Channel Myanmar

New releases (2025)

Content at random


TV Series

Lieutenant Opas (2011)
Lieutenant Opas (2011) အရာရှိ အိုပက်နှင့် သူ၏အမှုတွဲများ အတွဲ  ၁ (2011)ကဲ အားလုံးပဲတောင်းဆိုနေကြတဲ့ ATMဇာတ်ကား နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Chantavit Dhanasevi ရဲ့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ စုံထောက်အိုပက်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီနော်။ဒီစီးရီးလေးမှာတော့ အပိုင်း၂၄ပိုင်းပါဝင်ပြီး ဘယ်လို အခွီတွေပါမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ အိုပက်ဆိုတဲ့ ဗိုလ်တစ်ယောက်ဟာ လောင်းကစားဝိုင်းတစ်ခုကို သူ့တပည့်တွေနဲ့အတူ ဝင်ရောက်ဖမ်းစီးရင်းနဲ့ မတော်တဆဖြစ်ပြီး ၂နှစ်လောက် ကိုမာဝင်မေ့မြောသွားရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ်။ နိုးထလာတဲ့ နောက်မှာတော့ အိုပက်ဟာ အရင်လို ပုံမှန်မဟုတ်တော့ဘဲ ဝိညာဉ်တွေကို မြင်နေရပါတော့တယ်။ နေပြန်ကောင်းလာတဲ့နောက်မှာတော့ သူ့အလုပ်ကို ပြန်ဝင်ရင်း ဝိညာဉ်တွေကို မြင်ရတဲ့အစွမ်းနဲ့ အမှုတွေကို ဘယ်လိုတွေစခွီထစရာကောင်းအောင် ဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary Christ နဲ့ Hazel တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Mystery Quality…. 1080p | 720p File size… ...

Lieutenant Opas (2011)

Outer Range Season 2 (2022) 8.2
Outer Range Season 2 (2022) Outer Range (2022)================IMDb Rating - 8.2/10ဒီစီးရီးကတော့ ထွက်ထွက်ချင်း IMDb 9 အထိ ပေးကြတဲ့ စီးရီးအသစ်လေးပါပဲ။ ခေါင်းဆောင်မင်းသားကတော့ Old Boy, Thanos, Cable ဇာတ်ကောင်တွေနဲ့ လူတွေရင်းနှီးပြီးသား ဂျို့ရှ် ဘရိုလင်ပါ။ အမျိုးအစားကတော့ သည်းထိပ်ရင်ဖို့ ထူးခြားဆန်းကြယ် အမျိုးအစားပါပဲ။ Stranger Things လိုစတိုင်ပါ။ဇာတ်လမ်းကိုတော့ ဂရိနတ်ဘုရား ခရိုနို့စ် အပေါ်မှာအခြေခံထားပါတယ်။ ခရိုနို့စ်ဟာ သူ့ရဲ့ တံစဉ်းလက်နက်နဲ့ ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးကြားထဲက အာကာသနေရာတစ်ခုကို အပေါက်တစ်ခုဖြစ်အောင် ခုတ်ဖြဲခဲ့ပါတယ်။ အဲဒီကနေ လက်ရှိကမ္ဘာနဲ့ အခြားကမ္ဘာကို ခြားနားပေးထားလိုက်တာပါပဲ။ ဒီစီးရီးထဲမှာတော့ မင်းသား ဂျို့ရှ်က ရိုင်ရယ်ဆိုတဲ့ နာမည်နဲ့ နွားခြံပိုင်ရှင်ကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူ့အတိတ်ကို သူမမှတ်မိ၊ သူ့နောက်ကြောင်းကို ဘယ်သူမှမသိကြပေမဲ့ သူ့မှာ မိန်းမတစ်ယောက် နဲ့ သားတွေနဲ့ မိသားစုရှိနေပြီ၊ ရီဘက်ကာဆိုတဲ့ မိန်းကလေးတစ်ယောက် ...
8.2
TMDb: 8.2/10 2300 votes
tv

Outer Range Season 2 (2022)

2022
Amber Girls School (2024)
Amber Girls School (2024) "Amber Girls School"Amber မိန်းကလေး သီးသန့်ကျောင်းအခုတစ်ခါ တင်ဆက်ပေးချင်တဲ့ series လေးကတော့ 2024 ခုနှစ်ထွက် Amber Girls School ပဲ ဖြစ်ပါတယ် IMDb rating အနေနဲ့ကတော့ 7.4 ရရှိထားတာမလို့ ကြည့်လို့ကောင်းမဲ့ series လေးဖြစ်မှာကတော့ သေချာပါတယ်ရှင့်ဒီ series လေးရဲ့ အကျဉ်းကတော့ အိုဂျက်စ်ဆိုတဲ့ 15 နှစ်အရွယ် ကောင်မလေးဟာ ချန်ဒီဂါရ်မှာရှိတဲ့ Amber မိန်းကလေးသီးသန့်ကျောင်းက အတန်း 9 မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမမှာ 2008 ခုနှစ် မကုန်ခင် ဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက်နှစ်ခု ရှိပါတယ် အဲ့ဒါကတော့ ကျောင်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့နဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းနမ်းခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း သူမဟာ အရမ်းကို ရှက်တတ်ပြီးတော့ သတ္တိလည်း နည်းတဲ့ သူတစ်ယောက်ပါ။ အိုဂျက်စ်ဟာ သူမရဲ့ စိတ်နဲ့ နှလုံးသားကြားမှာ ...

Amber Girls School (2024)

2024
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Panchayat (2020-2023) 7.9
Panchayat (2020-2023) Panchayat (2020)"ရွာပျော်" ==========================၂၀၂၀ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ပရိသတ်အင်အားအတော်အသင့်တောင့်တင်းပြီး ရိတ်တင် 8အကျော်ထိတောင်ရခဲ့တဲ့ Amazon Prime ရဲ့ ဟင်ဒီစကားပြော ဟာသဒရာမာဇာတ်လမ်းတွဲလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Amazon Prime ကထုတ်တဲ့ အိန္ဒိယဇာတ်လမ်းတွဲတွေ များသောအားဖြင့် ဇာတ်လမ်းဇာတ်အိမ် တင်ဆက်ပုံတွေ တော်တော်လေးကောင်းမွန်တာကို အားလုံးလဲသိပြီးသားဖြစ်မယ်ထင်ပါတယ်။ဇာတ်လမ်းကတော့ အာဘီရှက်ဆိုတဲ့ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဟာ သူရတဲ့ဘွဲ့နဲ့ အလုပ်ရှာလို့မရတဲ့အတွက် MBA ဘွဲ့ယူဖို့ကြိုးစားနေသူပါ။MBA လျှောက်တဲ့အခါ အင်တာဗျူးတွေမှာ လုပ်ငန်းအတွေ့အကြုံရှိကြောင်းပြောနိုင်ဖို့အတွက် အာဘီရှက်ဟာ တွေ့တဲ့အလုပ်ကိုလျှောက်ရင်း မြို့ပြနဲ့ အင်မတန်ဝေးတဲ့ရွာတစ်ရွာမှာ ကျေးရွာကောင်စီရဲ့အတွင်းရေးမှူးအဖြစ် အလုပ်ရသွားခဲ့ပါတယ်။အဲဒီရွာကို ရောက်ရောက်ချင်းမှာပဲ ကဂျီကဂျောင်ကိစ္စတွေကို ကြုံတွေ့ခဲ့ရပြီး ပေါ်လာတဲ့ပြဿနာတွေကို သူ့ရဲ့ ဉာဏ်စွမ်းနဲ့ဖြေရှင်းရင်းနဲ့တဖြည်းဖြည်းနဲ့ ရွာသားတစ်ပိုင်းဖြစ်လာပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာ ဟာသနှောပြီး ပေါ့ပေါ့ပါးပါးမြင်တွေ့ရမှာပါ။Panchayat ဇာတ်လမ်းတွဲဟာ လက်ရှိမှာ အတွဲသုံးတွဲထိ ထွက်ထားပြီး CMပရိတ်သတ်ကြီးတွေ အားပေးမှုများပါက ကျန်၂တွဲကိုလဲ ဆက်လက်တင်ဆက်သွားမှာပါဖြစ်ပါတယ်...။ဒီဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ "ကိုတင့်တို့ရပ်ကွပ်"ဆိုတဲ့ဟာသကာတွန်းလေးကိုတောင် ပြန်အမှတ်ရမိသွားကြောင်း ထပ်တိုးညွှန်းရင်း တင်ဆက်ပေးလိုက်ပါတယ်(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB ...
7.9
TMDb: 7.9/10 73 votes
tv

Panchayat (2020-2023)

2020
One Cent Thief ( 2022 ) 4.8
One Cent Thief ( 2022 ) ဘဏ်ကာစတမ်မာတစ်ယောက်ချင်းဆီကနေ အကြွေစေ့တစ်စေ့ချင်းဆီခိုးပြီး ချမ်းသာခဲ့ပေမဲ့ ကြွားချင်ဝါချင်တဲ့ စိတ်ကလေးကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ မလေးရှားငတက်ပြားကြီး အီမန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ မလေးရုပ်သံစီးရီးလေးကို တင်ဆက်ပေးပါရစေ။ကောလိပ်ကျောင်းသားဘ၀မှာကတည်းက ကျောင်းဆာဗာတွေကို ဟက်ခ်ခဲ့တဲ့ ဉာဏ်ကြီးရှင်ဟက်ကာလေး အီမန် ကောလိပ်မပြီးခင် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတဲ့အတွက် ဘဏ်တစ်ခုမှာ ငွေသွင်းငွေထုတ်ဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေပေမဲ့ နှစ်နှစ်ကြာတဲ့ထိရာထူးတိုးမခံရပါဘူး။ဒါပေမဲ့ ချစ်ရတဲ့ ဆိုက်ဘာလုံခြုံရေးခေါင်းဆောင် ငယ်သူငယ်ချင်းမလေးဘေးမှာ အတူရှိခွင့်ရတဲ့အတွက် သူ့ဘ၀သူ ကျေနပ်နေခဲ့တယ်။ ကံဆိုးချင်တော့ တစ်နေ့ အဖေဖြစ်သူနှလုံးဖောက်လို့ ဆေးရုံတင်လိုက်ရတာကအစ ခွဲစိတ်ဖို့အတွက် ပိုက်ဆံလိုလာခဲ့ပါတယ်။ဒီကြားထဲ အဖေဖြစ်သူရဲ့ အကြွေးရှင်လူမိုက်ကြီးတွေကပါ အကြွေးပြန်ဆပ်ဖို့ အသက်အန္တရာယ်ထိရန်ရှာလာတဲ့အခါ။ အီမန်တစ်ယောက် သူအလုပ်လုပ်နေတဲ့ဘဏ်ကိုပဲ အန္တရာယ်အကင်းဆုံးနည်းနဲ့ ဟက်ခ်ဖို့ကြံရာကစ ပြဿနာတောထဲ ဘယ်လိုတိုးဝင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)Quality : WEB-DL 1080p Total Episodes : 8 Format : mp4 Genres : Action & Adventure , Crime Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Bollywood Team Encoded by LK Episode 1 (1080p) ...
4.8
TMDb: 4.8/10 4 votes
tv

One Cent Thief ( 2022 )

2022
Like the Earth (2024)
Like the Earth (2024) ကမ္ဘာမြေကြီးအတိုင်း (၂၀၂၄)ါလာက မိသားစုကို ကြိုးစားပြီးရှာကျွေးနေတဲ့ အသံပါရမီရှင်လေးပေါ့ သူမက တူနဲ့တူမကိုစောင့်ရှောက်ရမယ်ဆိုတော့ အိမ်ထောင်မပြုဘဲ နေလာခဲ့သူပါ သူမကိုချစ်တဲ့ထီယူကတော့ ဒါလာကိုအဝေးကပဲစောင့်ရှောက်နေခဲ့ရတာ တစ်ရက် ဖူတာဝမ်းက သူတို့နယ်ဘက်ကို လာလည်နေစဉ် ဒါလာရဲ့သီချင်းသံကိုကြားရပြီးတဲ့နောက် ဖူတာဝမ်းက ဒါလာအပေါ်မေတ္တာရှိသွားခဲ့ရာမှာ ဒါလာကတော့ ထီယူနဲ့ဖူတာဝမ်း ဘယ်သူ့ကိုရွေးချယ်သွားမလဲ သူတို့နှစ်ယောက်ကရော ဒါလာ့အချစ်ကိုရဖို့ဘယ်လိုကြိုးစားသွားမလဲဆိုတာကဒီလိုကျေးလက်အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ “ကမ္ဘာမြေကြီးအတိုင်း”ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 900MB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake Love Encoder ..... Aaron720pEpisode 01 - ...

Like the Earth (2024)

2024
Jamnapaar (2024)
Jamnapaar (2024) Jamnapaar (2024) "တက်နိုင်ဖျားရောက်" IMDb - 8.4/10တက်သစ်စ သရုပ်ဆောင်စာရေးဆရာမလေးတစ်ဖြစ်လဲ ဆိုရှယ်အင်ဖလူရန်ဆာတစ်ယောက်လည်းဖြစ်တဲ့ မင်းသမီးချောရှရစ်ရှ်တီရင်ဒါနီနဲ့ Super 30 (2019)ထဲမှာ တပည့်တစ်ယောက်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားရစ်ဗစ်ခ်ဆာဟိုးတို့ရဲ့ စီးရီးလေးကိုတင်ဆက်ပေးပါရစေ။ကြိုးစားချင်စိတ်ရှိပြီး ဖခင်ရဲ့လောင်းရိပ်အောက်က မလွတ်နိုင်တဲ့ စာရင်းကိုင်ပေါက်စလေး ရှန်ကီ။ ရေတွင်းထဲက ဖားငယ်လေးလို သူ့တစ်နေရာကို တစ်ကမ္ဘာလုပ်မနေဘဲ ရေပုံးလိုမျိုးအခွင့်အရေးတစ်ခုကို အမိအရဖမ်းဆုပ်ပြီး ရေတွင်းထဲက ခုန်ထွက်ဖို့ကြိုးစားတဲ့အခါ။ဒေလီအရှေ့ပိုင်းက လူတွေသိပ်အထင်မကြီးကြတဲ့ သူ့နေရာလေးကို လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ဖုံးကွယ်ထားပြီး မာနစိတ်တွေ တဖြည်းဖြည်းဝင်လာတဲ့အခါမှာတော့။ဖားကလေးခုန်လို့ အိုင်မပျက်ပေမဲ့ ဒီဖားငယ်လေးကတော့ သာမညောင်ညဖားတစ်ကောင်မဟုတ်ဘဲ ရေတွင်းဆီကနေ ခုန်ထွက်ဖို့ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်နောက်လိုက်ပုံကို ခံစားကြည့်ရှုကြရမှာပါ။သုံးပတ်အတွင်းမှာပဲ ဇာတ်ဝင်တေးက ၁၅သန်းကျော် ကြည့်ရှုသူရှိတဲ့ထိပေါက်ခဲ့တဲ့ ဒီစီးရီးလေးကို ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)File Size – 800MB(Appx;)@EpisodeQuality – 1080p WEB DLDuration –40minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator – CM ...

Jamnapaar (2024)

2024
Fox Spirit Matchmaker: Red-Moon Pact (2024)
Fox Spirit Matchmaker: Red-Moon Pact (2024) ဒီဇာတ်ကား‌လေးကတော့ နာမည်ကြီး Donghua တစ်ခုကို အခြေခံပြီး adapt လုပ်ထားတဲ့ ရှန်းရှဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။သရုပ်ဆောင်တွေအနေနဲ့ အဓိကမင်းသမီးအဖြစ် 85s flower တွေထဲကတစ်ယောက်ဖြစ်တဲ့ မမယန်းမီ ၊ မင်းသားအဖြစ် ခုခေတ် Traffic star တွေထဲ ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Gong Jun အပြင် တခြားနာမည်ကြီးအနုပညာရှင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားကြတဲ့ IQIYI ရဲ့ ပထမဆုံး Super S+ Drama ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ထူရှန်းဟုန်ဟုန်က ထူရှန်းတောအုပ်မှာ ထူရှန်းမျိုးနွယ်ဝင်တွေရဲ့ အကြီးအကဲဖြစ်ပြီး ညီမလေး၂ယောက်နဲ့အတူ မျိုးနွယ်စုကိုစောင့်ရှောက်နေထိုင်လျက်ရှိပါတယ် ။ ထူရှန်းမျိုးနွယ်တွေဟာ တောအုပ်ထဲကို ဘယ်လူသားကိုမှဝင်ခွင့်မပြုခဲ့ပေမဲ့ တုန်းဖန်းယွဲချူးဆိုတဲ့လူသားလေးကိုတော့ လူဆိုးကြီးလက်ထဲကနေ ကယ်ခဲ့ပြီးတော့ထူရှန်းဟုန်ဟုန်က သူနဲ့အတူ ထူရှန်းတောအုပ်မှာလိုက်နေစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ မမြင်နိုင်တဲ့အန္တာရာယ်တစ်ခုကလည်း ထူရှန်းမျိုးနွယ်ဆီချဉ်းကပ်လာခဲ့ပြီး ပြဿနာတွေအစပျိုးလာခဲ့တဲ့အချိန်အရွယ်ရောက်နေပြီဖြစ်တဲ့ တုန်းဖုန်းယွဲချူးတစ်ယောက် သူ့ရဲ့နတ်သမီးမမကိုဘယ်လိုပြန်ပြီး‌ေတာ့ကာကွယ်သွားမလဲ ? ဘယ်လိုမေတ္တာသက်ဝင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် လှလှပပCGI တွေနဲ့အတူ ရှုစားရမှာဖြစ်လို အဆုံးထိလိုက်ပါစောင့်ကြည့်ဖိုတိုက်တွန်းလိုက်ပါရစေ‌ရှင် ။====================================Quality : WEB-DL 1080p , 720p Total Episodes : 36 Format ...

Fox Spirit Matchmaker: Red-Moon Pact (2024)

2024
Franklin (2024) 9.1
Franklin (2024)  ဗြိတိန်နှင့် အမေရိက နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေပြီး အမေရိက အရေးနိမ့်နေတဲ့ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကြောင့် ကမ္ဘာကျော်လာခဲ့တဲ့ ဒေါက်တာ ဘင်ဂျမင်ဖရန်ကလင်ဟာ သူ့ရဲ့ မြေးလေး တန်ပယ်နှင့်အတူ ပြင်သစ်ပြည်ကို လူအင်အား လက်နက်ခဲယမ်းအင်အား ငွေအင်အားတို့ကို စစ်ကူအဖြစ် တောင်းခံဖို့အတွက် ပါရီကို ရောက်ရှိလာပါတော့တယ်။တရားဝင်သံတမန်အဖြစ် လာရောက်ကြောင်းလမ်းတာမဟုတ်တဲ့ ဒေါက်တာဖရန်ကလင်အနေနဲ့ ဘုရင်စနစ်ကျင့်သုံးနေဆဲဖြစ်တဲ့ ပြငသစ်နန်းတွင်းမှာ ဘယ်လိုအဆက်အသွယ်ရှာပြီး အမေရိကဖက်က စစ်ကူပေးအောင် ဘယ်လိုပညာသားပါပါ စည်းရုံးမလဲ၊ ဗြိတိန်ရဲ့ အင်အားကြီးမားမှုကြောင့် အရင်စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်ပြည်ကရော အမေရိကကို နောက်ကွယ်ကနေ အကူအညီပေးမလား အစရှိသဖြင့် အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဒေါက်တာဖရန်ကလင်တစ်ယောက် တိုင်းတပါးမှာ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အတ္ထုပ္ပတ္တိဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ File size…(976 Mb)/(492 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:55:00 Genre...Drama, War, Politics Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MatteoSeason ...
9.1
TMDb: 9.1/10 9 votes
tv

Franklin (2024)

2024
Eric (2024) 7.105
Eric (2024) ဗင်းဆင့်ဟာ အင်မတန် အရည်အချင်းရှိတဲ့ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Good Day Sunshine ဆိုတဲ့ ရုပ်သေးတီဗွီအစီအစဉ်ကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့မှာ ဇနီးဖြစ်သူ ကက်ဆီနှင့် အက်ဂါဆိုတဲ့ တအားလိမ္မာတဲ့ သားလေးတစ်ယောက်လည်း ရှိပြီးတော့ အဖက်ဖက်က ကြည့်ရင် သာယာစိုပြေတဲ့ အိမ်ထောင်ရေးနှင့် မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပေါ့။ ဒါပေမဲ့ ဗင်းဆင့်ဟာ အရမ်း အတ္တကြီးပြီးတော့ သူ့ဘေးပတ်ဝန်းကျင်က မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက် အားလုံးကို သူ့စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ပုံစံကို အတင်းသွပ်သွင်း၊ တခြားလူရဲ့ ထင်မြင်ချက် အတွေးအမြင်ကို ဂရုမစိုက်ပဲ သူအထင်အမြင်၊ သူလုပ်တာသာ အကောင်းဆုံးဆိုပြီးတော့ လူတိုင်းကို အတ္တနဲ့ လွမ်းမိုးတတ်သူပါ။တစ်နေ့မှာတော့ သားလေးဖြစ်သူ အက်ဂါဟာ ဗင်းဆင့်ရဲ့ ရုပ်သေးအစီအစဉ်အတွက် သူစိတ်ကူးနဲ့ ဆွဲထားတဲ့ ရုပ်သေးသတ္တဝါကြီး အဲရစ်ကို ဗင်းဆင့်ကို ပြခဲ့ပေမယ့် ဗင်းဆင့်က သူ့သားလေးရဲ့ ကြိုးစားအားထုတ်မှုကို လက်သင့်မခံပဲ ...
7.105
TMDb: 7.105/10 62 votes
tv

Eric (2024)

2024
The Atypical Family (2024) [Complete]
The Atypical Family (2024) [Complete] The Atypical Family (2024)*****************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ မင်းသား Jang Ki-Yong ရဲ့comeback drama လေးလာပါပြီ။ဒီ fantasy-romamce ကားလေးမှာတော့ Jang Ki-Yong,Unlockedထဲက Chun Woo-Hee, Gyeongseong Creature ထဲကClaudia Kim တို့အပြင် ဝါရင့်သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းBok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေကသဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာအချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲသွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလိုအတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေပျောက်ဆုံးသွားပါတော့တယ်။ပျံနိုင်စွမ်း၊ နိမိတ်ပြအိပ်မက်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။အဲဒီလိုနဲ့ တစ်နေ့ ...

The Atypical Family (2024) [Complete]

2024
Spartacus (2010) 7.998
Spartacus (2010) Spartacus ( 2010 - 2013) Genre - Action, Adventure, Biography IMDb - 8.5/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)၁၉၉၀ကျော်ကာလတွေမှာ မွေးပြီး ၂၀၁၀ကျော်လောက်မှာ ခိုးကူးခွေခေတ်ကို ဖြတ်သန်းဖူးတဲ့ဆယ်ကျော်သက်တွေထဲတော့ Spartacusကို မသိတဲ့လူ တော်တော်ရှားလိမ့်မယ်။ အဲဒီခေတ်တုန်းက ကျွန်တော်တို့အတွက်တော့ စပါတာကတ်စ်ကဟာ သောက်ရမ်းသတ် သောက်ရမ်းကြမ်း ဟိုအခန်း ဒီအခန်းတွေ ဖောခြင်းသောခြင်းပါတဲ့ ကားအနေနဲ့နာမည်ကျော်ခဲ့တယ်။သူ့နောက်တော့ Bansheeတို့ ဘာတို့ပေါ့။ အဲဒီတုန်းကတော့ ရုပ်ရှင်ခွေတွေတော့ တော်တော်ပေါပေမဲ့ ကျွန်တော်တို့ဆီတော့ စီးရီးခွေပေါပေါများ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ မနည်းရှာဝယ်ကြည့်ရတာပဲ။ ၂၀၁၄-၁၅ ဝန်းကျင်လောက်ကျတော့ မြန်မာစာတန်းထိုးရုပ်ရှင်တွေတင်တဲ့ Websiteတွေပေါ်နေပြီ။ ကျွန်တော်တို့ဆီတော့ မိတ္တူဆိုင်တွေက သူတို့ Hardiskထဲ အခွေကကားတွေကူးထားတာတွေ , မြန်မာစာတန်းထိုးကားတွေတင်ပေးတဲ့ဆီတွေက ကူးလိုက် ကူးထားတာတွေကို တစ်ကား၂၀၀နဲ့ရောင်းနေပြီ။၂၀၁၆လောက်မှာတော့ ကျွန်တော်တို့တွေ Channel Myanmarကို စသိနေပြီ။ အဲဒီတုန်းကတော့ ရှားလော့တို့ The Shannara Chroniclesတို့ DC's Legends of Tomorrowတို့လို စီးရီးတွေစတင်နေပြီ။ ခုဆို ...
7.998
TMDb: 7.998/10 2397 votes
tv

Spartacus (2010)

2010
Hierarchy (2024) [Complete]
Hierarchy (2024) [Complete] Hierarchy (2024)*****************အပိုင်းသစ် (၁ မှ ၇) စ/ဆုံး Netflixမှ ထုတ်လွှင့်သွားမယ့် အချောလေးတွေကိုတစ်စုတစ်စည်းတည်း ကြည့်ရှုလို့ရမယ့် "Hierarchy"ဇာတ်လမ်းတွဲမှာတော့ Crash Course in Romance"မှမင်းသား Lee Chae Min, "18 again "မှ မင်းသမီးလေးRoh Jeong Eui, "Our Blues" မှ မင်းသား Kim Jae Won တို့အပြင်တခြားလူငယ်သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း-ဂျူရှင်းလုပ်ငန်းစုမှ တည်ထောင်ထားတဲ့ ဂျူရှင်းအထက်တန်းကျောင်းဟာတောင်ကိုရီးယားရဲ့ ဂုဏ်သတင်းအကြီးမားဆုံး ကျောင်းတစ်ကျောင်းဖြစ်ပြီးမွေးကင်းစကတည်းက အရွေးချယ်ခံထားရတဲ့ကျောင်းသားတွေသာဒီကျောင်းမှာတက်ရောက်လို့ရတဲ့အထိ ကြီးကျယ်လှပါတယ်။အဲဒီလိုကျောင်းကို ခြယ်လှယ်နေတာတော့ ဂျယ်ယူးလ်လုပ်ငန်းစုရဲ့တစ်ဦးတည်းသောသမီး ဂျွန်ဂျယ်အီ(Roh Jeong Eui),ဂျူရှင်းလုပ်ငန်းစုရဲ့ ဆက်ခံသူ ဂင်ရီအန်း(Kim Jae Won),ယွန်း နိုင်ငံတကာကုန်သွယ်ရေးကုမ္ပဏီရဲ့ အငယ်ဆုံးသမီး ယွန်းဟီရာ (Ji Hye Won),နိုင်ငံရေး အာဏာရှိတဲ့မိသားစုမှ သားလတ် အီဝူဂျင်း(Lee Won Jung)တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သာမန်ကောင်လေးတစ်ယောက်ဖြစ်တဲ့ဂန်ဟာ(Lee ...

Hierarchy (2024) [Complete]

2024
Law-less (2024)
Law-less (2024) ဥပဒေမရှိတဲ့ ဥပဒေသား (၂၀၂၄)P’Leeကိုတော့ အချစ်ဇာတ်ကားတွေနဲ့ အကျွမ်းတဝင်ရှိကြမှာပါ ဒီတစ်ခါမှာတော့ P’Leeနဲ့P’Namtanတိုရဲ့ မြင်နေကြနဲ့မတူတဲ့ မာဖီးယား typeမျိုးကို ကြည့်ကြရမှာပါ ပရီဖတ်ဟာ အမေဖြစ်သူ မာဖီးယားတချိုသတ်တာခံရလိုက်ရတာကို ကိုယ်တိုင်မြင်ခဲ့ပါတယ် ဝင်းဟာ မိခင်ကိုဆုံးရှုးခဲ့သော်လည်းအာဏာပိုင်တွေလက်ထဲက ဥပဒေကို မဆန့်ကျင်နိုင်ခဲ့ပါဘူး ဒါကြောင့်လည်း အမေ့အတွက်လက်စားချေမဲ့စိတ်နဲ့ ရှေ့နေဖြစ်ဖိုကြိုးစားခဲ့ပါတယ် ရှေ့နေဖရောင်နဲ့ရင်းနှီးခဲ့ပြီးနောက်မှာ ဥပဒေမဲ့တဲ့အာဏာရှင်တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ “ဥပဒေမရှိတဲ့ ဥပဒေသား”ဇာတ်ကားမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တိုပဲ ဖြစ်ကြပါတယ်။Genre..... Action, Drama Quality…. 1080p | 720p File size… 250MB | 700MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake ...

Law-less (2024)

2024
Frankly Speaking (2024) [Complete]
Frankly Speaking (2024) [Complete] Frankly Speaking (2024)**********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Rom-Com ဒရမ်မာလေးတွေ ကြိုက်သူများအတွက်ဒီတစ်ခေါက်မှာတော့  6/45 ထဲက မင်းသား Go Gyung-Pyo နဲ့Start Up ထဲက မင်းသမီး Kang Han Na တို့  အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဆုန်းဂီဘဲ့ (Go Gyung-Pyo) ဟာဆိုရင် အောင်မြင်တဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။စကားအပြောအဆို ရည်မွန်ပြီး ယဉ်ကျေးသလိုအလုပ်မှာလည်းတော်တဲ့ ပြီးပြည့်စုံသူမို့ အားလုံးကသူ့ကို စံပြသတင်းကြေညာသူအဖြစ် သတ်မှတ်ထားကြတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဂီဘဲ့တစ်ယောက် မတော်တဆ ဓာတ်လိုက်ပြီး မေ့လဲသွားပါတော့တယ်။ပြန်နိုးလာတဲ့အခါမှာတော့ အရင်လို ယဉ်ကျေးတဲ့ ဆုန်းဂီဘဲ့မဟုတ်တော့ဘဲကိုယ်ပြောချင်တဲ့စကားကို ချုပ်တည်းထားလို့မရဘဲတစ်ချိန်လုံး ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားတွေ‌ပြောနေတဲ့ ဂီဘဲ့ဖြစ်နေခဲ့ပါပြီ။တစ်ဖက်မှာလည်း အွန်ဝူဂျူ (Kang Han-Na) ကစိတ်အားထက်သန်မှုရှိတဲ့ ရသစုံလင်ရှိုး စာရေးဆရာမဖြစ်ပါတယ်။ဂီဘဲ့ရဲ့ အပြောအဆို ကြမ်းတမ်းပုံကို စိတ်ဝင်စားသွားပြီး သူ့ရဲ့ ...

Frankly Speaking (2024) [Complete]

2024
Blood of Zeus 2020 Season 2 8.5
Blood of Zeus 2020 Season 2 Blood of Zeus 2020 Netflix original serie တစ်ခုဖြစ်တဲ့ Blood of Zeus ဟာ Episode 8ခု ပါတဲ့ Animation Serie တစ်ခုဖြစ်ပြီးတော့ Oct27, 2020 မှာ ပထမအပိုင်း စလွှင့်ခဲ့တာဖြစ်ပါတယ်Greek Mythology ဂရိဒဏ္ဍာရီပုံပြင်ဇာတ်လမ်းတွေက်ို ကြားဖူးနားဝရှိရင်တော့ ဒီ Animation serie လေးကို ကြည့်ရတာ အစိမ်းသပ်သပ် ဖြစ်မှာမဟုတ်ပါဘူး မှောင်မိုက်နေတဲ့ တိမ်မဲတွေအောက်က ရွာလေးတစ်ရွာမှာနေတဲ့ ဟယ်ရွန်နဲ့ အီလက်ထရာဆိုတဲ့ အပယ်ခံ သားအမိနှစ်ယောက်အကြောင်း နဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်အဲ့ဒီသားအမိနှစ်ယောက် ရွာကိုရောက်လာတဲ့အချိန်ကစပြီး ရွာမှာ ကံဆိုးမိုးမှောင်တွေ ကျခဲ့ရတယ်လို့ ယူဆကြတာကြောင့် သူတို့နှစ်ယောက်ကို တစ်ရွာလုံးက ဖယ်ကျဉ်ထားကြတယ် ဟယ်ရွန်က သူ့ကိုယ်သူ အိုလံပတ်စ်တောင်ပေါ်က နတ်မင်းကြီးဇူးစ်ရဲ့ သားတော်ဖြစ်ကြောင်း သိလိုက်ရပေမဲ့ အားလုံးသိကြတဲ့အတိုင်း အချစ်မေတ္တာအရမ်းများပြီး နှလုံးသားကြီးမားတယ်လို့ နာမည်ကြီးတဲ့ ...
8.5
TMDb: 8.5/10 49 votes
tv

Blood of Zeus 2020 Season 2

2020
Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

Love in the Tea Garden
Love in the Tea Garden ဒီဇာတ်ကားလေးကတော့ romantic အချစ်ဇာတ်လမ်းတွေမှ ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ရိုရိုချိုချိုအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ :ယဲ့ရှီးယန်က ယဲ့လုပ်ငန်းစုရဲ့ သမီးလေးဖြစ်ပြီးတော့ နယ်ဘက်ကို ခရီးထွက်ရင်း ကားအက်စီးဒန့်ဖြစ်ပြီး အသက်အန္တာရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ကူယန့်ရွာရဲ့ လက်ဖက်ခင်းပိုင်ရှင် လုမင်ယွိဆီမှာ အကယ်ခံလိုက်ရပြီး အသက်အန္တာရာယ်ကနေလည်း လွတ်မြောက်ခဲ့ပါတော့တယ် ။ဒါပေမဲ့ ယဲ့ရှီးယန်တစ်ယောက် သူ့နောက်ခံကြောင့် အန္တာရာယ်တွေဖြစ်လာမှာကို‌ ကြိုတင်ရှောင်ရှားတဲ့အနေနဲ့ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ကူယန်ရွာမှာပဲဆက်နေထိုင်ခဲ့ပါတယ် ။ အတူတူနေတာကြာလာတော့ သံယောဇဉ်ဖြစ်လာကြတဲ့ သူတို့၂ဦးဟာ လက်ဖက်ခင်းကြီးကို စောင့်ရှောက်ရင်း ဘဝကိုအေးအေးချမ်းချမ်းနေရမယ်လို့ထင်ထားကြတာပေါ့ ။ဒါပေမဲ့ ချွေးလုပ်ငန်းစုရဲ့သားချွေးကျစ်ဟောက်က ရုတ်တရက်ကြီး ယဲ့ရှီးယန်ကိုတွေ့သွားချိန်မှာတော့ မမျှော်လင့်ထားတဲ့ မုန်တိုင်းတွေ သူတို့ဘဝထဲဝင်ရောက်လာပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာ သူတို့နှစ်ယောက် ပြဿနာတွေကို အတူတူရင်ဆိုင်ပြီး အဆုံးထိ အချစ်စစ်ကိုရှာဖွေသွားမလား ? ဒါမှမဟုတ် ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေရပြီး သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလား ဖြစ်လာမဲ့ပြဿနာတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။============================== Quality : WEB-DL 1080p Total Episodes : 24 Format : mp4 Genres : Drama, Romance Runtime : 15 min Subtitle ...

Love in the Tea Garden

2024
Star Wars: Tales of the Empire (2024) 7.9

Star Wars: Tales of the Empire (2024)

2024

Genres

Archives