Channel Myanmar

New releases (2025)

Content at random


TV Series

The Day After We Break Up (2016)
The Day After We Break Up (2016) အခုလက်​ရှိ နာမည်​ကြီးဇတ်​ကားတစ်​ကားဖြစ်​တဲ့ Master of the mask ထဲက သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ Infinite အဖွဲ့ က မင်းသား​ချော​လေး L နဲ့ မင်းသမီး​ချော​လေး Yoon soo he တို့ အဓိက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ The day after we broke up ဆိုတဲ့ အပိုင်း ၈ ပိုင်း ပါဝင်​တဲ့ ​​ဇတ်​ကား​ကောင်းေ​လးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဒီဇာတ်​ကာ​လေးဟာ ဂျပန်​ရုပ်​သံလိုင်းနဲ့ ကိုရီးယားရုပ်​သံလိုင်းတို့ ပူး​ပေါင်းရိုက်​ကူးခဲ့တဲ့ ဇတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပြီး ဂျပန်​နိုင်​ငံမှာ ၂၀၁၆ တုန်းကပြသခဲ့ပါတယ်​ စိတ်​ကူးယဉ်​ ဆန်​ဆန်​နဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အချစ်​ဇတ်​လမ်း​ကောင်း​လေးတစ်​ကား​လေးဖြစ်​ပါတယ် ​ ဘယ်​အရာကိုမဆို စိတ်​မြန်​လက်​မြန်​နဲ့ တစ်​ဇွတ်​ထိုးလုပ်​တတ်​ပြီး ဂီတလမ်း​ပေါ်မှာ ​အောင်​မြင်​စွာရပ်​တည်​နိုင်​ဖို့ ကြိုးစား​နေတဲ့ Tan (L) တစ်​​ယောက်​ တစ်​ရက်​မှာ​တော့ နာမည်​ကြီးရုပ်​သံလိုင်းတစ်​ခုက​နေ ကမ်းလှမ်းခံရပြီး သူ့ရဲ့ လက်​ရှိလုပ်​​နေတဲ့ဂီတအဖွဲ့ကို စွန့်​လွှတ်​ဖို့ဖြစ်​လာတဲ့အခါ စိတ်​ထွက်​​ပေါက်​ရှာတဲ့အ​နေနဲ့ ...

The Day After We Break Up (2016)

Elfen Lied
Elfen Lied  ကြည့်ခဲ့သမျှဂျပန်ကာတွန်းတွေထဲမှာ ဒီကားဟာDarkအဖြစ်ဆုံးနဲ့ တပိုင်းကြည့်ပြီးတခါ ဆို့နင့်နင့်ကြီးခံစားအရဆုံး ကာတွန်းဖြစ်ပါတယ်။ဝတ်လစ်စလစ်အခန်းတွေများလို့သာ 18+သတ်မှတ်လိုက်ရပေမယ့်  ကြည့်ပြီးရင်ထဲတမျိုးကြီး ဖြစ်ပြီးကျန်ခဲ့တဲ့ကားလေးပါ အတိတ်ရဲ့တချို့အကြောင်းအရာတွေကို သတိမရတော့တဲ့ကောင်လေးတစ်ယောက် အဲ့ကောင်လေးကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးနေတဲ့ကောင်မလေးတယောက် မျိုးရိုးဗီဇပြောင်းလဲသွားတဲ့ကောင်မလေးတွေကို ဖမ်းချုပ်ပြီးစမ်းသပ်နေတဲ့ဓာတ်ခွဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့အရမ်းသွေးအေးပြီး ရက်စက်တဲ့ကောင်မလေးတစ်ယောက် သူတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရင်မောဖွယ်ရာခြယ်မှုန်းထားတဲ့ကားတွန်းဇာတ်လမ်းတွဲလေးပါ IMD rating 8.2အထိတောင် ရထားတယ်ဆိုတော့ အထူးကောင်းကြောင်းပြောဖို့မလိုလောက်ဘူးထင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုတော့အရသာပျက်မှာစိုးလို့ မပြောတော့ပါဘူး ကိုယ်တိုင်ပဲကြည့်ပြီးခံစားကြည့်လိုက်ပါလို့ပဲတိုက်တွန်းပါတယ် အာမခံရဲတာကတော့ အပိုင်း၁ကိုစကြည့်မိတာနဲ့ အဆုံးထိဘာဆက်ဖြစ်မလဲသိချင်စိတ်က သင့်ကိုဆွဲခေါ်သွားပါလိမ့်မယ် ( Dr.Nyan ဘာသာပြန်ပေးထားပါတယ်)  Complete Zip   Vip  /  Yoteshin 

Elfen Lied

Merlin Season 1
Merlin Season 1 2008 ခုနှစ်ကပြသခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ Myth တစ်ခုဖြစ်တဲ့ အာသာနဲ့မာလင်ဇာတ်လမ်းကို ပြန်လည်ဆန်းသစ်လို့ရိုက်ကူးတင်ဆက်ထားတဲ့မာလင်ဇာတ်လမ်းတွဲဟာ IMDb Rate 7.9  အထိရရှိခဲ့ပြီးအောင်မြင်ခဲ့ပါတယ်season 1 ကနေ 5 အထိရှိပြီး Channel Myanmar ကနေ အစအဆုံးတင်ဆက်ပေးသွားပါမယ်လို့သတင်းကောင်းပါးရင်းနဲ့ အညွှန်းလေးကိုဆက်ခံစားလိုက်ရအောင် မှော်ပညာတွေထွန်းတောက်တဲ့အချိန်တုန်းက ကမ်းမလော့လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရဲ့ကံကြမ္မာဟာလူငယ်လေးတစ်ဦးရဲ့အပေါ်မှာကျရောက်လို့နေပါတယ်..သူ့နာမည်ကတော့ " မာလင် "ပါမာလင်ဟာ ၀မ်းတွင်းမှော်အတတ်နဲ့မွေးဖွားလာသူတစ်ဦးပါ.ဟောတမ်းတွေအရဆိုရင်အကြီးမြတ်ဆုံးသောမှော်ပညာရှင်ဖြစ်လာမယ့်သူပေါ့..မာလင်ဟာသူ့အမေရဲ့စေလွှတ်မှုနဲ့ကမ်းမလော့ပြည်ကိုလာရောက်ပြီး ဘုရင့်သစ္စာခံသမားတော် ဖြစ်တဲ့ဂါးယက်စ်နဲ့မိတ်ဆက်တွေ့ဆုံခဲ့ပါတယ်အဲ့အချိန်က ကမ်းမလော့မှာ အူသာပန်ဒရာဂွန် ဘုရင်အုပ်စိုးနေပြီး မှော်ပညာရှင်တွေကိုသတ်ဖြတ်ပြီးမှော်ပညာကိုနိမ်နင်းနေတာပါ..ဒီလိုတိုင်းပြည်မျိုးမှာမာလင်တစ်ယောက်လျို့ဝှက်စွာနေထိုင်းရင်းမှော်ပညာတွေကိုသင်ယူရင်းကနေ သူကံတရားပါလာတဲ့အတိုင်းအာသာပန်ဒရာဂွန်ကိုကာကွယ်ရင်းတိုင်းပြည်အရေးတွေကိုသူတတ်ကျွမ်းတဲ့မှော်ပညာနဲ့ဘယ်လိုများကာကွယ်ခဲ့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်....  Translated By : Zon Myat Noe Swe Encoded And Review By : ~ LK ~   Merlin Season 1 Complete Zip File    VIP  /  Yoteshin 

Merlin Season 1

2008-2012
GoodBye Mr.Black (2016)
GoodBye Mr.Black (2016) ကဲ အခုတစ်ခါတော့ မြ၀တီ ရုပ်သံလိုင်းမှာ ပြသနေဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကို တက်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းတွဲလေးကတော့ မြ၀တီရုပ်သံကိုကြည့်နေကြသူတွေဆို ဒီ ကြိုးမဲ့စွန် ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရင်းနှီးကြမှာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ရေတပ်ဗိုလ်ဖြစ်သူ ချာဂျီဝန်း ဟာ မထင်မှတ်ထားတဲ့ အမှုတစ်ခုမှာ ထောင်ချောက်ဆင်ခံရပြီးသူဟာ မသေပဲ မစ္စတာဘလက် အဖြစ်တဖန် ပြန်လည်မွေးဖွားလာခဲ့ပြီး စွမ်း ဆိုတဲ့ မိန်းမချောလေးနဲ့ လက်ထပ်ပြီးသူ့ဘ၀အမှန်ကို ဖုံးကွယ်ထားခဲ့ပါတယ် အဲ့ဒီ စွမ်းဆိုတဲ့ မိန်းမချောလေးကကော ဘယ်လို နောက်ကြောင်းအတိတ်ဘ၀ကြောင့် သူများအသုံးချတာကိုခံနေရတာလဲ ချာဂျီဝန်း ကကော ဘယ်လိုတွေ လက်စားချေဖို့ကြံလေမလဲ သူ့ကိုကောဘယ်သူတွေက မကောင်းကြံစည်ထောက်ချောက် ဆင်ခဲ့ကြတာလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှူလိုက်ကြပါတော့နော် စုစုပေါင်းအပိုင်း ၂၀ ရှိပါတယ်ဗျ :D Download Link ==========================Complete Zip File  VIP  /  Yoteshin[1-10]  /  Yoteshin[11-20]

GoodBye Mr.Black (2016)

Lucky Romance (2016)
Lucky Romance (2016) ကိုရီးယားဇာတ်လမ်းတွဲကြိုက်သူများအတွက် CM မှ ၂၀၁၆ ခုနှစ်ထွက် Lucky romance ဆိုတဲ့ Romance & Comedy ဇာတ်လမ်းကောင်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးမှာ အဓိကပါဝင်သရုပ်ဆောင်များကတော့ -ငယ်ငယ်လေးကတည်းက IQ အရမ်းမြင့်ပြီး   အသက် ၅ နှစ်အရွယ် လောက်ကတည်းက   အထက်တန်းသင်္ချာပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်တာကြောင့် ဆယ်ကျော်သက် အရွယ်ကတည်းက ပါရဂူတန်းတက်ခွင့်ရတဲ့ ဂျယ်ဆူးဟို။ သူက ဥာဏ်ရည်အရမ်းမြင့်လို့  ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်လာပြီး ဂိမ်းတွေကို နိုင်ငံတကာထိထိုးဖောက်နိုင်အောင် တီထွင်နိုင်ပြီး ဂိမ်း ဖန်တီးတီထွင်တဲ့ ဂျေဂျေလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေပြီး ဗေဒင်ယတြာတွေ ကံတွေကို မယုံဘဲ အရာရာကို ဦးနှောက်နဲ့သာ စဉ်းစားဆုံးဖြတ်တတ်တဲ့ စီအီးအို -ဂျယ်ဆူးဟို..အဖြစ်  Reply 1988 ဇာတ်ကားနဲ့ 52 Baeksang Art Award မှာ Best New actor, TVN ရဲ့ Rising star ...

Lucky Romance (2016)

Love Me If You Dare (2015)
Love Me If You Dare (2015) စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ဇာတ်လမ်းစီးရီးလေးတစ်ခုကိုစတင်မိတ်ဆက်ပေးလိုက်ပါတယ်… အားလုံးလည်းကြိုက်ကြမယ့်အပြင် စီးရီးကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်.. ကိုယ့်ကမ္ဘာငယ်ထဲမှာကိုယ်သီးသန့်နေထိုင်တတ်တဲ့ ပေါ်ကျင်းယွင်ဆိုတဲ့ လူငယ်လူတော် စိတ်ရောဂါကု ပါရဂူကြီးတစ်ယောက် ကျန်းယိုယိုဆိုတဲ့ ကောင်မလေးကို အချိန်ပိုင်း စာတမ်းဘာသာပြန်ဖို့ ဌားလိုက်မိရာကစပီး ဆက်နွယ်လာတဲ့ ကွင်းဆက်လူသတ်မှုတွေကို ဖြေရှင်းရင်းနဲ့ ရေခဲတုံးကြီးပေါ်ကျင်းယွင် ကျန်းယိုယိုကြောင့် အရည်ပျော်လာတယ် ဒီအချိန်မှာ တစ်ခါက သူဖမ်းပေးလိုက်တဲ့ အမေရိကန်က စိတ္တဇလူသတ်သမားက ထောင်ထဲက လွတ်လာခဲ့ရင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်… (Neve Luna ရဲ့ပွဲဦးထွက် ဘာသာပြန်ထားတဲ့စီးရီးအသစ်ဖြစ်ပါတယ်…)Episode (1)Episode (2)Episode (3)Episode (4)   Episode (5)   Episode (6)   Episode (7)   Episode (8)   Episode (9)   Episode (10)   Episode (11)   Episode (12)   Episode (13)   Episode (14)   Episode (15)   Episode (16)   Episode (17)Episode (18)Episode (19)   Episode (20)   Episode (21)   Episode (22)   Episode (23)   Episode (24)  

Love Me If You Dare (2015)

Legend Of The Blue Sea ( 2016 )
Legend Of The Blue Sea ( 2016 ) မနေ့ကမှထွက်တဲ့ Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကို၇ီးယားနိုင်ငံ၇ဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်ပါဝင်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသသွားမှာဖြစ်ပြီး ဇန်န၀ါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီးနောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကိုသြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီးနောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်  ဇာတ်လမ်းအညွှန်း ၁၅၈၆ ခုနှစ် ...

Legend Of The Blue Sea ( 2016 )

Love Through a Millennium ( 2015 )
Love Through a Millennium ( 2015 ) Channel Myanmar နဲ့ FIV Entertianment တို့ပူးပေါင်းပြီး တရုတ်ဇာတ်လမ်းတွဲလေးတစ်တွဲနဲ့တင်ဆက်ပေးလိုက်ပါတယ်နော်...ဒီဇာတ်ကားဟာ ကိုရီးယားနာမည်ကျော် ဒရာမာတစ်ခုဖြစ်တဲ့Queen In Hyun's Man ရဲ့ remake Version ဖြစ်ပါတယ်..ဒီဇာတ်ကားမှာတော့မင်းသားအနေနဲ့Jing Boran က ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ LOVE O2O ထဲက မင်းသမီးလေးZheng Shuang ပဲဖြစ်ပါတယ်..ခံစားကြည့်လိုက်ပါဦးနော်.. အညွှန်း ဂုံးမင်ဟာ တရုတ်မင်းဆက်တစ်ခုမှာတာဝန်ကျနေတဲ့သူပေါ့..နန်းတွင်းသစ္စာဖောက်မှုတွေ နဲ့ပုန်ကန်မှုတွေအကြံကိုသိလိုက်ရလို့ မင်းကြီးကို သတင်းပို့ဖို့ကြိုးစားခဲ့တဲ့အခါမှာ သစ္စာဖောက်တွေကသူ့ကိုဝိုင်းသတ်ဖို့ကြိုးစားခဲ့ကြတယ်..သူ့ကိုဓါးနဲ့သတ်လိုက်တဲ့အခါမှာတရုတ်မင်းဆက်အချိန်နေရာကနေ ပျောက်ကွယ်ပြီး ၂၁ ရာစုမှာ ရောက်ရှိသွားပါတယ်တနည်းအားဖြင့်ဆို သူအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတိုင်း ၂၁ ရာစုကိုရောက်လာရတာပေါ့အဲ့မှာ Lin Xiang Xiang ဆိုတဲ့ မင်းသမီးလေးတစ်ဦးနဲ့တွေ့ပြီးတော့သံယောဇဉ်ကြိုးတွေရစ်ဖွဲ့မိတဲ့အခါ...ပြီးတော့ သူ ၂၁ ရာစုကိုရောက်လာခဲ့ရတဲ့အကြောင်းအရင်းများစွာစာကြည့်တိုက်မှာ သမိုင်းကိုလေ့လာပြီး ဂုံးမင်တစ်ယောက်သူ့အနာဂတ်ကိုကြိုတင်သိခွင့်ရတဲ့အခါ ဘာတွေဖြစ်မလဲ..ဘာတွေလုပ်မလဲဆိုတာ ဆက်လက်ခံစားပါ  Episode ( 1+2 )Filesize ( 300 MB ) ( HD ) - Pcloud Link | Mediafire ...

Love Through a Millennium ( 2015 )

DC Legends of Tomorrow Season 2
DC Legends of Tomorrow Season 2  Legends of Tomorrow စီစန်၂ လာပါပြီ။ စီစန် ၁ အဆုံးမှာ မသေမျိုး ဗန်ဒယ်ဆဗေ့ခ်ျကို အသေသတ်ခဲ့ပြီး အကျင့်ပျက်နေတဲ့ အချိန်သခင်တွေအားလုံး ပေါက်ကွဲတဲ့အထဲ ပါသွားခဲ့ပါပြီ။  စောင့်ရှောက်မယ့်သူမရှိတော့တဲ့ အချိန်ဝင်ရိုးကို သူတို့တွေကပဲ ဆက်ပြီးစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစီစန်မှာတော့ သမိုင်းတစ်လျှောက် အချိန်ဓားပြတွေရဲ့ နှောက်ယှက်မှုကို လိုက်လံတားဆီးနေရင်း ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုကို တွေ့မိသွားပါတယ်။ အနုမြူမပေါ်ခင် ၂ နှစ်အလိုမှာ နာဇီတွေက နယူးယောက်ကို နူကလီးယားဗုံး ကျဲချသွားခဲ့မှုပါပဲ။ ဒါဟာ အချိန်ခရီးသွားတစ်ယောက်ရဲ့ ကူညီမှုဆိုတာ သိပြီး ဒါကိုတားဖို့အတွက် အိုင်းစတိုင်းကို နာဇီတွေလက်ထဲမရောက်ခင် ပြန်ပေးဆွဲဖို့ကြိုးစားကြတဲ့အခါ...... ရယ်မောစရာ....စိတ်လှုပ်ရှားစရာ....အံ့သြစရာတွေနဲ့.....စီစန် ၂ ကို ခံစားလိုက်ရအောင်။Complete Zip File  VIP  /  Yoteshin 

DC Legends of Tomorrow Season 2

Luke Cage Season 1 (2016)
Luke Cage Season 1 (2016) Marvel ရဲ့ စူပါဟီးရိုးစီးရီးအသစ် ထွက်ရှိလာခဲ့ပါပြီ။ Marvel ဟာ ရုပ်ရှင်နယ်ပယ်မှာ Hulk, Ironman တို့နဲ့ စတင်ထိုးဖောက်ခဲ့ပြီး အခုတော့ Avengers တွေကိုပါ တင်ဆက်နိုင်နေပြီဖြစ်သလို။ တီဗွီစီးရီးမှာလည်း Daredevil ကို အောင်မြင်အောင် ပြသနိုင်ခဲ့ပြီး Punisher, Elektra တို့ကို ပွဲထုတ်နိုင်ခဲ့ပါပြီ။ ၂၀၁၅ Daredevil နဲ့ Jessica Jones စီးရီး ၂ ခု ထွက်ခဲ့ပြီး စတင်ချိတ်ဆက်ခဲ့သလို အခု Jessica မှာ ပါဝင်ခဲ့တဲ့ Luke Cage ကို သီးသန့်ပွဲထုတ်လိုက်ရတာ ဘာရည်ရွယ်ချက်လဲ ဆိုတာကို ကျွန်တော်တို့ သိလိုက်ရပါပြီ။ ၂၀၁၇ အတွက် Daredevil,Jessica Jones,Luke Cage နဲ့ Iron Fist တို့ပေါင်းစည်းပြီး Defenders ထွက်လာတော့မှာ ဖြစ်လို့ပါပဲ။ အဲဒီအတွက် ဒီနှစ်ကုန်မှာ Iron Fist စီးရီးလဲ ...

Luke Cage Season 1 (2016)

Yong Pal (2015)
Yong Pal (2015) အပြင်မှာအခွေထွက်တုန်းက စာတန်းသိပ်မကောင်းလို့ကြည့်ရတာအခက်တွေ့နေတဲ့သူတွေအတွက်နဲ့K Drama Fan တွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲလေးတစ်ခုကို Channel Myanmar နဲ့Variety World Myanmar Subtitle Page တို့မှပူးပေါင်းပြီးတင်ဆက်ပေးလိုက်ပါတယ်တင်ဆက်ပေးလိုက်ပါတယ်...2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ယွန်ပယ် ဆိုတဲ့ ဒီဇာတ်လမ်းတွဲဟာပြသချိန်တုန်းက ကိုရီးယားနိုင်ငံ လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့ပြီးတော့အောင်မြင်မှုလည်းတစ်ဟုန်ထိုးရရှိခဲ့ပါတယ်..Seoul မှာ rating 21 .9% ကျော်ရခဲ့တဲ့ အပြင် Viki မှာလည်း9.1 ရထားခဲ့ပါတယ် Best excellence actress , Grand Prize နဲ့ Best Couple awards တွေအပြင်ဇာတ်ပို့တွေပါ ဆု ရခဲ့ပြီး 2015 ရဲ့ ဆုများစွာကို သိမ်းပိုက်ခဲ့တဲ့ drama လေးပါဇာတ်လမ်းအမျိုးအစားကတော့ ဆေးလောက နောက်ခံအပြင် ရာဇ၀တ်မှု တွေ..နေရာလုပွဲတွေ..သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေနဲ့အတူ ကြည်နူးဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းလေးနဲ့ပါ ဇာတ်အိမ်ရောထွေးတည်ထားပြီး သိပ်ကိုကောင်းတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်ဒီဇာတ်လမ်းတွဲမှာအဓိကသရုပ်ဆောင်တွေကတော့ ယွန်ပယ်အနေနဲ့ Joo ...

Yong Pal (2015)

The K2 (2016) မြန်မာစာတန်းထိုး
The K2 (2016) မြန်မာစာတန်းထိုး  မနေ့ကမှထွက်ရှိထားတဲ့ The K2 ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲအသစ်စက်စက်လေးကိုChannel Myanmar ကနေ တင်ဆက်လိုက်ပါတယ်နော်..ထုံးစံအတိုင်းဇာတ်လမ်းလေးမညွှန်းခင်အချက်အလက်လေးတွေနဲ့တင်သွားပါဦးမယ်.ဒီဇာတ်ကားဟာ အပိုင်း ၁၆ ပိုင်းတိတိထုတ်လွင့်မှာဖြစ်ပြီးတော့ ထုတ်လွင့်တဲ့ Network ကတော့ TVN ရုပ်သံလိုင်းဖြစ်ပါတယ် ရိုက်ကူးသူဒါရိုက်တာကတော့ Kwak Jung-Hwan ဖြစ်ပြီးဇာတ်လမ်းရေးသားသူကတော့ Jang Hyeok-Rinဖြစ်ပါတယ်.အဓိကသရုပ်ဆောင်တွေအနေနဲ့ 2015 တုန်းက Healer ( K- Drama ) မှာသရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Ji Chang-Wook နဲ့အတူ မင်းသမီးအနေနဲ့ Koreaနာမည်ကြီး Girl Band တစ်ခုဖြစ်တဲ့ Girl's Generation (SNSD) အဖွဲ့က အဆိုတော်မလေးYoona ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်.  ဇာတ်လမ်းအညွှန်း  အထူးတပ်ဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ် ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol ကအလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်စပိန် နိုင်ငံ ဘာစီလိုနာ မြို့ မှာ တိမ်းရှောင်နေရင်းကိုရီးယား ပြန်လာဖို့ ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီးဖခင် ဖြစ်သူနဲ့ တွေ ...

The K2 (2016) မြန်မာစာတန်းထိုး

Ice Fantasy (2016) Series စ/ဆုံး
Ice Fantasy (2016) Series စ/ဆုံး F(x) Leader Vitoria ခေါင်းဆောင်ပါဝင်တဲ့ Ice fantasy ဇာတ်ကားပါ။ မင်းသားကတော့ သစ်ခွသခင်လို့ လူသိများကြတဲ့ Feng Shao Feng ဖြစ်ပါတယ်။ ပြီးတော့ ဒီကားမှာ ကိုရီးယားသရုပ်ဆောင် Kim Hee sun ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်လမ်းလေးဟာ ရေခဲမျိုးနွယ်နဲ့ မီးမျိုးနွယ် အကြား အာဃတစစ်ပွဲများဖြစ်ပွားပြီး ရေခဲမျိုးနွယ်တွေ စစ်ရှုံးသွားပါတော့တယ်။ အဲ့ဒီအခါမှာတော့ မင်းသားခါးဆို (Feng Shao Feng)က သူ့မျိုးနွယ်ပြန်လည် ထူထောင်ဖို့ လူ့ပြည်မှာရှိတဲ့ ရတနာကိုရှာပုံတော်ဖွင့်ရတော့တာပေါ့။ အဲ့ဒီမှာ လူသား မိန်းကလေး လီလော့(vitoria song )့နဲ့တွေ့ပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ ^ ^ Encoder - Thit San Khant Translator - Tariq L Walker , Bommy Chan ...

Ice Fantasy (2016) Series စ/ဆုံး

Arrow Season (1) Complete ( မြန်မာစာတန်းထိုး)
Arrow Season (1) Complete ( မြန်မာစာတန်းထိုး)  အခုလက်ရှိနာမည်ကြီးဇာတ်ကားတော်တော်များများကိုပြသနေတဲ့ CW ရုပ်သံလိုင်းကနေပြီးတော့ Arrow ကို 2012  ခုနှစ်မှာစတင် ထုတ်လွှင့်ခဲ့ပါတယ်..ပြသခဲ့တာ season 1 နဲ့ season 2 အထိ ပြီးခဲ့ပြီး အခုလက်ရှိမှာလည်း season 3 ကိုဆက်လက်ပြသနေပါတယ် season 4 ထွက်လာဖို့လည်း CW Network ကနေ Confirm လုပ်ပြီးသွားပါပြီ ဒီဇာတ်လမ်းကို စာရေးဆရာ  Greg Berlanti , Marc Guggenheim နဲ့ Andrew Kreisberg တို့ကအတူပူးပေါင်းဖန်တီးထားပါတယ်...... IMDB Rating မှာလည်း 8.2/10 ရရှိထားလို့ ပရိတ်သတ်နှစ်ခြိုက်တဲ့ TV Show အဖြစ် အခိုင်အမာရပ်တည်ထားပါတယ်.. ဇာတ်လမ်းအကျဉ်းကိုနည်းနည်းလောက်ပြောပြရမယ်ဆိုရင်တော့ ----------------------------------------------------------------------------- ဘီလီယံနာ သူငှေးကြီးရောဘတ်ကွင်းရဲ့ သားအကြီး အိုလီဗာကွင်းက သဘောင်္ပျက်ပြီး ငါးနှစ်တာ ပျောက်ဆုံးနေပါတယ်..သဘောင်္ပေါ်မှာ သူ့အဖေလည်းပါဝင်လာခဲ့တယ်..အိုလီဗာကွင်းဟာ..လန်ယုလို့ ခေါ်တဲ့ကျွန်းပေါ်မှာ ၅ နှစ်တိတိ အသက်ရှင်ဖို့အတွက်ရုန်းကန်ခဲ့ရပြီးတော့ ရှုရှားငါးဖမ်းသဘောင်္တွေက တွေ့ရှိပြီးပြန်လည်ကယ်တင်ခဲ့တဲ့အတွက် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ စတာလင် မြို့ကိုပြန်လည်ရောက်ရှိလာပါတော့တယ် သဘောင်္မပျက်ခင်တုန်းက မိန်းမရှုပ်တဲ့ ဆိုးသွမ်းလူငယ် အိုလီဗာကွင်းတစ်ယောက် ကျွန်းပေါ်ကနေ ပြန်ရောက်လာတဲ့အခါမှာတော့ အရင်သူ့စရိုက်တွေနဲ့ သူစိမ်းပမာဖြစ်သွားခဲ့ပြီး သူနဲ့အတူ မြို့ကိုကယ်တင်ရမယ့် စိတ်တွေရော လျို့ဝှက်ချက်တွေများစွာကိုလည်းသယ်ဆောင်လာခဲ့ပါတော့တယ် ဒီလျို့ဝှက်ချက်တွေကရော..ဘာတွေဖြစ်မလဲ..လူဆိုးဂိုဏ်းပေါင်းများစွာ လုယက်မှုပေါင်းများစွာ..ဒုစရိုက်မှုတွေများစွာ..နဲ့ပျက်စီးနေတဲ့သူ့မြို့ကိုရော ဘယ်လိုကယ်တင်မှာလဲ..ဆိုတာကို ကျွန်းပေါ်ကမြင်ကွင်းနဲ့ ...

Arrow Season (1) Complete ( မြန်မာစာတန်းထိုး)

The Innocent Man (2012) မြန်မာစာတန်းထိုး (Series)
The Innocent Man (2012) မြန်မာစာတန်းထိုး (Series) Descendants of the Sun ရဲ့မင်းသား Song Joong‑ki အဓိကပါဝင်ထားတဲ့ ကိုရီးယားစီးရီးပါ။မင်းသမီး Moon Chae‑won နဲ့ Park Si‑yeon တို့မှအားပြိုင်သရုပ်ဆောင်ထားပါတယ်။Episode အပိုင်း (၂၀)ရိုက်ကူးခဲ့ပြီး KBS2 ရုပ်သံလိုင်းကထုတ်လွှင့်ပြသခဲ့ပါတယ်။ IMDb Rating (8.1/10) နဲ့ Viki (9.4/10) ထိရရှိထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအညွှန်းကိုမပေးတော့ပါဘူး။ချစ်ခြင်းတွေကြားထဲ ငွေကြေးဓနဥစ္စာတွေ ဝင်ရောက်လာတဲ့အခါ ဘယ်သူကအနိုင်ယူသွားမလဲ။ဘယ်လိုချစ်ခြင်းတွေက ခိုင်မြဲစွာ တည်တံ့နေခဲ့လဲ။ဘယ်လိုရှင်သန်ခြင်းတွေနဲ့ဘဝကို လင်းလက်စေမလဲ။ဒါတွေကို မင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ဆောင်များစွာနဲ့ အပြိုင်အဆိုင်သရုပ်ဆောင် ပုံဖော်သွားကြမှာပါ။မင်းသား Song Joong Ki ကိုတော့ ကန်မာယူအဖြစ် သနားစရာ.. လေးစားစရာ... စွန့်လွှတ်အနစ်နာခံသူအဖြစ် ဒီဇာတ်ကားထဲမှာ မြင်တွေ့ခံစားရမှာပါ။DOTS ရဲ့ Big Boss ပရိတ်သတ်တွေ Big Boss ကိုအားရပါးရ တစ်ဝကြီးပြန်လည်ခံစားကြည့်ရှုနိုင်စေဖို့ ဟောင်းနေတဲ့စီးရီးဇာတ်ကားလေးကို ရုပ်ထွက်ကောင်းကောင်း HD Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။အပိုင်း ...

The Innocent Man (2012) မြန်မာစာတန်းထိုး (Series)

Genres

Archives