Channel Myanmar

New releases (2025)

Content at random


TV Series

Todome no kiss
Todome no kiss (English title Kiss that kills) ဒီဇာတ်ကားဟာ ၁လပိုင်း ၇ရက်နေ့မှာစထွက်ခဲ့တာပါအပတ်တိုင်း တနင်္ဂနွေနေ့တွေမှာ ဂျပန်က NTV Network မှာပြသပါတယ်Rating ကလဲမြင့်ပါတယ် စာဖိုင်ထွက်တာနောက်ကျလို့ ခုမှတင်ပေးရပါတယ် ဒီကားမှာအဓိကဆွဲဆောင်မှုကတော့ ဂျစ်တီးဂျစ်ကန်အပြုံးလေးတွေနဲ့ဖမ်းစားတတ်တဲ့Death Note ကားထဲမှာ L အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yamzaki kento ပါပဲမြန်မာနိုင်ငံမှာတော့ သူ့ကိုချစ်စနိုးနဲ့ ken ken လို့ခေါ်ကျပါတယ်ဒီကားမှာသူကအဓိကသရုပ်ဆောင်ထားပါတယ် မင်းသမီးကလဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့Mugi Kadowaki ကသရုပ်ဆောင်ထားပါတယ်(မင်းသမီးအကြောင်းတော့ ကိုယ်ကသိပ်စိတ်မဝင်စားလို့မသိဘူး မင်းသားပဲစိတ်ဝင်စားတယ်)ဒါဖြင့်ရင် ဇာတ်လမ်းလေးအမြည်းကျွေးပါမယ် မင်းသားမှာကညီလေးရှိတယ်ငယ်ငယ်လေးမှာ မတော်တဆမှုတစ်ခုကသူ့မျက်စိရှေ့တင်ဖြစ်ပြီးပါသွားတာတွေ့ခဲ့ရတယ်ဒီလိုနဲ့ ကြီးလာရတဲ့ Ken Ken လေးက လောကကြီးမှာ အချစ်မရှိမှသာယာမယ်ငွေနဲ့ သူကြိုက်တဲ့ပစ္စည်းတွေရှိမှသာ ပျော်ရွှင်ရမယ်လို့ ဆိုတဲ့အတွေးအခေါ်ရှိတဲ့ဧည့်ကြိုကောင်လေးဖြစ်လာတယ် ဧည့်ကြိုဆိုတာ ယဉ်အောင်ပြောတာတကယ်တော့မမတွေကိုကပ်ခြူစားတဲ့ ကလပ်ကဝန်ထမ်းကောင်ချောလေးပေါ့သူကမမတွေဆီကရသမျှအကုန်ယူတယ် အဲ့မှာပဲ ထူးထူးဆန်းဆန်းပြစ်မှုတစ်ခုဖြစ်လာတယ် မိန်းမတစ်ယောက်က နှုတ်ခမ်းကိုအဆိပ်သုတ်ပြီးယောင်္ကျားတွေကို နမ်းပြီးသတ်နေတာတဲ့ ပိုင်းလုံးတွေ ဖောက်ပြန်တဲ့သူတွေကိုဆိုတော့အken လေးတစ်ချက်တွေသွားသေးတယ် ဒါပေမယ့်သူကမမူဘူး ပြီးမှသူလက်တွေ့ကြုံရတော့တယ်ထူးထူးဆန်းဆန်းမိန်းမက ...

Todome no kiss

Transit Girls
Transit Girls   ဒီတစ်ခါတော့ 2015ကထွက်ခဲ့တဲ့ Transit girlsဆိုတဲ့ GL ကားလေးတင်ပေးချင်ပါတယ်   ဇာတ်လမ်းလေးက တော်တော်လေးကို ချစ်ဖို့ကောင်းတာရယ် ဇာတ်ဆောင် နှစ်ယောက်ကလည်း   Height differenceက အစ အသည်းယားစရာလေးတွေရယ် ကြည့်ဖြစ်အောင်ကြည့်ကြပါလို့   (ဒါကတော့ ကြော်ညာဝင်တာပါ Review က အောက်မှာ XD )   ဒီကားလေးကတော့18နှစ်အရွယ် Sayuriဆိုတဲ့ကျောင်းသူလေးနဲ့ အသက်21အရွယ်photographer မမလှလှလေးyui   (ကျနော်ကတော့ဒီတစ်ယောက်ကို ဒဲ့ကြီးကြွေတာရယ် အဟိ)   တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ အိမ်ထောင်ဖက်တွေမရှိကြတော့တဲ့ Yuiမေမေနဲ့sayuriဖေဖေတို့က   အိမ်ထောင်ပြုတဲ့အခါမှာတော့ Yuiနဲ့ sayuriဟာ တစ်အိမ်ထဲအတူတူနေရဖို့ အကြောင်းဖန်လာပါတယ်   တကယ်တော့yuiကအဲ့အချိန်မတိုင်ခင်ကတည်းက sayuriကို တစ်ခါတွေ့ဖူးပြီးသတိထားမိနေခဲ့တာပါ   မိဘတွေလက်ထပ်တော့လည်း Yuiကတော့ကြည်ကြည်ဖြူဖြူ နဲ့   နားလည်ပေးခဲ့ပေမဲ့ sayuriဘက်ကကျတော့ မတူပါဘူးး အမေ မရှိတော့ကတည်းက   အဖေ့ရဲ့အချစ်တွေ အကုန်လုံးသိမ်းပြီး နေလာတဲ့   sayuriက သူ့ဖေဖေနောက်အိမ်ထောင်ပြုတာကို မလိုလားခဲ့ဘူးဆိုပေမဲ့ ......   Yuiက sayuriကို ဖြောင်းဖြဖို့ကြိုးစားတဲ့အခါ နောက်ပိုင်းမှာsayuriတစ်ယောက်   ဘယ်လိုပြောင်းလဲလာမလဲဆိုတာ.....   ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကိုယ့်ဟာကိုပဲကြည့်လိုက်ကြတော့နော်   ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ Chu Chu (mglp) ဖြစ်ပြီး ဇတ်လမ်းတွဲ အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်....   Thit San Khant   EP 01 EP 02 EP 03 EP 04 EP 05 EP ...

Transit Girls

Advance Bravely Season 2
Advance Bravely Season 2  BL ပရိသတ်​​တွေအားလုံး​စောင့်​​မျှော်​​နေကြတဲ့ Chinese BL Series တစ်​ခုဖြစ်​တဲ့ Advance Bravely ကို မြန်​မာစာတန်းထိုးနဲ့တင်​ဆက်​​ပေးလိုက်​ပါပြီ Season 1ပြီး​တော့ Season 2​မျှော်​​နေကြတဲ့ပရိသတ်​​တွေ​အားလုံး​ပျော်​နိုင်​ပါပြီ တစ်​ရက်​ခြား ၁ပိုင်းတင်​​ပေးသွားမှာပါ ဇာတ်​လမ်းက​တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ရဲအရာရှိရှ​ယောင်းနဲ့ လုံခြုံ​ရေးဆိုင်​ရာကုမ္ပဏီသူ​ဌေး ယွမ်​ကျုံ့တို့ season 2မှာ ဘယ်​လိုဇာတ်​လမ်းဆက်​ကြမလဲ...ယွမ်​ကျုံ့ညီမဖြစ်​သူ ယွမ်​ရူက​ရော အစ်​ကိုနဲ့အပြိုင်​ရှ​ယောင်းကို ဘယ်​လိုလွန်​ဆွဲမလဲဆိုတာ ​ပျော်​ရွှင်​ရယ်​​မော​စောင်​ကိုက်​ရင်းကြည့်​ရှုနိုင်​ပါပြီ..... ရုပ်​ထွက်​အကြည်​လင်​ဆုံး ဘာသာပြန်​အ​ကောင်းဆုံးဖြစ်​​အောင်​ကြိုးစားတင်​ဆက်​​ပေးထားပါတယ်​   Episode 01    Episod 02   Episode 03    Episode 04  

Advance Bravely Season 2

Erased
Erased Bokudake ga Inai Machi 2017 ======================= ဒီ Japan Mini TV Series လေးဟာအပိုင်း ၁၂ ပိုင်းပဲ ထွက်ရှိထားပြီး IMDb 8.1 ထိ ရရှိထားပါတယ် English Title ကတော့ Erased ပါတဲ့... ဇတ်လမ်း ပုံစံကတော့ ဆာတိုရူ ဆိုတဲ့ ကောင်လေးဟာ သူ့ ငယ်ဘ၀ မှာ ကျောင်းနေဘက် သူငယ်ချင်း တစ်ချို့ကို ကလေးလူသတ်သမား က ကွင်းဆက် သတ်ဖြတ်မှု အဖြစ် တစ်ယောက်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတယ် ဒီလို အတွေ့အကြုံတွေနဲ့ ဆာတိုရူ ဟာ အသက်ကြီးလာခဲ့တယ် ကံကောင်းစွာနဲ့ အဲ့ဒီအထဲ သူတော့ မပါခဲ့ပါဘူး ဘာလို့လဲ ဆိုတော့ ကွင်းဆက် လူသတ်သမားကို ဖမ်းဆီးသွားကြလို့ပါ ဖမ်းဆီးသွားကြတဲ့ ကွင်းဆက်သမား လူသတ်သမားဆိုသူကလဲ လူသတ်သမားလို့ ထင်လောက်စရာမရှိတဲ့ သာမန်လူရိုး လူအေး တစ်ဦးပါပဲ ဒီလိုနဲ့ ဆာတိုရူ အရွယ်ရောက်လာတဲ့ အခါ သူ့မှာ ထူးခြားတဲ့ ဖြစ်ရပ်ဆန်း တစ်ချို့ ဖြစ်ပျက်လာပါတော့တယ်... အာ့တာကတော့ ...

Erased

Gotham Season 1 (Complete) 6.9
Gotham Season 1 (Complete)    Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့ ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့ အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။ လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန် ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက် အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ် တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့ ကောင်းတယ်လို့်ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့ ...
6.9
TMDb: 6.9/10 704 votes
tv

Gotham Season 1 (Complete)

2014
Black Knight (2017) 4.3
Black Knight (2017) KBS ရုပ်သံလိုင်းက အပါတ်စဉ် ဗုဒ္ဓဟူးကြာသပတေး ထုတ်လွင့်ပြသပေးမယ့် Black Knight ထူးဆန်းထွေလာအချစ်ဇာတ်လမ်းတွဲသစ်လေးပါ။Love story in Harvard(တစ်ခါတုန်းက တက္ကသိုလ်) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်အသဲစွဲဖြစ်ခဲ့ပြီး ဒေါက်တာဇာတ်လမ်းတွဲရဲ့ မင်းသား Kim-Rae Won အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။မင်းသမီးကတော့ Bride of the Water God ကားရဲ့ မင်းသမီးလေး Shin Se Kyung နဲ့အတူ Whisper, Jelousy incarnate တို့နဲ့နာမည်ရလာတဲ့မင်းသမီးလေး Soe Ji-Hye 2nd Lead အနေနဲ့ပါဝင်ထားပါတယ်။ရှေးရေစက်ဆိုတာကို ယုံကြည်ကြပါသလား။တစ်ခါတစ်လေ လူတစ်ယောက်ကို အကြောင်းမဲ့မုန်းနေတာမျိုး ကြည့်မရတာမျိုးဖြစ်တတ်သလို တစ်ခါတစ်လေ မြင်မြင်ချင်းခင်မိပြီး ဘာလုပ်လုပ်အပြစ်မမြင်ဘဲ သဘောကျနေတတ်တာတွေလည်းရှိတတ်ပါတယ်။ဒါတွေက ရှေးရေစက် ဆုတောင်းတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။အချစ်ကြီးသူတွေဟာ ဒီဘ၀မှာ ဒီတစ်ယောက်တည်းကိုသာ သစ္စာရှိရှိချစ်ခဲ့သလို နောက်ဘ၀တွေမှာလည်း ရေစက်ဆုံဖို့ ဆုပန်တတ်ကြတယ်။ ...
4.3
TMDb: 4.3/10 2 votes
tv

Black Knight (2017)

2017
City Hunter (2011)
City Hunter (2011) ဒီစီးရီးလေးကတော့ F4 ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာတဲ့ မင်းသားလီမင်ဟိုရဲ့ဒုတိယအအောင်မြင်ဆုံးစီးရီးတစ်ခုဆိုရင်လည်းမမှားပါဘူး...ဒီစီးရီးလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းစထားကတည်းကကျွန်တော်တို့မြန်မာပြည်အကြောင်းနဲ့စထားတာပဲဖြစ်ပါတယ်....မြန်မာခေါင်းဆောင်ကြီးတွေရဲ့ဗိမာန်ကိုလာဂါရဝပြုတဲ့ တောင်ကိုရီးယားသမ္ပတကိုမြောက်ကိုရီးယားဘက်ကလုပ်ကြံတဲ့အတွက်ကြောင့် မြန်မာလူမျိုးများအပါဝင်တောင်ကိုရီးယားရဲ့ခေါင်းဆောင်ပိုင်း သံရုံးဝန်ထမ်းအချို့သေဆုံးခဲ့ရပါတယ်...ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားအထက်ပိုင်းအရာရှိကြီးများမခံရပ်နိုင်ဖြစ်ကာမြောက်ကိုရီးယားဘက်ကိုသုတ်သင်ရှင်းလင်းရေးတပ်ဖွဲ့တိတ်တဆိတ်စေလွှတ်ခဲ့ရာကနေပြီးတော့ဇာတ်လမ်းကိုပထမပိုင်းတည်းကနေ အရှိန်တက်အောင်စွဲဆောင်ထားနိုင်ခဲ့ပါတယ်.....Rating 8.3 ရှိတဲ့ ဒီစီးရီးလေးဟာ တောင်ကိုရီးယားနိုင်ငံတွင်ရိုက်ကူးခဲ့ရုံမဟုတ်ပဲထိုင်းနိုင်ငံမှာပါ အမြင်ဆန်းအောင်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်...ဒီစီးရီးကိုညွှန်းရမယ်ဆိုရင်တော့ ဇာတ်လမ်းတစ်ခုလုံးကိုပြောရမှာဖြစ်လို့ ကြည့်ရှု့ပြီးကိုယ်တိုင်သာဆုံးဖြတ်ကြပါ...ကြာနေပြီဖြစ်တဲ့ ဒီစီးရီးလေးကို အမှတ်မထင်ကြည့်မိတာကနေ ကြိုက်မိသွားလို့မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ကော ကြည့်ပြီးသွားတဲ့ ပရိသတ်တွေပါQuality ကောင်းကောင်းဘာသာပြန်ကောင်းကောင်းနဲ့ပြန်လည်ကြည့်ရှု့နိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်...Review by Moe Myint LwinDuration ...... 1 hourQuality ...... HDTV 720pTranslator ...... Moe Myint LwinEncoder ...... Moe Myint Lwin Episode (1)  Yoteshin Link / Userdrive Link  Episode (2) Yoteshin Link / Userdrive Link Episode (3) Yoteshin Link / Userdrive Link  Episode (4) Yoteshin Link / Userdrive Link Episode(5) Yoteshin Link ...

City Hunter (2011)

Black Lightning (2018)
Black Lightning (2018)   ဒီတစ်ခါတော့ CW ကနေအသစ်ထွက်ရှိထားတဲ့ SuperHero စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ထူးခြားတာကတော့ ဒီ Hero ကကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်တဲဂျက်ပဲဖြစ်ပါတယ်... သူဟာ Black Lightning ဖြစ်နေခဲတာကိုလှို့ဝှက်နေခဲ့ရပါတယ်... ဘာလို့လဲဆိုတော့ သူ့မိန်းမဟာသူ Black Lightning ဖြစ်နေတာကိုလက်မခံနိုင်ခဲ့လို့ပါ.... ဒါကြောင့်လည်းသူတို့လင်မယားနှစ်ယောက်ကွာရှင်းခဲ့ရပြီး သမီးတွေကိုအဝေးကနေပဲ တစ်ယောက်ချင်းစီအုပ်ချုပ်နေခဲ့ကြရပါတယ်... ဒါပေမယ့် သမီးဖြစ်သူတွေကို လူရမ်းကားအုပ်စုတစ်စုကနေပြီးတော့ ပြသနာရှာတာကနေစပြီး သူအနှစ်နှစ်အလလ ဖုံးကွယ်ထားခဲ့တဲ့  သူ့ရဲ့ Black Lightning ဘ၀ကိုပြန်စဖို့အတွက် အကြောင်းဖြစ်လာပါတော့တယ်... ဒီစီးရီးဟာ Rating 7.2 ရရှိထားပြီးတော့ ၂၀၁၈ မှာစတင်ပြသတဲ့ စီးရီးအသစ်ဖြစ်ပါတယ်.... တစ်ပတ်တပိုင်းထွက်တဲ့စီးရီးမို့ ထွက်သမျှ အပိုင်းတိုင်းကို အချိန်မှီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်....   Translator..... Pyae Phyo Hein Encoder ..... Moe Myint LwinEpisode (1) Yoteshin Link / Openload Link / SolidDrive Link Episode (2) Yoteshin Link / Openload Link Episode (3) Yoteshin Link / Openload Link ...

Black Lightning (2018)

Merlin Season (5)
Merlin Season (5)   Merlin Season 5 ဟာ မာလင်စီးရီးတွေရဲ့နောက်ဆုံး Season ဖြစ်သလို အမိုက်ဆုံး အပိုင်း ၁၃ ပိုင်းလို့ ယူဆပါတယ်.... စစချင်းမှာပဲ အာသာရဲ့ ဂြိုလ်ဆိုးကို ရှေ့ပြေးဟောကိန်းတွေအရ မာလင်သိလိုက်ရပါတယ်.... ဒါကြောင့် အဲဒီဟောကိန်းဖြစ်လာမလား မဖြစ်လာဘူးလားဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ.... နောက်ပြီး မော်ဂါနာရဲ့ ပိုပြီးစွမ်းလာတဲ့ အောက်လမ်းပညာတွေကိုလည်း တဝကြီးကြည့်ရမှာပါ.... (ဒီ Season မှာလေဒီမော်ဂါနာက ပိုပြီးချောလာတယ်ဗျ) ပိုင်းလိုလိုမှာ စိတ်ဝင်စားဖွယ်ဖြစ်တာပေါ့ Merlin Season 5 ဟာ မာလင်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းတွေလည်းဖြစ်ခဲ့ပါတယ်... သူတန်ဖိုးထားပီး အသက်နဲ့လဲပြီးကာကွယ်ပေးနေတဲအာသာရဲ့ နိမိတ်ဆိုးကို စောစီးစွာသလိုက်ရတဲ မာလင်တစ်ယောက် ဒီနိမိတ်ဆိုးကြီး ဖြစ်မလာအောင် ကာကွယ်မှု့တွေ လုပ်ရတော့မှာပါ....   Translator..... May Thazin Myint  Encoder........Moe Myint LwinMerlin Season 5 Complete Zip File    VIP  /  Yoteshin  

Merlin Season (5)

Future Man (2017)
Future Man (2017)   ဒီစီးရီးလေးကတော့Rating 8 ရရှိထားပြီး စိတ်ကူးယဉ်ဆန်ဆန်စီးရီးလေးတစ်ခုဖြစ်လို့  အားလုံးလည်းလိုက်ပြီးစိတ်ကူးယဉ်လို့ရအောင်တင်ပေးလိုက်ပါတယ်.... ဂိမ်းကိုအရမ်းဝါသနာပါတဲ့လူတစ်ယောက်ရှိပါတယ်... အဲလူကဘယ်လောက်တောင်ဂိမ်းကိုဝါသနာပါလဲဆိုရင် သူအလုပ်လုပ်နေရင်တောင်ဂိမ်းဆော့တာပါပဲ သူဟာ Level တစ်ခုချင်းဆီကိုအောင် အောင်ဆော့နိုင်ပေမယ့်  နောက်ဆုံး Level မှာ အမြဲရှုံးနေမြဲပါပဲ... နောက်ဆုံး သူအဲဒီ Level ကို ရိုးရှင်းတဲ့တွက်ချက်မှု့တစ်ခုနဲ့အောင်မြင်သွားခဲ့ပါတယ်.. သူဂိမ်းဆော့နေတဲ့တလျောက်လုံး သူနဲ့အတူတွဲဖက်ပြီးဆော့ရတဲ့ ဂိမ်းထဲကဇာတ်ကောင်နှစ်ကောင်ဟာ သူနောက်ဆုံးဂိမ်းကိုအောင်မြင်သွားတဲ့အချိန်မှာတော့ သူအိပ်မက်မက်နေသလို  အပြင်ကိုထွက်လာပါတော့တယ်.... နောက်ပြီးသူ့ကိုလည်း Future Man လို့ခေါ်ပြီးတော့ အနာဂါတ်ကော သူတို့တွေအတွက်ပါ ကယ်တင်ရှင်လို့ယုံကြည်နေကြပါတယ်... ဂိမ်းသာအမြဲဆော့နေတဲ့လူတစ်ယောက်အဖို့ ဒီလိုဂိမ်းထဲကလိုမျိုး Time Travel တွေ လူသတ်တာတွေလုပ်လာရတော့မယ်အချိန်မျိုးမှာတော့ ဘယ်လိုတွေအိုးနင်းခွက်နင်းတွေဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်လားဗျ...   Translators ........ Pone Thone , Avery , Wha.T , Moe.YZ Encoder ...... Moe Myint Lwin Quality .... 720p WEB-DL   Episode (1) YoteShin Link / Openload Link / Solid Drive Link Episode (2) YoteShin Link / Openload Link / Solid ...

Future Man (2017)

The Butterfly Lovers (2017)
The Butterfly Lovers (2017)  မြ၀တီ ပေါ်ကာစက ညစဉ် ခုနှစ်နာရီလောက်မှာထုတ်လွင့်ခဲ့ဘူးတဲ့ချစ်သူ့လိပ်ပြာဆိုတဲ့ကားလေးကို မှတ်မိကြမယ်ထင်ပါတယ်အဖွားကြီးတွေ ကြည့်ပြီး မျက်ရည် တရှုံရှုံနဲ့ငိုလိုက် မာဝန်ချိုင်ဆိုတဲ့လူယုတ်မာကို ဆဲလိုက် မေတ္တာပို့လိုက်နဲ့ ကြည့်ခဲ့ကြတဲ့ကားလေးပါအခုဒီကားလေးကို ပြန်လည်ဆန်းသစ်ပြီးတော့ မင်းသားမင်းသမီးအသစ်တွေနဲ့ ရိုက်ကူးထားတာပါ  ပရိတ်သတ်ကြီးဒီလောက်ပြောတာတောင်မမှတ်မိသေးဘူးဆိုရင်တော့ လျှန်စန်းပေါ် နဲ့ ကျူးရင်ထိုက် ဆိုရင်တော့ မှတ်မိသွားလောက်မယ် ထင်ပါတယ်Butterfly lovers (Liang Shanbo and Zhu Yingtai) ဆိုတဲ့တရုတ်ဒရာမာကားလေးကတော့ဝမ်းနည်းစရာကောင်းတဲ့ အချစ်ပုံပြင်လေးကို ပြန်လည်ပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်ဒီဇာတ်ကားကိုအရင်ကလဲ ရိုက်ကူးဖူးပါတယ်၊ ဒီကားလေးကိုတော့၂၀၁၇ ခုနှစ်မှာပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်Liang Shanbo and Zhu Yingtai ဆိုတဲ့ ဒဏ္ဍာရီ ရိုးရာပုံပြင်လေးဟာနာမည်ကြီးရိုးရာပုံပြင်လေးပုဒ်ထဲကတစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်ကျူရင်းထိုက်ဟာ ချမ်းသာကြွယ်ဝတဲ့ကျူမိသားစုမှ၉ ယောက်မြောက်တစ်ဦးတည်းသောသမီးဖြစ်ပါတယ်သူဟာ ယောကျာ်းလေးလိုဟန်ဆောင်ပြီး အိမ်မှထွက်ပြေးကာဟန်ကျိုးက ရှောင်းရှန်းစာသင်ကျောင်းမှာပညာသွားရောက်သင်ကြားရာမှစာကြမ်းပိုးလေး လျှံရှန်းပေါ်နဲ့တွေ့ဆုံခဲ့ပါတယ် သူတို့နှစ်ယောက်ကအခန်းဖော်တွေလဲဖြစ်ကာရင်းနှီးသွားကြပြီး ရင်းထိုက်ဟာစန်းပေါ်ကိုချစ်ခင်နှစ်သက်သွားပါတယ် ဒါပေမယ့်စာကြမ်းပိုးလေးစန်းပေါ်ဟာ ရင်းထိုက်ကမိန်းကလေးဆိုတာမသိခဲ့ပါဘူး၃ နှစ်ကြာပညာသင်ကြားပြီးနောက်မှာတော့ လျှံစန်းပေါ်ဟာလဲရင်းထိုက်အပေါ်မေတ္တာရှိကြောင်းဖွင့်ဟခဲ့ပါတယ်၊ကျူအိမ်တော်မှသခင်ကြီးကျူဟာသူ့သမီးကို စာဖြင့်ပြန်ခေါ်ကာ ရင်းထိုက်အားမာမိသားစုမှ မာဝန်ချိုင်နဲ့လက်ဆက်ပေးခဲ့ပါတယ်ရင်းထိုက်နောက်ကိုလိုက်သွားခဲ့သော စန်းပေါ်မှာရင်းထိုက်ကမိန်းကလေးဆိုတာသိသွားခဲ့ပါတယ်၊သို့သော်လည်းသူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကတော့ မပြောင်းလဲပဲတည်ရှိခဲ့ပါတယ်စန်းပေါ်တစ်ယောက် ရင်းထိုက်လက်ထပ်ရတော့မည်ကိုသိပြီးရင်းထိုက်ဆီမှပြန်လာကာ အပြင်းဖျားပြီးသေဆုံးသွားပါတော့တယ်မာဝန်ချိုင်နဲ့လက်ထပ်မယ့်နေ့မှာ ရင်းထိုက်ကအိမ်မှခိုးထွက်လာပြီးစန်းပေါ်ရဲ့အုတ်ဂူကိုသွားခဲ့ပါတယ် အုတ်ဂူရှေ့မှာ ရင်းထိုက်တစ်ယောက်အုတ်ဂူကိုဖွင့်ပေးဖို့ ...

The Butterfly Lovers (2017)

2017
Hidden Identity (2015) 7.5
Hidden Identity (2015)  2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကိုရီးယား ရဲစုံထောက်စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အကြမ်းဖက်မှုတွေကို ဖန်တီးနေတဲ့ အကြမ်းဖက်သမားတွေကိုလိုက်လံဖမ်းဆီးတာကို ရိုက်ကူးပြထားတာဖြစ်ပြီးတော့ ရဲနဲ့ လူဆိုး ဥာဏ်ပြိုင်ရပုံတွေလူဆိုးက ရဲထက် တစ်ကွက်သာနေရင် ရဲတွေ အနေနဲ့ တိုင်ပတ်ရပုံတွေနဲ့ထူးချွန်တဲ့ရဲဝန်ထမ်းကောင်းတွေက လူဆိုးတွေကို ရေကုန်ရေခမ်းလိုက်လံဖမ်းဆီးပုံတွေကိုရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ် စုစု ပေါင်း ၁၆ပိုင်းပါဝင်ပြီးတော့စုံထောက်အက်ရှင်ကားကိုကြိုက်နှစ်သက်သူတွေ လက်လွတ်မခံသင့်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်ဗျ Qty - 720p HDTVDuration - 45min per episodeEpisodes - 16Gern - Drama / Action / CrimeEncoder - Kyaw Ye Aung  Download ================== Complete Zip File-  VIP  /  Yoteshin
7.5
TMDb: 7.5/10 2 votes
tv

Hidden Identity (2015)

2015
Runaway (2017)
Runaway (2017) Marvel ကနေ အသစ်ထွက်ထားတဲ့ စီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်....ဒီစီးရီးလေးနာမည်ကတော့ Runaway လို့ခေါ်ပါတယ်...မတူညီတဲ့ အသိုင်းဝိုင်းတွေကနေ ဆင်းသက်လာတဲ့ လူငယ်လေး ၆ ယောက်ဟာသူတို့နားမလည်နိုင်တဲ့ အန္တရာယ် တစ်ခုနဲ့ရင်ဆိုင်လာရပါတယ်....ဒါကတော့ သူတို့မိဘတွေ စုဝေးနေကျ အစည်းအဝေး Pride ဆိုတဲ့နာမည်တစ်ခုအတွက်သူတို့နားမလည်နိုင်တဲ့ အရာတွေစတင်ပေါ်ပေါက်လာပါတယ်....သူတို့တွေဟာ သူငယ်ချင်းတွေဖြစ်ပြီးတော့ ပင်ကိုယ်ဗီဇအရ တစ်ယောက်ချင်းစီမှာအစွမ်းတစ်ခုစီရှိနေကြပါတယ်....ဒီလို လူငယ်လေးတွေဟာ သူတို့မိဘတွေလုပ်နေကြတဲ့ Pride ဆိုတဲ့အရာအတွက်ထူးဆန်းမှု့တွေကို စတင်စုံစမ်းတဲ့အခါ သူတို့ မသိနိုင်တဲ့အရာတွေဟာသူတို့ဆီကိုရောက်လာပါတော့တယ်....  Translator......Thet Htar Phyu Encoder .........Moe Myint Lwin   Complete Zip File  VIP  /  Yoteshin 

Runaway (2017)

Oh My Ghost 8.2
Oh My Ghost IMDB...8.1,,,,Viki...9.4(အပိုင်း ၁+၂+၃+၄+၅+၆+၇+၈+၉+၁၀+၁၁) အပိုင်းသစ်(၁၂+၁၃+၁၄+၁၅)နှင့်ဇာတ်သိမ်းပိုင်း(၁၆) ​ ဒီတစ်​ခါ ၂၀၁၅ခုနှစ်​က ထွက်​ထားတဲ့ ရသစုံ ခံစားရတဲ့ drama ကား​ကောင်း​လေးတစ်​ကား ဖြစ်​တဲ့ oh my ghost ဆိုတဲ့ ဇတ်​ကား​ကောင်း​လေး တစ်​ကားနဲ့ မိတ်​ဆက်​​ပေးလိုက်​ပါတယ်​နာဘိုဆွန်းဆိုတဲ့ကောင်မလေးဟာ စားသောက်ဆိုင်မှာအလုပ်လုပ်နေတဲ့ကောင်မလေးတစ်ယောက်..သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ မကောင်းဆိုးဝါးတွေကိုမြင်နေရတာပဲ...ဒီတော့ကောင်မလေးဟာ အရာရာကိုကြောက်ရွှံအားငယ်နေတတ်တယ်..သူ့ရဲ့အမူအရာတွေဟာလည်း သာမန်လူတွေနဲ့မတူပဲ ကွဲပြားနေတော့ သီးခြားအထီးကျန်ဆန်နေတယ်..ဒီလိုအမူအကျင့်တွေကြောင့်လည်း နာမည်ကျောင်စားဖိုမှူးလည်းဖြစ် စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ ကန်ဆန်းဝူဟာ  သူမကိုသိပ်သဘောမကျဘူး.. .တစ်နေတော့ မတော်တဆမှုနဲ့သေဆုံးပြီး မကျွတ်မလွပ်တဲ့သရဲမဟာ နာဘိုဆွန်းဆိုတဲ့ကောင်မလေးကိုဝင်ပူးသွားတယ်...သရဲမဟာ လူ့ဘ၀တုန်းကလည်း ပြာကလပ်စိန်ဆိုတော့ သရဲဖြစ်တော့ ပိုဆိုးတာပေါ့ ...ထပ်ဆိုးတာက ခပ်အေးအေးနေတတ်တဲ့ နာဘိုဆွန်းပဲ... သရဲမ၀င်ပူးခံရတော့ ပြာကလပ်စိန်နာဘိုဆွန်းဖြစ်သွားတယ်...ပရ​လောကသားဆိုတာတကယ်​မရှိဘူး လို့ခံယူထားပြီး မာနအရမ်းကြီးတဲ့ ဘုဂလန့်လူ့ဂွစာ စားသောက်ဆိုင်ပိုင်ရှင်နဲ့အဲ့ဒီမှာစတွေ့တော့တာပဲ.... ဒီကားက မင်းသားရောမင်းသမီးရောချောသလို ရယ်စရာလေးတွေ ရင်ခုန်စရာလေးတွေစိတ်လှုပ်စရားလေးတွေနဲ့ တကယ့်ကိုကြည့်လို့ကောင်းတဲ့စီးရီးလေးဖြစ်ပါတယ် အပိုင်းက (၁၆)ပိုင်းပဲရှိပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာ ပြန်သူကတော့  Aye Nyein Thu ဖြစ်ပါတယ် File Size…(700 MB)And(320MB) @EpisodeQuality…HDTV Rip 720pFormat…mp4Duration…00:65:00 @ ...
8.2
TMDb: 8.2/10 46 votes
tv

Oh My Ghost

2015

Genres

Archives