Channel Myanmar

New releases (2025)

Content at random


TV Series

Legend of Fei ( 2020 ) 8
Legend of Fei ( 2020 ) Legend of Fei ဇာတ်လမ်းတွဲမှာ The Untamed ဇာတ်လမ်းတွဲမှာလန်ဝမ့်ကျီဇာတ်ကောင်နဲ့ တရှိန်ထိုးလူကြိုက်များလာပြီးမိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲဖြစ်လာခဲ့တဲ့မင်းသားချောလေးဝမ်ရိပေါ်(ချစ်စနိုးနဲ့ Yiboလို့ခေါ်ကြ)နဲ့ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ ရှောင်ကူဇာတ်ကောင်နဲ့လူကြိုက်များလာခဲ့ပြီး ပရိသတ်တွေက ချစ်စနိုးYingလို့နာမည်ပေးထားတဲ့ကျောက်လိရင် တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်..ဝမ်ရိပေါ်နဲ့ Ying တို့ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းတွဲမပြသခင်ကတည်းကစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ပရိသတ်တွေရဲ့ စောင့်မျှော်ခြင်းခံနေရတာပါဒီဇာတ်လမ်းတွဲကို Tencent Video နဲ့ WeTvမှာ ဒီဇင်ဘာ၁၆ရက်နေ့မှစတင်ပြသခဲ့ပြီး လက်ရှိပြသထားတဲ့အပိုင်းထိ ကြည့်ရှုနှုန်းအမြင့်ဆုံးရထားပါတယ်ဒီဇာတ်လမ်းဟာ Preist ဝတ္ထုကို ပြန်ပြောင်းရိုက်ကူးထားတာဖြစ်ပြီးကျိုးဖေရဲ့တဖြည်းဖြည်းကြီးပြင်းလာပြီး ဓားသိုင်းနဲ့နာမည်ကျော်သူရဲကောင်းဖြစ်လာတဲ့ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ကျိုးဖေနဲ့ ရှဲ့ယွင်တို့ရဲ့ အချစ်တွေကို အသည်းယားဖွယ်ကြည့်ရှုရမှာပါ...ဇာတ်လမ်းအကျဉ်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိုင်းလောကရှုပ်ထွေးချိန် သူရဲကောင်းတောင်ဓားလီဝေးဟာ မင်းကြီးရဲ့အမိန့်အရ ဓားပြတွေကိုဝန်းရံတိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့ တောင်စခန်း၄၈ခုပေါ်ပေါက်လာခဲ့တယ်နောက်ပိုင်း လီဝေးဆုံးပါးသွားပြီးနောက်ပိုင်းမှာ နာမည်ကျော်မှုတွေလျော့ပါးလာခဲ့တယ်လီဝေးရဲ့သမီးက ခေါင်းဆောင်နေရာကိုဆက်ခံခဲ့ပြီး ကျိုးရီထန်နဲ့လက်ဆက်ခဲ့ပြီးသမီးလေး ကျိုးဖေကို မွေးဖွားလာခဲ့ပါတယ်ကျိုးဖေ၁၃နှစ်အရွယ်မှာ ရှီးမော့မြစ်ကို မတော်တဆဖြတ်ကူးမိချိန်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ရှဲ့ယွင်ရဲ့ကယ်တင်ပေးမှုကြောင့်ဖူးစာရေစက်စတင်ခဲ့ပါတယ်...၃နှစ်အကြာမှာ ကောင်လေးနဲ့ကောင်မလေးတို့ဟာဟော့ကျားပေါင်မှာပြန်ဆုံတွေ့ခဲ့ပြီး သိုင်းလောကမှာ နှစ်အတော်ကြာဇာတ်မြှုပ်နေတဲ့ သိုင်းပညာရှင်တွေကို သတိထားမိစေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ လူဆိုးချောင်လက်အောက်က ပေတုံသိုင်းသမား၇ယောက်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပြီး သိုဝှက်နက်ရှိုင်းလှတဲ့လှည့်ကွက်ထဲရောက်သွားပါတော့တယ်....ကျိုးဖေဟာနောက်ပိုင်းမှာ ဖော့ရွှယ်ဓား သိုင်းကွက်နဲ့သိုင်းလောကမှာနာမည်ကျော်ခဲ့ပါတယ်...-Quality : WEB-DL ...
8
TMDb: 8/10 1 votes
tv

Legend of Fei ( 2020 )

2020
History of Swear Words 2021 6.9
History of Swear Words 2021 IMDb - 6.9 ဆဲတာချင်းအတူတူ အဆဲတွေရဲ့ သမိုင်းကြောင်းကို သိထားတော့ ပိုမကောင်းဘူးလား CM ပရိတ်သတ်ကြီးရေ အနာဂတ်မှာ အထာကျကျ ဆဲနိုင်ဖို့အတွက် မင်းသားကြီး Nicholas Cage က ဦးဆောင်ပါ၀င်ထားတဲ့ ဒီ documentary ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားတဲ့ အဆဲစကားတွေရဲ့ သမိုင်းကြောင်းကို ပွင့်ပွင့်လင်းလင်း ကွင်းကွင်းကွက်ကွက် ရှင်းပြပြီး discussion လုပ်ထားတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်မတန်မှ ကြည့်ကောင်းပြီး ဗဟုသုတတွေလည်း အများကြီးရမှာပါ။ အပိုင်း ၆ ပိုင်းပါ၀င်ပြီး တစ်ပိုင်းမှာ အဆဲစကားလုံး တစ်လုံးရဲ့ သမိုင်းကြောင်းကို fun & alive ဖြစ်ဖြစ်တင်ဆက်ထားပါတယ် ဘယ် အဆဲလုံးတွေလည်း သိချင်ရင်တော့ အခုပဲ ကြည့်လိုက်ပါတော့ CM ချစ်သူတို့ရေTranslated by Yoon Sandi Aung and MTADuration - 20 minutes Size -  150 Mb  ZIP VIP/ Megaup / Yoteshin   Episode 1 - VIP / Yoteshin ...
6.9
TMDb: 6.9/10 11 votes
tv

History of Swear Words 2021

2021
Please Don’t Meet That Man (2020) 7.8
Please Don’t Meet That Man (2020) Please Don't Meet That Man ========================= CM အမာခံပရိတ်သတ်များအတွက် ဒီနေ့မှလတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ကိုရီးယားစီးရီးလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် Seo Ji Sung ဟာ AI ကိုအခြေခံထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကို တီထွင်ဖန်တီးရတဲ့ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပါတယ် ဖြစ်ချင်တော့ သူဟာ AI ရေခဲသေတ္တာတစ်လုံးကို တီထွင်ရဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ဒါပေမယ့် အဲ့ဒီရေခဲသေတ္တာဟာ ခေသူတော့မဟုတ်ပါဘူး ဖြူစင်တဲ့ယောကျ်ားလား အကျင့်မကောင်းတဲ့ယောကျ်ားလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်   Seo Ji Sung ဟာ အဲ့ဒီရေခဲသေတ္တာကိုအသုံးချပြီးတော့ အချစ်ရေးမှာမပျော်ရွှင်ရဘဲ စိတ်ဒုက္ခခံစားနေရတဲ့ သူ့ရဲ့သူငယ်ချင်းတွေကို လိုက်လံကူညီပေးပါတော့တယ် သူကိုယ်တိုင်ဟာလည်း မီးသတ်သမားချောချောလေးဖြစ်တဲ့ Lee Jun Young နဲ့ချစ်ကြိုးသွယ်မိသွားပါတယ်   အဲ့ဒီတော့ ရေခဲသေတ္တာလေးက မီးသတ်သမားလေးကို ဘယ်လိုမှတ်ချက်ပေးမလဲ အကယ်၍မကောင်းတဲ့ယောကျ်ားတစ်ယောက်လို့ မှတ်ချက်ပေးလာခဲ့သည်ရှိသော် Seo Ji Sung တစ်ယောက် သူကိုယ်တိုင်တီထွင်ထားတဲ့စက်ပစ္စည်းတစ်ခုရဲ့အကြံပေးချက်ကို နားထောင်ပါ့မလား ယုံကြည်ပါ့မလားဆိုတာကိုတော့…………….. ဇာတ်ကြောင်းလေးကိုကြည့်လိုက်တာနဲ့ ဆန်းဆန်းလေးနဲ့မြူးမယ်ဆိုတာ လုံးဝသေချာနေပါတယ်နော် Dark ဖြစ်တဲ့ဇာတ်လမ်းတွေကို ငြီးငွေ့နေသူများအတွက် ဒီကားလေးက ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ Review By Thet Hnin Hsu Translated by : Phue Nge ...
7.8
TMDb: 7.8/10 105 votes
tv

Please Don’t Meet That Man (2020)

2020
Live On (2020) 7.0
Live On (2020) [Unicode]High School Romance Drama ဖန်တွေအတွက် ကားသစ်လေးBaek Ho Rang ဆိုတဲ့ ကောင်မလေးဟာ လှပချောမောတဲ့အသွင်အပြင်ကြောင့် ကျောင်းမှာတင်မကဘဲ social media မှာပါ နာမည်ကြီးသူလေး ပြီး ယောက်ျားလေးတိုင်းရဲ့အသည်းစွဲပေါ့နာမည်ကြီးပေမယ့် မာနကြီးတတ်တဲ့စရိုက်ကြောင့် ဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်ဘဲ တသီးတခြားတည်းနေလေ့ရှိပါတယ်တစ်ရက်မှာ အွန်လိုင်းပေါ်မှာထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး Ho Rang ကိုအထိတ်တလန့်ဖြစ်စေခဲ့ပါတယ် အကြောင်းရင်းကတော့ ထိုသူဟာ Ho Rang ရဲ့ ဖုံးကွယ်ထားချင်ခဲ့တဲ့ အတိတ်ကလျှို့ဝှက်ချက်တွေအားလုံးကို သိရှိနေတဲ့သူဖြစ်နေလို့ပါပဲထိုသူကိုဖော်ထုတ်နိုင်ဖို့အတွက် ကျောင်းက broadcasting club ရဲ့ခေါင်းဆောင် Go Eun Taekဆီကအကူအညီတောင်းဖို့လုပ်ရာက သူငယ်ချင်းတွေရလာခဲ့ပါတော့တယ်ဒီသူငယ်ချင်းတွေရဲ့အကူအညီနဲ့ ထူးဆန်းတဲ့သူကို ဖော်ထုတ်နိုင်ပါ့မလား.....အဲ့ဒီလူကရော ဘယ်သူများ....ဘယ်လို loveline တွေပေါ်လာဦးမလဲ....ဒီဇာတ်လမ်းတွဲလေးဟာ အပိုင်း(၈)ပိုင်းပါဝင်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အင်္ဂါနေ့တိုင်းမှာထုတ်လွှင့်ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ....။( အညွှန်းရေးသားထားတာကတော့ Ei Phyu Khin ဖြစ်ပါတယ် ) [Zawgyi]High School Romance Drama ...
7.0
TMDb: 7.0/10 votes
tv

Live On (2020)

The Legend ( 2007 ) ( Completed ) 9
The Legend ( 2007 ) ( Completed ) The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကိုပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့)ဘေယောင်ဂျွန်း နဲ့ The Penthouse ဇာတ်ကားထဲမှမင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်ကောင်းကင်ဘုံဘုရင်ရဲ့သားတော် ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေအေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကိုတိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ,မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို ...
9
TMDb: 9/10 2 votes
tv

The Legend ( 2007 ) ( Completed )

2007
The Penthouse: War in Life (2020) 8.4
The Penthouse: War in Life (2020) The Penthouse: War in Life (2020)Ongoing Series အသစ်ထွက်တာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီ Series ဟာဆိုရင် ချစ်လိုက် မုန်းလိုက် ဇာတ်ကားမျိုးမဟုတ်ပဲ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို တစ်မိုထူးခြားတဲ့ ရိုက်ကွင်းရိုက်ကွက် ဇာတ်အိမ်အဆန်းနဲ့ ခံစားကြည့်ရှု့ရမှာပါဇာတ်လမ်း အကျဉ်းဟယ်ရာနန်းတော်လို့တင်စားလောက်တဲ့ အထပ်၁၀၀ပါသော ဇိမ်ခံမိုးမျှော်အိမ်ကြီးမှာဆိုရင် များစွာသော လျို့ဝှက်ချက်တွေ ၊ မမြင်နိုင်သော ရည်မှန်းချက်တွေ ပြည့်နှက်လို့နေပါတယ်ရှင်းဆူယွန်း ဟာ ဆိုရင် ချမ်းချမ်းသာသာနဲ့ မွေးဖွားလာသူတစ်ယောက်ပေါ့ မိုးမျှော်အိမ်ကြီးရဲ့မိဖုရားတစ်ပါးဆိုးလည်း မမှားပါဘူးချောင်းဆောဂျင်က တော့ သူ့သမီးလိုအပ်တာမှန်သမျှကို ဖြည့်ဆီးပေးနေသူပါအိုယွန်းဟီ ကတော့ ဘဝပေးအခြေပနေကြောင့် ဆင်းဆင်းရဲရဲ မွေးလာပေမယ့် ရည်မှန်းချက်ပန်းတိုင်ကြီးမားတဲ့သူ...ဒီလိုနဲ့ ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်သွားမလဲ....ချမ်းသာမှု့ ၊ အာဏာ နဲ့ များစွာသော အရှုပ်တော်ပုံတွေ ဖြစ်တည်ရာ အထပ်၁၀၀ မိုးမျှော်တိုက်ဟယ်ရာနန်းတော်ပါ( အညွှန်းရေးသားထားတာကတော့ CM Team ပါ )[Zawgyi]Ongoing Series ...
8.4
TMDb: 8.4/10 votes
tv

The Penthouse: War in Life (2020)

2020
Warm and Cozy(2015)[Complete] 6.4
Warm and Cozy(2015)[Complete] Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံးWarm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား... ...ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား... Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့ ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့ ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်... ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ...အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ...အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး....အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို ...
6.4
TMDb: 6.4/10 4 votes
tv

Warm and Cozy(2015)[Complete]

2015
The Age Of Green Lady 2020
The Age Of Green Lady 2020 The Age Of Green Lady 2020 (Complete) ===========စူးရှန်း ဆိုတဲ့ ကောင်လေး ဟာ တောကနေ မြို့တက်လာပြီး အလုပ်လာရှာတဲ့ လူရိုးလေး ကောင်ချောလေးပေါ့ ဖြစ်ချင်တော့ သူတို့အိမ်လာပြီz အသိက အလုပ်ပေးမယ်ဆိုလို့ ရှိစုမဲ့စုတွေ ရှယ်ယာအဖြစ် ထည့်ပေးလိုက်ရပြီး လိပ်စာလေး တစ်ခုပဲ ပေးသွားတာ   အဲ့ဒီလိပ်စာ အတိုင်းလိုက်လာတော့ ​ကုန်ပစ္စည်းပြပွဲ အတွက် ထုတ်ကုန်သစ် မိတ်ဆက်ဖို့ လုပ်နေတဲ့ မမခိုင်ထင် ဆိုတဲ့ လုပ်ငန်းရှင် အမျိုးသမီးနဲ့ မတော်တဆ ဆုံကြပါလေရော အဲ့ဒီနေ့က ဗယ်လင်တိုင်းနေ့ ဖြစ်တဲ့အပြင် အချစ်ရေး မှာ အေးတိအေးစက် ဖြစ်နေလို့ ၈ နှစ်ကျော် သံယောဇဉ်ကို ငြီးငွေ့လာတဲ့ မမ ခိုင်ထင် နဲ့ လူလိမ်ခံရလို့ ဘယ်သွားရမှန်းမသိ တော်ပြီး ချောနေတာကလွဲရင် ရိုးသားတဲ့ မောင်လေး စူးရှန်း တို့ ရဲ့ ဇတ်လမ်းဟာ ဆိုရင်ဖြင့်   မမ နဲ့ မောင်လေး အချစ်ဇတ်လမ်းဖြစ်မလားဆိုတာ ရင်ခုန်ပြီး ကြည့်နေရတော့မယ့် ...

The Age Of Green Lady 2020

2020
Chilling Adventures of Sabrina Part 4 ( Completed ) 8.4
Chilling Adventures of Sabrina Part 4 ( Completed ) အားလုံးစောင့်မျှော်နေတဲ့ Sabrina လေးပြန်လာခဲ့ပါပြီPart 3 နောက်ဆုံးပိုင်းမှာ သိခဲ့ရတဲ့အတိုင်း Sabrina ၂ယောက်မှာတစ်ယောက်က ငရဲဘုရင်မ လုပ်နေပြီး တစ်ယောက်ကတော့သူ့ရဲ့မိသားစုတွေဆီကိုပြန်သွားခဲ့တာကိုမြင်ရမှာပါပြီးတော့ Father BlackWood ဟာလည်း မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ခဲ့တာကိုတွေ့ရမှာပါ အခု Part 4 မှာတော့Sabrina တစ်ယောက် ဘယ်လိုတွေကြမ်းဦးမလဲဆိုတာကိုမြင်ရဦးမှာပါ..ငရဲက တစ်ယောက်ရယ် လက်ရှိတစ်ယောက်ရယ်ကြားကအဖြစ်အပျက်တွေ ဆက်နွယ်မှုတွေကိုလည်းထပ်မြင်ရဦးမှာဖြစ်သလိုNetflix series တခုဖြစ်တာကြောင့် chilling adventures of sabrinapart 4 ဟာ ကျွန်တော်တို့စောင့်မျှော်နေရကြိုးနပ်ပြီး စိတ်မပျက်စေခဲ့ဘူးဆိုတာကိုတော့ ရဲရဲကြီးပြောလိုက်ပါရစေ အ ရှေ့က part 1+ 2+ 3 ကိုဒီမှာကြည့်နိုင်ပါတယ် Quality : NF  WEBRip- 720pFormat : mp4Subtitle : Myanmar Subtitle ( Hardsub )Translator : Yoon Sandi Aung , Phue Pyae ...
8.4
TMDb: 8.4/10 1816 votes
tv

Chilling Adventures of Sabrina Part 4 ( Completed )

2018
Chilling Adventures of Sabrina Part 3 7.8
Chilling Adventures of Sabrina Part 3 အားလုံးစောင့်နေတဲ့စုန်းမလေးစဘရီနာပြန်လာပါပြီSeason 2မှာ နစ်တစ်ယောက်အမှောင်သခင်ကိုကိုယ်ထဲထည့်ပြီးငရဲကိုရောက်သွားခဲ့တာအခုseason 3မှာတော့သူ့ချစ်ချစ်စဘရီနာလေးကနစ်ကိုငရဲကနေဘယ်လိုနည်းလမ်းတွေသုံးပြီးပြန်ဆွဲခေါ်ထုတ်မလဲအမှောင်သခင်ကိုရော နစ်ကိုယ်ထဲကနေဘယ်လိုထုတ်ပေးမလဲပြီးတော့အားလုံးလည်းtrailerကြည့်ပြီးတဲ့အတိုင်းစဘရီနာတစ်ယောက်က season 3မှာ Queen of Hell ဖြစ်သွားမှာပါဒါပေမယ့်ဘုရင်မဖြစ်ဖို့ကအဲဒီလောက်ကြီးလည်း မရိုးရှင်းဘူးပေါ့နော်သူဘယ်လိုအခက်အခဲတွေကျော်ဖြတ်ပြီးဘုရင်မတစ်ယောက်ဖြစ်လာမလဲအဲဒါတွေအပြင် season 2မှာ အမှောင်သခင်ကို သူတို့လှောင်ပိတ်ခဲ့တာရဲ့အကျိုးဆက်ဆိုးကျိုးတွေကို သူတို့ကိုဗန်စုန်းမျိုးနွယ်တွေခံစားရလာတဲ့အခါမှာရော သူဘယ်လိုတွေဖြေရှင်းပေမလဲဒီ season 3 ကတော့ စဘရီနာတစ်ယောက်အရှုပ်တွေလုပ်ပြီးတော့အလုပ်တွေပြန်ရှုပ်တော့မယ် လုံးဝအမိုက်စားseasonတစ်ခုပဲဖြစ်ပါတယ် Translators : Phue & Aye Mon KyawEncoder : Moe Myint Lwin Season- 3 (Completed) Zip File CM CM App Link Yoteshin 
7.8
TMDb: 7.8/10 281 votes
tv

Chilling Adventures of Sabrina Part 3

2018
Chilling Adventures of Sabrina Part 2 7.3
Chilling Adventures of Sabrina Part 2 Sabrina Season 2 ဟာ Rating 7.8 အထိရရှိထားပြီးတော့အားပေးမှူ့များစွာနဲ့ ပွဲထွက်လှခဲ့ပါတယ်....အရင် Season 1မှာ သွေးနှောတစ်ယောက်ဖြစ်တဲ့စဘရီနာတစ်ယောက်အမှောင်သခင်ကြီးရဲ့စာအုပ်မှာသူ့နာမည်ရေးထိုးတာနဲ့ဆုံးထားပြီးအခု Season2မှာတော့ အရင်ထက်ပိုပြီးDarkဖြစ်လာပါတယ်။ဒီ Seasonမှာ စုန်းလောကရဲ့ပိုနက်နဲတဲ့အကြောင်းတွေနဲ့ စဘရီနာ၊ ဟာဗီ၊ နစ်ခ်သူတို့သုံးယောက်ရဲ့သုံးဘက်ဆိုင်အချစ်တို့ကိုပါပိုမိုတွေ့မြင်နိုင်မှာပါ။ဒါ့အပြင် ဇာတ်ကောင်အသစ်တွေလဲပါဝင်လာပြီးစဘရီနာနဲ့ဘယ်လိုတွေများပတ်သတ်နေမလဲ၊အရင်Seasonမှာပါဝင်ခဲ့တဲ့ဇာတ်ကောင်တွေရဲ့တိမ်မြုပ်နေတဲ့ဇာတ်ကြောင်းတွေကရောဘယ်လိုတွေလဲ....ဒါတွေအားလုံးကို အခု Season မှာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တွေ့မြင်နိုင်မှာပါ။စဘရီနာတစ်ယောက် အမှောင်သခင်ကြီးရဲ့ဘက်တော်သားဖြစ်သွားပြီးအမှောင်လမ်းကြောင်းနောက်ကိုလိုက်မလားဒါမှမဟုတ် သူ့ရဲ့နဂိုစိတ်ရင်းအတိုင်းပဲရိုးသားစွာနဲ့ဆက်နေသွားမလားဆိုတာကိုတော့Season 2 မှာကြည့်လိုက်ရအောင်လား.... Translators : Aye Mon Kyaw , Pone Thone , Phue , HMO , NeveEncoder : May Pyae Sone Oo Season- 2 (Completed) Zip File VIP / Yoteshin / Megaup
7.3
TMDb: 7.3/10 123 votes
tv

Chilling Adventures of Sabrina Part 2

2018
Chilling Adventures of Sabrina (2018) 7.3
Chilling Adventures of Sabrina (2018) ဒီကားက Netflix ကထုတ်ထားတဲ့စီးရီးတစ်ခုပါ IMDB 8ရထားတဲ့ကားတစ်ကားပါစပယ်လ်မန်းမိသားစုရဲ့ သမီးဖြစ်တဲ့ စဘရီနာဆိုတဲ့၁၆နှစ်ပြည့်ကာနီးကောင်မလေးကနေပြီးတော့ ဇာတ်လမ်းကစပါတယ်ဇာတ်ကားနံမည်နဲ့အလိုက် သူမရဲ့နေရာကနေပြီးတော့ ဖြစ်ကြောင်းကုန်စင်ရိုက်ပြထားတာပါသူမကတော့ စုန်းသွေးတစ်ဝက်လူသွေးတစ်ဝက်နှောနေတဲ့ ကပြားမလေးပါဟယ်ရီပေါ်တာကားနည်းနည်းဆန်ပါတယ်ထူးခြားတဲ့အစွမ်းတွေရှိနေမယ်လို့ယုံကြည်ခံထားရတဲ့ကလေးမလေးဟာစုန်းမျိုးစစ်စစ်အဖြစ်ခံယူလိုက်ရမလားလူသားတစ်ယောက်အဖြစ်ပဲခံယူလိုက်ရမလားဆိုပြီး ဇဝေဇဝါဖြစ်လို့နေပါတယ်သူမရဲ့၁၆နှစ်ပြည့်မွေးနေ့မှာ ၆၆နှစ်မှတစ်ခါပေါ်တဲ့သွေးရောင်လွှမ်းတဲ့လကြတ်မှုအောက်မှာ စုန်းမျိုးရိုးစစ်စစ်ဖြစ်အောင်သွတ်သွင်းချင်တဲ့သူ့ရဲ့အန်တီတွေနဲ့ ချစ်ရတဲ့ချစ်သူနဲ့သူငယ်ချင်း လူသားတွေဘက်ကို လွန်ဆွဲရင်းနဲ့ဝေခွဲမရနိုင်ဖြစ်နေတဲ့ ၁၆နှစ်အရွယ် စုန်းကပြားမလေးတစ်ယောက်အကြောင်းပါပြီးတော့ ကောင်မလေးကလဲချစ်ဖို့တော်တော်ကောင်းပါတယ်သူ့ရဲ့စွန့်စားမှုတွေကဘယ်လိုတွေရှိလဲသူ့မိဘတွေရော သူ့ကျောင်းမှာတက်နေတဲ့ပြသနာတွေကိုရော....စိတ်ဝင်စားရင်တော့ ဒေါင်းပြီးကြည့်လိုက်ဖို့ပဲပြောချင်ပါတယ်အပိုင်း၁၀ပိုင်းရှိပါတယ် ၂ရက်ကို၁ပိုင်းနှုန်းလောက်တင်ဆက်ပေးသွားမှာပါဒေါင်းရတဲ့ဘေကုန်ရကျိုးနပ်တဲ့ကားလို့ပဲပြောချင်ပါတယ်...(အညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Thinzar Htet ပဲဖြစ်ပါတယ်...) Translator .... ThinZar Htet / MiKiEncoder ..... Moe Myint Lwin Season- 1 (Completed) Zip File Vip Links Yoteshin / Userdrive / Megaup / Veryfiles        
7.3
TMDb: 7.3/10 15 votes
tv

Chilling Adventures of Sabrina (2018)

2018
Candle in the Sun (2019) 8
Candle in the Sun (2019) Candle in the Sun (2019)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်း(၁ မှ ၁၂)အထိ စ/ဆုံး~အတိတ်ဘဝ~ ကျောက်နွိုင်ထေဝါရစ်အဖြစ် Toey Pongsakorn တီအန်ခမ်း အဖြစ် Nychaa Nuttanicha ကျောက်ဝုန်ဒုန်းအဖြစ် Yoghurt Nattasha လူဝီအဖြစ် Pon Nawasch~လက်ရှိဘဝ~ အင် အဖြစ် Toey Pongsakorn ကလင်း အဖြစ် Nychaa Nuttanicha ပတီမာ အဖြစ် Yoghurt Nattasha ဘန် အဖြစ် Pon Nawaschကလင်းဆိုတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်မင်းသမီးတစ်ယောက်...ချောမောလှပတဲ့ရုပ်ရည်ရှိသလို သရုပ်ဆောင်ပိုင်းဆိုရင်လည်း ဇာတ်ကောင်စရိုက်အပေါ်အာရုံစိုက်လွန်းတဲ့သူဖြစ်ပါတယ်....ဒီလိုချောမောလှပတဲ့မင်းသမီးဟာ ချစ်မိတော့လည်းအများသူငါသိနေတဲ့ အိမ်ထောင်ရှိ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်တစ်ယောက်...ဒီလူက မိသားစု စီးပွားရေးအခြေအနေအရာ လက်မှတ်မထိုးထားဘဲ ဟန်ဆောင်သဘောမျိုးလက်ထားတယ်လို့သာဆိုပေမဲ့ ကလင်းအတွက်တော့ မလွယ်ကူပါဘူး..ဟိုလူ့ရှောင်ရ ဒီလူရှောင့်ရနဲ့....မီဒီယာတွေကလည်းအိမ်ထောင်သည်နဲ့ဖောက်ပြန်တယ်ဆိုပြီး စတင်ရေးသားလာကြပါတယ်....ဒီကြားထဲ အိပ်ပျော်တိုင်း အိပ်မက်ဆိုးတွေမက်တတ်သလို တစ်ခါတစ်ရံ တခြားသူတွေမမြင်တဲ့ခြောက်ခြားစရာမြင်ကွင်းတွေမြင်လေ့ရှိတတ်ပါတယ်....တစ်နေ့တော့ ရိုက်ကွင်းက စီစဉ်ပေးထားတဲ့ ဆံထိုးလေးကျိုးသွားတော့ကလင်းဟာ သူမပိုင်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဆံထိုးပဲထိုးမယ်ဆိုပြီး ဒါရိုက်တာကိုပြောလိုက်ပါတယ်...အဲ့ဒီနောက်မှာတော့ ဆံထိုး ထိုးပြီး သရုပ်ဆောင်လိုက်တဲ့အချိန်မှာပဲသူမဟာ ဒီဘဝမှာမဟုတ်ဘဲ ရှေးဘဝ နန်းတွင်းခေတ်ကို ...
8
TMDb: 8/10 1 votes
tv

Candle in the Sun (2019)

2019
Dr.Prisoner ( 2019 ) ( Completed ) 5.9
Dr.Prisoner ( 2019 ) ( Completed ) Dr.Prisoner (2019)"I'll let you out, if you can bare the pain of death" ဆိုတဲ့ စိတ်ဝင်စားဖွယ်ဒိုင်ယာ‌လော့လေးနဲ့ နမူနာထွက်ခဲ့ဖူးတဲ့ Doctor Prisoner ဇာတ်ကားလေးဟာRatings: 8.4/10 နဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာကိုသိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါTaekang ဆေးရုံရဲ့ အရေးပေါ်စောင့်ရှောက်ရေးဌာနမှာ လူနာများကိုကျောသားရင်သားမခွဲခြားဘဲ စိတ်ရင်းစေတနာကောင်းစွာနဲ့အပြည့်အဝစောင့်ရှောက်ပေးနေတဲ့ ခွဲစိတ်ဆရာဝန်လေး Na Yi Je ဟာမတော်တဆမှုတစ်ခုကြောင့် စွပ်စွဲခံရပြီးဆရာဝန်လိုင်စင်ယာယီအသိမ်းခံရပြီး ဆေးရုံမှ မောင်းထုတ်ခံခဲ့ရပါတယ်သူဟာ တရားမှုကိုအဖြေရှာဖို့ အကျဉ်းထောင်ဆရာဝန်မှုးတစ်ယောက်အဖြစ်လျှောက်ထားပြီး လက်တုန့်ပြန်ဖို့ကြိုးစားခဲ့တယ်ထောင်ထဲမှာရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ ဆေးမှုနဲ့ထောင်ကျတဲ့ဆယ်လီတွေလောင်းကစားလုပ်တဲ့အားကစားသမားတွေ အစရှိတဲ့အကျဉ်းသားပေါင်းစုံနဲ့တွေ့ရပြီးသူ့ကိုမောင်းထုတ်ခဲ့တဲ့ ဆေးရုံကို လက်တုန့်ပြန်ဖို့ ဘယ်လိုတွေအစီအစဉ်ဆွဲမလဲဆိုတာစိတ်ဝင်စားဖွယ် ဆိုက်ကိုဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 720pFormat : mp4Total Episodes : 32 ( Completed )During : ...
5.9
TMDb: 5.9/10 10 votes
tv

Dr.Prisoner ( 2019 ) ( Completed )

2019
Kairos (2020)SE1(Complete)
Kairos (2020)SE1(Complete) Kairos (2020)အညွှန်း********************အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံး Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် ...ဇနီးချောလေးလည်းရှိသလို ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်...သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့...တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကိုပြန်ပေးဆွဲသွားကြတယ်...မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်....ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီးအိမ်ကိုပို့လိုက်တယ်...သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်...ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကိုအမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်....ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်းထူးဆန်းစွာပဲခေါ်ဆိုလာတယ်...ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး....အက်ရှင် မှုခင်းဘက်ကိုဉီးစားပေးထားပုံပဲ...ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ...စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့.... Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Action ,Crime, DramaTranslated by ,Shoon Thu Thu Chain, Hnin Pale,Chu Chu & Myat ChelEncoder – ...

Kairos (2020)SE1(Complete)

2020
Who Are You: School (2015) 8.1
Who Are You: School (2015)  [Unicode]Who Are You: School 2015ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာ နေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊ မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန် အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကို ဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင် ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊ မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့ အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားပြီးဘာသာပြန်သူကတော့ Htet Nandar Aung ဖြစ်ပါတယ် )  [Zawgyi]Who Are You: ...
8.1
TMDb: 8.1/10 15 votes
tv

Who Are You: School (2015)

2015
Haechi ( 2019 ) Completed 7.8
Haechi ( 2019 ) Completed ၁၇၁၉ ခုနှစ် ဆော့ဂျုံးဘုရင် နောက်ဆုံးမင်းဆက်မှာ အိမ်ရှေ့စံမင်းသားဟာနန်းဆက်မထွန်းကားနိုင်တော့ဘူးဆိုတဲ့ ကောလဟာလတွေပြန့်နှံနေခဲ့ပါတယ်...ဒီကောလဟာလတွေကြောင့် ခေါင်းဆောင်မျိုးရိုး ေနာက်လိုက်မျိုးရိုးဆိုပြီး ပိုင်းခြားမှုတွေဖြစ်ပေါ်လာပါတယ်ဒီလိုမျိုး ဆူပူမှုအတောအတွင်း ဂျိုဆွန်းပြည်မှာ ဆာဟွန်းဘူဆိုတဲ့အာဏာအရှိဆုံးလူတွေပဲ ကျန်ခဲ့ကြပါတယ်မျိုးရိုးနိမ့်တဲ့မိဘုရားကမွေးဖွားလာတဲ့ မင်းသားလီဂွန်းဟာဒီလိုပိုင်းခြားမှုတွေကြောင့် အိမ်ရှေ့စံဘွဲ့နဲ့လွဲခဲ့ရပြီးကိုယ်တိုင်လည်းအိမ်ရှေ့စံဖြစ်မှန်းတောင် မသိပါဘူးဒီလိုအချိန်မှာ ထက်မြက်လှတဲ့ မင်းသားလီဂွန်းရယ် မတရားမှုတွေကိုဖော်ထုတ်ဖြေရှင်းရာမှာ သူမတူအောင် ထူးချွန်လွန်းပြီး ကိုယ်ခံပညာအပြင်နိုင်ငံခြားဘာသာစကာကိုလည်း ကျွမ်းကျင်စွာပြောတတ်တဲ့ ယောဂျီရယ်ဉာဏ်ရည်နိမ့်ပါးပေမယ့် အရာရှိစာမေးပွဲကိုအောင်မြင်ချင်လို့အကြိမ်ကြိမ်ကြိုးစားနေရှာတဲ့ ကြင်နာတတ်တဲ့ကောင်လေးပတ်မွန်ဆူးရယ်ကိုယ်ခံပညာတော်တဲ့ နာမည်ကြီးဒယ်မွန်ရယ် လေးယောက်ပူးပေါင်းပြီးတော့ဆာဟွန်းဘူကိုပြန်လည်ဖွဲ့စည်းဖို့နဲ့ မင်းသားလီဂွန်းကိုမင်းအဖြစ်ဆက်ခံနိုင်ဖို့အတွက် အတူတူကြိုးစားကြမှာပါသမိုင်းနောက်ခံ ဒဏ္ဍာရီဆန်တဲ့ ဒီနန်းတွင်းကားလေးမှာတော့နန်းတွင်းကားတို့ ထုံးစံအတိုင်း အမတ်ဝန်ကြီး မိဖုရားနှင့်ဘုရင်အရှုပ်တော်ပုံကြီးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရပါလိမ့်မယ်ဒီဇာတ်လမ်းလေးကတော့ မင်းသားချော ဂျန်အီဝူး (Jung Ii Woo) နဲ့မင်းသမီးချောလေး ဂိုအာရာ (Go Ah Ra) တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့Rating 8.0/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် - Quality : WEB-DL 720pTotal Episodes : 48Subtitle : Myanmar Subtitle ( ...
7.8
TMDb: 7.8/10 4 votes
tv

Haechi ( 2019 ) Completed

2019
Valley of Tears 2020 9.4
Valley of Tears 2020 အောက်တိုဘာလ ၁၉၇၃မှာ၊အစ်စရေးနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အီဂျစ်နဲ့ဆီးရီးယား ၂နိုင်ငံပူးပေါင်းကာ Yom Kippur(ဂျူးဥပုဒ်နေ့) မှာ အစ်စရေးကိုအလစ်ဝင်တိုက်ခဲ့တာကြောင့် Yom Kippur စစ်ပွဲလို့အမည်တွင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာနေရာမတူကြတဲ့ဇာတ်ကောင်တွေရဲ့ ရှုထောင့်တွေကိုခွဲပြထားပြီးနောက်ပိုင်းမှ တစ်ဦးနဲ့တစ်ဦးဆုံလာကြတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဗီနွမ်ဆိုတဲ့ကင်းစခန်းတစ်ခုကထောက်လှမ်းရေးနည်းပညာတပ်သားဟာ စစ်ဖြစ်တော့မယ့်လက္ခဏာတွေကိုဖုန်းလိုင်းတွေကိုနားထောင်ရင်းသိနေပေမယ့် သူ့ရဲ့ပြောစကားကိုအထက်လူကြီးတွေကအယုံအကြည်မရှိခဲ့ကြပါဘူး။ စစ်သားတွေအိမ်ကိုကိုယ်စီပြန်ကြတဲ့စစ်အင်အားအနည်းဆုံးဥပုဒ်​နေ့အားလပ်ရက်မှာ အဗီနွမ်ရဲ့မှန်းဆမှုအတိုင်း ဆီးရီးယားတပ်တွေဝင်တိုက်ခဲ့ပါတယ်။ မီလာခီဆိုတဲ့တင့်ကားမောင်းတပ်သားဟာ မြို့ထဲမှာဆန္ဒပြရင်းအဖမ်းခံခဲ့ရပါတယ်။ စစ်ဖြစ်တာကိုသိတဲ့အချိန်မှာထောင်ကထွက်ပြေးပြီး သူ့ရဲ့တင့်ကားအဖွဲ့ဆီသွားပါတော့တယ်။ နာမည်ကြီးစာရေးဆရာမန်နီဘန်ဒေါ်ဟာ ဇနီးသည်ရဲ့တွန်းအားပေးမှုကြောင့် စစ်တပ်ထဲဝင်သွားတဲ့သားဖြစ်သူကိုလိုက်ရှာပါတယ်။ အဲ့လိုရည်ရွယ်ချက်ကိုယ်စီနဲ့ဇာတ်ကောင်တွေဟာ စစ်ပွဲကြားကအဖြစ်အပျက်တွေ​​ကြောင့်တစ်ယောက်နဲ့တစ်ယောက်တွေ့မိကြရင်း အခက်အခဲတွေဆုံးရှုံးမှုတွေကြားကရုန်းကန်ကြရပုံကို စွန့်စားခန်းပုံစံရှုစားရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်စစ်ကားနှစ်သက်သူတွေ၊ သဘာဝကျကျဇာတ်လမ်းတွဲကောင်းနှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။Translated by Pyi Ti Nyein   Complete zip file   VIP  / Megaup /  Yoteshin  Episode 1 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 2 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 3 VIP / Yoteshin / Megaup / Meganz / Upstream / Filedwon Episode 4 VIP / Yoteshin / ...
9.4
TMDb: 9.4/10 7 votes
tv

Valley of Tears 2020

2020
The Spies Who Loved Me (2020)
The Spies Who Loved Me (2020) The Spies Who Loved Me (2020) အညွှန်း ****************************************အပိုင်းသစ် (၁ မှ ၁၆ ထိ) စ/ဆုံး Kang Ah Reum ဟာ မင်္ဂဝတ်စုံဒီဇိုင်နာတစ်ယောက်ပါ... သူမဟာ ယောင်္ကျားနဲ့ကွဲဖူးထားတဲ့သူပါ...ကွဲကွာပြီးလို့ နောက်အချစ်သစ်တောင် ထူထောင်ပြီးအိမ်ထောင်ပြုဖို့ပြင်နေတဲ့သူပေါ့....တကယ်တော့ သူမဟာ ယောင်္ကျားနဲ့ကွဲသာထားတယ် ...အဲ့ဒီသူရဲ့အကြောင်းကိုကောင်းကောင်းမသိခဲ့ပါဘူး...တကယ်တော့ ယောင်္ကျားဟောင်းဟာ စပိုင်တစ်ယောက်ဖြစ်ပါတယ်...ကံကောင်းတာလား ကံဆိုးတာလားမသိပေမယ့် နောက်လက်ထပ်မဲ့သူဟာလည်းစပိုင်တစ်ယောက်ပါ....သူမခဗျာ ရိုးလွန်းလို့ပဲလားမသိ တကယ့်ဆရာကျတဲ့ စပိုင်တွေနဲ့ချည်းဆုံနေရတယ်...ဒီစပိုင် ၂ ယောက်ဟာ ဘယ်လိုစပိုင်မျိုးလဲ....တာဝန်ထမ်းဆောင်နေချိန်မှာ နှလုံးသားကိုအလိုလိုက်ပြီးတော့ သူမကိုလက်ထပ်ဖို့ကြိုးစားတာဟာ အသုံးချဖို့အတွက်ပဲလား...တခြားဘာအကြောင်းအရာတွေများရှိမလဲ..နှစ်ရှည်လများ ဆိုးလ်မြို့မှာ လှုပ်ရှားအသွင်ယူရင်း စပိုင်လုပ်နေတာ ဘာအကြောင်းတွေများဖြစ်မလဲ.Quality – HDTV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Action, Crime, Spy ,Romance, Drama Translated by Littleneo, Shoon, Hnin, Thorn Encoder – ...

The Spies Who Loved Me (2020)

Genres

Archives