Channel Myanmar

New releases (2025)

Content at random


TV Series

Judge Dee’s Mystery 9
Judge Dee’s Mystery စုံထောက်ကြီးဒီး၏အမှုမှတ်တမ်းများဒီနာမည်လေးကိုကြားလိုက်တာနဲ့ CM ပရိသတ်တွေအကုန်သိကြတဲ့နာမည်လေးတစ်ခုဆိုလည်းမမှားပါဘူး။ဒီတစ်ခါမှာတော့ဝတ္ထုကိုအခြေခံပြီး ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးထားတဲ့စုံထောက်ကြီးဒီး၏အမှုမှတ်တမ်းများ ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကြောင်းကတော့ ထန်ခေတ်အစောပိုင်း မိဖုရားခေါင်ကြီးရဲ့လုပ်ပိုင်ခွင့် အာဏာရှိတဲ့တံဆိပ်တော်ဇာမဏီတံဆိပ်တော်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး နန်းတော်မင်းမူးမတ်ရာတွေသတ်ဖြတ်ခံရတဲ့အမှုတွေနဲ့ ပြည့်နှက်နေတာပေါ။ ဒီလိုတံဆိပ်တော်ပျောက်ဆုံးမှုကနန်းတော်ကြီးကို မူမမှန်တာတွေ အုပ်ချုပ်မှုမငြိမ်မသက်ဖြစ်နေတာတွေဖြစ်ပေါ်စေခဲ့တယ်။ဒီအချိန်မှာပဲ နန်းတွင်းမင်းမှူထမ်းစာမေးပွဲကို အောင်သွားတဲ့ဒီးရန်ကျယ်က အမှတ်မထင်ပဲထူးဆန်းတဲ့လူသတ်မှုထဲပါဝင်ပတ်သက်သွားခဲ့တယ်။ဒီလိုနဲ့ဒီးရန်ကျယ်က လူသတ်မှုနဲ့တံဆိပ်တော်ပျောက်ဆုံးမှု ပတ်သက်မှုရှိနေတာကိုသိသွားတာကနေစပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတွေကိုစုံစမ်းဖော်ထုတ်အဖြေရှာပြီးတော့ပြည်သူတွေကိုကူညီပေးခဲ့တယ်။ဒီဇာတ်လမ်းလေးကတော့ အရင်ဒီးရန်ကျယ်ဇာတ်ကားတွေထဲကဒီးရန်ကျယ်မူမပျက်အောင်အမှုတွေကိုဖော်ထုတ်သွားပြီးတော့ ဒီးရန်ကျယ်ပီသစွာပဲအမှုတွေကိုပညာသားပါးပါးဖြေရှင်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် ~=====================================Quality : WEB-DL 1080p , 720p Total Episodes : 32 Format : mp4 Genres : Crime, Mystery, Adventure Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ ...
9
TMDb: 9/10 1 votes
tv

Judge Dee’s Mystery

2024
Avatar: The Last Airbender (2024) 9.7
Avatar: The Last Airbender (2024) Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ Avatar တစ်ယောက် သေဆုံးသွားရင် နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ်မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူးနှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်...File Size – 1.2GB / 600MB (Appx;) @EpisodeQuality – 1080p WEB DL / 720pDuration – 26mins (@Episode)Total Episodes: 8Eps (@ Season)Subtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 3 votes
tv

Avatar: The Last Airbender (2024)

2024
Quantum Leap Season 1 + 2 7.923
Quantum Leap Season 1 + 2 Quantum Leap  Season 1 (2022)(function(f,b,n,j,x,e){})();IMdb rating 4.9/101989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။ တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။ မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို စက်အဆန်းကြီးကို တီထွင်တာက ‌ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ခု ၂၀၂၂ ခုရောက်တော့ ‌ရူပဗေဒပညာရှင် ...
7.923
TMDb: 7.923/10 13 votes
tv

Quantum Leap Season 1 + 2

2022
My Love in the Countryside (2024)
My Love in the Countryside (2024) နယ်မြို့လေးထဲက ကိုယ့်အချစ် (၂၀၂၄)လူကုန်ထံအသိုင်းဝိုင်းက ဆိုင်ဆမွမ် ဆွေစမိုကတော့ ရုပ်ရှင်မင်းသမီးဖြစ်ချင်နေတဲ့သူလေးပေါ့ သူမဟာ အယုဒ္ဓယရဲ့နယ်မြို့တစ်ခုဆီ ရုပ်ရှင်ပရောဂျက်အတွက် အချစ်အကြောင်းလေ့လာဖို့ အပို့ခံခဲ့ရပါတယ် မာရဆီရဲ့အိမ်မှာ သူကတည်းနေပြီတော့ မာလို့ခေါ်တဲ့ကောင်လေးနဲ့ တရင်းတနှီးရှိခဲ့ပါတယ် အိပ်မက်တွေကို လက်မလျှော့တမ်းအကောင်အထည်ဖော်မဲ့ ဆိုင်ဆမွမ်တစ်ယောက် အဆုံးသတ် ဘယ်လိုဖြစ်သွားမလဲ အချစ်ကို သင်ယူနိုင်ခဲ့မလား ဒါဆို သူလိုအပ်နေတဲ့လေ့လာမှုအတွက် ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်မင်းသားကရော ဘယ်သူဖြစ်နိုင်မလဲဆိုတာတော့ကျေးရွာဓလေ့တွေအငွေ့အသက်တွေအပြည့်ပါဝင်နေတဲ့ “နယ်မြို့လေးထဲက ကိုယ့်အချစ်”ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  800MB | 300MB Format… mp4 Duration….40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Lei, Nang, Fake Love Encoder ..... Aaron720pEpisode 01 - Userdrive | YoteShin | Megaup ...

My Love in the Countryside (2024)

2024
Fighting for Love ( 2024 )
Fighting for Love ( 2024 ) အာဂအမျိုးသမီးလေးအားမိုက်ရဲ့ တိုင်းပြည်အတွက်စွမ်းစွမ်းတမံ တိုက်ပွဲဝင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားမိုက်ဟာမြို့စားကြီးတစ်ယောက်ရဲ့သမီးဖြစ်ခဲ့တယ်။ သူ့ရဲ့မျက်စိရှေ့မှာတင် သူ့မိဘကိုသူ့ရဲ့အစ်ကိုလိုချစ်ရတဲ့ငယ်သူငယ်ချင်းသတ်လိုက်တာကို မြင်ရတဲ့အခါမှာတော့ သူ့ဟာယောင်္ကျားလေးလိုပြင်ဆင်ဝတ်စားပြီး သိုင်းလောကမှာကျင်လည်ရင်း လက်စားချေဖို့ခရီးကိုစတင်လိုက်ပါတယ်။မင်းသမီးကြီးရဲ့သားတော်တစ်ယောက်ဖြစ်တဲ့ ရှန်းယိကျီးကို အားမိုက်ကမထင်မှတ်ပဲကယ်လိုက်မိရာကနေ ရှန်းယိကျီးကို အန္တရာယ်ကြားကနေအကြိမ်ကြိမ်ကယ်ဖို့ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲကြီးဖြစ်လာခဲ့တော့ အားမိုက်ကကိုယ်ကျိုးစွန့်ပြီး စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းကြောင့် စစ်သူကြီးရာထူးအထိအောင်မြင်လာခဲ့တယ်။ရှန်းယိကျီးနဲ့အတူအခက်အခဲတွေအတူကျော်ဖြတ်ရင်း ကြီးမြတ်တဲ့အရာတွေကိုအတူအောင်မြင်အောင်ကြိုးစားလာခဲ့ကြတယ်။ နုပျိုခြင်းတွေပေးဆပ်ထားတဲ့ သူတို့ရဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လို အောင်မြင်မှုတွေရလာမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။================================Quality : WEB-DL 1080p , 720p Total Episoes : 36  Format : mp4 Genres : Crime , Drama , Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK================================= Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamWish / MegaNz Ep ...

Fighting for Love ( 2024 )

2024
Secret Love(2013) [Complete] 8
Secret Love(2013) [Complete] Secret Love(2013)****************အပိုင်း(၁ မှ ၁၆) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲဟာ ဆုတွေအများကြီးရရှိခဲ့သလို Ratingတွေကလည်းအကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်....ရရှိခဲ့သောဆုများTop Excellence Award, Actor - Ji Saung Top Excellence Award,Actress - Hwang Jung-eumBest Supporting Actor - Bae Soo-binBest Supporting Actress - Lee Da-heeNetizen Choice Award - Hwang Jung-eumBest Couple Award - Ji Saung and Hwang Jung-eum Outstanding Modern Drama Awardအမှုစစ်အန်ဒိုဟွန်း ဆိုတဲ့သူဟာ ရည်မှန်းချက်ကြီးသလို တစ်နေ့အားလုံးအထက်မှာရပ်တည်နိုင်ရမယ်လို့ယုံကြည်တဲ့သူဖြစ်တယ်.... ဘယ်လိုပဲရည်မှန်းချက်တွေကြီးမားနေပါစေ လက်ရှိတွဲနေတဲ့ကောင်မလေးကအချိန်ပိုင်းအလုပ်သမားဖြစ်နေတဲ့အပြင် အနာဂတ်ဆိုတာလည်းရေရေရာရာမရှိတော့မိဘတွေကလည်းသဘောမတူကြပါဘူး...တစ်နေတော့အမှုစစ်ဟာ အဆိုးဝါးဆုံးသောအမှုတစ်ခုကိုကျူးလွန်ခဲ့ပါတယ်...သူ့ရဲ့ကားမတော်တဆမှုကြောင့် ကောင်မလေးတစ်ယောက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်..ဒီပြဿနာကို ချစ်သူကောင်မလေးဟာ ကာကွယ်ပေးရင်းထောင်ထဲဝင်ခဲ့ပါတယ်..ချစ်သူကို အားလုံးအနစ်နာခံပြီးထောင်ထဲဝင်ခဲ့ပေမဲ့နောက်ဆက်တွဲ ကိစ္စတွေဟာ ထင်ထားသလိုဖြစ်မလာဘဲပြဿနာပေါင်းစုံထပ်ကြုံလာရတဲ့အပြင် ...
8
TMDb: 8/10 24 votes
tv

Secret Love(2013) [Complete]

2013
Marry My Husband(2024)
Marry My Husband(2024) Marry My Husband(2024)************************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေကြတဲ့ Park Min Youngနဲ့ ဂင်ချားနားလို့ သိကြတဲ့Lee Yi Kyung တို့ရဲ့ Marry My Husbandနာမည်ကြီး Webtoonကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ကင်ဆာနဲ့ အသက်လုနေရတဲ့ သေခါနီးအမျိုးသမီးတစ်ယောက်ဟာတစ်ရက်မှာတော့ သူငယ်ချင်းအရင်းကြီးနဲ့ သူ့အမျိုးသားတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိသွားခဲ့ပါတယ်။ပိုဆိုးတာကတော့ အမျိုးသားဖြစ်သူက သူသေသွားရင် ကျန်ခဲ့မယ့် သူ့ရဲ့ အာမခံငွေတွေကိုအပိုင်သိမ်းဖို့ ကြိုတင်ကြံစည်ထားတာကိုပါ သိလိုက်ရပြီး အမျိုးသားဆီကပါ အသတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ time slip ဖြစ်ပြီးလွန်ခဲ့တဲ့ 10နှစ်ကို ပြန်ရောက်နေခဲ့ပါတယ်။ သူနဲ့သူ့အမျိုးသားတို့ ရည်းစားဖြစ်နေတဲ့ ကာလကိုပြန်ရောက်သွားပြီး ဖောက်ပြန်တဲ့သူ့အမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကိုဘယ်လိုပုံစံနဲ့ လက်စားချေသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်......အညွှန်းကိုတော့ Hsu Lei မှရေးသားပေးထားပါတယ်.. Aired: Jan 1, 2024 ...

Marry My Husband(2024)

2024
True Detective (Complete) Season(1-4) 8.283
True Detective (Complete) Season(1-4) HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်...စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ...
8.283
TMDb: 8.283/10 2516 votes
tv

True Detective (Complete) Season(1-4)

2014
Karmma Calling (2024) 2
Karmma Calling (2024) Karmma Calling (2024) "ကံ၏ စေစားရာ" IMDb - 5.8/10Disney+ Hotstarကနေ အပိုင်းခုနစ်ပိုင်းနဲ့ ထုတ်လွှင့်လိုက်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲ တစ်ခုကို တင်ဆက်ပေးပါရစေ။ Guilty Minds (2022)မှာ ရှေ့နေမလေးအဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချောလေး နာမရမ်တာ ရှက်သ်က ဒီထဲမှာ ကံတရားလို့ အဓိပ္ပါယ်ရတဲ့ ကာမာနာမည်နဲ့ အမျိုးသမီးလေးအဖြစ်ပါဝင်ထားပါတယ်။ကိုယ့်လုပ်ရပ်ကိုယ်ပဲကြောက် ဘုရားကိုမကြောက်နဲ့ ဘုရားက ခွင့်လွှတ်တယ် ကံတရား(ကာမာ)ကတော့ ခွင့်လွှတ်မှာမဟုတ်ဘူးတဲ့။အကုန်လုံးကို ခွင့်လွှတ်ပြီး ကိုယ့်ဘ၀ကိုယ်ဆက်လျောက်ပါဆိုတဲ့ အဖေဖြစ်သူရဲ့စကားကို လက်မခံနိုင်ဘဲ သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာမည်ဆိုတဲ့ ဆိုရိုးအတိုင်း ကာမာတစ်ယောက် သူတို့သားအဖအပေါ် ဒုက္ခပေးတဲ့မိသားစုကို အကွက်ကျကျ လက်စားချေဖို့ကြိုးစားပါတယ်။သစ္စာဖောက်မှုဆိုတာ ကိုယ်အချစ်ရဆုံးလူဆီကလာတဲ့အခါ အနာကျင်ရဆုံးပဲဆိုတာက ကာမာရဲ့ခံယူချက်။ ဒီခံယူချက်ကို အရင်းတည်ပြီး သူတို့သားဖဘ၀တွေ စုတ်ပြတ်သွားစေတဲ့မိသားစုဆီကို အစစအရာရာပြင်ဆင်ပြီး လက်စားချေဖို့ ဝင်လာခဲ့တဲ့အခါမှာတော့...။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size ...
2
TMDb: 2/10 1 votes
tv

Karmma Calling (2024)

Cooking Crush (2023)
Cooking Crush (2023) ကျွန်တော့်ချစ်သူ စားဖိုမှူးလေး (2023) အညွှန်းဆရာဝန်လောင်းလေးနဲ့ စားဖိုမှူးလောင်းလေးတို့ရဲ့ စောင်ကိုက်ပြီးကြည့်ရှုရမယ့် BL ကားချိုချိုလေး ရပါပြီနော်မိသားစုက စားသောက်ဆိုင်ဖွင့်ထားပေမဲ့ ဟင်းချက်သင်တန်းမှာတော့ အမြဲတမ်းအညံ့ဆုံးဖြစ်နေတဲ့ စားဖိုမှူးလောင်းလျာလေး ပရမ် ရယ်၊ ပရမ်ချက်တဲ့ဟင်းကိုမှ စားမိပြီး ဟင်းချက်နည်းကိုပါ သင်ချင်သွားတဲ့ ဆရာဝန်လောင်းလေး တန် ရယ်။ စစချင်းမှာတော့ ကြောင်နဲ့ကြွက်လို မတည့်ကြတဲ့ ဒီနှစ်ယောက်သားရဲ့ဇာတ်လမ်းလေးက တဖြည်းဖြည်းနဲ့ ဘယ်လိုပြောင်းလဲလာမလဲ။ဟင်းကိုကြိုက်သွားတဲ့ တန် တစ်ယောက် ဟင်းချက်တဲ့လူကိုရော ဘယ်လိုများကြိုက်သွားပြီး ကြ်ည့ရှုသူတွေကို ဘယ်လိုအချိုတွေကျွေးဦးမလဲဆိုတာ အားလုံးပဲ စောင်ကိုက်ကြည့်ရှုကြရမယ့် ဇာတ်လမ်းလေးဖြစ်မှာပါ။မင်းသားနှစ်ယောက်ကလည်း OffGum Couple ဆိုတော့ အထွေအထူးညွှန်းနေစရာ မလိုတော့လောက်ဘူး ထင်ပါတယ်နော်။ အခုပဲ ကြည့်လိုက်ကြပါဦး။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Hmwe, Mary, Khaing တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… ...

Cooking Crush (2023)

2023
Thousands of Years of Love
Thousands of Years of Love ဒီဇာတ်ကားလေးကတော့ ရှန်းရှဒရမ်မာအတိုလေးဖြစ်ပြီး ရှန်းရှဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း CGI တွေ တခမ်းတနားနဲ့လှလှပပမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ ဖုရော့ယောင်ဟာ မိစ္ဆာလောကရဲ့အုပ်ချုပ်သူအရှင်မတစ်ဦးဖြစ်ပြီး မသေမျိုးနတ်မျိုးနွယ်ဖြစ်တဲ့ မော့ချန်းယွမ်ကိုမြင်မြင်ချင်းပဲချစ်မိသွားခဲ့ပါတယ် အဲဒီလိုနဲ့ သူဟာသူ့ရဲ့အချစ်စိတ်တွေကိုမထိန်းနိုင်တော့ဘဲ နတ်မျိုးနွယ်ဝင် မော့ချန်းယွမ်ကို သူမကိုလက်ထပ်ပြီးတော့ မိစ္ဆာမျိုးနွယ်စီအတင်းလိုက်နေခိုင်းခဲ့ပါတယ်နတ်မျိုးနွယ်ဖြစ်သူမော့ချန်းယွမ်ဟာ မတော်တဆ ဒဏ်ရာအပြင်းအထန်ရပြီး မိစ္ဆာ ဘုံမှာ ဒဏ်ရာကုသဖို့ဖြစ်လာချိန်မှာတော့ မျိုးနွယ်စုမတူညီတဲ့သူတို့နှစ်ယောက်ကြား ဘယ်လိုအခက်အခဲတွေကစောင့်ကြိုနေမလဲ မော့ချန်းယွမ်ကရောသူမကိုတကယ်ချစ်ပါ့မလား ဒဏ်ရာကုသဖို့သပ်သပ်ပဲလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြဖို့မမေ့ပါနဲ့နော်===============================Quality : WEB-DL 1080p Total Episodes : 22 Format : mp4 Genres : Drama , Romance Runtime : 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK============================== Ep 1 ( 1080p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 2 ( ...

Thousands of Years of Love

2024
Hustlers (2023) 5
Hustlers (2023) Hustlers (2024) "လူပေါ်လူဇော်" IMDb - 8.3/10 Amazon miniTVကနေ ထုတ်လွှင့်ခဲ့တဲ့ အလန်းစား မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းငါးပိုင်းပါဝင်ပြီး ကြည့်ရှုသူအပေါင်း မပျင်းရအောင် ဆွဲခေါ်သွားနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အခြေသတင်းကြီးတဲ့ အိန္ဒိယရဲ့ အိုင်စီအီးဆိုတဲ့ အင်ဂျင်နီယာကျောင်းကြီးကို အိန္ဒိယပရိသတ်အတော်များများ သိပြီးဖြစ်မှာပေါ့။တစ်နိုင်ငံလုံးက ထိပ်သီးကျောင်းသားကျောင်းသူတွေပဲ တက်ခွင့်ရတဲ့ အင်ဂျင်နီယာကောလိပ်။ ထုံးစံအတိုင်း ဖရက်ရှာကျောင်းသားလေးတွေကနေစတဲ့ ဇာတ်လမ်း။ မာနို့ဂျ်နဲ့ ဆန်ဂျေးဆိုတဲ့သူငယ်ချင်းနှစ်ယောက်။ ညီအစ်ကိုတွေလောက်ထိ သံယောဇဉ်ဖြစ်သွားကြသူတွေ။ ဆန်ဂျေးက ကိုတာဆိုတဲ့မြို့လေးကနေ ကျောင်းလာတက်တဲ့သူ။သင်ရိုးစာအုပ်ထဲက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထက် လက်တွေ့ဘ၀မှာအသုံးချဖို့ကို သင်ကြားလိုသူ။အိန္ဒိယတစ်နိုင်ငံလုံးမှာ သူ့နာမည်ပြောလိုက်တာနဲ့ လူတိုင်းသိနိုင်တဲ့အထိ ကျော်ကြားမှုမျိုးကို ရည်မှန်းထားတဲ့သူ။တစ်နေ့ကို ၁၈နာရီစာကြည့်ဖို့တွန်းအားပေးတဲ့အဖေတစ်ယောက်ကြောင့် စိတ်ညစ်နေရသူ။ မာနို့ဂျ်မိဘတွေကကျ ပြောင်းပြန်။ 3Idiotsရုပ်ရှင် ကြည့်ထားပုံရ။ သားကို အခန်းလိုက်ပို့တဲ့ ပထမဆုံးနေ့မှာပဲ မျက်နှာကျက်ကပန်ကာ ဖြုတ်သွားလေရဲ့။ မှာသွားသေးတယ်၊ စာမေးပွဲမအောင်လည်း ရွာပြန်ခဲ့ ဘာမှမဖြစ်ဘူးတဲ့။မာနို့ဂျ်က သင်ရိုးစာအုပ်ကို အာဂုံဆောင်ထားတဲ့သူ။ စာမေးပွဲမှာ သင်ရိုးထဲကဟာပဲမေးမှာ ...
5
TMDb: 5/10 2 votes
tv

Hustlers (2023)

2024
Halo (2022) Season 2 8.306
Halo (2022) Season 2 Halo ဂိမ်းတွေကိုအခြေခံပြီး ကွာလတီအမြင့်နဲ့ ရိုက်ထားတဲ့စီးရီး Season 2 ထွက်လာပါပြီဇာတ်လမ်းနောက်ခံကျယ်ပြန့်တဲ့ဂိမ်းတွေမို့ စီးရီးလည်း ဇာတ်အိမ်ကြီးကြီးမားမားနဲ့ရှေ့ဆက်ပါလိမ့်မယ်စွမ်းရည်မြင့် Spartan တပ်သားတွေထဲက Master Chief ဦးဆောင်တဲ့ Silver အဖွဲ့နဲ့ Covenent ဂြိုလ်သားမျိုးနွယ်တွေရဲ့တိုက်ပွဲတွေဟာ အစပြုရုံပဲရှိပါသေးတယ် Master Chief က စစ်ဆင်ရေးတစ်ခုမှာ Covenent တွေနဲ့ရင်ဆိုင်ခဲ့ရပြီး Covenent တွေမှာ ဂြိုလ်တွေကိုဖျက်စီးရုံထက် ပိုကြီးမားတဲ့အကြံအစည်ရှိနေသလို မသင်္ကာစရာလှုပ်ရှားမှုတွေတွေ့ခဲ့ရပေမယ့် ခေါင်းဆောင်တွေကမယုံကြည်တဲ့အခါမှာ Master Chief ကိုယ်တိုင် Covenent တွေရဲ့ အစီအစဉ်ကိုသိရဖို့ ကြိုးစားရပါတော့တယ် File size…(778 MB)/(396 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Action, Adventure, Scifi and Fanatasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein   Season 2Episode 1 720p  -  Yoteshin ...
8.306
TMDb: 8.306/10 2152 votes
tv

Halo (2022) Season 2

2022
Sweet Trap ( 2024 )
Sweet Trap ( 2024 ) ဒီရက်ပိုင်း CM ချစ်ပရိသတ်တွေကိုဒီတစ်ခါမှာလူငယ်အချစ်ဇာတ်လမ်းဇာတ်လမ်းတွဲလေးဖြစ်တဲ့ Sweet Trap ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။လောင်ရွှဲခေါက်ဆွဲဆိုင်ပိုင်ရှင်လည်းဖြစ်, စားဖိုမှူးတစ်ယောက်လည်းဖြစ်တဲ့ ရွှဲချုံးမင်မှာ လီနိုက်ဆိုတဲ့တပည့်မလေးတစ်ယောက်ရှိတယ်။ တနေ့မှာတော့ဟင်းချက်လက်ရာမှာ နာမည်ကြီးတဲ့စားဖိုမှူး ကျန်းကျဲ့နဲ့ယှဉ်ပြိုင်ကြရင်း ရွှဲချုံးမင်တစ်ယောက် ကြယ်ငါးပွင့်အဆင့်ရှိ စားဖိုမှူးဓါးကို ကျန်းကျဲ့ဆီပေးလိုက်ရတယ်။အဲ့ဒီ့အဖြစ်အပျက်ကိုတပည့်မလေး လီနိုက်ကို အခဲမကျေပဲ ဆရာ့ကိုကူပြီးဒီဓါးကိုပြန်လည်ရယူဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ကျန်းကျဲ့ဆင်တဲ့ထောင်ချောက်ထဲကို ကျသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဒီဇာတ်လမ်းတွဲလေးထဲမှာ များစွာသော ရှေးခေတ်ဟင်းလျာတွေကိုကောင်းကောင်းမွန်မွန်နဲ့ တင်ဆက်ပြသထားတဲ့ကားကောင်းလေး တစ်ကောင်းနှင့်အညီ ဇာတ်လမ်းတွဲထဲမှာလီနိုက်နဲ့ ကျန်းကျဲ့တို့ရဲ့ ဆန်းကြယ်တဲ့ရေစက်ကိုပါ မြှုပ်ထားတာမို့လို့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်ဇာတ်လမ်းတွဲလေးထဲမှာတော့ ကျန်းကျဲ့အဖြစ် Xie Bin Bin ၊ လီနိုက်အဖြစ် Zhang Miao Yiတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်===============================Quality : WEB-DL 1080p , 720p Total Episodes : 25 min Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK============================== Ep ...

Sweet Trap ( 2024 )

2024
Grand Shining Hotel (2024) [Complete]
Grand Shining Hotel (2024) [Complete] Grand Shining Hotel (2024)*******************************အပိုင်း (၁ မှ ၆) စ/ဆုံး ဒီကားလေးကတော့ Waikiki S1 ထဲက မင်းသမီး Jung In Sun နဲ့မင်းသား Lee Ji Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သည်းထိပ်ရင်ဖို့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း...ဆုန်းဝူဘင်းဟာ စာအုပ်တိုက်တစ်ခုက လက်ထောက်မန်နေဂျာဖြစ်ပြီးတစ်ရက်မှာတော့ သူ့ကို လူတစ်ယောက်က သူ့ဝတ္ထုကိုဖတ်ဖို့ အီးမေးလ်တစ်စောင်ဝင်လာပါတယ်။ဒါပေမဲ့ ထူးထူးဆန်းဆန်း အဲဒီ အီးမေးလ်ရပြီး ဝူဘင်းတစ်ယောက် ဝတ္ထုကမ္ဘာထဲကို ရောက်သွားပါတော့တယ်။အဲဒီမှာပဲ ဝူဘင်းကို ကယ်တင်ဖို့ အာယောင်းလည်း ဝတ္ထုကမ္ဘာထဲကို ဝင်သွားပါတော့တယ်။ဝူဘင်းကို လက်တွေ့ကမ္ဘာထဲကို ပြန်ခေါ်လာနိုင်ပါ့မလား...ဝူဘင်းကိုရော ဘာကြောင့် လူသတ်သမားက သတ်ဖို့လုပ်နေရတာလဲ...အဲဒီဝတ္ထုကိုရော ဘယ်သူက ထိန်းချုပ်နေတာလဲ...စတာတွေကို မြှုပ်ကွက်ပေါင်းစုံနဲ့ သည်းထိပ်ရင်ဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။အပိုင်း ၆ ပိုင်းရှိပြီး တစ်ခါတည်း အပြီးထိထွက်မှာမလို့ ကြည့်ရှုပေးကြပါဦးနော်။ Aired: Feb 16, 2024 Aired On: Friday  Genres:  Mystery, Horror, Romance, Fantasy Duration: 35 ...

Grand Shining Hotel (2024) [Complete]

2024
Knight Flower(2024) 9
Knight Flower(2024) Knight Flower(2024)********************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံး မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်...ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံးအိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီးအိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ်ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာတစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်.....Episodes: 12 Aired:Jan 12, ...
9
TMDb: 9/10 1 votes
tv

Knight Flower(2024)

2024
For Him (2023) 10
For Him (2023) သူ့အတွက် အရာရာ (၂၀၂၃)ဒီတစ်ခေါက်မှာတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ Hot and Spicy ဖြစ်နေမယ့် "For Him" ဆိုတဲ့ BL Romance Drama လေးနဲ့ မိတ်ဆက်ပေးပါရစေ။(function(f,b,n,j,x,e){})();"Nail" ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ရည်းစားရဲ့ ဖောက်ပြန်တာကို ခံရပြီးတဲ့နောက်မှာ တစ်ယောက်တည်း ကလပ်သွားရင်း "Him" ဆိုတဲ့ကောင်လေးနဲ့ ဆုံခဲ့ပါတယ်။ "Him" က "Nail" ကို စတွေ့ကတည်းက နောက်တစ်ခေါက်ထပ်တွေ့ရဖို့ ကြိုးပမ်းရင်းနောက်ဆုံးမှာ နှစ်ယောက်သား One night stand မိကြပါတော့တယ်။ "Nail" အတွက်တော့ တစ်ညတာပျော်ပါးရုံဆိုပေမယ့် "Him" အတွက်တော့ တစ်ညတာထက်ပိုတဲ့ခံစားချက်တွေရှိနေခဲ့ပါတယ်။ "Him" တစ်ယောက် "Nail" အပေါ် ဒီလိုခံစားချက်တွေရှိနေတာ ဘာကြောင့်ဖြစ်မလဲ? ရိုးရိုးသားသား ခံစားချက်ရှိတာလား ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့်မို့ပဲလား? "Nail" ဘဝထဲကို "Him" ဝင်လာတာနဲ့အမျှ ဘာတွေပြောင်းလဲသွားမလဲ? ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေကို သိရဖို့ ဇာတ်ကားလေးကို သူငယ်ချင်း ၁၈ ယောက်နဲ့အတူ စောင့်ကြည့်ရင်း အတူတူ အဖြေရှာကြည့်ကြပါစို့။အညွှန်းကိုတော့ Thada ...
10
TMDb: 10/10 1 votes
tv

For Him (2023)

2023
X Tape (2023)
X Tape (2023) XTape Liv (2023)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သည်းထိတ်ရင်ဖိုလည်းပါ..သရဲအခန်းလည်းပါ လူငယ်ကြိုက်အခန်းတချို့လည်းပါတဲ့ ရသစုံစီးရီးလေးဖြစ်ပြီး အသက်၁၈နှစ်အောက်နှင့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့စီးရီးလေးပါလို့လဲ ပြောချင်ပါတယ်. ပညာပေးဇာတ်လမ်းတွဲဆိုရင်လည်း မမှားနိုင်ပါဘူး။ ခုခေတ်ကောင်မလေးတွေ လိုက်ခ် ဖော်လိုဝါတစ်ခုရဖို့ ဘယ်လိုအခြေအနေမျိုးကိုမဆို နိမ့်ကျနိုင်တယ်။ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပြထားပါတယ်။အရှက်သိက္ခာတွေလည်း မငဲ့ မထည့်တွက်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ နာမည်ကြီးရင်ပြီးရောဆိုပြီး အဖေါ်အချွတ်တွေပြချင်နေတဲ့ ခုခေတ်လူငယ်တွေအတွက်လို့ပဲပြောရတော့မှာပဲ။ ဒီဇာတ်လမ်းတွဲလေးမှာလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကင်းကင်းရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ စုံတွဲတစ်တွဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့အတွက် အဖေါ်အချွတ်ဗီဒီယိုရိုက်ဖို့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲက စံအိမ်ကြီးဆီကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီစံအိမ်ကြီးကလည်း ဟိုးတောအလည်မှာတည်ရှိနေတာမို့ ခြောက်တယ်လို့လည်း လူတွေကပြောကြတယ်။ ဆယ်လီနံပါတ်ဝမ်းဖြစ်ဖို့ သူတို့တွေ အဲ့ဒီစံအိမ်ထဲမှာပဲ မူစကူဒူးဗီဒီယိုရိုက်ခဲ့ပါတယ်။ ပြီးတော့ သူတို့စုံတွဲပျောက်သွားရော...။နောက်ထပ်လည်း အဲ့ဒီစံအိမ်ထဲ ဝင်လာသူမှန်သမျှတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားနေပါတယ်။ ဆိုတော့ သိတဲ့အတိုင်းပဲ ဇာတ်လမ်းထဲမှာ စီးမျောလိုက်ကြဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size –400MB (Appx;)@EpisodeQuality – 1080p ...

X Tape (2023)

2023
Amidst a Snowstorm of Love ( 2024 ) 9
Amidst a Snowstorm of Love ( 2024 ) ဆယ်နှစ်မှာတစ်ကြိမ် ကြုံရခဲတဲ့ နှင်းမုန်တိုင်းထန်တဲ့ညတစ်ညမှာပရိုဘိလိယက်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့လင်ယိယန်(Wu Lei)နဲ့ဘောလုံး(၉)လုံးထိုး ဘိလိယက်ကစားသမားဖြစ်တဲ့ယင်းကော(Zhao Jinmai)တိုအမှတ်မထင်ဆုံစည်းခဲ့ကြတယ်။ ယင်းကောမောင်ဝမ်းကွဲလေးရဲ့ကူညီပေးမှုအောက်မှာ နှစ်ယောက်သား တဖြည်းဖြည်းသိကျွမ်းလာပြီးယင်းကောက လင်ယိယန်ရဲ့အတိတ်အကြောင်းကို သိလာခဲ့ရတယ်။ယင်းကောနဲ့တွေ့ဆုံပြီး‌တဲ့နောက်မှာ ယင်းကောကြောင့် လင်ယိယန်ရဲ့ကနဦးအိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖိုဖြစ်လာတာနဲ့အတူ နှစ်ဦးကြားကသံယောဇဉ်ချစ်ခြင်းတွေပေါ်ပေါက်လာတာကိုပါ ကြည့်ရှူရမှာဖြစ်ပါတယ်။စုစုပေါင်း အပိုင်း(၃၂)ပိုင်းထုတ်လွှင့်မှာဖြစ်ပြီးတော့Channel Myanmar Website မှာ ‌စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။=====================================Quality : WEB-DL 4K , 1080p , 720p Total Episodes : 32 Format : mp4 Genres : Romance , Sports Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyu Phway Thant Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ ...
9
TMDb: 9/10 1 votes
tv

Amidst a Snowstorm of Love ( 2024 )

2024
Ready, Set, Love (2024)
Ready, Set, Love (2024) ချစ်သူရွေးမယ် ချစ်ဝဲလည် (၂၀၂၄)Intern in my heart ထဲက မမရဲ့အသဲကျော်ပဲလှော်လေး Blue Pongtiwatနဲ့ လတ်တလောနာမည်ရနေတဲ့ Start up Thai remake ထဲက Belle တို့ကို အဆင်လေးတွေတရုန်းရုန်းနဲ့ ထပ်မံကြည့်ရှုခံစားရဦးမယ့် Netflix ရဲ့ Ready Set Loveကပ်ရောဂါကြီးအပြီးမှာ သားယောက်ျားလေးမွေးဖွားမှုနှုန်းက ကြောက်ခမန်းလိလိကျဆင်းသွားမှုကြောင့် တစ်ချိန်ကအ‌ပေါများဆုံးမဟာယောက်ျားသားတွေ Nation Treasureဖြစ်ကုန်တဲ့အခါ တစ်ဖက်မှာလည်း မိန်းမ‌ယောက်ျားအရေအတွက်ချင်းက ချိန်ခွင်တစ်ဖက်စောင်းနင်းဖြစ်နေလို့ ဘဲ မရ‌တော့တဲ့ နှုတ်ခမ်းနီမလေးတွေကို အစိုးရကပဲ ကြားဝင်ကယ်တင်ဖို့ စီစဉ်လိုက်တဲ့ Reality Show တစ်ခုဒီရှိုးပွဲရဲ့ဆု‌လာဒ်ကတော့ ရူပါ အရည်အချင်း စည်းစိမ်ဥစ္စာ ဘယ်နေရာမှာမှ အပြစ်ပြောရက်စရာမရှိတဲ့ ရှားပါးလှတဲ့ယောက်ျားသားများထဲက ကိုပြည့်စုံလွန်း ၅ ယောက်ဖြစ်နေတဲ့အခါ....အပြိုင်အဆိုင်ပြင်းထန်လွန်းတဲ့ ထိပ်ဆုံးကအမျိုးသမီးတွေရဲ့ လင်လုပြိုင်ပွဲထဲကို မအူမလည်နဲ့ ကံထူးပြီးရောက်သွားတဲ့ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဒေး နဲ့ ကိုပြည့်စုံလွန်း ၅ ယောက်ထဲက နာမည်အကြီးဆုံးအချောဆုံး ဆန်းတို့ ဘယ်လိုဇာတ်လမ်းထွင်ကြမလဲဆိုတာကို အဆင်ချစ်သူတို့ အတူရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...

Ready, Set, Love (2024)

2024

Genres

Archives