Channel Myanmar

New releases (2025)

Content at random


TV Series

The Trades (2024) 6.0
The Trades (2024) The Trades (2024) =============== IMDb Rating - 6.2/10CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb rating 6.2/10 ရရှိထားတဲ့ 2024ခုနှစ်ထွက် Comedy စီးရီးလေးပဲဖြစ်ပါတယ်။ ဂဟေဆော်လုပ်ငန်းခွင်က အလုပ်သ မားတွေအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Single- Cam Sitcom အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ တော့ဒ်ဟာ ဂျာမန်ထုတ်ဂဟေဆော် စက်ရုပ်တစ်ရုပ်ကို လုပ်ငန်းခွင်ထဲ သွင်းခဲ့မိတာကြောင့် လုပ်ဖော် ကိုင်ဖက်တွေက "ငါတို့နေရာမှာ စက်ရုပ်အစားထိုးမလို့လား၊ မင်း ဘာကောင်လဲ ငါဘာကောင်လဲ"တွေဖြစ်ကုန်ပါတော့တယ်။ သူ့ အထက်လူကြီး ဆိုဒ်မန်နေဂျာက အဲလိုဖြစ်အောင်ဂွင်ဆင်လိုက် တာပါ။ အဲ့မှာတင် ဆိုဒ်‌မန်နေဂျာကို သွားဖြဲရာကနေ ဟိုက ဝိအပြဲ လွန်ပြီး ဆေးရုံတင်လိုက်ရပါလေရော။ အစကတည်းက ဆိုဒ်မန် နေဂျာတစ်ပိုင်းနီးနီးဖြစ်နေတဲ့ တော့ဒ်ဟာ ဗြုန်းစားကြီး ဆိုဒ်မန်နေ ဂျာဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ တော့ဒ်တစ်ယောက် လုပ်ငန်းခွင်မှာ သူ့အလုပ်သမားတွေနဲ့ ဘယ်လိုဆက်နှစ်ပါးသွားရ မလဲ၊ ဒုက္ခသုက္ခတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့် ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှ ဖြစ်ပါတယ်။)File Size.............(600 ...
6.0
TMDb: 6.0/10 1510 votes
tv

The Trades (2024)

2024
Bodkin (2024) 6.22
Bodkin (2024)  ဒီတစ်ခါမှာတော့ May 9 တုန်းကမှ ထွက်ရှိထားတဲ့သည်းထိပ်ရင်ဖို စီးရီးအသစ်တစ်ခုကို CM ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းကတော့ သတင်းပေး သေဆုံးသွားတဲ့အတွက်အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ခေါင်းမာမာ အမှုစစ်သတင်းထောက် ဒပ်ဗ်ဘတ်ဆာ မယ်လွန်နီနဲ့ အစပြုထားပါတယ် ။ အလုပ်ပြုတ်ခါနီးဖြစ်နေတဲ့ ဒပ်ဗ်ကိုသူ့အထက်လူကြီး အယ်ဒီတာက Podcast တစ်ခုအတွက် အိုင်ယာလန်နိုင်ငံ ဘော့ကင်း လို့ ခေါ်တဲ့ကမ်းရိုးတန်းနယ်မြို့လေးကို လွှတ်လိုက်ပါတော့တယ် ။မသွားချင်သွားချင်နဲ့ ရောက်သွားရတဲ့ ဒပ်ဗ်ဟာPodcast သမား ဂေလ်ဘတ် ၊ Researcher အမ်မီတို့နဲ့ပေါင်းပြီး ဘော့ကင်းမြို့မှာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကဆားဝင်ပွဲတော်ညမှာ လူသုံးယောက်ပျောက်သွားတဲ့အမှုကို စုံစမ်းရမှာပါ ။အေးချမ်းတယ်လို့ ထင်ရတဲ့ ဘော့ကင်းမြို့နဲ့မြို့သားတွေဟာ တကယ်ပဲ အေးချမ်းပါရဲ့လား ။လူသုံးယောက်ပျောက်တဲ့အမှုနဲ့ ပတ်သက်လို့ရောသူတို့ ဘာတွေဖုံးကွယ်ထားသလဲ ။ဒပ်ဗ်တို့ သုံးယောက် သွားတည်းတဲ့အိမ်က မသင်္ကာစရာအိမ်ပိုင်ရှင်နဲ့ သားဖြစ်သူကရော ဘာတွေလဲဆိုတာကိုသူတို့ သုံးယောက်နဲ့အတူတူ စိတ်ဝင်စားဖွယ် ဖြေရှင်းရမှာဖြစ်ပါတယ် ။ဒါဆိုရင်တော့ ...
6.22
TMDb: 6.22/10 25 votes
tv

Bodkin (2024)

2024
Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=====================================Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
Highway Love (2023) 7
Highway Love (2023) Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံIMDb-7.5/102022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့ Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့ Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့ ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။ ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့ ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ...လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။ အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့် legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)File Size – 500MB(Appx;)@EpisodeQuality ...
7
TMDb: 7/10 6 votes
tv

Highway Love (2023)

2023
Fire Country Season 2 8.342
Fire Country Season 2 Fire country (2024) Season 2မီးသတ်သမားတွေရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ Fire Country season 1 က ၂၀၂၂ခုနှစ်မှာ rating ကောင်းကောင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလမှာ season 2 ထွက်ရှိလို့လာပါပြီ။Season 1မှာ အဓိကဇာတ်ကောင် Bode က သူ့အတိတ်ကနေ ထွက်ပြေးနေသူတစ်ယောက်ဖြစ်ပြီး သူ့ဇာတိမြို့ကို ရောက်ရှိသွားတယ်လေ။ ထောင်ကျရင်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သရီးရော့ခ် အကျဉ်းသားမီးသတ်တပ်ဖွဲ့မှာ လုပ်အားပေးခဲ့တယ်။ (season 1မကြည့်ရသေးရင် CM မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။)အခု season 2 မှာတော့ Bode ဟာ ထောင်ထဲပြန်ရောက်နေပါတယ်။ အကြောင်းရင်းက သူ့သူငယ်ချင်း ဖရက်ဒီအစား အပြစ်ဝန်ခံပေးရင်း အစားထောင်ကျခံနေတာပါ။ သူ့မိဘတွေ ဗင့်စ်နဲ့ရှာရွန်ကတော့ သူတို့သား ထောင်ကျတာအတွက် စိတ်မကောင်းဖြစ်နေကြရပါတယ်။ “Bode ဟာ ထောင်ထဲမှာ ဘယ်လိုရှင်သန်နေလဲ။ သူ့ဘဝအတွက် ရှင်သန်ရတဲ့အဓိပ္ပာယ်ဟာ ဘာဖြစ်မလဲ။ အတ်ဂျ်ဝါးတားမြို့ဆီကိုရော သူပြန်ရောက်လာနိုင်မလား။”ပေါ့လူတွေဟာ အသက်ရှင်သန်ဖို့အကြောင်းရင်း ပျောက်ဆုံးရတဲ့အခါ ဘဝကိုလက်လျှော့ကျောခိုင်းတတ်ကြတယ်။ ထို့နည်းတူပဲ အသက်ရှင်သန်ဖို့အကြောင်းရင်းတစ်ခုလေးကို ...
8.342
TMDb: 8.342/10 73 votes
tv

Fire Country Season 2

2022
The Tattooist of Auschwitz (2024) 8.344
The Tattooist of Auschwitz (2024)  CM ပရိသတ်ကြီးကို ဒီတစ်ခါ The Tatooist of Auschwitzဆိုတဲ့ mini series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားကို World on Fire Series (2019)၊Little mermaid (2023) လူသိများလာခဲ့တဲ့ သရုပ်ဆောင်ကောင်းမင်းသားချော Jonah Hauer-King ခေါင်းဆောင်ပြီးရိုက်ကူးထားတာပါ။၂၀၂၄ မေ ၂ ကမှ စတင် ထွက်ရှိထားပြီး IMDB နဲ့ RottenTomatoes တို့မှာ review ကောင်း များစွာ ရထားတဲ့အပိုင်း (၆) ပိုင်းပါ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံမှာ ဂျာမန်နာဇီတွေကြီးစိုးနေစဉ်အခါက အက်ရှ်ဝဇ်မှာ ဂျူးလူမျိုးတွေကိုချွေးတပ်စခန်းတွေဖွင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အချိန်ကိုနောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဂျူးမိသားစုတွေ တစ်အိမ်ထောင်ကို တစ်ယောက် အလုပ်စခန်းတွေ သွားရမယ်ဆိုပြီး အမိန့်စာကျလာချိန်မှာ အစ်ကိုနဲ့အဖေကို မသွားစေချင်ခဲ့တဲ့ လာလီတစ်ယောက် သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရထားပေါ်ကနေ ...
8.344
TMDb: 8.344/10 16 votes
tv

The Tattooist of Auschwitz (2024)

2024
A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
Maxton Hall – The World Between Us (2024) 8.4
Maxton Hall – The World Between Us (2024) Maxton Hall – The World Between Us ( 2024 ) ========================================ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ဇာတ်လမ်းကတော့  Pride and Prejudice, ...
8.4
TMDb: 8.4/10 132 votes
tv

Maxton Hall – The World Between Us (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်း( ၁ မှ ၁၀) ထိ စ/ဆုံး ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ ...

Chief Detective 1958(2024)

2024
The Escape of the Seven: Resurrection (2024) [Complete] 6.8
The Escape of the Seven: Resurrection (2024) [Complete] The Escape of the Seven: Resurrection (2024)********************************************အပိုင်းသစ် (၁၆) ဇာတ်သိမ်း အားလုံးစောင့်မျှော်နေတဲ့ The escape of seven ရဲ့Season-2 ပြန်လည်ရောက်ရှိလို့လာပါပြီ။Cast တွေကတော့ S1 ကအတိုင်း Uhm Ki Joon၊ Hwang Jung Eum၊ Lee Joon၊Lee Yoobiစတဲ့ မင်းသားမင်းသမီးတွေက အဓိကပြန်လည်ပါဝင်ထားပါတယ်။ဘိုဘယ် မတော်တဆမှုကနေတစ်ဆင့် လက်စားချေမှုစတင်ခဲ့ကာသွေးကြွေးနဲ့အဆုံးသတ်ခဲ့ပြီးတော့ Do Hyuk က တရားခံဖြစ်လာပြီးသူ့ဘဝကိုဆုံးရှုံးခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။Do Hyuk က Matthew ရဲ့ ပုံစံအစစ်အမှန်ကို လူတိုင်းကိုချပြပြီးလက်စားချေဖို့ဒေါသတကြီးနဲ့ပြန်ရောက်လာခဲ့ကာ Kang Ki Tak နဲ့Medusa လို့အမည်ရတဲ့လူထူးဆန်းတစ်ယောက်က Do Hyuk ကိုကူညီဖို့ပေါ်လာခဲ့တယ်။Matthew က သူရဲ့ကိုယ်ရေးရာဇဝင်အတုနဲ့ တစ်လောကလုံးကိုလှည့်စားနေတာကို ရပ်မဲ့ပုံမပေါ်သလို သူရဲ့လက်စားချေမှု ပြီးမြောက်ဖို့အတွက်Do Hyuk ရဲ့အဖေဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တည်ထောင်ခဲ့တဲ့ ...
6.8
TMDb: 6.8/10 18 votes
tv

The Escape of the Seven: Resurrection (2024) [Complete]

2024
The Girls on the Bus (2024) 6.6
The Girls on the Bus (2024) The Girls on the Bus (2024) ===================== IMDb Rating - 6.6/10စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ "The Girls on the Bus" ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ် ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the Bus ဆိုတာ ဒီလို။အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်‌စည်းရုံးရေးတွေဆင်း ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက် တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း ထောက်(၄)ယောက်က "The Girls on the Bus"ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ် ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ...
6.6
TMDb: 6.6/10 1200 votes
tv

The Girls on the Bus (2024)

2024
Two Worlds (2024)
Two Worlds (2024) ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...

Two Worlds (2024)

2024
BEGINS ≠ YOUTH (2024) [Complete]
BEGINS ≠ YOUTH (2024) [Complete] BEGINS ≠ YOUTH (2024)**********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS UniverseSave Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦးလွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်းအားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Ceinအမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီးအိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu ကတချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeonဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်းကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haruငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေးတစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim ...

BEGINS ≠ YOUTH (2024) [Complete]

2024
Knuckles (2024) 7.729
Knuckles (2024)  Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ...
7.729
TMDb: 7.729/10 120 votes
tv

Knuckles (2024)

2024
Crooks (2024) 6.6
Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်...နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်...( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.3 GB)/(685 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha ...
6.6
TMDb: 6.6/10 23 votes
tv

Crooks (2024)

2024
The 8 Show (2024) [Complete]
The 8 Show (2024) [Complete] The 8 Show (2024) *******************အပိုင်းသစ် (၁ မှ ၈) /ဆုံး Survival Series အမျိုးအစားကို သဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်The 8 Showဆိုတဲ့ Series အသစ်ထွက်ရှိလို့လာပါပြီ။ဒီစီရီးကတော့ Money Gameနဲ့ Pi Game ဆိုတဲ့Webcomic နှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ငွေလိုအပ်နေတဲ့ လူ၈ယောက်ဟာMoney Gameလို့‌ ခေါ်တဲ့ Reality Variety Showကိုဖိတ်ကြားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်‌နေတဲ့ ကွန်ကရစ်နံရံတွေကြားမှာရက်၁၀၀ တိတိနေရမှာ ဖြစ်ပါတယ်။ရက်၁၀၀ အထိ နေနိုင်သွားရင်တော့ ၄၄.၈ဘီလီယံဆိုတဲ့ဆုကြေးကို အညီအမျှ ခွဲဝေယူနိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ အစားအသောက်အသုံးအဆောင် ပစ္စည်းတွေဟာ သာမန် ဈေးနှုန်းထက် အဆ၁၀၀၀များပြားပြီးတော့ ဆုကြေး‌ငွေထဲကနေ နုတ်ယူခံရမှာ ဖြစ်တယ်။ကွန်ကရစ် စတူဒီယိုထဲက သူတို့၈ယောက် ဘယ်လို စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာလဲ...။Cast တွေအနေနဲ့ကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ Reply ...

The 8 Show (2024) [Complete]

2024
X-Men ’97 (2024) 9
X-Men ’97 (2024) 1992 ကနေ စပြီး နာမည်ကြီးခဲ့တဲ့ X-Men: The Animated Series ရဲ့အဆက်အဖြစ် ထွက်ရှိလာတဲ့ ကာတွန်းစီးရီးအသစ်ပါ။အရင်ဇာတ်လမ်းနဲ့ ဆက်စပ်တာလေးတွေပါပေမဲ့ ဇာတ်လမ်းထဲကဒိုင်ယာလော့တွေနဲ့ ရှင်းပြသွားတာမို့ အဟောင်းတွေကိုမကြည့်ဘဲ ကြည့်လို့ရပါတယ်။ဇာတ်လမ်းကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းမို့စူပါဟီးရိုးဖန်တွေ အကြိုက်တွေ့မှာပါ ဇာတ်လမ်းအကျဉ်းရုပ်ရှင်တွေထဲကအတိုင်းပါပဲ လူတွေထဲမှာ သန္ဓေပြောင်းလူသားတွေကိုကြောက်လန့်ပြီး ရှင်းပစ်ချင်နေကြတာတွေရှိကြတယ်။သန္ဓေပြောင်းတွေထဲမှာလို မဂ္ဂနီတိုတို့လို လူတွေကိုအနိုင်ယူချင်တာတွေရှိတယ်။ ဒါပေမဲ့ ချားစ် ဇေးဗီးရားရဲ့ X-Men အဖွဲ့တွေဟာလူတွေနဲ့ သန္ဓေပြောင်းလူသားတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ တိုက်ခိုက်ကြိုးစားပေးနေကြဆဲပါပဲ။ဒီ စီးရီးကတော့ ချားစ် ဇေးဗီးယားကို လုပ်ကြံခံရပြီးနောက်ပိုင်းဆိုက်ကလော့ က X-Men တွေကို ဦးဆောင်ပြီးစစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ ချားစ်ဟာမသေခင် X-Menတွေကို ဦးဆောင်ဖို့ ဘယ်သူမှမထင်ထားတဲ့ မဂ္ဂနီတိုကို တာဝန်ပေးခဲ့တာကို သိခဲ့ရပါတယ်။လူ့ဂွစာ ရန်သူ/မိတ်ဆွေဟောင်း မဂ္ဂနီတိုနဲ့ X-Men တွေဘာ အန္တရာယ် အသစ်တွေကို ရင်ဆိုင်ကြမလဲ ဒီစီးရီးမှာတွေ့ရမှာပါ။အပိုင်းဆယ်ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။ File size…    800 MB ...
9
TMDb: 9/10 32 votes
tv

X-Men ’97 (2024)

2024
Dil Dosti Dilemma (2024) 10
Dil Dosti Dilemma (2024) Dil Dosti Dilemma (2024) အက်စ်မာရဲ့နွေရာသီIMDb 6.5/10ဒီတစ်ခေါက်ကတော့ dramaဇာတ်လမ်းလေးတစ်ခုကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။မိသားစုတိုင်းမှာ လူငယ်နဲ့လူကြီးကြား ဒီဇာတ်လမ်းထဲလို တစ်ခေါက်လောက်တော့ ဖြစ်ဖူးကြမှာပါ။ အရှက်ရတာမျိုးပေါ့။ ကိုယ်တို့ရဲ့ဘဝမှာ လူကြီးတွေရဲ့တစ်ခုခုကို အရှက်ရပြီးအပေါင်းအသင်းတွေကို ဖုံးကွယ်ထားတာမျိုး လုပ်ဖူးကြပါတယ်။ အမေစာမတတ်တာ၊ အဖေအရက်သောက်ပြီး ရိုက်တတ်တာ၊ ဆွေမျိုးတွေရဲ့ အတွေးအခေါ်က နိမ့်ကျနေတာ အစရှိသဖြင့်ပါ။ ကိုယ့်စိတ်ထဲ ဒါကအောက်တယ်ထင်ပြီး ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာဖုံးကွယ်ထားမျိုး ငယ်ရွယ်တုန်းမှာ လုပ်မိတတ်ကြပါတယ်။ဒီထဲက အက်စ်မာဆိုတဲ့ကောင်မလေးကလည်း အတူတူပါပဲ။စီးပွားရေးအဆင်ပြေ၊ ခေတ်မှီ၊ ပွင့်လင်းပြီးအမြင်ရှိတဲ့ မိဘတွေလက်မှာ ချမ်းချမ်းသာသာနေရတဲ့ ကောင်မလေးပါ။ တီနဲ့နွန်းဆိုတဲ့ သူ့လိုrk ကောင်မလေးနှစ်ယောက်နဲ့လည်း အတွေးတူ အမြင်တူ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ရှောပင်းလေးထွက်လိုက်၊ ကောင်လေးတွေနဲ့ ဇယားခင်းလိုက်နဲ့ ဘဝကိုပေါ့ပေါ့လေး နေနေရပါတယ်။ အက်စ်မာရာဟာ နွေရာသီမှာ အစ်ကိုဘွဲ့ယူမယ့်ကနေဒါကို မိသားစုလိုက်သွားမယ့်အရေးတွေးပြီး အစီအစဥ်တွေ အပြည့်ဆွဲထားခဲ့တယ်။ဒီလိုနဲ့ တစ်နေ့အိမ်ကို နယ်ကအဘွားလာလည်တော့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းတွေရှိနေတဲ့အခိုက်ဖြစ်နေခဲ့တယ်။ အဲဒီမှာ အဘွားရဲ့ရိုးရိုးအအပုံတွေကြည့်ပြီး အထင်သေးနေတဲ့ သူငယ်ချင်းတွေကြောင့် သူမျက်နှာပျက်ရမှာကြောက်ပြီး အဘွားသူငယ်ချင်းလို့ လိမ်လိုက်တော့တယ်။အဘွားခမျာ စိတ်ထိခိုက်ပြီး သမီးအလာတောင်မစောင့်ဘဲ ...
10
TMDb: 10/10 1 votes
tv

Dil Dosti Dilemma (2024)

2024

Genres

Archives