီး စကားပြောကအစပြတ်သားတဲ့ သူ့အတွက် ဘဝရဲ့ဖြတ်လျှောက်ရတဲ့လမ်းတိုင်းက လွယ်ကူချောမွေ့ မနေခဲ့ပါဘူးမက်ကတော့ ပြိုကျမှုဖြစ်ပွါးခဲ့တဲ့ အဆောက်အဦးကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ အင်ဂျင်နီယာဟောင်းတစ်ယောက်ပါ အဲဒီမတော်တဆမှုနောက်ပိုင်းမှာ သူ့ဘဝလည်း ထပ်တူလဲပြိုကျခဲ့ရတယ် အခက်အခဲတွေနဲ့ သူတို့နှစ်ယောက် လုပ်ငန်းခွင်မှာ ဖိအားမျိုးစုံတင်မကဘဲ ကောက်ကျစ်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ကြုံလာရတဲ့အခါ .. သူတို့ဘဝအတွက် ဘယ်လိုရုန်းကန်လှုပ်ရှားကြမလဲဆိုတာကို ရင်ခုန်စွာ စောင့်မျှော်ရမယ့်ကားကောင်းလေးပါပဲအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Laii, Mary တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 750MB | 300MB Format… mp4 Duration…. 1h Episodes...20 Subtitle…. Myanmar Subtitle (Hardsub) Translator .....Shin, Cali, ...

The Office Games (2023)

2023
Vadhuvu (2023) 5.5
Vadhuvu (2023) Vadhuvu (TV Series 2023) "သတို့သမီး" IMDb - 8.0/101920: Horrors of the Heart(2023) ဟော်ရာကားထဲက မင်းသမီးချောလေး အေဗီကာဂေါ်ရ် အဓိကပါဝင်ထားပြီး Hotstar Specialကနေ အပိုင်း၇ခုနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ Hotstarကနေပဲထုတ်လွှင့်ခဲ့တဲ့ Indu(2021) web seriesကို ပြန်လည်ရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ထိတ်လန့်ဖွယ်မြင်တွေ့ကြရဦးမှာပါ။အင်ဒူဆိုတဲ့ မိန်းမပျိုလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို သုံးကြိမ်တိုင်တိုင် ဖျက်သိမ်းခံထားရတဲ့ ကံဆိုးသူ သတို့သမီးလေးတစ်ယောက်။မင်္ဂလာပွဲနေ့ရက်ကျမှ ဂြိုဟ်ဆိုးဝင်ဝင်လာပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတာချည်း။ သူလိုပဲ မင်္ဂလာပွဲတွေဖျက်သိမ်းခံရတဲ့ သတို့သားတစ်ဦးနဲ့ နောက်ဆုံးမှာတော့ အကြောင်းပါပြီး အဖျက်အမှောင့်တွေကြားကပဲ မင်္ဂလာပွဲဖြစ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမင်္ဂလာပွဲတွေဖျက်သိမ်းရတဲ့အကြောင်းအရင်းကပဲ သူတို့ဘ၀တွေမှာ အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ...။လျောင်နောက်ဆံတုံးပါဆိုသလို အင်ဒူတစ်ယောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့မိသားစုရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေကြားမှာ ပါဝင်ပတ်သက်မိတဲ့အခါ...။ အရင် အင်ဒူစီးရီးမှာလိုပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တဖိုဖိုနဲ့ ခံစားကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
5.5
TMDb: 5.5/10 2 votes
tv

Vadhuvu (2023)

2023
Echo (2024) 6.8
Echo (2024)  မာဗယ် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Echo ကို ဒစ္စနေးကနေ စီးရီးအဖြစ် တင်ဆက်ထားပါတယ်။ အက်ခိုးကို Hawkeye စီးရီးမှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးပိုင်းမှာ Daredevil ရဲ့ နာမည်ကြီးဗီလိန် ကင်းပင်ကို သေနတ်နဲ့ပစ်သတ်လိုက်တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီစီးရီးမှာတော့ ကင်းပင်မသေဘဲ ပြန်ပေါ်လာပြီး အက်ခိုးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။စူပါဟီးရိုး အက်ခိုးဟာ နားမကြားတဲ့သူဖြစ်ပေမဲ့ အတိုက်အခိုက်ပိုင်းမှာ အရမ်းကျွမ်းကျင်တာမို့ Daredevil နဲ့တောင် သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်တာကို တွေ့ရမှာပါ။ ကာတွန်းထဲက အစွမ်းတွေကို အကုန်ယူရင်တော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တာတွေ၊ သဘာဝရဲ့ အားကို သုံးနိုင်တာတွေ တွေ့ရမှာပါ။ ဒီစီးရီးတွေသာ အရှိန်နဲ့ဆက်ထွက်လာရင်တော့ Daredevil စီးရီးနဲ့ နောက်ပိုင်းရုပ်ရှင်တွေမှာ ထပ်ပါလာနိုင်ပါတယ်။ Daredevil ရဲ့အကြီးဆုံးရန်သူတွေဖြစ်တဲ့ Hand အဖွဲ့နဲ့ရင်ဆိုင်တာတွေ၊ အဗန်ဂျာလူငယ်အဖွဲ့နဲ့ ပေါင်းမိတာတွေပါ ပါလာဖို့ မျှော်လင့်ရတာပါပဲ။ File size…(600 Mb)/(400 Mb) Quality….Webrip 1080p ...
6.8
TMDb: 6.8/10 10 votes
tv

Echo (2024)

2024
Love Senior the Series (2023)
Love Senior the Series (2023) စီနီယာ ... ညီမကို ချစ်နိုင်မလား (၂၀၂၃)မနောင်က အင်ဂျင်နီယာဌာနရဲ့ ပထမနှစ်ကျောင်းသူလေးဖြစ်ပြီး ကျောင်းထုံးစံအရ စီနီယာတွေရဲ့လက်မှတ်ကိုစုံအောင်တောင်းရပါတော့တယ်စီနီယာတိုင်းကို လိုက်မတောင်းဆိုချင်တဲ့ မနောင်တစ်ယောက် ဘယ်နှစ်ကမဆို ခေါင်းဆောင်စီနီယာရဲ့လက်မှတ်တစ်ခုရရင်ရပြီဆိုတဲ့ အပြောကြောင့် ဒု တိယနှစ်စီနီယာခေါင်းဆောင် ကရို့ဆီက လက်မှတ်ကို လာတောင်းပါတော့တယ်ကရိုကလည်း လက်မှတ်လိုချင်ရင် မေဂျာကိုယ်စားပြုပြိုင်ပွဲကို ဝင်ပြိုင်ပေးရမယ်လို့ ကမ်းလှမ်းရာက ပြိုင်ပွဲအတွက်ပြင်ဆင်ရင်း ချစ်စရာမိန်းကလေးနှစ်ယောက်ကြား အရောင်ဆိုးသံယောဇဥ်တွေဖြစ်တည်လာပါတော့တယ်ကရိုနဲ့နှစ်တူ စီနီယာဖြစ်သူ ဝရန်ကပါ ကရို့ကို သဘောကျနေခဲ့ပြီး စီနီယာ- ဂျူနီယာကြား အတားအဆီးလေးတွေ အထင်လွဲမှုလေးတွေ ရှိလာချိန်မှာတော့ ကရိုနဲ့မနောင်တို့အချစ်ရေး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ "စီနီယာ..ညီမကိုချစ်နိုင်မလား" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin ပဲ ဖြစ်ပါတယ်။Genre..... GL, Romance Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin Encoder ..... Aaron720pEpisode ...

Love Senior the Series (2023)

2023
Curse Code (2023)
Curse Code (2023) ကျိန်စာသင့် ပုစ္ဆာ (၂၀၂၃)ထိုင်းသရဲကားတွေနဲ့ မစိမ်းတဲ့ ဇာတ်လမ်းချစ်သူတို့အတွက် ဒီတစ်ခေါက်မှာ “Curse code” ဆိုတဲ့ စီးရီးကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ နတ်ကိုးကွယ်ယုံကြည်မှုတွေ ယဇ်ပူဇော်ခြင်းဓလေ့တွေ အောက်လမ်းအတတ်ပညာ လေ့လာလိုက်စားမှုတွေအကြောင်း ရိုက်ပြတဲ့နေရာမှာ ထိုင်းကလည်း နေရာတစ်နေရာမှာ ရှိနေပါတယ်။ ဒီဇာတ်ကားဟာလည်း အောက်လမ်းအသုံးပြုမှုကြောင့် အစီအရင်နဲ့တကွ ချိပ်ပိတ်ပြီး ကွပ်မျက်ခံလိုက်ရတဲ့ အဖြစ်အပျက်ကို အခြေတည်ပြီး ဇာတ်လမ်းပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုမှာ ကျိန်စာသင့်ခံနေရသလို လက္ခဏာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးလာတဲ့အခါ ဒီမိသားစုရဲ့ သမီးဖြစ်တဲ့ Krittiya ဟာ ကျိန်စာကို ချေဖျက်ဖို့ ကြိုးစားရင်း သူတို့မိသားစုအတွက် အစီအရင်လုပ်ပေးခဲ့တဲ့ ပုဏ္ဏားမျိုးနွယ်ရဲ့ မျိုးဆက် ဖြစ်တဲ့ Akerit ကို ရှာတွေ့သွားခဲ့ပါတယ်။ Akerit တစ်ယောက် မိဘမဲ့နေတဲ့ တူနဲ့ တူမနှစ်ယောက်ကို စောင့်ရှောက်ဖို့ ရုန်းကန်နေရချိန် Krittiya ရဲ့ ကမ်းလှမ်းမှုက အခွင့်အရေးတစ်ရပ်လို့ ဖြစ်နေတာကြောင့် ဒီ မိသားစုရဲ့ ကျိန်စာကို ကူညီဖြေရှင်းဖို့ လက်ခံလိုက်ပါတော့တယ်။ Akerit ဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုကြမ်းလာတဲ့ ...

Curse Code (2023)

2023
Who’s Your Gynac (2023) 5.5
Who’s Your Gynac (2023) Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသ‌ထားတဲ့ အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ် သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါအဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက ကလေးတစ်ယောက်လောက် မွေး‌ပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့ အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့ ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက် အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့် ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ ...
5.5
TMDb: 5.5/10 3 votes
tv

Who’s Your Gynac (2023)

2023
Snap and Spark(2023) [Complete] 5
Snap and Spark(2023) [Complete] Snap and Spark (2023)******************** အပိုင်း (၁ မှ ၈) စ/ဆုံးဟန်အနုပညာအထက်တန်းကျောင်းဆိုတဲ့ ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအစုံရှိတဲ့အထဲ လက်ချောင်းလေးတွေ လှုပ်ပြီး Insta acc ပေါ် တင်ပေးရုံနဲ့ ပိုက်ဆံရတဲ့အထိ တစ်ကျောင်းလုံးရဲ့နာမည်ကျော် Cele မိန်းမလှလေး "မွန်းရယ်ဂျီ" မွန်းရယ်ဂျီရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်သလို မိန်းကလေးတွေကြား ရေပန်းစားတဲ့ စန္ဒယားမေဂျာက ထိပ်တန်းကျောင်းသား "ချာဆူဘင်း" မိတ်ကပ်မလိမ်း၊ မပြင်မဆင်နဲ့ နာမည်ကြီးပြီး outgoing ဖြစ်တဲ့ သူငယ်ချင်းတွေကြား ရှက်ကြောက်သလို နေနေတတ်တဲ့ စန္ဒယားမေဂျာက ထိပ်တန်းကျောင်းသူ "ဂင်ဒါအွန်း" Talent ရှိပေမဲ့ ကျောင်းကိုတစ်ခါမှမလာလို့ ရုပ်တောင်မမြင်ဖူးတဲ့ Genius ကျောင်းသား "ဂျူဆွန်းဂျယ်"တစ်ယောက်နဲ့တစ်ယောက် သာဖို့အရေး၊ လူကြိုက်များဖို့အရေး ရုန်းကန်နေကြတဲ့ ထူးမခြားနားလူတွေကြား အောင်မြင်ဖို့က တစ်ဖုံ၊ အချစ်ကိုရှာဖွေဖို့က တစ်လုပ်နဲ့ ဒီကျောင်းသား၊ ကျောင်းသူတစ်သိုက်ကြား ဘယ်လိုဇာတ်လမ်းလေးတွေ ပေါ်လာဦးမလဲဆိုတာ တစ်ပိုင်းပြီးတစ်ပိုင်း စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။Aired: Dec 16, 2023 Genres: Music, Romance, Youth Duration: 30 mins Episodes: 8 Original Network: TVN File Size: ...
5
TMDb: 5/10 1 votes
tv

Snap and Spark(2023) [Complete]

2023
Dhootha (2023) 7.2
Dhootha (2023) Dhootha 2023 IMDb 7.8/10 Horror "Dhootha " ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ "Messenger" ဆိုပြီး ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့ ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ ...(function(f,b,n,j,x,e){})();ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့ သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့ ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့" 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး "ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက...နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
7.2
TMDb: 7.2/10 6 votes
tv

Dhootha (2023)

2023
Single’s Inferno Season 1 + 2 + 3
Single’s Inferno Season 1 + 2 + 3 Single Inferno Season 1 (2021)(function(f,b,n,j,x,e){})();Squid Game ကြောင့် ကမ္ဘာတစ်၀န်းမှာ အောင်မြင်မှုရခဲ့တဲ့ Netflix ဟာK-Wave အ​ကြောင်း ကောင်း​ကောင်း နားလည်သွားပြီမို့ Korean Projectမြောက်များစွာကို ကြေညာခဲ့ပါတယ်။ အဲ့ထဲမှာ Single Inferno ဆိုတဲ့Variety Show လည်း အပါအ၀င်ဖြစ်ပါတယ်။ Too hot to handleကြည့်ဖူးတဲ့လူ​တွေက​တော့ ဒီ Show လေးနဲ့ စိမ်း​နေမှာ မဟုတ်ပါဘူးဘာလို့လဲဆို​တော့ သ​ဘောတရားက အတူတူပဲမို့လို့ပါ။လန်းလှပါချည်ရဲ့ဆိုတဲ့ လူ​ချောလူ​​ဖြောင့်​တွေကို လူသူမရှိတဲ့ကျွန်း​ပေါ်မှာအတူစု​​နေခိုင်းပြီး အချစ်စစ်ကိုရှာ​ဖွေခိုင်းမှာဖြစ်ပါတယ်။ဒါ​ပေမဲ့လည်း စည်းမျဥ်းစည်းကမ်း​တွေ​ချမှတ်ထားတာမို့ပွဲကြမ်းချင်တိုင်းကြမ်းလို့တော့မရပါဘူး။ နောက်ထပ် စိတ်၀င်စားစရာအချက်ကဒီရှိုးကို မမ Lee Da Hee နဲ့ Super Junior အဖွဲ့ဝင်KyuHyun တို့ Main host အဖြစ် တာ၀န်ယူရိုက်ကူးခဲ့တာမို့ အ​တော့်ကိုလန်းနေမှာပါ။ကိုရီးယား Variety လောကမှာ ဒီလိုရှိုးမျိုးက ရှားမှရှားဖြစ်တဲ့အတွက်နာမည်ကြီးဦးမှာ အ​သေအ​ချာပါပဲ။မြင်ရလွန်းလို့ရိုး​နေပြီဖြစ်တဲ့ ...

Single’s Inferno Season 1 + 2 + 3

2021
Steeltown Murders (2023) 7.1
Steeltown Murders (2023) Steeltown Murders (2023) ==================== IMDb Rating - 7.1/10(function(f,b,n,j,x,e){})();မှုခင်းဇာတ်လမ်းတွဲတွေကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ ကြည့်ချင် တယ်ဆိုရင်ဒီဇာတ်လမ်းကိုကြည့်ပါ။ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူသတ်သ မားအကြောင်းကို ရေးသားထားတဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb rating 7.1, Rotten Tomatoes 78% ရရှိထားပြီး BBC One ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာပါ။ အပိုင်းကလည်း (၄)ပိုင်းတည်းမို့ အချိန်အများကြီးပေးစရာမလိုဘဲ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၃ ကနေ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာ ဝေးလ်ပြည်နယ်က ပေါ့တ်တဲဘက်မြို့နား တစ်ဝှိက်မှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်တဲ့ ကွင်းဆက်လူသတ်သမား သောင်း ကျန်းခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ နည်းပညာမပြည့်စုံမှုကြောင့် လူသတ်သမားကို မဖမ်းမိခဲ့ပေမယ့် နောက်ပိုင်းမှာ အမှုနဲ့ ပတ်သက်တဲ့ သက် သေကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် ရဲတွေက အမှုကို ပြန်လိုက်ဖို့အတွက် အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့စည်းကာ ခေတ်မီမှုခင်းဆေးသိပ္ပံပညာတွေနဲ့ လူသတ်သ မားကို ဖမ်းဆီးဖို့ ကြိုးစားကြပုံကို မြှုပ်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှု ရမယ့် ဇာတ်လမ်းကောင်းလေးပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Leonard ...
7.1
TMDb: 7.1/10 2500 votes
tv

Steeltown Murders (2023)

2023
Upload (2020-2023) Season 1+Season 2+Season 3 8.7
Upload (2020-2023) Season 1+Season 2+Season 3 Upload(2020 - 2023)ဇာတ်လမ်းတွဲ(function(f,b,n,j,x,e){})();**************************ကျွန်တော်တို့ဟာ ယခုအသုံးပြုနေတဲ့ အင်တာနက် Data Stream ထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေသိမ်းဆည်းလေ့ရှိတဲ့ Cloud တစ်ခုခုထဲကိုပဲဖြစ်ဖြစ် ဖိုင်တွေ Upload Download လုပ်ကြသလိုမျိုး ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ကိုလည်း လုပ်နိုင်မှာပဲ၊ လူတွေပြောပြောနေတဲ့ နတ်ပြည် ငရဲပြည်ဆိုတာဟာ Cloud Service ကြီးတစ်ခုများလားလို့ စိတ်ကူးယဉ်ခဲ့ဖူးကြမယ်ဆိုရင်.......ယခုဇာတ်ကားက အဲဒီစိတ်ကူးကိုအခြေခံပြီး လက်ရှိ သတ္တလောကနဲ့ ခေတ်လွန်နည်းပညာကြားကို ယုတ္တိဆန်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလို့ ညွန်းပါရစေ ၂၀၃၃ ခုနှစ်မှာ နေရာတကာမှာ AI စနစ်တွေ အသုံးများလာတဲ့အပြင် လူတွေဟာအရမ်းကို သက်တောင့်သက်သာနေနိုင်လာကြပါတယ်။ လူတွေဟာ ယနေ့ခေတ်လို သေရင်နောင်ဘဝရောက်တာမျိုးအပြင် မိမိတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ်တမလွန်ဆီကိုလည်း Upload တင်နိုင်လာကြပါတယ်။ဆိုတော့ကာ... ရောဂါတစ်ခုကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာလို့ပဲဖြစ်ဖြစ် သေဆုံးချိန်နီးလာရင် ရှေးရှေးတုန်းကအတိုင်း ပုံမှန်အတိုင်းသေဆုံးမလား ဒစ်ဂျစ်တယ်တမလွန်ကို ရွေးချယ်မလားက အရေးကြီးလာပါတယ်တကယ်တော့ ဒါတွေက VR game ထဲရောက်နေသလိုမျိုးပါပဲ သက်ရှိလူသားတွေဟာ ...
8.7
TMDb: 8.7/10 51 votes
tv

Upload (2020-2023) Season 1+Season 2+Season 3

2020
The Reincarnated Lovers ( 2023 ) 3.9
The Reincarnated Lovers ( 2023 ) ဒီဇာတ်လမ်းလေးက ခုနောက်ပိုင်း လူကြိုက်အများဆုံး ဇာတ်လမ်း genre တွေထဲက တစ်ခုဖြစ်တဲ့ Reborn ပုံစံဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ထန်ဝမ်ဝမ်တစ်ယောက် သူမရဲ့ မင်္ဂလာဆောင်နေ့ကြီးမှာပဲ သတို့သားဖြစ်သူ ရှောင်ရွှမ်ယိဆီကနေ အသတ်ခံရဖို့ဖြစ်လာပါတယ် ။ အဲဒါကြောင့် သူက သူ့ရဲ့သူတို့သားလောင်းကို မုန်းတီးပြီး သတ်ပစ်လို့ရမဲ့အခွင့်အရေးကို တ‌ချိန်လုံးရှာဖွေနေခဲ့ပါတယ် ။(function(f,b,n,j,x,e){})();ဒီလိုနဲ့ တစ်နေ့မှာ ထန်ဝမ်ဝမ်တစ်ယောက် ရှောင်ရွှမ်ယိကိုသတ်ပစ်ဖို့ အခွင့်အရေးရလာပြီး သူ့ကိုယ်သူလည်းသတ်သေလိုက်ဖို့ရွေးချယ်လိုက်ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားစွာနဲ့ သူမဟာလွန်ခဲ့တဲ့ ၃နှစ် မတော်တဆတွေမဖြစ်ခင် အချိန်မှာ ပြန်လည်မွေးဖွားလာခဲ့ပါတယ် ။ သူမက သူမတစ်ယောက်တည်း ပြန်လည်မွေးဖွားလာတယ်ထင်ပေမဲ့ သူသတ်လိုက်တဲ့ သူ့သူတို့သားဖြစ်သူကပါ အရင်ဘဝကမှတ်ဉာဏ်တွေရှိနေချိန်မှာတော့....သူတို့နှစ်ယောက်ဘဝအသစ်မှာ အချစ်အသစ်တွေပေါက်ဖွားလာမလား ? တတိယလူပေါ်လာခဲ့ရင် သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်============================Quality : WEB-DL 1080p , 720p Total Episodes ; 26 Format : mp4 Genres : Drama , Romance , Fantasy Runtime : 15 min Subtitle : Myanmar Subtitle ( ...
3.9
TMDb: 3.9/10 5 votes
tv

The Reincarnated Lovers ( 2023 )

1988
Colin from Accounts (2022) 8.1
Colin from Accounts (2022) Colin from Accounts (2022) ===================== IMDb Rating - 8.1/10ကျွန်တော်တို့ ရုပ်ရှင်လောကမှာ အတွေ့ရနည်းတဲ့ ဩဇီမြေက ဇာတ်လမ်း တွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်လမ်းတွဲလေး ဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။ ကဲ အမျိုး သားအပေါင်း သူတော်ကောင်းတို့။ ခင်ဗျားတို့ကားမောင်းလာတုန်း ကားရှေ့ ကနေ လမ်းဖြတ်ကူးသွားတဲ့ စကီအလန်းဇယားလေးက စနေနှစ်ခိုင်ထဲက တစ်ခိုင်ကို ခင်ဗျားမြင်အောင် အင်္ကျီလည်ပင်းကနေ ဆွဲချပြီး ပြသွားတယ် ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပေါ့ဗျာ။မိန်းမ‌လှလေးရင်ဘက်က သော်တာလဝန်း နှစ်စင်းလုံးမဟုတ်ပေမဲ့ လတစင်း နဲ့တင် တစ်လောကလုံး ထွန်းလင်းလောက်ပါရဲ့။ ဒီတော့ စက်ရာခုတင်မှာ လသာတာအကြောင်းမဟုတ်ပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေရင်း ရင်သား ဖြူနုနုကို မြင်လိုက်ရတော့ တိုက်ကုန်ပြီပေါ့လေ။ ဟုတ်ကဲ့။ ဝင်တိုက်မိသွား ပါတယ်။ သနားစရာ ခွေးကလေးတစ်ကောင်ကိုပါ။ ဒီခွေးလေးကို ဆေးကုပေး ရာမှာ ဆေးဖိုးဝါးခ အရမ်းကြီးသွားတာကြောင့် နှစ်ဦးပူးပေါင်းပြီး အကြွေးစာ ရင်းဖွင့် ဆေးကုပေးခဲ့ရတယ်။ ဒီတော့ ကင်ဆာဝေဒနာရှင် အရက်ချက်စက်ရုံ ငယ်ပိုင်ရှင်လေးတစ်ယောက်နဲ့ ဆဌမနှစ်ဆေးကျောင်းသူလေးတစ်ယောက်တို့ စိတ်ရူးထပြီး လှန်ပြလိုက်တာကစတဲ့ ဇာတ်လမ်းက တခိခိရယ်ရင်း ...
8.1
TMDb: 8.1/10 7800 votes
tv

Colin from Accounts (2022)

2022
The Story of Park’s Marriage Contract (2023)
The Story of Park’s Marriage Contract (2023) The Story of Park's Marriage Contract (2023)ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဂျိုဆွန်းခေတ်နန်းတွင်းသူလေးရဲ့ Time Travel ကားလေးလာပါပြီ Bae In Hyuk နဲ့ Lee See Young ရဲ့ ဇာတ်ကားသစ်လေးပါ(function(f,b,n,j,x,e){})();၁၉ ရာစုနှစ် ဂျိုဆွန်းခေတ်မှာ ဘတ်ယွန်းဝူဆိုတဲ့ မိန်းမပျိုလေးနဲ့ ထိမ်းမြားလိုက်တဲ့ခင်ပွန်း ဖြစ်သူဟာ အဲဒီနေ့မှာပဲ နာတာရှည်နှလုံးရောဂါသည်ဖြစ်နေကြောင်း သိလိုက်ရပြီး သွေးအန်ပြီး ကွယ်လွန်သွားတဲ့အပြင် သူကိုယ်တိုင်လည်း ပြန်ပေးဆွဲခံရပြီး ရေတွင်းထဲကိုပစ်ချခြင်းခံလိုက်ရပါသတဲ့သူပြန်နိုးလာတဲ့အချိန်မှာတော့ ၂၁ ရာစု ဆိုးလ်မြို့တစ်နေရာရဲ့ရေကူးကန်ထဲမှာ အချိန်ခရီးသွားပြီးရောက်နေပါပြီး သူ့ခင်ပွန်းနဲ့ရုပ်တူတဲ့ကောင်လေးကပဲ သူ့ကို ကယ်တဲ့သူဖြစ်နေပါသတဲ့ အဲဒီကောင်လေးက SH ဆိုးလ်ကော်ပိုရေးရှင်းရဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နေတဲ့အပြင် ငယ်စဉ်ကတည်းက နှလုံးရောဂါဝေဒနာကိုခံစားနေရသူတစ်ဦးပါအချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရ အဘိုးဖြစ်သူမသေခင် လက်ထပ်ဖို့ကိစ္စဖြစ်လာတဲ့အခါမှာ သူအသက်ကယ်ခဲ့တဲ့ ဂျိုဆွန်းသူလေးကို စာချုပ်နဲ့လက်ထပ်ခွင့်တောင်းဖို့ဖြစ်လာပါတော့တယ် ဂျိုဆွန်းသူလေး ၂၁ ရာစုကိုရောက်လာပြီး ဘယ်လိုအရှုပ်တော်ပုံတွေဖြစ်လာမလဲဆိုတာကို အပတ်စဉ် သောကြာ စနေတိုင်း စိတ်ဝင်တစားစောင့်ကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Laii, ...

The Story of Park’s Marriage Contract (2023)

2023
The Brothers Sun (2024)
The Brothers Sun (2024) The Brothers Sun (2024) ==================(function(f,b,n,j,x,e){})();နက်ဖလစ်ရဲ့ အက်ရှင်ဟာသကား ဇာတ်လမ်းတွဲအသစ်တစ်ခု လာပါပြီ။ အပိုင်းရှစ်ပိုင်းပါဝင်ပြီး မင်းသမီး မစ်ရှဲယိုပါဝင်ထား ပါတယ်။ ဇာတ်လမ်းရော အက်ရှင်ရော မိုက်တာမို့ မလွတ်တမ်း ကြည့်ရမဲ့ စီးရီးပါပဲ။ဇာတ်လမ်းအကျဉ်း - ထိုင်ဝမ်ရဲ့ အကြီးဆုံး ထရိုင်းရက် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်း ဆောင် အစ်ကိုကြီးစွန်းမှာ မိန်းမတစ်ယောက်နဲ့ သားနှစ်ယောက် ရှိတယ်။ သားအကြီး ချားစ် က သူ့လက်ရုံးနေနဲ့ လူမိုက်ခေါင်း ဆောင်ဖြစ်လာတယ်။ သားအငယ် ဘရုစ်နဲ့ သူ့မိန်းမက လော့စ် အန်ဂျလိမှာ သာမန်လူတွေအနေနဲ့ ဇာတ်မြှပ်နေတယ်။ ဘရုစ်က သူ့အဖေနဲ့အစ်ကိုဟာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေမှန်းမ သိပါဘူး။ တစ်နေ့မှာ အစ်ကိုကြီးစွန်း လုပ်ကြံခံရပြီး ကိုမာဝင် သွားတယ်။ ချားစ်က သူ့အမေနဲ့သူ့ညီကို ကာကွယ်ဖို့ လော့စ်အန် ဂျလိကို တက်လာချိန်မှာပဲလုပ်ကြံတဲ့သူတွေဆက်တိုက်လိုက် လာပြီး မိသားစုသုံးယောက် ရင်ဆိုင်ရပါတော့တယ်။ ဘရုစ်လည်း သူ့အမေနဲ့သူ့အစ်ကို ပွဲကြမ်းနေတာတွေနောက်ကို အူကြောင် ကြောင်လိုက်ရင်း ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Mr Anderson မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး သူများကတော့ Mr.Anderson, Garfield, Thiha Yan ...

The Brothers Sun (2024)

2024
Death’s Game(2023)[Complete] 10
Death’s Game(2023)[Complete] Death's Game(2023)*******************(function(f,b,n,j,x,e){})();အပိုင်း (၁ မှ ၈) ထိ စ/ဆုံး 2023 ကုန်ခါနီးလေးမှာတင် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး webtoon ဖြစ်တဲ့ “ I will die soon” ကို အခြေခံရိုက်ကူးထားပြီးပရိတ်သတ်အချစ်တော် Seo In-guk ကိုယ်တိုင် main cast အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇာတ်လမ်းတွဲလေး တစ်ပုဒ်ဆိုလည်း မမှားပါဘူး။ခုနစ်နှစ်ကြာ အလုပ်ရှာမရဘဲ အလုပ်လက်မဲ့အဖြစ်နဲ့ နေလာရတဲ့ Choi Yi-jae(Seo In-guk) ဟာအသက်ဆက်ရှင်လိုတဲ့ ဆန္ဒပျောက်ဆုံးပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။ အဲဒီနောက် ငရဲကို မကျရောက်ခင်လေးမှာ သေခြင်းတရား (Park So-dam)ရဲ့ ပြစ်ဒဏ်စီရင်မှုကြောင့် Choi Yi-jae(Seo In-guk) တစ်ယောက်နောက်ထပ် ၁၂ ကြိမ်တိုင်တိုင် လူပြန်ဝင်စားဖို့ ဖြစ်လာပါတော့တယ်။၁၂ ကြိမ်တိတိ ဘယ်လိုခန္ဓာမျိုးနဲ့ပဲ နိုးထလာလာ သေဆုံးရမှာဖြစ်ပြီး အဲဒီ နာကျင်မှုတွေကိုအလူးအလဲ ခံစားရတဲ့ ...
10
TMDb: 10/10 1 votes
tv

Death’s Game(2023)[Complete]

2023
The Last Immortal ( 2023 )
The Last Immortal ( 2023 ) ဒီဇာတ်ကားလေးကတော့ Hidden Love , love like the Galaxy , Who rules the world စတဲ့ Hit ဖြစ်တဲ့ Drama တွေချည်းတန်းစီထွက်ထားပြီး သရုပ်ဆောင်ပိုင်းမှာ အနုရော အကြမ်းရောရတဲ့ နာမည်ကြီးမင်းသမီးလေး Zhao Lusi ရဲ့ ပထမဆုံး ရှန်းရှဇာတ်လမ်းဖြစ်ပါတယ် ။ မင်းသမီး Zhao Lusi ဦးဆောင်ပါဝင်ထားပြီး တွဲဖက်မင်းသားအဖြစ် မင်းသား Wang AnYu နှင့် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်တဲ့ S+ ရှန်းရှ drama လေးပဲဖြစ်ပါတယ် ။(function(f,b,n,j,x,e){})();ဇာတ်လမ်းကတော့ Ancient Love Poetry ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ရှန့်ကူနဲ့ပိုင်ကျွယ်တို့ရဲ့သားလေး ယွင်ချီနဲ့ သူအပင်ပန်းခံမွေးထားတဲ့ ဝိဉာဥ်ရေသားရဲ‌လေး အားယင်တို့ရဲ့ အချစ် ၊ အမုန်း ၊ ဟာသ ၊ ပြဿနာများနှင့် ရသစုံဇာတ်လမ်းလေးလည်းဖြစ်ပါတယ် ။အ‌ကြောင်းအရင်းအမျိုးမျိုးကြောင့် စွမ်းအားတွေချိတ်ပိတ်ခံထားရတဲ့ မင်းသားယွင်ချီ ၊ ဥကနေအကောင်ပေါက်လာတဲ့အားယင်တို့နဲ့အတူ မြေခွေးမျိုးနွယ်စုမှ မင်းသားလေး ဟုန်ရိ ...

The Last Immortal ( 2023 )

2023
Mekong (2023) 7
Mekong (2023) မဲခေါင်မြစ် အချစ်တည်ရာ(function(f,b,n,j,x,e){})();ဒိပ်နဲ့ဒရာဂိုတို့ပါဝင်တဲ့လျှို့ဝှက်တပ်ဖွဲ့ဟာ မစ်ရှင်တစ်ခုလုပ်နေကြပါတယ် ဒိပ်ဟာ ဝီရန်နလုန်က နဂါးနဲ့အစီအရင်အကြောင်းတွေကို အိပ်မက်မက်လေ့ရှိသူပါ တစ်ရက်ကျ သူ့ချစ်သူစူနဲ့ ဒီအိပ်မက်အကြောင်းသွားရှာဖို့ ခရီးသွားစဉ်မှာ လူဆိုးလိုက်တာခံနေရတဲ့ ခင်မ်တို့ကားနဲ့မတော်တဆမှုဖြစ်ပြီး စူဟာဆုံးသွားပါတယ် တစ်ဖက်မှာ ဖွန်တာလို့ခေါ်တဲ့မူးယစ်ဆေးသယ်တဲ့အုပ်စုကို ဦးဆောင်သူမှာ စူနဲ့ရုပ်ချင်းဆင်တူသူဖြစ်တာကြောင့် ဒိပ်တို့ လျှို့ဝှက်တပ်ဟာ မူးယစ်နှိမ်နင်းရေးအတွက် မစ်ရှင်ကျလာတဲ့အခါမှာတော့ ဒိပ်ဟာ ဖွန်တာနဲ့ဆုံဖြစ်ခဲ့ရင် ဘာတွေဆက်ဖြစ်န်ုင်မလဲ ခင်မ်တို့ဝယ်သွားတဲ့ အဝတ်စဟာ လူဆိုးတွေဘာလို့ အရမ်းအလိုရှိနေတာလဲ ဒိပ်တယောက် အမြဲတစေမက်နေတဲ့ ဒီမဲခေါင်မြစ်နဲ့နဂါးဟာ ဘာတွေဆက်နွယ်နေမလဲဆိုတာကတော့ ဒီဇာတ်လမ်းတွဲလေးကို ဆက်ကြည့်ကြရအောင်ပါအညွှန်းကိုတော့ Lei က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Tawan, Lei, Fake Love တို့ပဲ ဖြစပ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 800MB | 400MB Format… mp4 Duration…. 40min Episodes...15 Episodes Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang, Tawan, Lei, Fake Love Encoder ..... Aaron720pEpisode ...
7
TMDb: 7/10 10 votes
tv

Mekong (2023)

2023
The Serial Killer’s Wife (2023) 7.3
The Serial Killer’s Wife (2023) Series လည်း ကြည့်ချင်တယ် အရှည်ကြီးကြည့်ရမှာလည်း ပျင်းတယ်ဆိုတဲ့သူတွေရှိရင် အပိုင်းနည်းနည်း‌နဲ့(function(f,b,n,j,x,e){})();ကြည့်လို့ကောင်းတဲ့ series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်က The Serial Killer's Wife ဖြစ်ပြီးတော့ 2023 ခုနှစ် December ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဘတ်သ်ရဲ့ အမျိုးသား တွန်က ကျေးလက်ဒေသက ဆရာဝန်တစ်ဦးပါ။ တွန်ရဲ့ ဆေးခန်းအကူ ကေတီ သေဆုံးရာကနေ ဇာတ်လမ်းအစပြုပါတယ်။ တစ်နေ့ ဘတ်သ်နဲ့ တွန်တို့ ဧည့်သည်တွေနဲ့အတူ မွေးနေ့ကျင်းပနေတုန်း ရဲတပ်ဖွဲ့က ရောက်လာပြီးတော့ တွန်ကို လူသတ်မှု သံသယတရားခံအဖြစ် ဖမ်းသွားခဲ့တယ်။ အခြေအနေတွေကလည်း ဖရိုဖရဲဖြစ်ပြီး ဧည့်သည်တွေရှေ့မှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါတယ်။ ဘတ်သ်ဟာ အတင်းအဖျင်းတွေကို ရင်ဆိုင်ရင်း ယောက်ျားဖြစ်သူ အပြစ်ကင်းကြောင်း သက်သေပြဖို့ တွန်ရဲ့ ပစ္စည်းတွေကို ရှာဖွေခဲ့တယ်။ မမျှော်လင့်ထားဘဲ တွန်က ကေတီအပါအဝင် တခြားအမျိုးသမီးတွေနဲ့ ဖောက်ပြန်နေတာကို ဘတ်သ်တစ်ယောက် သိလိုက်ရပါတယ်။ ဒီကစလို့ ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးလာပြီးတော့ ဘတ်သ်နဲ့ တွန်ရဲ့ မရိုးရှင်းတဲ့ အတိတ်အကြောင်းတွေပါ ပါလာမှာပါ။ ရဲတွေကရော လူသတ်မှုကို ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်တရားခံအစစ်က ဘယ်သူလဲ၊ တခြားကွင်းဆက် လူသတ်မှုတွေနဲ့ ဘယ်လိုချိတ်သွားမလဲ၊ ဘတ်သ်နဲ့ ...
7.3
TMDb: 7.3/10 3 votes
tv

The Serial Killer’s Wife (2023)

2023
The Buccaneers (2023) 7.5
The Buccaneers (2023) The Buccaneers (2023) Complete(function(f,b,n,j,x,e){})(); ~ IMDb - 6.1/10, Rotten Tomatoes - 78% ~ Apple TV ကနေပဲ အသစ်ထွက်လာတဲ့ ဒီစီးရီးက ၁၉၉၅မှာ ပထမဆုံးအကြိမ် BBC မှာပြသခဲ့တဲ့ Edith Wharton ရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ဝတ္ထုလေးကို ၂၀၂၃ ခုနှစ်မှာ ရသတစ်မျိုးနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Tomato Meter မှာ Audience Score 96% ရထားတာဖြစ်လို့ တကယ်မခေတဲ့ Period Drama ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ ဒီဇာတ်လမ်းလေးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အထွေးဆုံးလေး နန်း၊ နန်းရဲ့အစ်မဖြစ်သူ ဂျန်းနီ၊ လစ်ဇီနဲ့ မေဘယ်ဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ကွန်ချီတာဆိုတဲ့ လူမည်းအမျိုးသမီး၊ စုစုပေါင်း သူငယ်ချင်းငါးယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအမေရိကန် သူငယ်ချင်းငါးယောက်ထဲက ကွန်ချီတာကတော့ မကြာခင် ...
7.5
TMDb: 7.5/10 14 votes
tv

The Buccaneers (2023)

2023

Genres

Archives