Channel Myanmar
New releases (2025)
Content at random
TV Series
How to Sell Drugs Online (Fast)  Seaeon 3 (2021) 8.3
How to Sell Drugs Online (Fast) Seaeon 3 (2021) How to sell drugs online(Fast) ရဲ့ တတိယ Season လာပါပြီဗျာ။သူငယ်ချင်း လန်နီ ရဲ့ လက်စားချေမှုကြောင့် Website ပျက်သွားရတဲ့ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် MyDrugs ရဲ့ CEO မောရစ်ဇင်မာမန်းတစ်ယောက် တိုင်ပတ်နေပါတယ်။သူ့ကို ပစ္စည်းထောက်ပံ့နေတဲ့ ညီအစ်မကဖိအားပေးနေတဲ့အတွက် ကျောင်းကအပျော်ခရီးထွက်တာတောင် မပျော်နိုင်ဘဲ သူ့ရဲ့ Website ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပါတယ်။ဒါပေမဲ့ လန်နီမပါတဲ့ MyDrugs ကတော့ အဆင်မပြေပါဘူး။ဖိအားတွေကြားထဲမှာ လန်နီနဲ့အဆင်ပြေအောင်လုပ်နိုင်ဖို့ရယ် MyDrugs ရဲ့ရုပ်သေး CEO ဘဝကနေ အမှန်တကယ် CEO ဖြစ်ဖို့အတွက် ကြိုးစားနေရပါတယ်။ဒါပေမဲ့ အခြေအနေတွေဘယ်လောက်ဆိုးဆိုး မောရစ်ဇင်မာမန်းမှာ အမြဲတမ်း အစီအစဉ်ရှိတယ်လေ။ဒီ Season ကလည်း အရင် Season ...
8.3
TMDb: 8.3/10 350 votes
tv
How to Sell Drugs Online (Fast) Seaeon 3 (2021)
2019
Navarasa (2021) Complete 9
Navarasa (2021) Complete IMDb Rating (8.1)ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးကြတဲ့ တာယာပွကြီးတို့၊ခြူသစ်တို့ရဲ့ ဗီတာမင်စာစုများကာတွန်းစာအုပ်တွေလိုပါပဲ....အခု Netflix က တင်ဆက်လိုက်တဲ့ တမေလ်စကားပြော Navarasa anthology ဇာတ်လမ်းတွဲဟာအပိုင်း ၉ ပိုင်း ဇာတ်လမ်း ၉ ခုနဲ့ နဲ့ဖွဲ့စည်းထားပြီး ဝတ္ထုတိုပေါင်းချုပ်လို ဟင်းပေါင်းတစ်ခွက်လိုချိုချဉ်ဖန်ခါး အပူအစပ်အဟပ်တွေကို တပြိုင်တည်း တည့်တည့်တိုးမိသလိုတစ်ပိုင်းခြင်းဆီက မတူညီတဲ့ ခံစားချက်တစ်ခုဆီကို တပြိုင်တည်း ခံစားကြည့်ရှုရမှာပါ။Navarsa ဆိုတာ တမီးလ်ရုပ်ရှင်တွေအတွက် ခြေလမ်းသစ်တခုဖြစ်ပြီးတွေ့မြင်နေကျ တောင်ပိုင်းကားတွေနဲ့မတူပဲ Netflix ကားပီပီ လွတ်လွတ်လပ်လပ်  တင်ဆက်ခွင့်ရထားတာဖြစ်တဲ့အတွက်ဆန်းသစ်တဲ့ရိုက်ချက်နဲ့တင်ပြပုံတွေကိုမြင်ရပါလိမ့်မယ်။တောင်ပိုင်းကားတွေနဲ့ရင်းနှီးနေကျ ပရိသတ်တွေအတွက် Suriya, Vijay Sethupathi, Siddharth တို့လိုဒိတ်ဒိတ်ကြဲတွေကစလို့ နာမည်ကျော်ဇာတ်ပို့ဇာတ်ရံတွေအများကြီးပါဝင်ထားပါတယ်။ဂရုဏာ၊ ရယ်မောခြင်း ၊ အံသြဖွယ် ၊ စက်ဆုပ်ဖွယ် ၊ ငြိမ်းချမ်းရေး ၊ ဒေါသ ၊ ကြောက်ရွံမှု ၊ ရဲစွမ်းသတ္တိ ၊ဆွတ်ပျံကြည်နူးဖွယ်ဆိုတဲ့ စိတ်ခံစားချက်တွေကို အပိုင်းလိုက်တင်ပြထားပြီးအပိုင်းတိုင်းက ...
9
TMDb: 9/10 1 votes
tv
Navarasa (2021) Complete
2021
Monthly Magazine Home(2021)
Monthly Magazine Home(2021) Monthly Magazine Home(2021) ဇာတ်လမ်းတွဲအညွှန်း**********************************************အပိုင်းသစ်(၁ မှ ၁၆ ထိ) စ/ဆုံးMonthly magazine house ရဲ့အယ်ဒီတာတစ်ဦးဖြစ်တဲ့ Na Young Won ဟာ ဆယ်နှစ်ကျော် အလုပ်တွေအများကြီးလုပ်ခဲ့ပေမယ့်အခုချိန်ထိ အိမ်တစ်လုံးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ မိန်းကလေးတစ်ဦးပေါ့ ...လက်ရှိမှာ အိမ်ငှားဘဝနဲ့ နေနေပြီး   ဒီအခန်းလေးဟာ သူမအတွက် နွေးထွေးမှုအပေးနိုင်ဆုံးနှစ်သိမ့်မှုအပေးနိုင်ဆုံး တန်ဘိုးထား ခိုလှုံရာလေးတစ်ခုပေါ့....ဒီအခန်းကိုသံယော်ဇဉ်တွယ်နေပေမဲ့လည်း သူမ ကံမကေားရှာဘူး ...အိမ်ငှါးပြဿနာတစ်ချို့တက်လို့  နေရာပြောင်းရဖို့ဖြစ်လာတယ်....သူမရဲ့ကုမ္ပဏီက ကိုယ်စားလှယ် Yoo JuSung ရဲ့အိမ်မှာ နေရဖို့ဖြစ်လာပါတယ်..Yoo JuSung ဆိုတာ ဘုဘောက်အတော်ကျတဲ့သူပါ... သူမှန်တယ်ထင်ရင် ဘာမဆိုပြောဖို့ဝန်မလေးတဲ့သူပေါ့....Yoo JaSung အတွက်ကတော့ အိမ်ဆိုတာ ပိုင်ဆိုင်မှုတိုးပွားစေတဲ့အရာဖြစ်ပြီးအိပ်စရာနေရာတစ်ခုလို့ပဲ သတ်မှတ်ထားပါတယ် ...အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေနဲ့ ချမ်းသာ အောင်မြင်လာတဲ့ Yoo JaSung တစ်ယောက် အိမ်ပိုင်မရှိတဲ့Na Young Won နဲ့တွေ့ဆုံတဲ့အခါမှာတော့ အိမ် ဆိုတဲ့အရာအပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံချင်းမတူကြတဲ့သူတို့နှစ်ဦး ...
Monthly Magazine Home(2021)
2021
Voice 4: Judgment Hour (2021) 6.5
Voice 4: Judgment Hour (2021) Voice 4: Judgment Hour (2021)ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်းသစ်(၁ မှ ၁၄ ထိ)စ/ဆုံး Season 4 မှာတော့ 112 call center စင်တာမှူးကြီး K‌ang Kwon Jo ဟာ Season 1,2,3မှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်trauma ရသွားကာ psychopath တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး လူတွေကို လိုက်သတ်နေတာလား ...ဒါမှမဟုတ် အမြွှာလို ရုပ်ချင်းတူတဲ့ သူတစ်ယောက်ကများ စင်တာမှူးလိုဟန်ဆောင်ပြီး လိုက်သတ်နေတာလားဆိုတာကိုဖော်ထုတ်ရမှာပါ။မင်းသားနေရာ‌မှာတော့ LA ကပြောင်းလာတဲ့ စုံထောက် Derek Jo (ဂျွန်စော)ပါ၀င်လာပြီးတော့ကွင်းဆက်လူသတ်သမားအမှုနဲ့ အမှုများစွာကို ထပ်မံဖော်ထုတ်ဦးမှာ ဖြစ်ပါတယ်။အညွှန်းအများကြီးမရေးသင့်တဲ့စီးရီးမို့ ကိုယ်တိုင်ပဲ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုကြပါကုန်...Duration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Crime,Adventure,Thriller, DramaTranslated by Ei ...
6.5
TMDb: 6.5/10 29 votes
tv
Voice 4: Judgment Hour (2021)
2021
Genesis (2021)
Genesis (2021) သူဌေးမိသားစုတစ်ခုရဲ့ တရားမဝင် ဒုတိယသား ဂန်အီဟွန်း၊ သူ့ အမေရဲ့ သေဆုံးမှု နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းသူ့မျက်နှာနဲ့ တစ်ပုံစံတည်းတူတဲ့ clone တွေနဲ့ တွေ့ဖြစ်လာပြီး နောက်ကွယ်မှာ ပိုရှုပ်ထွေးနေတဲ့ ဇာတ်ကြောင်းကိုဖော်ထုတ်ရန်ဖြစ်လာပါတယ်။ ဂန်အီဟွန်းနဲ့ တစ်ရုပ်တည်းဆိုပေမဲ့ သူ့ clone တွေကို ဘယ်လောက်တောင် ကွဲပြားတဲ့အယူအဆတွေ အမူအကျင့်တွေနဲ့ မြင်ရမလဲ၊ ရှုပ်ထွေးဆန်းပြားတဲ့ နောက်ကြောင်းတွေကို အပိုင်း ၆ ပိုင်းသာရှိတဲ့ သိပ္ပံဆန်ဆန်mystery-thriller ဆန်ဆန် Genesis မှာ ကြည့်ရမှာဖြစ်ပါတယ်။ဂန်အီဟွန်း/ချန်/ဒုန်ဂျင်း/မီခါအယ်လ် လေးကိုယ်ခွဲ အဖြစ် Park Hae Jinအမိုက်စား စုံထောက် ယော်လင်း အဖြစ် Nanaအထက်တန်းစားစုံထောက် ချွဲဂျင်ဆူ အဖြစ် Kwak Si Yangဂန်အီဟွန်းရဲ့ အစ်ကို၊ ဖခင်ရဲ့ အသိအမှတ်ပြုမှုကို တောင့်တနေတဲ့ ဂန်အီကွမ် အဖြစ် ...
Genesis (2021)
2021
Tantra ( 2018 ) Completed 7
Tantra ( 2018 ) Completed ဇာတ်အိမ်ကြီးကြီးနဲ့ ကြည့်ချင်တဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်တော့Tantra ဆိုတဲ့ အိန္ဒိယဇာတ်လမ်းရှည်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့... Prithvi Khannaနဲ့ သူ့ရဲ့မိသားစုဟာ သူတို့ရဲ့အိမ်မက်အိမ်လေးကို ဝယ်ပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ သာယာစရာမိသားစုအိမ်လေးပဲဖြစ်ပါတယ် ဒါပေမဲ့ ပျော်လို့တောင်မဝသေးခင် Prithvi Khanna နဲ့သူ့သမီးဟာ ပြဿနာတွေရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ် မောင်နှမ ညီအစ်ကိုဆိုတာကိုယ့်အချင်းချင်းဆို အရာရာနားလည်ပေးပြီး သင့်မြတ်ကြပေမဲ့ သူတို့ကြားကိုသူစိမ်းတွေဝင်လာတဲ့အခါမှာတော့ မိန်းမစကား သားသမီးမျက်နှာတွေကြောင့်သွေးကွဲစရာတွေကြုံလာရပါတယ် မိသားစုဝင်အချင်းချင်း အသာစီးရချင်မှုတွေစည်းစိမ်တပ်မက်မှုတွေ အရေးပေးခံချင်မှုတွေနဲ့ လောဘဇောတွေကပ်လာကြပါတော့တယ်မိသားစုဝင်တွေကြား ရှေ့တင်တော့ကောင်းဟန်ဆောင် နောက်ကွယ်မှာလုပ်ကြံချောက်ချဖို့ကြံနေကြပြီး အောက်လမ်းနည်းတွေပါမကျန်သုံးကာတစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်လာချိန်မှာတော့ Prithvi Khannaတို့သားအဖနှစ်ယောက် လူ​တွေနဲ့ မမြင်နိုင်တဲ့ အမှောင်လောကကိုရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ် ဒီကားလေးမှာဆိုရင် သာမန်ကားတွေနဲ့ မတူဘဲအိန္ဒိယရဲ့ မိသားစုကြီးထဲက လူတစ်ဦးချင်းစီရဲ့ လောဘ တပ်မက်မှု ရိုးသားမှုအတွင်းစိတ်တွေကို ပီပီပြင်ပြင် ဇာတ်လမ်းတည်ဖော်ပြထားတာကြောင့်မိသားစုအရှုပ်အထွေးပဋိပက္ခတွေကို ကြည့်ချင်နေတဲ့လူတွေအတွက်ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားပြီး စောင့်မျှော်ကြည့်ရှုရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်သင့်ပါဘူးနော် Total Episode : 91Quality : WEB-Rip ...
7
TMDb: 7/10 1 votes
tv
Tantra ( 2018 ) Completed
2018
The Flash ( Season 7 ) 7.6
The Flash ( Season 7 ) ပီးခဲ့တဲ့နှစ်က Covid ကြောင့် စောစောဇာတ်သိမ်းလိုက်ရတဲ့ Flash Season 6 ရဲ့အဆက်Season 7 တော့ ဒီနှစ်မှာထွက်ရှိလာပါပြီ အားလုံးသိတဲ့အတိုင်း Barry A.K.A Flash ဟာCrisis မှာလုပ်ခဲ့တဲ့ ရွေးချယ်မှုတခုကြောင့် Speed Force သေဆုံးသွားခဲ့ပြီးသူ့ဆီမှာလက်ရှိပြေးနိုင်ဖို့ Speed force ဟာလည်း အနည်းငယ်သာကျန်ပါတော့တယ်သူ့ရဲ့မိန်းမဖြစ်သူ အိုင်းရစ်ဟာလည်း Mirror Universe မှာပိတ်မိနေပါတယ်Season 6 ရဲ့ Big Bad ဗီလိန်ဟာလည်း မြို့ကိုဒုက္ခပေးနေပါပြီဒီတော့ ဘယ်ရီဟာ artificial intelligence speed force ကို ထီထွင်ဖို့ကြိုးစားနေရပါတယ်သူ့မှာရှိတဲ့လက်ကျန် speed force နဲ့ မြို့ကိုကယ်တင်နိုင်ပါ့မလားအိုင်းရစ်ရော ပြန်လွှတ်နိုင်မလား Speed Force ကို ပြန်လည်ဖန်တီးနိုင်ပါ့မလားဘယ်လိုစတေးမှုတွေ ကြုံရဦးမလဲဆိုတာကိုတော့ Season 7 မှာဆက်လက်ကြည့်ရှုလိုက်ကြရအောငFilesize : 500 MB ( Per ...
7.6
TMDb: 7.6/10 6897 votes
tv
The Flash ( Season 7 )
2014
The Time We Were Not in Love(2015) 5.7
The Time We Were Not in Love(2015) The Time We Were Not in Love(2015)------------------------------------------------------" ငါ နင့်ကို ဘယ်တော့မှ မချစ်ဘူး "ဒီလိုမျိုး ချစ်တယ် မပြောခင်ကတည်းကအငြင်းခံရရင် ဘယ်လိုများ ခံစားရမယ်ထင်လဲ ?The Time We Were Not in Love ဆိုတဲ့၂၀၁၅ လောက်က TV Series တစ်ခုကို ပြန်ကြည့်မိတယ်  သရုပ်ဆောင်တွေကလဲ လူတိုင်းသိတဲ့ Lee Jin‑wook နဲ့ Ha Ji‑wonဇတ်လမ်းလေးကလဲ အတော်ချစ်ဖို့ကောင်းတဲ့ ပုံစံလေးအသက် ၃၀ ကျော် မိန်းကလေး တစ်ယောက်ရဲ့ ဖြစ်တည်မှုပုံစံအလုပ်မှာကြိုးစားသလောက် အချစ်ရေးမှာ ကံခေနေတဲ့ အိုဟာနာအဲ့ဒီလို မိန်းကလေးရဲ့ ဘေးမှာ အသက် ၁၆ နှစ်လောက်ကနေ၃၀ ကျော် အထိ ဂရုတစိုက် ရှိနေပေးတက်တဲ့ ကောင်လေးက ချွဲဝမ်ဒီလောက် ကြာတဲ့ အထိ BFF ဖြစ်နေပေးခဲ့ပြီး ...
5.7
TMDb: 5.7/10 3 votes
tv
The Time We Were Not in Love(2015)
2015
Imitation (2021)
Imitation (2021) Imitation (2021)ဒီဇာတ်လမ်းလေးတော့ Kpop industry ထဲက idolတွေရဲ့ဘဝတွေ နောက်ကွယ်ကအကြောင်းတွေကိုရိုက်ကူးထားတဲ့ webcomic based drama ဖြစ်ပါတယ်. Webcomic name ကတော့ "Imitation" ပါပဲ "Teaparty" လို့ခေါ်တဲ့ အဖွဲ့မှာ လီမာဟာ, ရှင်းမ်ဟျွန်းဂျီ, ယူရီအာ ဆိုပြီး အဖွဲ့ဝင်သုံးယောက်ရှိပါတယ်. သူတို့အဖွဲ့ဟာ ပွဲဦးထွက်ပြီးတဲ့နောက်မှာအောင်မြင်မှုသိပ်မရခဲ့ပါဘူး. ဒါပေမယ့် အဓိကဇာတ်ကောင်ဖြစ်တဲ့ လီမာဟာ ကတော့ နာမည်ကြီးအဆိုတော် ရာရီမာ နဲ့ ရုပ်ဆင်တာကြောင့် ပရိတ်သတ်တွေဆီက အာရုံစိုက်မှုရခဲ့ပါတယ် တစ်နေ့ "Teaparty" အဖွဲ့ဟာ နာမည်ကြီးidol group တွေသွားကြတဲ့ reality show တစ်ခုကို သွားခဲ့ကြပါတယ်.အဲ့ဒီနေ့မှာပဲ showကို" Shax" လိုခေါ်တဲ့ နာမည်ကြီးအဖွဲ့လည်း သွားရောက်ခဲ့ပါတယ်.အဓိကဇာတ်ဆောင်ဖြစ်တဲ့ Shax အဖွဲ့ဝင်ဂွမ်ယော့ဟာ အဆို/အကမှာရော သရုပ်ဆောင်ပိုင်းမှာရော နာမည်ကြီးပြီး သူ့ရဲ့အောင်မြင်မှုပေါ်ကို သေချာအာရုံစိုက်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်.သူက မာဟာကို အဆိုတော်ရီမာရဲ့နာမည်ကျော်မှုကို အသုံးချတယ်ဆိုပြီး အမြင်မကြည်ဖြစ်နေတာပါ. ...
Imitation (2021)
2021
Kingdom Season 2 (2020) [COMPLETE] 8.3
Kingdom Season 2 (2020) [COMPLETE] (Unicode)အားလုံးစောင့်နေကြတဲ့ season1 မှာကတည်းကလူစိတ်ဝင်စားမှုများတဲ့ Kingdom Season 2 ဒီနေ့ပဲထွက်လာတာအားလုံးအသိပါ။ဒီseason မှာလည််း အပိုင်း ၆ ပိုင်းပါဝင်ပြီး ဖုတ်ကောင်တွေရဲ့ဆင့်ကဲပြောင်းလဲလာမှုတွေကြား နန်းတွင်းအမတ်ချုပ်ရဲ့ကြိုးကိုင်မှုတွေကြား အိမ်​ေ့ရှစံမင်းသားတို့အဖွဲ့ရုန်းကန်ရတော့မယ်မှန်း Season 1 အဆုံးမှာကတည်းကအားလုံးသိထားမှာပါ။ဒီSeason 2 မှာ တစ်ချို့ဇာတ်ကောင်တွေဖျောက်ပြီး တချို့ဇာတ်ကောင်တွေကို ​ေ့ရှတန်းတင်လာတဲ့အပြောင်းအလဲတွေနဲ့အတူ ဇာတ်ရှိန်ကတဖြေးဖြေးမြင့်လာနေပါပြီ။ဒီဖုတ်ကောင်တွေရဲ့ပြသနာကလွယ်လွယ်ဖြေရှင်းဖို့မလွယ်သလို နန်းတွင်းကချုပ်ကိုင်မှုတွေလည်းရှိနေပေမယ့် ဒီရောဂါပိုးရဲ့ဆင့်ကဲပြောင်းလဲလာမှုသဘောသဘာဝတွေကို ရိပ်မိလာတဲ့အခြေအနေရောက်လာပြီဖြစ်တဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာ ရင်ခုန်စရာပါ။အချိန်အကြာကြီး တောင့်တစောင့်စားရလောက်တဲ့အထိဖြစ်ခဲ့တဲ့ ဒီ Season 2 မှာဘယ်လောက်ထိဇာတ်ရှိန်တက် မလဲဆက်တက်ဦးမလဲဆိုတာဘယ်လောက်ထိ နန်းတွင်းကိစ္စတွေရှုပ်ထွေးသွားမလဲဒါမှမဟုတ် ရှင်းသွားမလဲဆိုတာကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ။သေချာတာတော့ ကျနော်တို့ထပ်စောင့်ကြည့်ချင်ရဦးမှာပါ။(ဘာသာပြန်ပေးထားသူတွေကတော့ Littleneo d3mon Thura Zarni Aung တို့ပဲဖြစ်ပါတယ်)(Zawgyi)အားလုံးစောင့်နေကြတဲ့ season1 မှာကတည်းကလူစိတ်ဝင်စားမှုများတဲ့ Kingdom Season 2 ဒီနေ့ပဲထွက်လာတာအားလုံးအသိပါ။ဒီseason မှာလည်း အပိုင်း ၆ ပိုင်းပါဝင်ပြီး ...
8.3
TMDb: 8.3/10 82 votes
tv
2019
Kingdom (2019) Season 1 [COMPLETE] 9
Kingdom (2019) Season 1 [COMPLETE] အခုလောလောလတ်လတ် ၂၀၁၉ ဇန်နဝါရီ ၂၅ မှာမှ အသစ်ထွက်လာတဲ့ ကိုရီးယား အက်ရှင်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ "The Kingdom of the Gods" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ထုတ်လုပ်သူကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲကောင်းများစွာကို ထုတ်လွှင့်နေတဲ့ Netflix ကပါပဲ။Netflix ကလွှင့်တဲ့ ဒုတိယမြောက် ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး ပထမ Season အနေနဲ့ အပိုင်းခြောက်ပိုင်းပါရှိပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်းအမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။(ဘာသာပြန်တင်ဆက်ထားသူများကတော့  Thura ...
9
TMDb: 9/10 2 votes
tv
Kingdom (2019) Season 1 [COMPLETE]
2019
Castlevania Season 1 & 2 & 3 & 4 {Complete} 7.8
7.8
TMDb: 7.8/10 90 votes
tv
2017
At a Distance, Spring is Green(2021) At a Distance, Spring is Green(2021) ဇာတ်လမ်းတွဲအညွှန်း***************************************************အပိုင်းသစ်(၁ မှ ၁၂ )ထိ စ/ဆုံးကျောင်းသားကားလေးတွေ ကြိုက်တဲ့ kdrama fan တွေအတွက် နောက်ထပ်ကျောင်းသားကားလေးတစ်ကား ရောက်ရှိလို့လာပါပြီ...Wanna one မန်ဘာဟောင်း Park Ji Hoon၊ True Beauty , A-teen ဇာတ်ကားတွေထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ Kang Min Ah ၊လက်ရှိပြသနေတဲ့ My rommate is a gumiho ဇာတ်ကားထဲမှာ ပါ၀င်ထားတဲ့ Bae In Hyuk တို့ရဲ့ ဇာတ်ကားလေးပါ။အသက် ၂၀အရွယ် လူငယ်တွေ တက္ကသိုလ်မှာ ကြုံတွေ့ရတဲ့ ပြဿနာများကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ပြထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရည်ချောမောပြီး ချမ်းသာတဲ့မိသားစုမွေးဖွားလာတဲ့ Yeo Joon ဟာ ဘ၀မှာ ပျော်ရွှင်စွာနေထိုင်နေပုံပေါ်ပေမယ့်လည်း တစ်ဖက်မှာတော့ လူတွေကိုထုတ်မပြရဲတဲ့ ...
At a Distance, Spring is Green(2021)
2021
Lisey’s Story (2021) 9.5
Lisey’s Story (2021) ဒီစီးရီးကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ရိုက်ကူးပြီး apple tv ကနေ ပြသလိုက်ပါပြီ။ စတီဖင်ကင်းကိုတော့ ရုပ်ရှင်ပရိသတ်အများစုစာအုပ်မဖတ်ဖူးရင်တောင် ကြားဖူးနေကြမှာပါ။IT, Pet Sematary, Shinning, Dr Sleep, 1408, Dark Tower, Shawshank, Green Mile, The Mist စသည်ဖြင့်ဇာတ်ကား ၅၀ လောက်ကို ရှိပါတယ်။ ဒါပေမယ့် ဒီ လီစီ စတိုရီ စာအုပ်ရဲ့ထူးခြားချက်ကတော့ဆရာကြီး သူရေးခဲ့ဖူးသမျှထဲမှာအကြိုက်ဆုံးထဲမှာပါတယ်လို့ ပြောခဲ့ဖူးပါတယ်။စတီဖင်ကင်းဟာ သူ့ရဲ့ဇာတ်လမ်းအများစုက အပြင်လောကက သူ့ရဲ့ဘဝနဲ့ သူ့ခံစားချက်တွေကနေအခြေခံပြီး ပြောင်းလဲချဲ့ထွင်ရေးခဲ့တာ များပါတယ်။ဥပမာ Pet Sematary ဆိုရင် သူပြောင်းပြီးနေတဲ့အိမ်က ကားလမ်းနဲ့အရမ်းနီးပြီးသူ့ကလေးတွေအတွက် စိတ်ပူမိတဲ့ကိစ္စကနေ စပြီးရေးခဲ့မိတာပါ။သူရေးပြီးသူပြန်ကြောက်မိတဲ့ ဝတ္တုလို့လည်း ဆိုခဲ့ဖူးပါတယ်။ဒီစာအုပ်ကတော့ စတီဖင်ကင်းတစ်ယောက် အဆုတ်ရောင်ရောဂါနဲ့အသည်းအသန်ဖြစ်ပြီး သူ့မိန်းမက လူနာစောင့်ခဲ့တဲ့အဖြစ်ကနေ စပြီး အတွေးပေါ်ခဲ့တယ်လို့ ပြောဖူးပါတယ်။သူသေသွားတဲ့အခါ သူ့မိန်းမနဲ့ သူ့ရ့ ...
9.5
TMDb: 9.5/10 votes
tv
Lisey’s Story (2021)
Keun Ruk Salub Chata (2021)
Keun Ruk Salub Chata (2021) Keun Ruk Salub Chata"ကံကြမ္မာစေရာ " (2021)ထိုင်းဇာတ်လမ်းတွဲအညွှန်း********************************************အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံးဝပ် အဖြစ် Alekတပ် အဖြစ် Krating ဂျင်နီလ် အဖြစ် Namtran ကူလန်ဂျ် အဖြစ် Buaဒီဇာတ်လမ်းလေးကတော့ ဝပ် နဲ့ တပ်ဆိုတဲ့ ကောင်လေးနှစ်ဦးကို ကံကြမ္မာက အချိုးကျကျ လှည့်ပြောင်းလိုက်တဲ့အကြောင်းပါ ဝပ်ဆိုတာကတော့ ရုပ်ချောသလောက်ပွေရှုတ်တတ်တဲ့ Bad Boy လေးပေါ့.... နာမည်ကြီး မင်းသမီးလေး ဂျင်နီလ် နဲ့ အတူ အတားအဆီးတွေကို ကျော်ဖြတ်ရင်ဆိုင်နေသူလေးပါတပ်ဆိုတာကတော့ ရုပ်ချော ရေလျှံတဲ့ လေယာဉ်မှူး Rich Kid လေးပါ သူများတွေ မနာလိုလောက်ရအောင်ကို ချစ်စရာကောင်းပြီး အပြုံးချိုချိုနဲ့ ဆရာဝန်မလေး ကူလန်ဂျ်ကို ပိုင်ရှင်အဖြစ် သိမ်းပိုက်ထားနိုင်သူလေးလည်းဖြစ်ပါတယ်တစ်နေ့တော့ ဆန်းကြယ်တဲ့ ကံကြမ္မာက အက်ဆီးဒင့်ကနေ တစ်ဆင့် ဝပ် နဲ့ တပ်တို့ရဲ့ ဝိညာဉ်ချင်း လဲလှယ်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်Bad boy ကောင်လေး ဝပ်ကတော့ လွပ်လပ်ပြီး နေချင်သလို နေခဲ့ရတဲ့ ...
Keun Ruk Salub Chata (2021)
2015
Moonlight Drawn by Clouds (2016)
Moonlight Drawn by Clouds (2016)  K Drama ဖန်တွေအတွက် ကျွန်တော်တို့ Channel Myanmar ကနေ အခုတစ်လောနာမည်ကြီးနေတဲ့Moonlight Drawn By Cloud လို့အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်လေးနဲ့စတင်မိတ်ဆက်ပေးလိုက်တယ်နော်အပတ်တိုင်းအပိုင်းသစ်၂ပိုင်းသာထွက်ရှိပြီး အခုလောလောဆယ်မှာလည်း ကိုရီးယားမှာ ပြသနေဆဲဇာတ်လမ်းတွဲသာဖြစ်ပါတယ်..ဒါကြောင့်မို့.အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်နော်..ဇာတ်လမ်းအညွှန်းလေးမပြောခင်မှာ..သိသင့်သိထိုက်တာလေးတွေကိုအရင်ပြောပါရစေဒီဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ Park Bo-Gum နဲ့ Kim You-Jung တို့ကသရုပ်ဆောင်ထားကြပါတယ်..ဒီဇာတ်လမ်းကို Yoon Yi-Soo ရေးသားခဲ့တဲ့ " Gooreumi Geurin Dalbit " ဝတ္တုကိုရိုက်ကူးတင်ဆက်ထားပါတယ် အပိုင်း ၁၈ ထွက်မှာဖြစ်ပြီး ရိုက်ကူးသူဒါရိုက်တာကတော့Kim Sung-Yoon ဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟွန်ဆန်နွန် ဟာ ယောက်ကျားလေးတစ်ယောက်အဖြစ်အယောင်ဆောင်ထားတဲ့မိန်းကလေးအောင်သွယ်တော်တစ်ဦးပါ..သူဟာ အချစ်စာတွေရေးရေးပြီးပို့ပေးပါတယ်..တစ်နေ့မှာလူတစ်ယောက်အကူအညီတောင်းလို့မိန်းကလေးတစ်ယောက် ဆီကိုအချစ်စာတွေရေးပို့ပေးတဲ့အခါမှာ အဲ့စာတွေဟာ မိန်းကလေးရဲ့အစ်ကိုဆီကိုရောက်သွားပါတယ်..အဲ့မိန်းကလေးကတော့ မင်းသမီးဖြစ်ပြီး မိန်းကလေးရဲ့အကိုကတော့ အိမ်ရှေ့စံပါအိမ်ရှေ့စံလီယောင်းဟာ သူ့ညီမ ကိုယ်စားပြန်ချိန်းလိုက်ပြီးသွားတွေ့တဲ့အခါမှာတော့ ဟိုဘက်က အချစ်စာရေးခိုင်းတဲ့လူကလည်း မင်းသမီးမှန်းသိလို့မတွေ့ရဲပဲ ဆန်နွန်ကိုသာ အစားထိုးလွှတ်လိုက်ပါတယ်...အိမ်ရှေ့စံနဲ့ဆန်နွန်တို့ တွေ့ကြပြီး တဲ့နောက် အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီးဆန်နွန် ဟာ ထွက်ပြေးခဲ့ပါတယ်.နောက် ဆန်နွန်တစ်ယောက် အဖမ်းခံရမိန်းမစိုးတစ်ယောက်အဖြစ်ရောင်းစားခံရပြီး နန်းတွင်းကိုရောက်လာတဲ့အခါအိမ်ရှေ့စံနဲ့ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ဘာတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုကြပါ Quality :WEB-DL 720pFormat: mp4Total Episode : 18Genres ...
Moonlight Drawn by Clouds (2016)
Katla 7.2
Katla အိုက်စ်လန်း ဘာသာနဲ့ စီးရီးအလန်းတစ်ခု တင်ပေးလိုက်ပါပြီ။ နည်းနည်းတော့ ထူးဆန်းတဲ့ဇာတ်လမ်းပါ။ အိုက်စ်လန်းရဲ့ ရေဂျာဗစ် မြို့နားက ဗစ်ခ်ဆိုတဲ့ မြို့လေးနားမှာ ကတ်တ်လာဆိုတဲ့ မီးတောင်ကြီး ပေါက်ကွဲခဲ့တယ်။ အဲဒီမီးတောင်က နှစ်အတော်ကြာ တစ်ခါ ပေါက်ကွဲနေကျပါပဲ။ မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ အမြဲအုံ့ဆိုင်းနေတာကြောင့် ဗစ်ခ်မှာ လူနေဦးရေ နည်းနေပါပြီ။ အဲဒီမီးတောင်ထဲကနေ လွန်ခဲ့တဲ့ တစ်နှစ် မီးတောင်ပေါက်တုန်းက ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက် ပြန်ပေါ်လာတယ်။ တုံးလုံးကြီး ပြာတွေဖုံးပြီးတော့ပေါ့။ ဆန်းပြီလားဆို သိပ်မဆန်းသေးဘူး။ သိပ်မကြာဘူး နောက်တစ်ယောက်ပေါ်လာတယ် လွန်ခဲ့တဲ့ နှစ် ၂၀ က မိန်းကလေးတစ်ယောက်။ အဲဒီတစ်ယောက်က ပျောက်မနေဘူး။ အခုထိ အပြင်မှာ အသက် ၄၀ ကျော်အဖြစ်နဲ့ ရှိနေပြီးသား။ အငယ်တစ်ယောက် အကြီးတစ်ယောက် အတူတူဖြစ်နေတယ်။ နည်းနည်းတော့ဆန်းပြီဆိုပေမယ့် မပြီးသေးဘူး။ နောက်ထပ်ကလေးတစ်ယောက် ထပ်ပေါ်လာတဲ့။ ပေါ်လာတဲ့ ကလေးက ဒီမီးတောင်နဲ့တောင်မဆိုင်ဘူး။ အခြားမှာ သေထားပြီးသား ကလေးဖြစ်နေတာ။ ဆန်းလာပြီနော်။ ထပ်ပေါ်လာတာပြန်ရော ကောင််မလေးတစ်ယောက်။ ပေါ်လာတဲ့ တစ်ယောက်ကေ ပျောက်လည်းမပျောက်ဘူး သေလည်းမသေးဘူး။ လက်ရှိ ရှိနေတဲ့သူနဲ့ ...
7.2
TMDb: 7.2/10 110 votes
tv
Katla
2021
My Roommate Is a Gumiho(2021)
My Roommate Is a Gumiho(2021) My Roommate Is a Gumiho(2021)အညွှန်း**************************************အပိုင်းသစ်(၁ မှ ၁၆ ) ထိ စ/ဆုံးအမြီးကိုး‌ချောင်းမြေခွေးဂူမီဟိုဆိုတာကို ကိုရီးယားဒရာမာပရိသတ်တို့အနေနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်....ဒါပေမယ့် အခုဒီကားလေးထဲက မြေခွေးကတော့ အသက်999နှစ်ရှိပြီဖြစ်တဲ့ မြေခွေးထီးချောချောလေးပါနော် ...ဒီမြေခွေးထီးလေးရဲ့ အမြုတေကို တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က အမှတ်မထင်မြိုချမိလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စခွီထရင်းကြည့်ရမယ့် comedy fantasy လေးပါ.....မင်းသမီးကလည်း အားလုံးလည်းသိကြတဲ့ Idol ကနေသရုပ်ဆောင်ဘက်မှာလည်း အောင်မြင်မှုတွေရထားတဲ့Reply 1988 ထဲက မင်းသမီး Hyeri ပါ ဆိုတော့ကာ ရင်ခုန်စွာနဲ့ကြည့်ရှုပေးကြပါဦး....Episodes: 16Aired: May 26, 2021 - Jul 15, 2021Aired On: Wednesday, ThursdayGenres: Comedy, Romance, FantasyTranslator –Hnin Pale,Ichika Satoru,Su Myat Myat Aung & Myo Myo HtetEncoder –  Phyo Pyae  Episode ...
My Roommate Is a Gumiho(2021)
2021
Suparburoot Chao Din (2019) 8
Suparburoot Chao Din (2019) Suparburoot Chao Din -အထက်တန်းစားစိတ်ဓာတ်(2019)အညွှန်း*******************************************************အပိုင်း(၁ မှ ၁၅ )ထိ စ/ဆုံးဇာတ်လမ်းအကျဉ်းခွန်ဆိုရာ၀စ် ဆိုတာ သိပ်ကိုချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတစ်ဉီးဖြစ်တယ်...သူက ဆုဒါ၀မ် ဆိုတဲ့အမျိုးသမီးတစ်ဉီးနဲ့ အိမ်ထောင်ကျခဲ့ပေမဲ့ စိတ်ထားဖြူစင်မှုနည်းတဲ့အတွက်ကြောင့်ခွန်ဆိုရာ၀စ်ရဲ့ မအေဖြစ်သူက သိပ်သဘောမကျခဲ့ဘူး...ဒါကြောင့် ဝါ့ဆိုတဲ့အမျိုးသမီးလေးနဲ့ ထပ်မံပေးစားခဲ့တယ်... ဝါ့ကတော့ သဘောဖြူတဲ့အမျိုးသမီးလေးမို့ ခွန်ဆိုရာ၀စ်ရဲ့ အမေက တော်တော်ချစ်ရှာပုံပဲ..ပြောရရင် ခွန်ဆိုရာ၀စ် က မယား(၂)ယောက်နဲ့ပေါ့.. ဝါ့က သားလေးတစ်ယောက်မွေးတယ်...ခွန်ဆိုရာဝစ်ရဲ့မိခင်ဟာ သေဆုံးတဲ့အချိန်မှာ ထူးဆန်းစွာပဲ အမွေတွေအကုန်လုံးကို ဝါ့တို့သားအမိဆီလွှဲဖို့သေတမ်းစာရေးခဲ့တယ်..မယားကြီးဖြစ်သူ ဆုဒါဝမ်အတွက် ယမ်းပုံမီးကျ ဒေါသထွက်တော့တာပေါ့..ဒါ့ကြောင့် မယားကြီးဟာဝါ့ကို နည်းမျိုးစုံနဲ့အကောက်ကြံပြီး အိမ်ပေါ်က ဆင်းအောင်လုပ်လိုက်တယ်... ယောက်ျားဖြစ်သူကိုယ်တိုင် သူ့ဘက်မှာမရှိတော့တဲ့ ဝါ့ဟာစိတ်အနာကြီးနာပြီး သားလေးကိုလက်ဆွဲကာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က မာနတွေထုပ်ပိုးပြီးဆင်းခဲ့တယ်..လမ်းဘေးဆိုင်လေးတစ်ခုဖွင့်ရင်း ဝါ့တို့သားအမိဟာ အသက်မွေးဝမ်းကျောင်းပြုရှာတယ်..သားဖြစ်သူဟာလည်း စာတော်ပြီး ဆေးကျောင်းတက်နေတယ်..အဲ့ဒီနောက် အရွယ်ရောက်လာတဲ့သားဖြစ်သူဟာ ဖြစ်စဉ်တွေအကုန်သိပြီးတဲ့နောက်မှာတော့...တစ်ဘက်မှာလည်း မယားကြီးဖြစ်သူဟာ အမွေတွေမပေးရရေး ဒီသားအမိကို အစွမ်းကုန်ယုတ်မာဖို့ ကြံစည်ချိန်မှာတော့....ဒီစီးရီးဟာ ထိုင်းဇာတ်လမ်းတွဲရဲ့ Rating ...
8
TMDb: 8/10 1 votes
tv
Suparburoot Chao Din (2019)
2019
Moriarty the Patriot 8.0
Moriarty the Patriot မျိုးချစ်ပုဂ္ဂိုလ်ကြီး မိုရီအားတီ ................................................. ရှားလော့ခ်ပရိသတ်တွေဆိုရင် ဒီဘဲအကြောင်းကိုသိကြမှာပါ ရှားလော့ခ်နဲ့သူတင်ကိုယ်တင်ဉာဏ်ရည်ယှဉ်ခဲ့တဲ့အပြင် နောက်ဆုံးရှားလော့ခ်ကိုပါရေတံခွန်ထဲဆွဲချပြီးဇီဝိန်ခြွေပြခဲ့တဲ့ဘဲကြီးပါ ရှားလော့ခ်ကိုမသိကြရင်တောင် ရှားလော့ခ်ဇာတ်လမ်း‌ေတွကို‌80%မှီငြိမ်းထားတဲ့ မင်းသိင်္ခရဲ့ မြန်မာကျော် ဆားပုလင်းနှင်းမောင်ဝတ္ထုမှာပါတဲ့ ဆားပုလင်းနှင်းမောင်ကိုသေနတ်နဲ့ပစ်ပြီးလုပ်ကြံခဲ့တဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုတာဟာ မိုရီအားတီကိုမှီငြိမ်းထားတဲ့ဇာတ်ကောင်ဖြစ်ပါတယ် ပုံမှန်ဆိုရင် ရှားလော့ခ်ကိုအဓိကဇာတ်ကောင်အနေနဲ့တည်ထားတဲ့ ဇာတ်လမ်းတွေပဲထွက်လေ့ရှိပေမယ့် ဒီဂျပန်ကာတွန်းမှာတော့ ရှားလော့ခ်ရဲ့ရန်သူတော်ကြီးမိုရီအားတီရဲ့ ဉာဏ်ကစားပုံတွေ၊ အစီအစဉ်ဆွဲပုံတွေကိုအဓိကပြထားတာပါ   Translated By : Dr. Nyan Encoded By : Thit San Khant  And YK   Complete Zip File  Yoteshin  / Megaup /  Vip Season 1 EP 01 - FaCloud / Filedwon / Usersdrive / Megaup / Yandex / Yoteshin ( 300mb) EP 02 - VeryFiled / Filedwon / Usersdrive / Megaup / Yandex / Yoteshin ( 300mb) EP 03 - ...
8.0
TMDb: 8.0/10 154521 votes
tv
Moriarty the Patriot
2020
Genres
Archives