Channel Myanmar

New releases (2025)

Content at random


TV Series

Love Storiyaan (2024) 3
Love Storiyaan (2024) Love Storiyaan (2024) "အချစ်ဆိုသည်မှာ..." IMDb - 7.7/10သံသရာဝဲဂယက်က မလွတ်ကင်းနိုင်သရွေ့ ဆုန်ချည်ဆန်ချည်ကူးခတ်ရင်း ကြုံတွေ့ကြရမှာက ချစ်ခြင်းမေတ္တာဆိုတဲ့ ပူလောင်ခြင်း အေးချမ်းခြင်းစတဲ့ အမျိုးမျိုးသော ခံစားမှုတွေကို ပေးစွမ်းတဲ့အရာကိုပါပဲ။ဒီစီးရီးလေးမှာတော့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို အောင်နိုင်ပြီး ပျော်ရွှင်စရာအဆုံးသတ်လေးတွေ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့ဘ၀က ချစ်သူစုံတွဲတွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။လက်တွေ့ဘ၀က လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တဲ့အတွက် ဒီစီးရီးလေးကို ကြည့်နေရင်းနဲ့ ဒီနေရာလေးကတော့ ငါတို့ကြုံတွေ့ခဲ့ဖူးတဲ့ အခိုက်အတန့်လေးနဲ့ဆင်လိုက်တာ၊ ဒါလေးကငါတို့လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာလေးတွေလိုပဲလို့ မြင်တွေ့ခံစားကြရမဲ့အပြင် သူတို့တွေ ဘယ်လိုဖြတ်သန်းရင်ဆိုင်ကြလဲဆိုတာကိုပါ အတုယူလို့ ရစေမှာပါ။လက်တွေ့ဘ၀က မတူညီတဲ့ စုံတွဲခြောက်တွဲရဲ့ အချစ်ရေးကို အပိုင်းခြောက်ပိုင်းမှာ တစ်တွဲစီတင်ဆက်ပေးထားတာမို့ ခံစားကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်တို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~KKKZ~BpL~Yunni~Aditi~ToMoတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 36minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : Documentary, DramaTranslator ...
3
TMDb: 3/10 1 votes
tv

Love Storiyaan (2024)

2024
Death and Other Details (2024) 7.5
Death and Other Details (2024)  Hulu ကထုတ်တဲ့ အလန်းစား စုံထောက်ဇာတ်လမ်းကြီးဖြစ်ပါတယ် Rating 7 နဲ့ Crime ဇာတ်လမ်းတွဲကြိုက်သူ‌တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...အညွှန်းကို ဆက်ရရင်....အမွေခံမိသားစုကြီးရဲ့ ၂ ခုရဲ့ ၁၀ ရက်တာ ပင်လယ်သင်္ဘောခရီးစဉ်ကြီးမှာ ကမ္ဘာ့အတော်ဆုံး စုံထောက်ကြီး ရူးဖက်ကော့ဝေါ့နဲ့ သူ့ရဲ့ လက်ထောက် ထရူးဘစ်စကီပါ ပါဝင်လာပါတယ် အကြောင်းကတော့ နှစ်ဖက်မိသားစုက ဘီလီယံဒေါ်လာချီတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မှာဖြစ်တဲ့အတွက် စုံထောက်ကြီး ရူးဖက်စ်ကို background check နောက်ကြောင်းစစ်ဖို့အတွက် တစ်ဖက်မိသားစုက ငှားရမ်းလိုက်တာဖြစ်ပါတယ်ဒါပေမယ့် ဖြစ်ချင်တော့ သင်္ဘောရေချပြီး တစ်ညမှာပဲ သူ့ရဲ့လက်ထောက် ထရူဘစ်စကီအသတ်ခံလိုက်ရပါတယ် မိသားစုနှစ်ခုကြားက ဇာတ်ကောင်တစ်ကောင်ချင်းစီကို စုံစမ်းအဖြေရှာရင်းနဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်ကွက်တွေကိုလည်း အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်...စုံထောက်ဇာတ်လမ်းတွေဆိုတာ နောက်ဆုံးမှာ တရားခံဘယ်သူလဲ သိမှာဖြစ်တဲ့အတိုင်း ဒီဇာတ်လမ်းကလည်း သူလား ငါလားပဟေဠိပေါင်းများစွာနဲ့ စုံထောက်ကြီးရူးဖက်ရဲ့ တရားစီရင်ခန်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File ...
7.5
TMDb: 7.5/10 22 votes
tv

Death and Other Details (2024)

2024
3 Body Problem (2024) 7.6
3 Body Problem (2024)  2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ.......ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ.....အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ.....နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်......စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ.....ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး......လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း ...
7.6
TMDb: 7.6/10 67 votes
tv

3 Body Problem (2024)

2024
Twist of Fate (2024) 5
Twist of Fate (2024) သဲသောင်ယံဝယ် (၂၀၂၄)တဝမ်နဲ့ထိဝါက မိသားစုပြိုကွဲရင်း ကွဲကွာခဲ့ရတဲ့အမြွှာတွေပါ မိဘချင်းနားလည်မှုကွဲလွဲခဲ့ပြီး သူတို့ချင်း အမြွှာရှိနေမှန်းတောင် မသိခဲ့ကြသူတွေပါ အဖေ့လက်ထဲကြီးလာတဲ့ ရဲအုပ်ထိဝါနဲ့ အမေ့အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ရတဲ့စီးပွါးရေးသမားတဝမ်တို့ဟာ ဝီးမာလာကိုချစ်မိတာကနေ ပြန်ဆုံဆည်းဖို့ဖြစ်လာကြရာမှာတော့ဝီးချစ်သူအဖြစ်ရှိနေပြီးသား ထိဝါနဲ့ တဝမ်လို ဝီး ဒုက္ခရောက်ချိန်မှ တွေ့ရတဲ့သူကြားမှာ ဝီးတစ်ယောက် အဆုံးသတ်ကျ ဘယ်သူ့ကိုရွေးချယ်ခဲ့မလဲစိတ်ဝင်စားစရာ အမြွှာဇာတ်ကားလေး “သဲသောင်ယံဝယ်”မှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  500MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, Lei Wutyi Tun, Fake Love Encoder ..... Aaron720pEpisode 01 - ...
5
TMDb: 5/10 1 votes
tv

Twist of Fate (2024)

2024
Young Royals (2024) Season 3 8.6
Young Royals (2024) Season 3 Young Royal Season 3Season 2 အပြီး အိမ်ရှေ့မင်းသား ဝီလ်ဟမ်တစ်ယောက် မိန့်ခွန်းပြောတဲ့အချိန် သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းနဲ့ လူတွေကြား ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲက သူဟုတ်ကြောင်း ဝန်ခံလိုက်အပြီးမှာ Season 3 ကို ဆက်ထားပါတယ်။လူထုကို ဝန်ခံလိုက်တဲ့အပြီးမှာတော့ ဝီလ်ဟမ်နဲ့ ဆင်မွန်တို့အတွဲဟာ ပါပါရာဇီတွေ မီဒီယာတွေရဲ့ စောင့်ကြည့်မှုကို အစဉ်မပြတ် ခံနေရပြီး သာမန်ဘဝမျိုး လိုချင်တဲ့အတွက် ခက်ခက်ခဲခဲ ဖြတ်သန်းရပုံတွေကို မြင်ရဦးမှာပါ။ ဝီလ်ဟမ် ဆင်မွန် အောဂတ်စ်တို့လည်း ဗီဒီယိုကိစ္စအတွက် တရားခွင်တွေ တက်ရပြုရ စာရင်းရှင်းကြရဦးမှာပါ။ အောဂတ်စ်တစ်ယောက်တည်း ဆာရာ့ကို ဘယ်လိုမျိုး ပြန်ရအောင်ကြိုးစားပြီး ဒုတိယဆက်ခံသူနေရာကနေ ဝီလ်ဟမ်ကို ဘယ်လိုတွေ နှောက်ယှက်ဦးမလဲ ဆင်မွန်တို့နှစ်ယောက် ဘယ်လို အခက်အခဲတွေ တွေ့ကြုံရဦးမလဲဆိုတာ ဒီ Season 3 မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။File Size – 500MB(Appx;) @EpisodeQuality – 1080p WEB DLDuration – ...
8.6
TMDb: 8.6/10 990 votes
tv

Young Royals (2024) Season 3

2021
Badi Heroine Banti Hai (2024) Season 2 6.5
Badi Heroine Banti Hai (2024) Season 2 Badi Heroine Banti S 02 (2024)Imdb (7.5/10)ဥပါယ်တံမျှဉ်များအားလုံးပဲ S1 မှာ သဘောကျခဲ့ကြတဲ့ အိန္ဒိယဗားရှင်းသူချစ်ခင်လေးရဲ့ S2 ဆက်ထွက်လာပါပြီ... ကာဂျဲလ်တစ်ယောက် သူဌေးကြီးရဲ့သေတမ်းစာအရ ကုမ္ပဏီရောအိမ်ပါအပိုင်ရပြီး ကိုကိုအာဗိတ်ကို ရာထူးဖြုတ်လိုက် သူ့အကြိုက်တွေကို တစ်ခုမကျန် ထင်ရာမြင်ရာလိုလုပ်ချင်တာလုပ်ပြီး ကလူကျီစယ် အချစ်စမ်းနေတာကနေ ပြန်စတင်ထားပါတယ်...S1 အစမှာ အူတူတူအတတ ကာဂျဲလ်လေးဟာ အခုဆိုရင် အမြင်ကတ်ဖို့ကောင်းလောက်အောင် တစ်အိမ်လုံး( အထူးသဖြင့်) ကိုကိုအာဗိတ်ကို ဗိုလ်ကျအနိုင်ကျင့်နေတဲ့ ဖေဖေ့မယားငယ်လေးဖြစ်နေပါပြီ... ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဘောလီးဝုဒ်ပရိသတ်ကြီးပဲ ဆက်လောင်ပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်က CM Bollywood Team ကပဲ ဖြစ်ပါတယ်File Size – 250MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 26mins (@Episode)Total Episodes: 10Eps (@ Season)Subtitle – Myanmar HardsubFormat – Mp4Genre : Drama ...
6.5
TMDb: 6.5/10 2 votes
tv

Badi Heroine Banti Hai (2024) Season 2

2024
Five Kings of Thieves
Five Kings of Thieves တရုတ်သမ္မတနိုင်ငံခေတ်ကိုနောက်ခံထားပြီး ရတနာအရှုပ်တော်ပုံနဲ့သိုင်းလောကအကြောင်းကြည့်ရှုရဦးမယ့် Darren Wang နဲ့ Ren Min တို့ရဲ့ဝူရှစီးရီးအသစ်..... တရုတ်သမ္မတနိုင်ငံအစောပိုင်းခေတ်မှာ စစ်နယ်ရှင်တို့အုပ်စိုးနေပြီးလောကကြီးဟာကသောင်းကနင်းပျက်ပြားနေလေရဲ့။ လူပေါင်းများစွာလိုချင်တပ်မက်နေကြတဲ့ ဆန်းကြယ်ရတနာ ကျောက်စိမ်းပုတီးတွေဟာ မြစ်ချောင်းနဲ့ရေကန်တို့မှာပေါ်ထွက်လာသတဲ့။ အဲ့ဒီရတနာတွေဟာ ဟောကိန်းတွေနဲ့လည်းဆက်စပ်နေပြီး၊တော်လှန်ရေးသမားတွေနဲ့ကျောင်းသားတွေဟာ နိုင်ငံ့ရတနာတွေကိုကာကွယ်ဖို့အတွက်ကမ်ပိန်းတွေလုပ်ကြပါတယ်။ အလယ်ပိုင်းလွင်ပြင်သိုင်းလောကသားတွေကိုစုစည်းထားတဲ့"ဒြပ်စင်ငါးပါးအိမ်တော်" ဟာလည်း နိုင်ငံရတနာတွေကို တိုင်းတစ်ပါးလက်ထဲအပါမခံဘဲကာကွယ်ဖို့စိတ်အားထက်သန်လျက်ရှိပါတယ်။ ဟော်ရှောက်ရှယ်က ဈေးထဲကမိဘမဲ့တစ်ယောက်။မထင်မှတ်ထားစွာ အရှုပ်ထုပ်ထဲကိုဆွဲသွင်းခံရသူ။ နိုင်ငံ့ရတနာတွေကိုကာကွယ်ဖို့ဘေးနားကလူတွေကိုကာကွယ်ဖို့အတွက် ရှေ့ထွက်လာရတဲ့အခါ... ဂျပန်နဂါးနက်အဖွဲ့ဟာတရုတ်ရဲ့နိုင်ငံပိုင်ရတနာတွေကို မောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဟော်ရှောက်ရှယ်ရဲ့နိုင်ငံ့ရတနာတွေကိုကာကွယ်တဲ့ခရီးလမ်းတစ်လျှောက် အန္တရာယ် အခက်အခဲ ဒုက္ခမျိုးစုံကိုကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ တရားမျှတမှုကိုလိုလားပြီး မျိုးချစ်စိတ်ရှိတဲ့အလယ်ပိုင်းလွင်ပြင်ရဲ့ "ဒြပ်စင်ငါးပါးအိမ်တော်" နဲ့ပေါင်းစည်းနိုင်ခဲ့ပြီး စွန့်စားခန်းခရီးတစ်ရပ်ဖြစ်ပေါ်လာပါတော့တယ်။====================================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama, Wuxia Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...

Five Kings of Thieves

2024
A Sign of Affection (2024) 8
A Sign of Affection (2024) A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb: 8/10 4 votes
tv

A Sign of Affection (2024)

2024
Flex X Cop (2024) [Complete]
Flex X Cop (2024) [Complete] Flex X Cop (2024)******************အပိုင်းသစ် (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ~လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး ...

Flex X Cop (2024) [Complete]

2024
Apples Never Fall (2024) 7.7
Apples Never Fall (2024)  Family dramaကြိုက်တဲ့ CMပရိသတ်တို့အတွက်IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mysteryဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်းဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲကအရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီးအောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်း‌ကျောင်းကိုဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကိုပိတ်လိုက်ရတာပေါ့။လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လိုစိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ‌ယောက်ကအဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုးမရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ...
7.7
TMDb: 7.7/10 7 votes
tv

Apples Never Fall (2024)

2024
Unpredictable Family(2023)
Unpredictable Family(2023) Unpredictable Family(2023)*************************အပိုင်း( ၁ မှ  ၁၃၁ အထိ ) စ / ဆုံးလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ရန်သူတွေအဖြစ် လမ်းခွဲခဲ့ကြတဲ့ လင်မယားနှစ်ယောက်ဟာ ဟိုဘက် ဒီဘက် သားသမီးနှစ်ယောက်ရဲ့ချစ်ခြင်းကြောင့် ခမည်းခမက်ဆက်ဆံရေးအဖြစ် ပြန်ပြီးတွေ့ဆုံကြရတဲ့အခါ....ပဋိပက္ခဟောင်းတွေနဲ့ ရန်လိုမုန်းတီးစိတ်တွေကို ဆေးကြောပြီး စစ်မှန်တဲ့မိသားစုလေးအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားလာမလားဆိုတာကို အူတက်အောင်ရယ်မောရင်း ကြည့်ရှုရမယ့် ဟာသမိသားစုဒရာမာလေးဖြစ်ပါတယ်ဒီဒရာမာလေးကို တနင်္လာနေ့ကနေ သောကြာနေ့အထိ ငါးရက်ဆက်တိုက် ထုတ်လွှင့်သွားမှာ ဖြစ်တဲ့အပြင် အပိုင်း ၁၂၀ တောင်ပါဝင်မှာမို့ ပေါ့ပေါ့ပါးပါး မိသားစုဒရာမာလေးကိုမှ တစ်ဝကြီးကြည့်ချင်တဲ့သူတွေအတွက် Channel Myanmar က အသင့်ရှိနေပါပြီနေပါပြီ..အညွှန်းကိုတော့ Hsu Pyae မှရေးသားပေးထားပါတယ်..Episodes: 131 Aired: Sep 18, 2023 - ? Aired On: : Monday To Friday Original Network: SBS Duration: 35min. Genres: Comedy, Romance, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Miri, Hnin Wai ...

Unpredictable Family(2023)

2023
Trigger Point (2022) (Season 01 + 02 Complete) 7.9
Trigger Point (2022) (Season 01 + 02 Complete) Trigger Point (2022) (Season 01 + 02 Complete) ~ IMDb - 6.2/10, Rotten Tomatoes- 80% ~ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်တဲ့ အဖွဲ့တွေရဲ့ အားပြိုင်မှုတွေအကြောင်း ဇာတ်လမ်းပေါင်းများစွာကြည့်ဖူးပြီးလောက်ပါပြီ။ ဒီတစ်ခါတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ထောင်တဲ့ဗုံးတွေကို ဖြုတ်ချည်ရှင်းချည်လုပ်ရတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကြားက အားပြိုင်မှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ လာနာဝါရှင်တန်လို့ခေါ်တဲ့ စစ်သမဟောင်းနဲ့ အာဖဂန်စစ်ပွဲစစ်မှုထမ်းဟောင်းဟာ လန်ဒန်က ဗုံးရှင်းလင်းရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ သူ့အတွေ့အကြုံတွေ စကေးတွေကိုသုံးပြီး အကြမ်းဖက်ဗုံးထောင်သူတွေနဲ့ ဗုံးတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတယ်။ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်တွေနဲ့ သူတို့ရဲ့ အတွေ့အကြုံကြားက ဉာဏ်ကစားကြတာတွေကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဗုံးရှင်းလင်းရေးတွေအကြောင်း အသေးစိတ် သေချာတွေ့မြင်ရမှာဖြစ်ပြီး လက်ရှိမှာ Season 1 ထွက်ရှိထားပြီး ၆ပိုင်းသာပါရှိပါတယ်။ Season 2 ဆက်လက်ထွက်ရှိလာမယ်လို့လည်း အတည်ပြုပြီးဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
7.9
TMDb: 7.9/10 19 votes
tv

Trigger Point (2022) (Season 01 + 02 Complete)

2022
Pyramid Game(2024)
Pyramid Game(2024) Pyramid Game(2024)********************အပိုင်း ( ၁ မှ ၁၀ ) ထိ စ/ဆုံးWebcomic တစ်ခုကို အခြေခံထားပြီးရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားစီးရီးဖြစ်ပါတယ်..သရုပ်ဆောင်တွေအနေနဲ့ twenty five twenty one ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင်Kpop girl group member တစ်ယောက်လည်းဖြစ်တဲ့ Bona, Jang Da-A, Ryu Da In, Shin Seul Ki,Kang Na Eon, Jung Ha Dam တို့က ပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်ဆောင်းဆူးဂျီလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ဆိုးလ်မှာရှိတဲ့ဘဲ့ဂယွန်းအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းလာတာကနေ ထူးဆန်းတဲ့ မဲပေးစနစ်ရှိတဲ့ game မှာပါဝင်လာဖို့ဖြစ်လာပါတော့တယ်။ တစ်လတစ်ခါ မဲပေးရပြီး “F”အဆင့်ရတဲ့သူကဘတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံရဖို့တားဂတ်ဖြစ်လာမှာဖြစ်ပြီး main cast တစ်ဦးဖြစ်တဲ့ bona (ဆောင်းဆူးဂျီ) က ကံမကောင်းစွာနဲ့ဘဲ “F”ရပြီးတော့ တားဂတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းသူဆောင်းဆူးဂျီတစ်ယောက် သူမရဲ့အခက်အခဲတွေကနေ ...

Pyramid Game(2024)

2024
Far North (2023) 8
Far North (2023) Far North (2023) 2016 ခုနှစ်တုန်းက နယူးဇီလန် Far North ဆိုတဲ့ဒေသမှာ တရားမဝင် မူးယစ်ဆေးအကြီးအကျယ်တင်သွင်းတဲ့ဂိုဏ်းကို သာမန်သက်ကြီးပိုင်းစုံတွဲက ဖော်ထုတ်လိုက်တဲ့ ဖြစ်ရပ်မှန် mini series ဖြစ်ပါတယ်။ အကျဉ်းချုံး မိတ်ဆက်ပေးရရင် မူးယစ်ဆေး‌တွေကို တရုတ်ဘက်က မူးယစ်ရာဇာဂိုဏ်းက ထုတ်ပေးပြီး ရေကြောင်းလမ်းကတစ်ဆင့် နယူးဇီလန်ကို ပို့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲ့မှာပို့ပေးရတဲ့လှေပေါ်က တရုတ်တွေက မိန်းမတွေချည်းဖြစ်နေတာပါပဲ။ ကိုယ်စီမဆုံးနိုင်တဲ့ အကြွေးတွေ ဒုက္ခတွေကြောင့် ဒီအလုပ်ကို သက်စွန့်ဆံဖျားလုပ်နေရသူတွေပါ။ ဘယ်ချိန် လှည့်ကင်းရဲတွေနဲ့တိုးမလဲဆိုပြီး ကျီးလန့်စာစားနေရတာလည်းပါပါတယ်။ ကံဆိုးတာက ပင်လယ်ပြင်ကနေထွက်ခွာလာရင်း နယူးဇီလန်ဘက်ပို့ရမယ့်အချိန်မှာ လှေပျက်သွားတဲ့အတွက် နှောင့်နှေးသွားပါတယ်။ တရုတ်ဘက်ကို ဆက်သွယ်ပြီး လာခေါ်တာစောင့်ပေမယ့် အလွဲပေါင်းစုံနဲ့ ကြန့်ကြာနေတဲ့အခါ အစာရေစာပြတ်လပ်ပြီး ဒုက္ခခံနေရတာပေါ့။ နယူးဇီလန်ဘက်မှာလည်း တရုတ်ကလာတဲ့လူက လှေဝယ်ပြီး လိုက်ရမှာကို တစ်ဖက်က ဆေးဝယ်မယ့် အဖွဲ့နဲ့ တလွဲတွေဖြစ်ပြီး အချိန်ကကြာနေတာပါ။ သူတို့တွေ ပင်လယ်ပြင်ဆီသွားမှာကို လူတွေသံသယမဖြစ်အောင် ကာဗာဇာတ်လမ်းတွေထွင်ပြီး ဖြီးဖြန်းပေမယ့် ...
8
TMDb: 8/10 6 votes
tv

Far North (2023)

2023
Extraordinary (2023) Season 02 7.3
Extraordinary (2023) Season 02 ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း စူပါတွေပဲ။ ကယ်ရီရဲ့ပါဝါက ဝိညာဉ်တွေကို သူ့ကိုယ်ထဲကို ဆင့်ခေါ်နိုင်တယ်။ သူ့ပါဝါကတော့ ဒီထဲတော်တော်အသုံးဝင်တယ်ပြောရမှာပဲ။ သူ့ပါဝါကြောင့် အလုပ်ကောင်းကောင်းရထားတယ်။ တခြားတော့မဟုတ်ဘူး။ မယားကြီးနဲ့ မယားငယ် ...
7.3
TMDb: 7.3/10 88 votes
tv

Extraordinary (2023) Season 02

2023
The Invincible (2024)
The Invincible (2024) ကြီးမြတ်သော အောင်နိုင်သူ (၂၀၂၄)ကလဲ့စားချေလိုတဲ့ အငြိုးအတေးတွေနဲ့ ပြည့်နက်နေတဲ့ ဆီယာဖတ် နဲ့ မဟုတ်မခံ တရားဥပဒေတိုင်း လုပ်ဆောင်တတ်တဲ့ ရဲအုပ်ကရထင်း တို့ရဲ့ ရန်သူကို နှိမ်နင်းမယ့် အက်ရှင်ဇာတ်လမ်းလေးပါဖတ်ငယ်ငယ်တုန်းက ဂိုဏ်းစတားအဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့ ဟန်ဆိုတဲ့သူက ရွာသားတွေကို ဓါးပြတိုက်ပြီး လိုက်ဒုက္ခပေးခဲ့ပါတယ် ဟန်က မှော်အစွမ်းတွေလည်း တတ်မြောက်ထားတဲ့သူပါ တစ်နေ့ မမျှော်လင့်ဘဲ ဖတ်ရဲ့အမေ အသတ်ခံလိုက်ရပါတယ် ဖတ်က အဲဒီမြင်ကွင်းကို မြင်ခဲ့ရပြီး ဟန်ဆိုတဲ့လူကို လက်စားချေဖို့ အငြိုးတေးထားပါတယ်ဒါကြောင့် ဖတ်တစ်ယောက် ဟန်ကို တိုက်ခိုက်နိုင်ဖို့ ကိုယ်ခံပညာတွေနဲ့မှော်အစွမ်းတွေကို လေ့ကျင့်ခဲ့ပါတယ် ဖတ် အရွယ်ရောက်လာတော့ ဟန်ကို ချေမှုန်းဖို့ သူနဲ့အစွမ်းတူတဲ့ နောက်တစ်ယောက်နဲ့ ပူးပေါင်းမှ နိုင်နိုင်ချေရှိမှာပါ အဲ့တစ်ယောက်ကတော့ ရဲအုပ်ကရထင်းပါ ဆိုတော့ တစ်ယောက်က ဆီယာ တစ်ယောက်ကရဲ ဖြစ်နေတဲ့ ဖတ်နဲ့ကရထင်းတို့ ပူပေါင်းနိုင်ပါ့မလား ဟန်ကိုရော ချေမှုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei, Nang, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... ...

The Invincible (2024)

2024
Angels Fall Sometimes
Angels Fall Sometimes Lin Yi ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် March လကတော့ တကယ်ကိုပျော်စရာအကောင်းဆုံးလဖြစ်နေတော့မှာပါပဲ ။ Every one loves me ကိုပြနေတုန်းမှာပဲလင်ယိကောကောရဲ့ Angels fall sometime ဆိုတဲ့နောက်ထပ်ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပြန်ပါပြီ ။ ဒီကားလေးထဲမှာ လင်ယိက Lin Tuo ဆိုတဲ့ကောင်လေးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ -Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin ...

Angels Fall Sometimes

2024
Save the Tigers Season 2 (2024) 6.7
Save the Tigers Season 2 (2024) Save the Tigers Seasons 2 (2024) (မယကတို့ ဘဝ)IMDb-8/10မယကတို့အကြောင်း အရယ်အမောတွေနဲ့ Save the Tigers Season 1 ကို သဘောကျခဲ့ကြတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်ထွက်လာပါတယ်မယက ဆိုတဲ့နေရာမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းမရှိ အသာလေးခိုစားပြီးကြောက်နေကြသူတွေမဟုတ်ဘဲ ချစ်လို့အလျော့ပေးအလိုလိုက်ရာက အကျင့်ပါပြီး ကြောက်တယ်အမည်တပ်ခံလိုက်ရတယ်တွေလည်းရှိကြတာပါပဲဂန်တာ ဗစ်ကရမ် ရာဟူးလ် တို့သုံးယောက်က မိန်းမတွေအိမ်ပေါ်ကနှင်ချလို့ အမူးသောက်ဖို့ထွက်လာရင်း ကိုယ့်ကိုယ်ကိုယ်‌သတ်သေဖို့လုပ်နေတဲ့ နာမည်ကြီးမင်းသမီးဟမ်ဆာလက်ခါနဲ့ တွေ့ကြတယ် ဟမ်ဆာလက်ခါရဲ့ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့ စိတ်သောကတွေကို သူတို့ကတစ်ထိုင်တည်းဖြေရှင်းပေးနိုင်ရာက သူတို့နဲ့အရမ်းခင်သွားကြပြီး အမူးသောက်ကဲကြတော့တာပဲ နောက်ရက်မနက်မှာတော့ မင်းသမီးဟမ်ဆာလက်ခါပျောက်မှု သံသယတရားခံသုံးယောက်ဆိုတဲ့သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ....။ ရဲကလည်းသူတို့သုံးယောက်ကိုအတင်းရိုက်စစ် သူတို့ကလည်းမူးပြီး ဘာမှမမှတ်မိ ။နေမြင့်မှ ဟမ်ဆာလက်ခါတစ်ယောက် ကျွဲခြံထဲမှာအိပ်ပျော်ရာကနိုးလာပြီး အကုန်ဖြေရှင်းနိုင်သွားတယ် အမှုကရှင်းသွားပေမဲ့ မရှင်းတာက ဂန်တာတို့သုံးယောက်ရဲ့ အိမ်ထောင်သည်ဘဝတွေပါပဲနိုင်ငံကျော်မင်းသမီးတစ်ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်မှုဆိုတဲ့ကောလဟလကြီးကြောင့် သူတို့မိန်းမတွေနဲ့ မိန်းမဘက်ကအမျိုးအသိုင်းအဝိုင်းကြားက မကြည်မလင်အချေအတင်တွေကြား သုံးယောက်သား ဘယ်လိုမျောပါးဖြေရှင်းကြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး1 တုန်းကလိုပါပဲ အောက်လုံးတွေ ကလိထိုးဟာသတွေမပါဘဲ မယားကြောက်လို့ အမည်တပ်ခံရသူတွေရဲ့ အဖြစ်ကိုလည်း ရှုထောင့်တစ်ခုကနေရယ်မော ခံစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ...
6.7
TMDb: 6.7/10 3 votes
tv

Save the Tigers Season 2 (2024)

2023
Mary & George (2024) 9
Mary & George (2024)  Benjamin Woolley ရဲ့ The King's Assassin စာအုပ်ကို မှီငြိမ်းပြီး ရိုက်ကူးထားတဲ့ Historical Drama ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ဒီဇာတ်လမ်းက‌တော့ ... တစ်ခါက နုနုထွတ်ထွတ် အမျိုးကောင်းသား ယောက်ျားလေးတွေကိုမှ ဆွဲစားတတ်တယ်လို့ နာမည်ကြီးတဲ့ အင်္ဂလန်ဘုရင် James I နဲ့ Mary နဲ့ George Villiers တို့ သားအမိအကြောင်းပါ။မိသားစု ရှေ့ရေး မသေချာတော့တဲ့ မယ်ရီဟာ သူ့ရဲ့ ဒုတိယမြောက် သားဖြစ်သူ ဂျော့ဂျ်ရဲ့ ချောမောမှု ဆွဲဆောင်မှုတွေကို အသုံးချပြီး ဘုရင်ဂျိမ်းစ်ကို ချဉ်းကပ်ခိုင်းတယ်။ သူတို့ ဘဝရှေ့ရေး ကောင်းစားဖို့က သူ့သား ဘုရင့်အချစ်တော် ဖြစ်ဖို့ပါပဲ။ဒီလိုနဲ့ ဂျော့ဂျ်ဟာလည်း အမေဖြစ်သူ ခိုင်းတဲ့အတိုင်း ဘုရင်ကြီးကို နည်းမျိုးစုံနဲ့ မြှူဆွယ်ပြီး နန်းတော်ထဲမှာ နေရာတစ်ခု ရလာအောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ ရာထူး အာဏာပါဝါတွေဆိုတာလည်း ပင်လယ်ရေလို ...
9
TMDb: 9/10 5 votes
tv

Mary & George (2024)

2024
Grudge: The Revolt of Gumiho (2010) 4.5
Grudge: The Revolt of Gumiho (2010) Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ ...
4.5
TMDb: 4.5/10 2 votes
tv

Grudge: The Revolt of Gumiho (2010)

2010

Genres

Archives