Channel Myanmar

New releases (2025)

Content at random


TV Series

GHOUL (2018) Season 1 [COMPLETE] 9.7
GHOUL (2018) Season 1 [COMPLETE] Sacred Gamesနဲ့ အောင်မြင်မှုတွေအများကြီးရခဲ့ပြီးတဲ့နောက် Netflixရဲ့ နောက်ထပ် Bollywood Series တစ်ခုထွက်ရှိလာခဲ့ပါပြီGhoul TV Series ဟာ သုံးပိုင်းသာပါဝင်တဲ့ Mini-Series တစ်ခုဖြစ်ပြီး အဓိကသရုပ်ဆောင်အနေနဲ့တော့ Netflixနဲ့ အကျိုးပေးတဲ့ Radhika Apteနဲ့အတူ Tumhari Suluထဲမှာ အာရွက်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Manav Khaul တို့ပဲဖြစ်ပါတယ်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDB 8.2/10 အထိရရှိထားပြီး Horror, Thriller အမျိုးအစားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံကြီးက တော်တော်ကြီးကို ပြောင်းလဲနေပါပြီဥပဒေတွေ၊ မူဝါဒတွေ၊ နိုင်ငံရေးအယူအဆတွေ၊ ဘာသာရေးအခြေအနေတွေနဲ့ အကြမ်းဖက်မှုများစွာလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ဒီထဲမှာမှ အဆိုးရွားဆုံးအကြမ်းဖက်သမားကတော့ အလီ ဆာအီးဒ် အလ်ယာကွဘ်ပဲ ဖြစ်ပါတယ်ဒီအကြမ်းဖက်သမားကို အထူးတပ်ဖွဲ့တွေက ဖမ်းစီးနိုင်ခဲ့ပါတယ်ဖမ်းစီးရရှိတဲ့အကြမ်းဖက်သမားတိုင်းကို အဆင့်မြင့် စစ်ကြောရေးဋ္ဌာနမှာ စစ်ဆေးလေ့ရှိပြီး ဒီအကြမ်းဖက်သမားကို စစ်ဆေးဖို့ နီဒါဆိုတဲ့ သင်တန်းဆင်း အရာရှိတစ်ယောက်ကို ခေါ်ခဲ့ပါတယ်နီဒါဆိုတာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆိုပေမယ့် မျိုးချစ်စိတ်ရှိသူတစ်ဦးဖြစ်ပြီး ...
9.7
TMDb: 9.7/10 3 votes
tv


2018
Kamen Rider Amazons Season-1 (Completed) 9.5
Kamen Rider Amazons Season-1 (Completed) Tokusatsu ရဲ့  Dark ဖြစ်တဲ့ Series    သို့မဟုတ် Kamen Rider Amazonz 2016   ပုံစံတွေကြည့်ပြီး ကလေးကြည့် Power Ranger ကားလိုမျိုး   တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။   ဒီ Series က ကလေးကြည့်ကားလို့ ပြောလို့မရပဲ    Bloody Scene တွေသေအောင်ပါတဲ့    Kamen Rider ပါ။   အရင် Tokusatsu ကရိုက်တဲ့ Kamen Rider Series   တွေက အကုန်ပေါ့ပေါ့ပါးပါးနဲ့ပဲ လူတိုင်းကြည့်လို့ရအောင်   ရိုက်ထားပါတယ်။သာမန် Kamen Rider တွေထဲက   Power Rangers Logic တွေထဲက မထွက်နိုင်တာမျိုးပေါ့ဗျာ။   ခုတ်လိုက်ရင် မီးပွားလေးတွေပွင့်သွားတာ..   လူဆိုးဆိုရင်လူတွေကို ဘာမှမလုပ်ပဲ အနောက်က    လိုက်ခြောက်နေတာမျိုးတွေ။   ဒီ Series မှာ လိုက်မခြောက်ပါဘူး။   တစ်ခါထဲကို ခေါင်းဖြတ်သတ်ပစ်တာပါ။   ဘာ ဆင်ဆာ မှမပါဘူးနော်။   ဓားကြီးနဲ့ ရွှမ်းခနဲ ပီပီပြင်ပြင်   ဖြတ်ပစ်လိုက်တာ။   ဒီ Amazon Series မှာ မီးပွားပွင့်ထွက်ဖို့နေနေသာသာ   သတ်ပုတ်တဲ့အခန်းတိုင်း သွေးသံတရဲရဲနဲ့ဖြစ်နေတာမို့လို့    ငါကြည့်နေတာ Kamen Rider လား လူသတ်ကားလား   လို့တောင် တွေးမိတဲ့အထိပါပဲ။   သရုပ်ဆောင်တွေ သရုပ်ဆောင်ချက်ကလည်း    ပြောစရာမလိုဘူး။မိတ်ကပ် Effect ...
9.5
TMDb: 9.5/10 2 votes
tv

Kamen Rider Amazons Season-1 (Completed)

2016
The Heir 2013 (Completed) 7.6
The Heir 2013 (Completed) တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အားပေးမှု့အပြည့်ဝရရှိထားတဲ့   မင်းသားလီမင်ဟို နဲ့ မင်းသမီးပတ်ရှင်ဟေးတို့ရဲ့   အကောင်းဆုံးတွေထဲက အကောင်းဆုံးစီးရီးတစ်ခုဖြစ်ပါတယ်...   ဒီစီးရီးလေးဟာ   Rating 7.6/10 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်   American Digital Distribution Platform 'Dramafever' နဲ့   Korean Production တို့က ပထမဆုံး Co Produced ပြုလုပ်ထားတဲ့   Drama အမျိုးအစားဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။   တောင်ကိုရီးယားမှာလည်း တော်တော်လေး Hit ဖြစ်ခဲ့ပြီး   Asia မှာလည်း အရမ်းလူကြိုက်များခဲ့ပါတယ်.....   ဒီစီးရီးလေးဟာဆိုရင်   နာမည်ကြီးစာရေးဆရာမ ( Decendents of the Sun , Goblin) တို့ကို ရေးတဲ့   စာရေးဆရာမ Kim Eun Seok ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်   Hallyu လောကမှာ နာမည်ကြီး ပရိသတ်အခိုင်အမာရထားတဲ့   Lee min ho နဲ့ Park Shin Hye ကိုတွဲပေးထားပြီး   အရံ ဇာတ်ပို့တွေကအစ နာမည်ရထားတဲ့သူတွေပဲ သုံးထားလို့   မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားခဲ့တဲ့စီးရီးလေးလည်းဖြစ်ပါတယ်...   ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်   ချမ်းသာပြီးအထီးကျန်ဆန်နေရတဲ့သူဌေးသားလေး ကင်တန်နဲ့   သူဆင်းရဲမလေး ချားအွန်ဆန်းတို့ ...
7.6
TMDb: 7.6/10 15 votes
tv

The Heir 2013 (Completed)

2013
Are You Human Too? (2018) [COMPLETE] 6
Are You Human Too? (2018) [COMPLETE] Science fiction ကား​တွေကို နှစ်​သက်​တဲ့ ပရိသတ်​​တွေအတွက်​​ရော ro မှ ro တစ်​လိုင်းဆိုတဲ့ ပရိသတ်​​တွေအတွက်​​ရော အားလုံး​စောင့်​​မျှော်​​နေတဲ့ Are U Human Too.....ဆိုတဲ့ K Drama ​လေးကို တင်​ဆက်​​ပေးလိုက်​တယ်​​နော်​...ချမ်းသာတဲ့ သူ​ဌေးကြီးရဲ့ ​မြေးဖြစ်​တဲ့ နမ်​ရှင်းဟာ PK Group ရဲ့ အမွေဆက်ခံသူဖြစ်​ပြီး အဖိုးရဲ့ခြိမ်း​ခြောက်​မှု​ကြောင့်​ ၇နှစ်​အရွယ်​ကတည်းက မိခင်​ဖြစ်​သူနဲ့ ခွဲ​နေရတဲ့သူပါ။နမ်​ရှင်းရဲ့မိခင်​ဖြစ်​တဲ့ Oh Ro Ra ဟာ စက်​ရုပ်ပိုင်းဆိုင်​ရာ လူသားမှတ်​ဉာဏ်​တုပြုလုပ်​တဲ့ ပညာရှင်​တစ်​ဦးဖြစ်​ပြီး နိုင်​ငံခြားမှာ​နေရ​ပေမယ့်​ သားဖြစ်​သူနဲ့ ရုပ်​ပုံစံတူ နမ်​ရှင်း 1 နဲ့ နမ်​ရှင်း 2 AI စက်​ရုပ်​​တွေပြုလုပ်​ပြီး သားကိုအလွမ်း​ဖြေ​နေရသူဖြစ်​ပါတယ်​။မိခင်​ကိုရှာဖို့ ချက်​ကိုစလိုဗားကီးယားနိုင်​ငံကို​သွားတဲ့နမ်​ရှင်း တစ်​​ယောက်​ ကားအက်ဆီးဒင့်ဖြစ်ပြီး Coma ဖြစ်သွားတဲ့အခါမှာ​တော့ မိခင်​ Oh Ro Ra ဟာ သားရဲ့အ​မွေဆက်​ခံသူ​နေရာ မ​ပျောက်​ပျက်​​ရေးအတွက်​ ...
6
TMDb: 6/10 1 votes
tv

Are You Human Too? (2018) [COMPLETE]

2018
She Was Pretty (2015) 7.1
She Was Pretty (2015) ဒီစီးရီးလေးကတော့ ဒုက္ကဌကြီးလို့ လူသိများနေတဲ့ ကိုရီးယားမင်းသားချောလေး Park Seo Jun ရဲ့ အောင်မြင်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်... ငယ်ငယ်တည်းကဖက်တီးလို့လူတွေရဲ့အနှိမ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အပေါ်ကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံခဲ့တဲ့  ကောင်မလေးတစ်ယောက်ကို သံယောဇဉ်မိသွားခဲ့ပါတယ်... အဲဒီကောင်မလေးကလည်း အရမ်းအရမ်းကိုချောလို့ တစ်ကျောင်းလုံးမှာ သူမကိုလိုချင် အတွဲလုပ်ချင်တဲ့လူတွေကများလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သူမဟာအဲဒီဖက်တီးလေးကိုပဲ သံယောဇဉ်ဖြစ်နေခဲ့တာ အခက်သားရယ်... သူတို့နှစ်ယောက်အသက်ငယ်ရွယ်စဉ်မှာ ခွဲခွာခဲ့ရပြီးတော့ အသက်ကြီးလာလို့ သူတို့နှစ်ယောက်အတူပြန်ဆုံကြတော့မယ့်အချိန်မှာ အရာရာအားလုံးကပြောင်းလဲသွားပါတော့တယ်... ကင်ဟီဂျင်းဆိုတဲ့ မိန်းမချောလေးရဲ့မိဘတွေက စီးပွားပျက်ပြီးတော့ သူမရဲ့ချောမောလှပနေတဲ့ ရုပ်ကလေးဟာ ပင်ပန်းမှု့တွေကြောင့် ရုပ်ဆိုးသွားခဲ့ရပြီးတော့ သူမသံယောဇဉ်ဖြစ်ခဲ့တဲ့ သူမရဲ့ငယ်ချစ်ဦး ဂျီဆောင်းဂျွန်းကတော့ ဖက်တီးလေးမဟုတ်တော့ပဲ မင်းသားလေးတစ်ပါးလို ချောမောခန့်ညားလာခဲ့ပါတယ်.. ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ဆုံကြမယ့် အချိန်မှာတော့  သူမရဲ့ရုပ်ဆိုးတဲ့ မျက်နှာလေးကို သူမသိပ်ချစ်ရတဲ့ ကောင်လေးစိတ်ပျက်သွားမှာစိုးလို့ဆိုပြီး သိပ်ကိုချောတဲ့ သူမရဲ့သူငယ်ချင်း မင်ဟာရီနဲ့ လူစားလဲပြီး ဇာတ်လမ်းရဲ့အရှိန်ကို ပထမပိုင်းမှာမြှင့်လိုက်ပါတယ်... တကယ်တော့ မိန်းကလေးတွေဆိုတာ ကိုယ်ချစ်တဲ့လူက ကိုယ့်ကို သူ့အမြင်မှာလှနေတာပဲမြင်ချင်နေကြတာပါပဲ.... သူ့ချစ်ရတဲ့ အချစ်ဦးကောင်လေး သူ့ကိုစိတ်ပျက်မှာစိုးလို့ လူစားလဲလိုက်တဲ့ ကောင်မလေးနဲ့ သူငယ်ငယ်က သံယောဇဉ်ရှိခဲ့တဲ့ ကောင်မလေးကိုတွေ့ချင်လို့ပြန်လာတဲ့ ကောင်လေးဂျီဆောင်းဂျွန်းနဲ့  ချောမောလှပတဲ့  ကင်ဟီဂျင်းရဲ့အချစ်ဆုံးသူငယ်ချင်း မင်ဟာရီတို့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ  ဒီဇာတ်လမ်းတွဲလေးထဲမှာကြည့်လိုက်ကြရအောင်လား... (တကယ်တော့ အချစ်ဆိုတာ လှတာရုပ်ဆိုးတာနဲ့မဆိုင်ပါဘူး... ကိုယ်တကယ်ချစ်လာရင် အလိုလိုနေရင်းလှလာကြတာပဲ ဟုတ်တယ်ဟုတ် ???)   Quality ..... HDTV 720p   Running Time .... 01:00:00   Translator ...... Hnin Kyi Thar Oo   Encoder ... Moe Myint Lwin   Episode Complete (5.5GB) - ...
7.1
TMDb: 7.1/10 10 votes
tv

She Was Pretty (2015)

2015
Demi-Gods and Semi-Devils (completed) ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ်ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့ ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့ Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့ မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ် `လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း `တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါသို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ် ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့ တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့ ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့ မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့ မြောက်ပိုင်းချောင်ဖုန်းလို့ ...

Demi-Gods and Semi-Devils (completed)

2003
Shooter Season1/2/3 6.8
Shooter Season1/2/3 အခုတစ်ခါတော့ စနိုက်ပါကားမတင်ဘူးလားလာလာမေးနေကြတဲ့သူတွေအတွက် Shooter ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ IMDb မှာ ၇.၈ ထိ ရထားပြီးတော့စစ်ကား ကြိုက်တဲံသူတွေအတွက်လည်း ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဗျ ဇာတ်လမ်း လေးကတော့အမေရိကန်စစ်တပ်ကနေ အနားယူထားတဲ့ လက်ဖြောင့်တပ်သားဘော့ ဟာ တောထဲမှာအေးဆေးဆေး အမဲလိုက်ရင်း သူ့ရဲ့ သေနတ်ပစ်စွမ်းရည်ကိုလေ့ကျင်းရင်းအေးအေးဆေးဆေး နေထိုင်သူပါ ဒီလိုနဲ့ တစ်နေ့မှာ သမ္မတကိုလုပ်ကြံမှုကိစ္စမှာ ပတ်သက်မိပြီးသူပါ အရှူပ်ထုပ်ထဲကိုပါဝင်ရပါတော့တယ် ကဲ ပရိတ်သတ်ကြီးရေ အခု အပိုင်းမှာဘော့ တစ်ယောက်သူ အပြစ်မရှိကြောင်းကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ဆက်လက်ကြည့်လိုက်ပါတော့နော် Shooter Season 01 ===========================Zip File  - Yoteshin / Megaup Season 2  ဆက်လက်ထွက်ရှိထားတဲ့ Shooter Season 2 ကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် မင်းသား ဖိလစ်ဟာ ဒီစီးရီးကိုရိုက်ကူးနေတုန်းမှာပဲ မတော်တဆမှုတစ်ခုဖြစ်ပြီးခြေထောက်ကျိုးခဲ့ပါသေးတယ် လက်ရှိမှာတော့Season 02 ကို ၈ပိုင်းထွက်ထားပြီးJun လ 21 မှာ Season 03 ကို ဆက်လက်ထုတ်လွင့်မှာပါSeason 01 တုန်းက ဆယ်ပိုင်းထွက်ခဲ့ပြီးတော့မထင်မှတ်ထားတဲ့ ...
6.8
TMDb: 6.8/10 350 votes
tv

Shooter Season1/2/3

2016
What’s Wrong With Secretary Kim (2018) 8
What’s Wrong With Secretary Kim (2018) မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲက Jung Kyun Yoon ရဲ့ နာမည်ကြီး webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။မင်းသားရော မင်းသမီးရော ဇာတ်လမ်းနဲ့တွဲဖက်ညီလှပါတယ်။ဒီဇာတ်လမ်းမှာ Park Seo Joon က ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌ လီယောင်ဂျွန်းအဖြစ်ပါဝင်ထားပြီး Park Min Young ကတော့သူရဲ့ Secretary ဂင်မီဆိုအဖြစ်ပါဝင်ထားပါတယ်..။ဒုဥက္ကဌလီယောင်ဂျွန်းက လုပ်ငန်းပိုင်းမှာအောင်ကျော်ကြားယုံတင်မဟုတ်ဘဲ Personal ပိုင်းအရလဲ သန့်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမယ့် မိန်းမဆိုရင် လုပ်ငန်းသဘောကလွဲလို့ အကပ်မခံသူမို့ မိဘတွေကိုယ်တိုင်က သူတို့သားလေး အပုန်းဖြစ်နေမှာကို စိုးရိမ်နေရရှာတဲ့ ကိုယ်တော်ချောပါ။အလုပ်ကိုလဲ နင်းကန်ဖိလုပ်တတ်သူဖြစ်သလို သေချာတိကျပြီး သူများမှားရင်လဲ အလိုလို အလာ့ဂျစ်ထလာတတ်တဲ့ ဇီဇာကြောင် လူထူးချွန်ပါ။ ဘယ်သူ့ကိုမှ တော်ယုံမကိုးစားတတ်တဲ့ကိုယ်တော်ချောရဲ့ ဘေးမှာ အတွင်းရေးမှူးရာထူးယူထားရတဲ့ ဂင်မီဆိုရဲ့ ဘဝကတော့ ပြောဖွယ်ရာမရှိတော့ပြီ....အလုပ်ပြီးအလုပ်ပဲဆက်နေလို့ ...
8
TMDb: 8/10 3 votes
tv


2018
[18+] A Peeping Hole (or) Nozoki Ana (2014)
[18+] A Peeping Hole (or) Nozoki Ana (2014)  Dark Side Production မှ ပထမဆုံးတင်ဆက်လိုက်သော 18+ ဂျပန်စီးရီးလေးပါ။စုစုပေါင်း အပိုင်း(၈)ပိုင်းရှိပါတယ်။ ဇာတ်ကားရဲ့ဂျပန်နာမည် Nozoki Ana ဆိုတာကတော့ ချောင်းကြည့်ပေါက်လို့အဓိပ္ပါယ်ဖွင့်ရမလားပဲ။Nozoki Ana ဆိုတဲ့ ဂျပန် Manga စာအုပ်ကိုအခြေခံပြီး Live Action အဖြစ်အသက်သွင်းထားတဲ့ စီးရီးလေးပါ။ဇာတ်လမ်းကတော့...အဆောင်နေကျောင်းသားလေးတစ်ယောက်နဲ့ ဘေးခန်းကိုပြောင်းလာတဲ့ ချစ်စရာကောင်မလေးနဲ့နံရံပေါ်ကအပေါက်တစ်ပေါက်ကိုအပြန်အလှန်ချောင်းရာကနေ ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးပါ။ကောင်လေးမှာချစ်ရတဲ့ကောင်မလေးကလဲရှိ...သူ့ကောင်မလေးမှာလဲ လျှို့ဝှက်ဇာတ်လမ်းတွေကရှိ...ကောင်လေးရဲ့ငယ်ချစ်ဟောင်းနဲ့ဇာတ်လမ်းလေးတွေ...ဆရာမနဲ့ဇာတ်လမ်းလေးတွေ....ဘေးခန်းကကောင်မလေးနဲ့သူငယ်ချင်းကောင်မလေးရဲ့ဇာတ်လမ်းလေးတွေ...အစုံပလုံပါပဲ။ဂျပန် Ecchi ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အကြမ်းတွေတော့ပါတာပေါ့...ဒါကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေလက်ရှောင်ရမယ့်ဇာတ်ကားပါ။မင်းသားလေးကချောသလို မင်းသမီးလေးတွေကလဲ အကုန်အမိုက်စားတွေချည်း။တစ်ရက်တစ်ပိုင်းတင်ဆက်သွားမှာပါ။(Jueno , Dark Kimchi , Dark Sithu တို့မှတင်ဆက်ထားတာပါ။)  Quality – HDTV Rip 720pDuration – 50 Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Encoder – RGB   Episode (1)>>> Gdrive(500MB)  ၊ Soliddrive(500MB) ၊ ...

[18+] A Peeping Hole (or) Nozoki Ana (2014)

Deception 7
Deception  ဒီတစ်ခါ CM ပရိတ်သက်တွေ အတွက်စိတ်လှုပ်ရှားပြီး ပျော်ရမယ့် TV Series တစ်ခု သယ်လာပါပြီမျက်လှည့် လှည့်ကွက်တွေ နဲ့ အတူ တမျိုးပြီး တစ်မျိုး မရိုးနိုင်တဲ့လျို့ဝှတ်ချက်တွေကို ကြည့်ရပါမယ်...ဇတ်လမ်းပုံစံလေးကတော့နာမည်ကျော် မျက်လှည့်ပညာရှင် ကမ်မရွန် ဟာသူ့ရဲ့ အအောင်မြင်ဆုံး မျက်လှည့်ပွဲ တစ်ခု အပြီးမှာအရမ်းလန်းတဲ့ ကောင်မလေးနဲ့ ကားမောင်းထွက်ခဲ့ပါတယ်လမ်း တစ်နေရာအရောက်မှာတော့ ကားတစ်စီးကသူတို့ကားကို ဝင်တိုက်ပြီး ကမ်မရွန်လဲ သတိမေ့သွားပါတယ်သူသတိ ပြန်ရလာတဲ့ အချိန်မှာတော့ သူ့အိမ်က အိပ်ရာထဲကိုပြန်ရောက်နေတာ ဖြစ်ပြီး ရဲတွေက လာဖမ်းခေါ်သွားပါတယ်သူ့ကောင်မလေးကို သတ်တဲ့ အမှုနဲ့ပေါ့...ဒီတော့ကာ ကင်မရွန် ရဲ့ အရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲ ဆိုတာရယ် ဒီထဲကိုFBI က စုံထောက်မလေး နဲ့ ပါတနာ တစ်ယောက်ပါပါဝင်လာခဲ့သော် အခါ ဇတ်လမ်းက ပိုလှသွားပါတယ်...လောလောဆယ် လူစီဖာ ကို လွမ်းနေတဲ့ ပရိတ်သက်တွေကြည့်သင့်တယ်လို့ ညွှန်းဆိုပါရစေ... ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ El'Moh နဲ့ Wai Zin ဖြစ်ပြီးThit San Khant ...
7
TMDb: 7/10 16 votes
tv

Deception

2018
Please Come Back, Mister 7
Please Come Back, Mister ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Rain,  Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်...တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာလုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့်နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့ယောကျာင်္းတစ်ယောက်နဲ့ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ယောကျာင်္းတစ်ယောက်တို့ရဲ့သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်...သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်းတစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်...နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်..ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး..ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှပြန်လာခဲ့ရပါတယ်...ဒါကြောင့် အဲဒီယောကျာင်္းနှစ်ယောက်မှာ တစ်ယောက်ကယောကျာင်္းပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုရလိုက်ပါတယ်..ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး...သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလိုကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့်ဝမ်းနည်းစရာလည်းကောင်းပါတယ်...ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်းQuality ကောင်းကောင်းနဲ့ကြည့်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်.... Quality ... HDTV 720p Running Times ... 01:00:00 Encoder .... Moe Myint LwinComplete Zip VIP  /  Yoteshin[1-8]  /  Yoteshin[9-16] Episode ( 1 )
7
TMDb: 7/10 7 votes
tv

Please Come Back, Mister

2016
Lawless Lawyer (2018) [COMPLETE] 6
Lawless Lawyer (2018) [COMPLETE] အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။အားလုံးရဲ့ အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။  Translator - Aye Mon Kyaw / Carey Nyein / HJ SH /Kyar Phyu Lwn Encoder - Kyaw Ye Aung ...
6
TMDb: 6/10 1 votes
tv


2018
The New Legends of Monkey (2018) Season 1 [COMPLETE] 6.4
The New Legends of Monkey (2018) Season 1 [COMPLETE] အပိုင်း ၁၀ ပိုင်းသာထွက်ရှိထားတဲ ဒီစီးရီးလေးကိုလူတိုင်းကြည့်ရှု့လို့ရအောင်အစအဆုံးတင်ပေးထားပါတယ်..ဒီစီးရီးလေးကတော့ Rating 6.6 ရရှိထားပြီး တရုတ်ကဖန်တီးထားတဲ့မျောက်မင်းအကြောင်းကို အသစ်တဖန်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…မိစ္ဆာတွေကြီးစိုးလာတဲ့ အချိန်မှာ မျောက်မင်းကဒီမိစ္ဆာတွေလက်ထဲကိုကျမ်းစာတွေကိုမရအောင် ကမ္ဘာအရပ်ရပ်ကထောင့်စွန်းနေရာတွေမှာကျမ်းစာတွေကို တစ်နေရာစီ မြှပ်နှံခဲ့ပါတယ်…ဒါပေမယ့် မိစ္ဆာတွေအင်အားကြီးစိုးလာတဲ့အချိန်မှာတော့ဒီကျမ်းစာတွေကို ပြန်ရှာပြီး မိစ္ဆာတွေကို ပြန်လည်နှိမ်နင်းဖို့အတွက်အကြောင်းဖန်လာပါတော့တယ်….အဲအချိန်မှာ မျောက်မင်းဟာ ကျမ်းစာတွေကိုခိုးယူတယ်ဆိုပြီးကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်းကို နှစ်ပေါင်းများစွာခံနေရတဲ့အချိန်ဖြစ်ပါတယ်…ဒါကြောင့် မျောက်မင်းကိုလွှတ်ပေးဖို့အတွက် တစ်ယောက်တည်းသောလူတစ်ယောက်က သူရဲ့ကံကြမ္ပာရဲ့အလိုအရ အတားဆီးတွေကို ဖြတ်သန်းပြီးမျောက်မင်းအပြစ်ဒဏ်ခံနေရတဲနေရာဆီကိုသွားပါတော့တယ်…ဒီစီးရီးလေးဟာ အရင်ကကြည့်ခဲ့ဖူးတဲ့ Journey To The West တို့လိုပုံစံမျိုးဖြစ်ပြီးတော့ သြစတေးလျနဲ့နယူးဇီလန်တို့မှာ ရိုက်ကူးခဲပါတယ်…. Quality … 1080 WEB Running Time …. 24 Min Translator Arrow Team (MKN) AaN) Encoder …. Moe Myint Lwin Moe Myint LwinEpisode (1)                Complete ...
6.4
TMDb: 6.4/10 4 votes
tv

The New Legends of Monkey (2018) Season 1 [COMPLETE]

2018
Patrick Melrose (2018) [COMPLETE] 10
Patrick Melrose (2018) [COMPLETE] BC ရဲ့ ဇာတ်ကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် BC ပါဝင် သရုပ်ဆောင်ထားတဲ့ Patrick Melrose ဆိုတဲ့ mini series တစ်ခု မနေ့က စပြီး ပြသနေတယ်ဆိုတာ သတင်းကောင်းပါတယ်နာမည်ကြီး စာအုပ် ၅ အုပ်တွဲ စာအုပ်စီးရီးကို Showtime ရုပ်သံလိုင်းက ပြန်လညိအသက်သွင်းရိုက်ကူးထားတဲ့ Mini Series ကို အပတ်စဉ် စနေနေ့ညတိုင်း ထုတ်လွင့်ပြသ သွားမှာဖြစ်ပါတယ်၊BC ကတော့ အဓိကဇာတ်ကောင် Patrick Melrose နေရာမှာ အထူးသရုပ်ဆောင်ထားပြီး trailer ကြည့်ကတည်းက တော်တော်ကြွေမိပါတယ် ကိုယ်တွေ BC ရဲ့ သရုပ်ဆောင်မှု ကတော့ သိတဲ့အတိုင်း ရှယ်ပဲလေဒီဇာတ်ကားရဲ့ မူရင်းစာအုပ်နဲ့ ပတ်သတ်ပြီး Kyaw HtetWai ရေးထားတာလေးကို ဝေမျှပေးလိုက်ပါတယ်The Patrick Melrose Novels(Patrick Melrose 1-4) ========================================= Patrick Melrose လို့ ပြောလိုက်တာနဲ့ Bookworm တိုင်းလိုလို ခေါင်းလေးတွေ ထောင်လာကြမှာပါ။ အလွန်နာမည်ကြီးခဲ့ပြီး 21 ရာစု၏ ...
10
TMDb: 10/10 2 votes
tv


2018
Supergirl Season 3 [COMPLETE] 5.6
Supergirl Season 3 [COMPLETE] မွန်အယ်လ် မရှိတော့လို ့ဝမ်းနည်းပူဆွေးနေတဲ့ စူပါဂဲလ်တစ်ယောက်သူ ့ရဲ ့ပူဆွေးမှုတွေကို လက်မခံနိုင်ပဲ စူပါဟီးရိုး အလုပ်ကို အလွန်အကြွံလုပ်ရင်းနဲ ့ဖြေသိမ့်နေခဲ့တယ်သူ ့ရဲ ့ကာရာ ဒန်ဗာစ် ဆိုတဲ့ ဘဝကို လက်မခံနိုင်ဖြစ်နေပြီးစူပါဂဲလ် ဖြစ်ဖို ့နဲ ့ကမ္ဘာကြီးကို အာရုံစိုက်ဖို ့ကိုသာ အာရုံစိုက်နိုင်နေခဲ့တယ်ဒီလိုနဲ ့စူပါဂဲလ်တစ်ယောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါ့မလားတစ်ဖက်မှာလည်း အဲလက်စ် တစ်ယောက် သူ ့ရဲ ့ခံစားချက်တွေကို မက်ဂီ ကိုဖွင့်ချပြောပြလိုက်ပါတယ်သူတို ့နှစ်ယောက်ရဲ ့ရှေ ့ရေးကကော ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို Season 3 မှာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာTranslated by Scrn,Ye Man AungEncode by Thanhtike Zaw  Complete Zip File   VIP   /  Yoteshin[1-12]  /  Yoteshin[13-23]
5.6
TMDb: 5.6/10 455 votes
tv

Supergirl Season 3 [COMPLETE]

2015
The King Dae Joyoung(2006)[Complete]
The King Dae Joyoung(2006)[Complete] The King Dae Joyoung(2006)ဇာတ်လမ်းတွဲ***************************************အပိုင်း (၁ )မှ (၁၃၄)စ/ဆုံးဂျူမုံတည်​​ထောင်​ခဲ့တဲ့ အင်​အားကြီးမားတဲ့ ဂိုဂူ​လျော ပျက်​သုန်​းပြီးတဲ့​နောက်​မှာ​တော့နှစ်​​ပေါင်​း ၃ဝအကြာမှာ ဂိုဂူ​လျောကိုဆက်​ခံပြီး ကျယ်​ပြန်​့တဲ့ ဘားဟယ်​အင်​ပါယာကိုတည်​​ထောင်​ခဲ့တဲ့ ဒယ်​ဂျို​ယောင်​းကို​တော့ ကိုးရီးယားစစ်​ကား ဝါသနာရှင်​​တွေ မသိတဲ့သူခပ်​ရှားရှားရယ်​ပါ။အင်​အားအကြီးဆုံးဖြစ်​တဲ့ ထန်​နိုင်​ငံနဲ့ ဂိုဂူ​လျော တို့တိုက်​ပွဲဖြစ်​​နေချိန်​မှာဂိုဂူ​လျောစစ်​သူကြီး ဒယ်​ဂျွန်​ဆန်​းရဲ့သား ​ ဒယ်​ဂျို​ယောင်​းကို ​စစ်​ပွဲကြားမှာ ​မွေးဖွားခဲ့ပါတယ်​။ တစ်​ချိန်​ ဘုရင်​ဖြစ်​လာလိမ့်မယ်လို့နမိတ်ဖတ်ခံထားရတဲ့သူပေါ့၊ဂိုဂူ​လျောရဲ့ ထိပ်​တန်​း စစ်​သူကြီးဖြစ်​တဲ့ ​ယောင်​းဂယ်​ဆိုမွန်​က ဒီက​လေးကိုသတ်​ဖို့ရည်​ရွယ်​ခဲ့​ပေမယ်​့ သူတို့မရှိ​တော့တဲ့တစ်​​နေ့ ​နောင်​တစ်​ချိန်​ ဂိုဂူ​လျောက်​ုိ ဒီက​လေး​စောင်​့​ရှောက်​လိမ်​့မယ်​ဆိုတဲ့စစ်​သူကြီး ယန်​းမန်​ချွန်​းရဲ့စကား​ကြောင်​့ အသက်​ချမ်​းသာ​ပေးခဲ့ပြီး ဒယ်​ဂျို​ယောင်​း​လေးကို​မွေးဖွားစဉ်​ကတည်​းက မိခင်​နဲ့ခွဲပြီး ​ယောင်​းဂယ်​ဆိုမွန်​ရဲ့အိမ်​မှာ ဂယ်​တုံ (​ခွေး​ကောင်​​လေး) ဆိုတဲ့ နာမည်​နဲ့ ​ကျွန်​အဖြစ်​​ခေါ်ထားခဲ့ပါတယ်​။​ယောင်​းဂယ်​ဆိုမွန်​ရဲ့ ကျွန်​အဖြစ်​ကြီးပြင်​းခဲ့ရတဲ့ ဂယ်​တုံ​လေးဟာ သူ့ရဲ့နာမည်​အရင်​းနဲ့ မိဘ​တွေကိုသိလိုသူဖြစ်​ပြီး စစ်​​ရေးနဲ့ စာ​ရေးစာဖတ်​ကို ကိုယ်​တိုင်​သင်​ယူခဲ့ပါတယ်​။ဒယ်ဂျိုးယောင်းတစ်ယောက် ကျွန်အဖြစ်ကနေသူရဲကောင်း  တစ်ယောက်အဖြစ် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ခံ စားကြည့်လိုက်ပါဦး.....အချိုးအကွေ့အလှည့်အပြောင်းတွေ ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အတက်အကျ ...

The King Dae Joyoung(2006)[Complete]

2006
14-year-old Mother(2006) TV Series 8
14-year-old Mother(2006) TV Series Jû yon sai no haha (2006)၁၄ နှစ်အရွယ်ကျောင်းသူလေးတယောက်မှာ ကိုယ်ဝန်ရှိလာတဲ့အခါလွန်ခဲ့တဲ့နှစ်တွေက မြန်မာကားအများစုမှာ အိမ်ထောင်ရေးပြဿနာ တွေ တဒင်္ဂစိတ်လွတ်လို့ ဘဝပါပျက်ရတာတွေကို ဇာတ်ဆင်ဖွဲ့ ရိုက်ကြပေမယ့် ပေါ့ပေါ့လေးရိုက်တဲ့အချိန်မှာ ပေါ့ပေါ့လေးထွက်လာပြီး အနှစ်သာရနဲ့ပညာပေးဆိုတာဘယ်နားနေခဲ့မှန်းမသိပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းတွဲလေးမှာတော့ တကယ့်ဒရာမာ အရသာစစ်စစ်ကိုခံစားရပြီး ကြည့်ပြီးတဲ့အခါ ကြည့်ရကျိုးနပ်လိုက်တာလို့ခင်ဗျားတို့တွေးနေရပါလိမ့်ဆိုတာ ကျွန်​​တော်​အာမခံရဲပါတယ်။၁၄ နှစ်အရွယ်ကျောင်းသူ အီချိနိုဆေး မီကီ သူကတော့ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနဲ့ အပူအပင်မရှိ နေ့စဉ်ဘဝဖြတ်သန်းနေသူလေး မောင်လေးတယောက်ရှိပြီး အဖေနဲ့အမေနဲ့ကလည်း အလုပ်ကြိုးစားလို့ သာယာချမ်းမြေ့တဲ့ မိသားစုရိပ်မြုံပိုင်ဆိုင်ထားရတယ်။ တဖက်က ဆာတိုရှီ ကီရီနို ဖခင်ဆုံးသွားတဲ့နောက် အမေဖြစ်သူရဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေအောက်မှာ ဖိအားတွေနဲ့လှုပ်ရှားနေရသူ။ ဒီကလေးနှစ်ယောက်ဆုံတွေ့မိပြီး မထင်မှတ်ထားတဲ့အခြေအနေတခုမှာ မှားယွင်းမိတဲ့အခါ။အပြင်လောကမှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ယှဉ်ပြီး ဆယ်ကျော်သက်မိန်းကလေးအတွက် ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းနဲ့ အန္တရာယ် နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကို မြင်သာထင်သာအောင်အကောင်းဆုံး message ပေးထားနိုင်တဲ့ ဇာတ်လမ်းတွဲတပုဒ်ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုဘယ်လိုထိန်းသိမ်းသင့်လဲ။ နှစ်ဦးသဘောတူပဲဖြစ်စေ အဓမ္မအပြုခံရသည်ဖြစ်စေ ဒီလိုအခြေအနေရောက်လာရင်ရော ကိုယ်ဆိုရင်ဘယ်လိုဖြေရှင်းမှာလဲ။ ၁၄ နှစ် ၁၅ နှစ်အရွယ်တွေမှာ ချစ်ပိုင်ခွင့်မရှိဘူးလား။ သင်သာ မီကီရဲ့ဆွေမျိုးသားချင်းဖြစ်ခဲ့ရင် ဘယ်လိုအကြံပေးမိမလဲ။ မီကီကရော ပတ်ဝန်းကျင်ကိုရင်ဆိုင်ပြီး ကလေးကိုမီးဖွားနိုင်မှာလား။၂၀၀၆ အောက်တိုဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ NTV ကနေထုတ်လွှင့်ပြသခဲ့တဲ့ ဒီစီးရီးဟာ ကြာချိန် ၄၄ မိနစ် ပျှမ်းမျှနဲ့ အပိုင်း ...
8
TMDb: 8/10 2 votes
tv


2006
Rich Man (2018) TV Series 6
Rich Man (2018) TV Series ကဲ အားလုံး​မျှော်​လင့်​​နေကြတဲ့ EXOရဲ့ Leader ကြီးSuho main lead အဖြစ်​ပါဝင်​ထားတဲ့ Rich Man, Poor Woman ဆိုတဲ့romatic comedy ကား​လေးကိုတင်ဆက်ပေးလိုက်ပါပြီNext In ဆိုတဲ့ ITကုမ္ပဏီတစ်​ခုရဲ့ CEO ဖြစ်​တဲ့ လီယိုချန်း( suho ) ဟာလူငယ်​ကျွမ်းကျင်​ပညာရှင်​​တွေ အလုပ်​ဝင်​ချင်​ဆုံးကုမ္ပဏီကိုတည်​​ထောင်​ထားသူဖြစ်​ပါတယ်​။အသက်​၂၀​ကျော်​နဲ့ ကုမ္ပဏီတစ်​ခုကိုတည်​​ထောင်​ထားတဲ့ လီယိုချန်းဟာကိုယ့်​ကိုကိုယ်​အထင်​ကြီးပြီး လူ​တွေကို​တော်​ရုံတန်​ရုံနဲ့မယုံတတ်တဲ့အပြင်​လူ​တွေရဲ့မျက်​နှာကို မှတ်​မိနိုင်​စွမ်းမရှိပါဘူး။ ဂျယ်​ဂျူကျွန်းမှာ ​မွေးဖွားခဲ့တဲ့ကင်​ဘိုရာ(Ha Yeon-Soo) က​တော့ ထက်​မြတ်​ပြီး မိသားစုကဂုဏ်​ယူရတဲ့​ကောင်​မ​လေးတစ်​​ယောက်​ပါ။ ဆိုလ်းမှာ​ကျောင်းတတ်​​နေတဲ့ သူမကိုမိသားစုက ​အများကြီး​မျှော်​လင့်​ထားပြီး သူမရဲ့အိမ်​မက်​က​တော့Next In မှာအလုပ်​ရဖို့ပါပဲ။ သွက်​လက်​ထက်​မြတ်​တဲ့ ​ကောင်​မ​လေးကင်​ဘိုရာကို သ​ဘောကျတဲ့ Nest In ရဲ့ ဒုဥက္ကဌအဖြစ်​ မင်​ထယ်​ဂျို(Oh Chang Suk)က ပါဝင်​သရုပ်​​ဆောင်​ထားပြီး လီယိုချန်းကိုစိတ်​ဝင်​စား​နေတဲ့ မင်​ထယ်​ရာက​တော့ မင်​ထယ်​ဂျိုညီမ ပြခန်းမှူးတစ်​​ယောက်​ပဲဖြစ်​ပါတယ်​။ဒီကား​လေးက 2012ကထွက်​ရှိထားတဲ့ ဂျပန်​ romatic ကား​လေးကိုပြန်​လည်​ရိုက်​ကူးထားတာဖြစ်​ပြီး ...
6
TMDb: 6/10 1 votes
tv

Rich Man (2018) TV Series

2018
Westworld Season(1) [Complete] အိမ်မက်ကနိုးလာတော့ရော ဘာထူးမယ့်ဘဝကြီးလဲ...နေချင်တဲ့နေရာမှာ စိတ်ချလက်ချပျော်ရွှင်လိုက်ယုံဟာ ကိုယ့်ရှင်သန်မှုလား...ဒါပေမယ့် ဒီအချက်ကိုသိသွားရင်တော့ အရာအားလုံးဟာ အသက်မဲ့...အဓိပ္ပါယ်မဲ့....မှုန်ဝါးပျောက်ကွယ်...တစ်ယောက်က တစ်ယောက်ကို ဖန်ဆင်းရင်း ဘဝရဲ့အဓိပ္ပါယ်တွေဆိုတာ ဖန်ဆင်းရှင်ထက်ပိုလာတယ်...ကိုယ့်ရဲ့တစ်နေ့တာတွေဟာ ရှင်သန်ယုံနဲ့ပဲ အဓိပ္ပါယ်ရှိရောလား...သိပ်ကိုသေချာပါတယ်....ဒါဟာ အိမ်မက်ဘဝကြီးပဲ...Westworld ဟာ ကိုယ်တို့ရှင်သန်နေကြ အိမ်မက်တစ်ခုပါပဲ.....Westworld ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လာမယ်...ကိုယ်တို့သမိုင်းကိုပြန်မြင်လာမယ်....ကိုယ့်ခံစားချက်တွေကိုအိမ်မက်နေမယ်...Westworld ဟာ ကိုယ်တို့ ရှင်သန်မှုတွေကို လှောင်ရယ်နေမယ်....သိုဝှက်တတ်တဲ့ဒီစီးရီးကြောင့်ကြောင်တောင်တောင်ဖြစ်ခဲ့ရင် ကိုယ့်ဘဝနဲ့သိပ်ကိုက်နေတယ်ဆိုပြီး တိတ်ဆိတ်စွာ ဆက်ကြောင်နေလိုက်ပါ။HBO ရုပ်သံလိုင်းက တင်ဆက်နေတဲ့ Westworld စီးရီးဟာ နာမည်ကြီး Game of Thrones စီးရီးနဲ့တန်းတူထားတဲ့ ကျော်ကြားမှုရှိပါတယ်။IMDb (8.9) ..Rotten Tomatoes (90%) ရရှိထားတဲ့အပြင် Cast တွေကလဲ နာမည်ကြီးတွေဖြစ်ပါတယ်။မင်းသမီး Evan Rachel Wood ကတော့ ဒီစီးရီးမှာ အထူးတိမ်းညွှတ်စရာပါ။ထူးခြားတဲ့အိုင်ဒီယာတွေနဲ့ နာမည်ကြီးလှတဲ့ ဒီစီးရီးကို Channel Myanmar အနေနဲ့ အဆက်မပြတ်ဆက်လက် တင်ဆက်သွားပါ့မယ်။(ဘာသာပြန်တင်ဆက်ထားသူများကတော့ MgKing , Hein ...

Westworld Season(1) [Complete]

Genres

Archives